ဖားကန့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော ကိုဇော်မင်းဦးအား ထောင်ဒဏ် ၁၆ နှစ် ၆လချမှတ်

ကချင်ပြည်နယ် ဖားကန့်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဇော်မင်းဦးကို စစ်တပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၁၆ နှစ် ၆ပြစ်ဒဏ်ချမှတ်ခဲ့ရကြောင်းသိရသည်။
ပုဒ်မ ၅၀၅ က ၊ ပုဒ်ပ ၅၀ ည တို့ဖြင့် တရားစွဲဆိုခံထားရသည့် ကိုဇော်မင်းဦးသည် ပုဒ်မ ၂ ခုစလုံးအတွက် ပြစ်ဒဏ်စီရင်ချရာမှာ ထောင်ဒဏ် ၁၆ နှစ်နှင့် ၆ လချမှတ်ခံလိုက်ရကြောင်း မိသားစုဝင်တစ်ဦးက ခုလိုပြောသည်။
“ဒီနေ့အမိန့်ချတာပေါ့၊၁၅နှစ်ကျခံရတယ်လို့ပြောတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်အထိ ပြစ်ဒဏ်တွေချတာတော့ စိတ်မကောင်းဘူး“ဟု မိသားစုဝင်တစ်ဦးကပြောသည်။
ကိုဇော်မင်းဦးသည် ဖားကန့်မြို့ လုံးခင်းရပ်ကွက် ၁ တွင် နေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့ မှော်ပုံကျေးရွာတွင် ဖမ်းဆီးခံလိုက်ရသူဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ကိုဇော်မင်းဦးသည် ဖားကန့်မြို့တွင်ပြုလုပ်သည့် ဆန္ဒဖော်ထုတ်မှုများတွင် ပါဝင်ခဲ့သည့်အတွက် ပုဒ်မ ၅၀၅–က ပုဒ်မဖြင့် ထောင်ဒါဏ် ၁နှစ် ၆လ၊ ၅၂(က)နှင့် ၅၀ (ည) ပုဒ်မ နှစ်ခုအတွက် ထောင်ဒဏ် ၁၅နှစ်ချမှတ်ခံရကာ၊ စုစုပေါင်းပြစ်ဒါဏ် ၁၆ နှစ်နှင့် ၆ လ ချမှတ်ခံရခြင်းဖြစ်သည်။
ဖားကန့်မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသား ငါးဦး၊ အမျိုးသမီးဆယ်ဦးထက်မနည်း ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။
ထို့ပြင် ယခု ဒီဇင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် မှော်ပုံကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်စဥ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူ ဆယ်ဦးထက်မနည်းမှာလည်း မိသားစုများနှင့် အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။