တိုက်ပွဲသတင်း

မံစီမြို့မရဲစခန်း KIA ပူးပေါင်းတပ် ဒုတိယအကြိမ်သိမ်းပိုက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့  မြို့မရဲစခန်းကို KIAKPDF ပူးပေါင်းတပ်တွေ ဒီနေ့ ဒုတိယအကြိမ်တိုက်ခိုက်သိမ်းလိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

မံစီ မြို့မရဲစခန်းကို  ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက မေလ  ရက်နေ့မှာ ပထမအကြိမ်သိမ်းပိုက်ပြီးဖြစ်ပါတယ်။ ဒါပေမယ့် KIA  ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တဲ့ မြို့မရဲစခန်းအပါအဝင် မံစီမြို့ဘက်ကို စစ်တပ်က နေ့တိုင်းဆိုသလို လေကြောင်းနဲ့ပစ်ခတ်တာတွေလုပ်နေတာကြောင့် တပ်ခနဆုတ်ခွာခဲ့ကြတာဖြစ်ပါတယ်။ 

KIA ပူးပေါင်းတပ်က တပ်ဆုတ်ခွာလိုက်တဲ့နောက် မြို့မရဲစခန်းမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်နေထိုင်လာတဲ့အတွက် မေလ ၁၃ ရက်နေ့ မနက်မှာ ဒုတိယအကြိမ်ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ရာ မွန်းလွှဲ  နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့   KPDF နဲ့နီးစပ်နဲ့အမျိူးသားတစ်ဦးက KNGကိုပြောပါတယ်။

ပထမတစ်ကြိမ်သိမ်းထားပြီးပြီလေ။ အဲ့တာလေကြောင်းနဲ့နေ့တိုင်းလိုလာပစ်နေတော့ ဒီဘက်ကခနဆုတ်ထားတာ။ အဲ့တာ ရဲနဲ့စစ်သားတွေကပြန်လာထိုင်တယ်ဆိုလို့ ဒီမနက်ပြန်ပြီးသိမ်းယူလိုက်တာ စဝင်တာကတော့မနက် ၁၀ နာရီလောက်ကဝင်နေပြီ အခုညပိုင်းမှပဲထိန်းချုပ်လိုက်နိုင်တာလို့ အထက်ပါအမျိုးသားကပြောပါတယ်။

မြို့မရဲစခန်းမှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ အင်အား ၅၀ ထက်မနည်းတပ်ထိုင်နေတာဖြစ်ပြီး  KIA ပူးပေါင်းတပ်တွေ ဒီနေ့မနက် ဝင်ရောက်တိုက်ခိုက်ချိန် စခန်းစွန့်ခွာထွက်ပြေးသွားကြတာလို့ သိရပါတယ်။

မံစီမြို့ထဲက ရဲစခန်းနဲ့မြို့တွင်း မြို့ပြင်အထိုင်တပ်နှစ်ခုတို့ကို KIA ပူးပေါင်းတပ်က မေလ  ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းကိုသိမ်းပိုက်ရရှိထားပြီဖြစ်ပေမယ့် စစ်တပ်စခန်းကျန်ရှိနေသေးတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကလေကြောင်းနဲ့ တိုက်ခိုက်တာတွေရှိနေတာကြောင့် နေအိမ်မီးလောင်ပျက်စီးတာတွေရှိနေတယ်လို့ မံစီမြို့သိမ်းတိုက်ပွဲမှာ ပါဝင်နေတဲ့ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အရင်နေ့တွေတော့မသိဘူး မနေ့ကတော့ အိမ်တွေမီးလောင်တာရှိတယ်  အိမ်လောက်လောင်သွားတယ်ပြောတယ်။ အဲ့ထက်များဖို့ပဲရှိမှာငြိမ်းတဲ့လူမရှိဘူးလေလို့ ပြောပါတယ်။

ရဲစခန်းသိမ်းပိုက်နိုင်ခဲ့ပေမယ့် မံစီမြို့အထိုင်တပ်တွေဖြစ်တဲ့ ခမရ ၆၀၁ တပ်နှင့် ခမရ ၃၁၉ တပ်တွေကျန်ရှိနေတာကြောင့် ဆက်လက်ပြီးနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button