သတင်း

ဖားကန့်မှာ သတ်ဖြတ်ခံရတာတွေ ခပ်စိပ်စိပ်များလာ

ဖားကန့်ဒေသမှာ လမ်းသွားလမ်းလာရင်း သတ်ဖြတ်ခံရတဲ့သူတွေ ပိုများလာတယ်လို့ ဖားကန့်မှာနေထိုင်သူတွေက ပြောပါတယ်။

သတ်ဖြတ်ခံရတဲ့သူတွေထဲမှာ စစ်ကောင်စီရဲ့ သတင်းပေးအဖြစ် စျေးသည်ယောင်ဆောင်ပြီး သွားလာတဲ့သူတွေ၊ပိုင်ရှင်မဲ့အလောင်းတွေ အပါအဝင် ဓါးမြတိုက်ခံရလို့သတ်ဖြတ်ခံရတာတွေဖြစ်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

အလကားနေရင်းတော့ သတ်လို့မရဘူးလေ။ ဖားကန့်မှာက လူမျိုးပေါင်းစုံရှိတယ် အဲထဲမှာမှ အခုသတ်ခံရတဲ့သူတွေ က သူ့အကြောင်းသူရှိလို့ သတ်ခံရတယ်လို့ပဲမြင်တယ်။ အခုက စျေးသည်လိုလိုနဲ့ သွားလာတဲ့ သူတွေများလာတယ်။ ရက်ပိုင်းအတွင်းမှာ သတ်ခံရတဲ့ အချဉ်ပေါင်းသည်ဆိုရင်လည်း စစ်တပ်ထဲကို အဝင်အထွက် လုပ်နေတဲ့သူဖြစ်လို့ရှင်းလိုက်တာလို့ပြောတယ်လို့ပြောပါတယ်။

KNG ကပြုစုထားတဲ့စာရင်းအရ အောက်တိုဘာလ ပထမအပတ်ထဲမှာပဲ ဖားကန့်မှာ သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၅ ယောက်အထိရှိခဲ့ပြီး အဲဒီထဲမှာ စျေးသည် ၂  ဦးတစ်ရက်ထဲသတ်ဖြတ်ခံရသလို နောက်တစ်ယောက်ကလည်း တစ်ရက်ခြား သတ်ဖြတ်ခံရတာဖြစ်ပါတယ်။

အလကားနေရင်းတော့ သတ်လို့မရဘူးလေ။ ဖားကန့်မှာက လူမျိုးပေါင်းစုံရှိတယ် အဲထဲမှာမှ အခုသတ်ခံရတဲ့သူတွေ က သူ့အကြောင်းသူရှိလို့ သတ်ခံရတယ်လို့ပဲမြင်တယ်။ အခုက စျေးသည်လိုလိုနဲ့ သွားလာတဲ့ သူတွေများလာတယ်။ ရက်ပိုင်းအတွင်းမှာ သတ်ခံရတဲ့ အချဉ်ပေါင်းသည်ဆိုရင်လည်း စစ်တပ်ထဲကို အဝင်အထွက် လုပ်နေတဲ့သူဖြစ်လို့ရှင်းလိုက်တာလို့ပြောတယ်လို့ပြောပါတယ်။

သတ်ဖြတ်ခံရတဲ့စျေးသည်တွေဟာ အောက်တိုဘာ ၅ ရက်နေ့မှာ ဖားပြင်ကျေးရွာဘက်ကို အားလူးကြော်လိုက်ပို့တဲ့ အသက် ၄၃ နှစ်အရွယ်ရှိ ဦးစန်းမြင် ဆိုသူနဲ့ မမုံရွာရှိ ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီထည့်နေတဲ့ အသက် ၂၉ နှစ်အရွယ် ကိုချစ်ရေးထွန်း ဆိုသူ ၂ ယောက်ဟာ သွားလာရင်းနဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့မှာလည်း ဘွမ်ပရာကုန်းရပ်ကွက်မှာ အသက် ၄၀ နှစ်ရွယ် ကိုအောင်ဇင်ဖြိးဆိုသူဟာ အိမ်စီးကားနဲ့ ဖားကန့်ဘက်ကို တက်လာတဲ့အချိန်မှာပဲ လက်နက်ကိုင်တစ်စုက စစ်ဆေးဖို့တားမြစ်တဲ့အချိန်မှာ မရပ်ပေးတဲ့အတွက် ပစ်ခတ်လိုက်ရာကနေ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၃ ရက်နေ့မှာလည်း အချဉ်ပေါင်းလှည့်လည် ရောင်းနေတဲ့ အသက် ၄၀ နှစ်အရွယ် ကိုသန်းမင်းထိုက်ဆိုသူဟာ ကဋေကျေးရွာပိုင် ရပ်ကွက်()နေရာမှာ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့ပြီး ၁ ရက်နေ့မှာတော့ လုံးခင်းကျေးရွာ အုပ်စုစွန့်ပစ်မြေစာပုံမှာ ရေခဲချောင်းရောင်းတဲ့ အမျိုးသားတစ်ယောက် ပစ်သတ်ခံရမှုရှိခဲ့ပါတယ်။

ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ အချဉ်ပေါင်းလှည့်လည်ရောင်းနေရင်း ပစ်သတ်ခံလိုက်ရတဲ့ ကိုသန်းမင်းထိုက်ဆိုသူဟာ စစ်ကောင်စီ စစ်တပ်စခန်းထဲမှာ အဝင်အထွက်လုပ်နေတဲ့ သူဖြစ်တဲ့အတွက် သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

ဖားကန့် ဒေသမှာ အရပ်သားပြည်သူတွေ နေ့စဉ်ပစ်သတ်ခံရတာတွေ ဖြစ်ပွားနေတာဟာ တစ်ဖက်မှာ ကျောက်စိမ်းတူးဖော်တဲ့ ပွင့်လင်းရာသီအချိန် ရောက်လာတဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေက ထိန်းချုပ်ဖို့ အချင်းချင်း တင်းမားနေတဲ့အချိန်ဖြစ်တာကြောင့် အရပ်သားပြည်သူတွေ သေဆုံးနေရတာဖြစ်တယ်လို့ နောက်ထပ် ဖားကန့် ဒေသခံအမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။

ဖားကန့် မှော်ဒေသဖြစ်တဲ့အတွက် တခြားဒေသနဲ့ မတူဘူး။ အခုဆို ပွင့်လင်းရာသီရောက်လာတဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေက အာဏာပြလာတဲ့အချိန်ပဲ။ အချင်းချင်း သူသာ ကိုယ်သာ ခြိမ်းခြောက်နေကြတဲ့ အချိန်ဖြစ်တယ်။ ပြောရမယ်ဆိုရင် ပြည်သူတွေက သူတို့ရဲ့ကြားမှာညှပ်နေတဲ့အချိန်ဖြစ်တယ်။ အဲ့ကြောင့် အခုလို သတ်ဖြတ်တာတွေ ဖြစ်လာတယ်လို့ပဲမြင်ပါတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်ကနေ စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်တွေနဲ့ ဆက်စပ်မှုရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးရိုက်နက်၊ သတ်ဖြတ်တာတွေ ပုံမှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။

တစ်ဖက်မှာ KIA နဲ့ PDF တပ်ဖွ့တွေကလည်း စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ စစ်တပ်သတင်းပေးတွေကို ရှင်းလင်းဆောင်ရွက်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ ဖားကန့်ဒေသအတွင်း အရပ်သားပြည်သူတွေ သေဆုံးမှု မကြာခဏ ဖြစ်ပွားနေပြီး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တိုင်းမှာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ကြောင့် သေဆုံးတာကို အသေးစိတ်မသိရပဲ ပြည်သူတွေဟာ နေ့စဉ်သွားလာရေးလှုပ်ရှားရေးမှာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့ အခြေအနေမှာ ရင်ဆိုင်နေရပါတယ်။

အခုလို အရပ်သားပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်တာမျိုးမဟုတ်ဘဲ အပြစ်ရှိတယ်လို့ ယူဆရတဲ့ ပြည်သူတွေကို ပွင့်လင်းမြင်သာစွာနဲ့ ပြစ်ဒဏ်ပေးခြင်း၊ သတိပေးတာတွေ အရင်လုပ်ဆောင်သင့်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာလည်း ဖားကန့်မှာ မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမားတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်ခံရသူ စုစုပေါင်း ၄၀ ဝန်းကျင်လောက် သေဆုံးမှုရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button