ဖားကန့်

  • Sep- 2023 -
    5 September
    သတင်း

    ဖားကန့်မှာ တစ်လအတွင်း အရပ်သားပြည်သူအယောက် ၄၀ သေဆုံး

    ဖားကန့်မှာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ မြေစာပုံပြိုလို့ သေဆုံးခဲ့ရသူတွေ အပါအဝင် အကြောင်းမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်းအရပ်သားပြည်သူ ၃၉ ယောက်ထိရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေများလာတဲ့ ဖားကန့်နယ်မြေမှာ အာဏာရယူထားတဲ့ စစ်တပ်ကိုယ်၌ မသင်္ကာတဲ့အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ တွေအပြင် ခိုးဆိုး၊လုယက်မှူတွေကြောင့် သတ်ဖြတ်ခံရသူတွေ လတိုင်း ရှိနေတဲ့မြို့နယ်ဖြစ်ပါတယ်။ “ကျနော်တို့ ဖားကန့်မှာက ခုနောက်ပိုင်းဆို သတ်ဖြတ်ခံထားရတဲ့အလောင်းတွေက ပုံမှန်လို မြင်တွေ့လာရတော့ အဆန်းမဟုတ်တော့ဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်ပေါ့ ကိုယ်လည်းဘယ်ချိန်မှာ ရောယောင်ပါသွားမလဲဆိုတာ မသိနိုင်ဘူး”လို့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။ သတ်ဖြတ်ခံရသူတွေဟာ စစ်တပ်ဘက်က သတ်ဖြတ်ပြီး လာစွန့်ပစ်တာတွေရှိသလို ခိုးဆိုးလုယက်ရင်း သတ်ခံရတာတွေ၊အချင်းများပြီး သတ်ဖြတ်ကြတာတွေနဲ့ ကာကွယ်ရေးတပ် ဘက်က စစ်တပ်လက်အောက်ခံတွေကို လာရောက်ရှင်းပစ်တာတွေလည်းရှိ တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သတ်ဖြတ်ခံထားရသူတွေအများပိုင်းဟာ ပိုင်ရှင်မဲ့အလောင်းတွေ အဖြစ်များတယ်လို့လည်း ဖားကန့် မှော်ဝမ်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ဒီမှာက လူတွေအရင်ထက် ၂ ဆလောက်ကိုများလာတာ ဥပမာ မြေပြိုတဲ့နေရာမှာကြည့် အလောင်း ၃၃ လောင်း ပိုင်ရှင်ရှိတာ ၆ ယောက်ဘဲ။ အဲလိုဘဲ သတ်ဖြတ်ခံထားရတဲ့သူတွေလည်း ပိုင်ရှင်မရှိတာများလာတယ် ဘယ်သူသတ်လို့ သတ်မှန်း တိတိကျကျပြောဖို့ခက်တယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲသေဆုံးခဲသူတွေဟာ ဩဂုတ်လ ၁၃ ရက်နေ့ မနမှော်မြေစာပုံပြိုကျလို့  သေဆုံးခဲ့တဲ့ အရပ်သား ၃၃ ယောက်နဲ့ ၁၇ ရက်နေ့ ယူမာရပ်ကွက် ကျောက်မျက်စျေးရှေ့ သတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်၊ လုံးခင်းရပ်ကွက် လမ်းဘေးမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ယောက်၊ ဖားပြင်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ယောက်၊ ၂၉ ရက်နေ့ ရှရော်ခမှာ သတ်ခံထားရတဲ့ အမျိုးသမီးငယ်တစ်ယောက်၊ ၃၁ ရက်နေ့ မရှီကထောင်နဲ့ ဆွတ်ကြိုင်ရွာမှာ အချင်းများပြီး ဓါးခုတ်မှုဖြစ်ရာကနေ အမျိုးသား ၂ယောက် ဖြစ်ပါတယ်။ ဒီစာရင်းဟာ KNG ရဲ့ စုစည်းထားတဲ့အချက်လက်သာ ဖြစ်ပြီး မြေပြင်အချက်လက်နဲ့ကွာဟတာ တွေရှိနိုင်ပါတယ်။ ဒါ့အပြင် ဖားကန့်မှာ ခုလိုအကြောင်းမဲ့သတ်ဖြတ်ခံရတာတွေ တစ်ရက်ထက်တစ်ရက် ပိုဆိုးရွားလာနေတဲ့အတွက် အာဏာသိမ်းပြီးနောက်ပိုင်း လာရောက်ရွှေ့ပြောင်းနေထိုင်လာသူ တစ်ချို့က ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး ဖားကန့်ကနေ ချီဖွေ၊ပန်ဝါဘက် ပြောင်းရွှေ့သွားသူတွေလည်း ရှိနေတယ်လို့ ဖားကန့်မှာနေထိုင်တဲ့ ဒေသခံတစ်ယောက်ပြောပါတယ်။

