ဖမ်းဆီးခံရမှုသတင်း

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်လွတ်မြောက်လာ

ထောင်ဒဏ်  နှစ်ချမှတ်ခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်က မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား  ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးတဲ့ထဲမှာ မြစ်ကြီးနားအကျဉ်းထောင်ထဲ အကျဉ်းကျခံနေရတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆရာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်က ပုဒ်မ ၁၇() ပုဒ်မ ၅၀၅(က)နဲ့ ပုဒ်မ ၅၂(ကစတဲ့ ပုဒ်မ  ခုအတွက် ပြီးခဲ့တဲ့ ဧပြီလ  ရက်နေ့မှာ ထောင်ဒဏ်  နှစ်ချမှတ်လိုက်တာဖြစ်ပြီး အကျဉ်းကျခံရတဲ့ တစ်နှစ်နဲ့   အကြာမှာ လွတ်မြောက်လာတာဖြစ်တယ်လို့ မိသားစုဝင်တွေက KNG ကိုပြောပါတယ်။

 ဒီကနေ့လွတ်မြောက်လာတဲ့ထဲမှာပါလာပြီ။ အခုလိုလွတ်မြောက်လာတာက ဘုရားရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်တယ်။ တစ်နှစ်နဲ့   မှာ လွတ်မြောက်လာတာဖြစ်ပါတယ်။ အကျဉ်းကျခံထားရတဲ့ သူတွေ အားလုံးလွတ်မြောက်ဖို့လည်းမျှော်လင့်ပါတယ်လို့ပြောပါတယ်။

 အခုလို ဆရာဆမ်ဆွမ်လွတ်မြောက်လာဖို့ရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ ညှိနှိုင်းကြိုးစားလုပ်ဆောင်မှုတွေကြောင့် တစ်နှစ်ကျော်အကြာမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။

လွတ်မြောက်လာတဲ့ ဆရာခလမ်ဆမ်ဆွမ်ကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့အတူ ဘာသာရေးဆရာတစ်ချို့နဲ့ သွားရောက်ကြိုဆိုခဲ့ကြတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဆရာခလမ်ဆမ်ဆွမ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ  ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားဖို့ မန္တလေး လေဆိပ်မှာ လေယာဉ်စီးဖို့ စောင့်ဆိုင်းနေတဲ့ အချိန် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

အဲဒီနောက် ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဗိုလ်ချုပ်ကြီးဂွမ်မော်တွေ့ဆုံးမှု၊ အာရှအတွင်းက လူငယ်တွေရဲ့ ဆွေးနွေးပွဲတစ်ခုမှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ အသုံးနှုန်းတွေပြောဆိုမှု၊ NUG အစိုးရရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံမှု စတဲ့ စွပ်စွဲချက်တွေကြောင့် ပုဒ်မ  ခုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button