သတင်း

အင်းတော်မှာ အဖမ်းခံလိုက်ရတဲ့ အမျိုးသားနှစ်ဦး ထောင်ဒဏ်တစ် သက်တကျွန်းချမှတ်ခံရ

စစ်ကိုင်းဒေသကြီး အင်းတော်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသား နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တကျွန်းချမှတ် လိုက်ကြောင်းသိရပါတယ်။

အင်းတော်မြို့ ပူတာတိုက်တန်းအနီးက စားသောက်ဆိုင်တစ်ခုမှ ဇွန်လ က PDF ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ကမ်းနီရွာက အမျိုးသားနှစ်ဦးက ဖမ်းဆီးခံရပြီးနောက် ၁လ ကျော်အကြာမှာ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀()နဲ့ ထောင်ဒဏ်တစ်သက်တကျွန်းချမှတ်လိုက်တယ်လို့အင်းတော်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

သူတို့နှစ်ယောက်ဖမ်းခံလိုက်ရတာကြာပြီ ဇွန်လ ကတည်းကဟုတ်တယ် ဘေးက သွေးထိုးတဲ့လူကြောင့်ဖမ်းခံလိုက်ရတာ နှစ်ယောက်စလုံး အဲ့ဘူတာတိုက်တန်းနားက အရက်ဆိုင်မှာအရက်ထိုင်သောက်နေတဲ့ချိန် ဖမ်းခံလိုက်ရတာလို့ သူကပြောပါတယ်။

ထောင်ဒဏ်တစ်သက်တကျွန်းချမှတ်ခံလိုက်ရတဲ့အဲ့အမျိုးသားနှစ်ဦးဟာ ကမ်းနီးရွာက ကိုတင်မြင့်နှင့်ကိုအောင်ဇော်ဦး()ဇော်ဦးတို့ဖြစ်ပြီး အင်းတော်မြို့စစ်ခုံရုံးကနေ မနေ့က သြဂုတ် ၁၇ ရက်နေ့မှာအမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

အမိန့်ချတာက အင်းတော်ကနေချတာ ဒါပေမယ့်သူတို့ကိုတော့ ဒီလ ၁၃ ရက်နေ့ကတည်းကနေ ကသာထောင်ကိုပို့ထားလိုက်ပြီလို့သူက ပြောပါတယ်။

စစ်ကောင်စီဟာဇွန်လကတည်းကနေ ယခုရက်ပိုင်းအထိ မြို့တွင်း မြို့ပြင်အစစ်အဆေးတင်းကြပ်နေတာဖြစ်ပြီး ဇွန်ကလည်း ၁၀ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရသလို ယခုလထဲမှာလည်း အမျိုးသား ၃ဦး အမျိုးသမီး ၃ ဦးစုစုပေါင်း ၆ဦးဖမ်းဆီးခံလိုက်ရပြီး အများစုပြန်မလွတ်သေးပေ။

စစ်အာဏာသိမ်းပြီးနောက်အင်းတော်မြို့နယ်ထဲမှာစစ်ကောင်စီတပ်ရဲ့မတရားစွပ်စွဲဖမ်းဆီးခံရတဲ့အရပ်သားပြည်သူ ၁၀၀ ဦးထက်မနည်းရှိလာပြီဖြစ်ပြီး အများစု ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button