    Read More »
  • Aug- 2023 -
    31 August
    သတင်း

    ဖားကန့်မှာ ဒီနေ့တစ်ရက်အတွင်း ဓါးထိုးမှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသား ၂ ယောက်သေဆုံး

    ဖားကန့်မြို့ရှိ မရှီကထောင်ရပ်ကွက်နဲ့လုံးခင်းကျေးရွာအုပ်စု ဆွတ်ကြိုင်ရွာမှာ ဒီနေ့တစ်ရက်အတွင်းမှာဘဲ ဓါးထိုးမှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသား ၂ ယောက် သေဆုံးခဲ့ပါတယ်။ ဖြစ်စဥ်မှာ လုံးခင်းကျေးရွာအုပ်စု ဆွတ်ကြိုင်ကျေးရွာ (ဒေသအခေါ် လေးအိမ်စု)မှာ ဒီနေ့ည ၇ နာရီခွဲလောက်မှာ အမျိုးသား ၂ ယောက်…

    Read More »
  • 29 August
    သတင်း

    ဖားကန့်ဘက်ကိုတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရ

    ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေက နမ့်တိန်ကျေးရွာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ KIA နဲ့ နီးစပ်သူတွေကပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၂၇ ရက်နေ့ နန့်ယားကျေးရွာက အရပ်သားပြည်သူတွေကို လူသားဒိုင်းအသုံးပြုပြီး ထွက်ခွာသွားကြတဲ့ စစ်ကြောင်းဖြစ်ပြီး ဩဂုတ် ၂၈…

    Read More »
  • 28 August
    သတင်း

    ၅ ရက်ကြာပိတ်ခံထားတဲ့ ဖားကန့်လမ်းဖွင့်ပေးပေမယ့် ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်တာမရှိသေး

    စစ်ရေးတင်းမာခဲ့တဲ့ ကားမိုင်း- ဖားကန့်လမ်းကို စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်တို့အကြား  ၅ ရက်အကြာ သွားလာခွင့်ပိတ်ဆို့ထားရာကနေ ဒီမနက်မှာတော့ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဖားကန့်သွားလမ်းမကြီးကို ဩဂုတ်လ၂၂ ရက်နေ့ ကားမိုင်းကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို KIA ဘက်က နန့်ယားမရောက်ခင် ကျောက်ထုရွာနားမှာ ပစ်ခတ်တိုက်ခိုက်လိုက်တဲ့ နေ့ကတည်းကပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ ဒါကြောင့်…

    Read More »
  • 27 August
    သတင်း

    ဖားကန့်မှာ အခြေခံစားသောက်ကုန်စျေးနှုန်း မြင့်တက်နေပြီး ခရမ်းချဉ်သီးတစ်ပိဿာ ၁ သောင်းခွဲထိ ပေးဝယ်နေရ

    စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ ကားမိုင်း– ဖားကန့်လမ်းပိုင်း ပိတ်ထားတာကြာမြင့်လာတဲ့အတွက်  ဖားကန့်မှာတော့ ခုရက်ပိုင်းအခြေခံစားသောက်ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာနေကြောင်း လုံးခင်းဒေသခံတွေဆီက သိရပါတယ်။ အဲဒီလမ်းပိုင်းကို ဩဂုတ်လ ၂၂ ကားမိုင်းကနေ ဖားကန့်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က နန့်ယား မရောက်ခင်…

    Read More »
  • 25 August
    သတင်း

    ဖားကန့်မှာ လုယက်၊ဓါးမြတိုက်၊ခြိမ်းခြောက်ငွေကြေးတောင်းခံနေတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်စောမောင်ဖမ်းဆီးရမိ

    ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လုယက်၊ဓါးမြတိုက်၊ခြိမ်းခြောက်ငွေကြေးတောင်းခံနေတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်စောမောင်ဆိုသူကို ဖမ်းဆီးရမိထားပြီလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF တွေဆီကနေ သိရပါတယ်။ အဲဒီ ပျူခေါင်းဆောင် ဗိုလ်စောမောင်ကို ဒီလ ပထမအပတ်မှာ ဆိုင်းတောင်ရပ်ကွက် နေအိမ်တစ်အိမ်မှာငွေတောင်းခံ‌‌နေချိန် ရပ်ရွာပြည်သူများဝိုင်းဝန်းဖမ်းဆီးပေးခဲ့တာဖြစ်တယ်လို့ KPDF အဖွဲ့ဝင်တစ်ဦးက အခုလိုပြောပြပါတယ်။…

    Read More »
  • 22 August
    သတင်း

    ကားမိုင်းကျေးရွာဒေသခံ ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွား

    ဖားကန့်မြို့နယ် ကားမိုင်းမြို့က ဒေသခံအမျိုးသား ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဒီနေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံနေအိမ်အထိ ဝင်ရောက်ဖမ်းဆီးသွားပြီး…

    Read More »
  • 17 August
    သတင်း

    ဖားကန်ကျောက်စိမ်းတောင် ရေကန်ကြီး ယိုစိမ့်မှုဖြစ်ပေါ်နေတာကြောင့် ပေါက်ထွက်မှာကို ဒေသခံများစိုးရိမ်နေ

    ဖားကန့် မှော်ဝမ်းကလေးနဲ့ မှော်ဝမ်းကြီး ကျေးရွာ ၂ခုကြားမှာရှိတဲ့ ယခင်ကျောက်စိမ်လုပ်ကွက်ဟောင်းနေရာလည်းဖြစ် ကျောက်စိမ်းတောင်ရေကန်(ဒေသအခေါ်)နေရာမှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းရှင်တစ်ချို့က ရေကန်ထဲကို စွန့်ပစ်မြေစာတွေ သွန်ထည့်နေတာကြောင့် ရေစိမ့်ယိုမှုဖြစ်ပေါ်နေပြီးတော့ ရေကန်ပေါက်ထွက်လာမယ့် အခြေအနေမှာ ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဧက ၃၀ ဝန်းကျင်လောက်ကျယ်ဝန်းတဲ့ ကျောက်စိမ်းတောင်ရေကန်ကြီးထဲကို နေ့စဉ်…

    Read More »
  • 14 August
    သတင်း

    တာမခံရွာမှာ အခြေခံစားသောက်ကုန်စျေးအဆမတန်မြင့်တက်နေ

    ဖားကန့်မြို့နယ် ကသိုဏ်းတောင်စစ်တပ်စခန်းကုန်းကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး‌တဲ့နောက် စစ်ကောင်စီတပ်ဟာ တာမခံရွာအဝင်၊ အထွက်ကို ပိတ်ထားတဲ့အတွက် အခြေခံစားသောက်ကုန်‌တွေ ပြတ်လပ်လာနေတဲ့အပြင် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ တာမခံဒေသခံတွေက ပြောပါတယ်။ လက်ရှိ တာမခံ၊ ဟောင်ပါးဘက်မှ ကြက်ဥတစ်လုံးကို တစ်ထောင်ကျပ်အထိပေးဝယ်နေရတဲ့အပြင် ကုန်ပစ္စည်းအဝင်မရှိတော့တဲ့အတွက် ကုန်စုံဆိုင်အများပိုင်း ကုန်ပစ္စည်းတွေ ပြတ်လပ်စပြုနေပြီလို့လည်း…

    Read More »
  • 7 August
    သတင်း

    ဖားကန့် ကသိုဏ်းတောင် စစ်တပ် စခန်းတိုက်ခိုက်ခံရ၊ တပ်ရင်းတစ်ရင်းလုံးပြုတ်ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းနိုင်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာနားမှာထိုင်ထားတဲ့ စစ်ကောင်စီစစ်တပ်ကုန်းနဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သွားရာမှာ ကသိုဏ်းတောင်တပ်စခန်း တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိတယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “ကသိုဏ်းတောင်ကိုသိမ်းလိုက်နိုင်ပြီ နမ့်မော်တပ်စခန်းကတော့ သူတို့ ကသိုဏ်းတောင်ဘက်ကို စစ်ကူလာမှာစိုးလို့ တားထားတဲ့သဘော အဓိကတော့ ကသိုဏ်းတောင်ကိုတိုက်တာ…

    Read More »
Back to top button