ဗုံးကြဲ

  • Aug- 2024 -
    30 August
    သတင်း

    ကွတ်ခိုင်မြို့ကို လေယာဉ်ဗုံးကြဲမယ်လို့ သတင်းကြောင့်  ပြည်သူတစ်ချို့ထပ်မံထွက်ပြေးတိမ်းရှောင်နေ

    ရှမ်းမြောက် ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ထပ်ပြီးဗုံးကြဲမယ်လို့ ကောလဟာလသတင်းတွေပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရသလို ထပ်ပြီးတိမ်းရှောင်သူတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့ကစ  သတင်းစတင်ထွက်ပေါ်လာပြီးနောက် မြို့တွင်း စျေးဆိုင်အားလုံးနီးပါး ပိတ်သိမ်းထားကြတဲ့အပြင် ပြည်သူတစ်ချို့လည်းထပ်မံတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက  KNG ကိုခုလိုပြောပါတယ်။ “အပေါ်ကနေ လေယာဉ်ဆက်တိုက်ပျံဝဲသွားနေတာတွေတော့ရှိတယ်။ အခုမူဆယ်ဘက်မှာ စစ်ရေးတင်းမာနေတာနဲ့ ဒီဘက်ကို လေယာဉ်နဲ့ ဗုံးကြဲမယ်လို့ သတင်းတွေထွက်နေတော့ အားလုံးစိုးရိမ်နေကြတယ်။ ဟိုတနေ့ကတော့ လေယာဉ်နဲ့ဗုံးလာကြဲလိမ့်မယ် စျေးတွေသိမ်းကြဆိုပြီး သိမ်းကြတာတွေ ရှောင်တာတွေဖြစ်သွားတယ်။ ဒီတလောကြောက်လို့ တချို့ခေတ္တတိမ်းရှောင်သွားတာလည်းရှိတယ်။ စျေးဆိုင်တွေလည်း ရောင်းတဲ့သူကတော့ရောင်းပေမဲ့ မစီဘူး တိတ်တိတ်ဆိတ်ဆိတ်ပဲဟုကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒါပေမယ့်  ဩဂုတ် ၂၉  မှာတော့ စျေးဆိုင်တချို့ ပြန်လည်ဖွင့်လှစ်လာတာတွေရှိပေမဲ့ လေကြောင်းရန်ကိုစိုးရိမ်နေကြတဲ့အတွက် စုလူဝေးဖြစ်မယ့်နေရာမျိုး မသွားရဲကြတဲ့အတွက် လမ်းသွားလမ်းလာမရှိသလောက် တိတ်ဆိတ်နေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ကွတ်ခိုင်အထက် မူဆယ်မြို့ စစ်ကောင်စီတပ်ဖွဲ့တွေကို ညီနောင်မဟာမိတ်တွေဘက်က လက်နက်ချဖို့ ပြောဆိုထားတာတွေရှိပေမဲ့ စစ်တပ်ဘက်က တုံ့ပြန်ခြင်းမရှိတာကြောင့် မူဆယ်ကိုတိုက်ခိုက်တော့မယ်လို့ ကောလဟာသသတင်းတွေလည်း ပျံ့နှံ့နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်း ၅ ရက်နေ့က စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ကွတ်ခိုင်မြို့မစျေးတစ်ခုလုံး မီးလောင်းပြာကျသွားခဲ့တဲ့အပြင် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့ကစပြီး  ကွတ်ခိုင်မြို့မှာ စာသင်ကျောင်းအားလုံးလည်း ပိတ်လိုက်ရပြီး ဘုရားကျောင်းလူစုလူဝေး ဝတ်ပြုကိုးကွယ်တာတွေ အားလုံးရပ်နားထားကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ကွတ်ခိုင်မှာကျန်ရှိနေသေးတဲ့ ဒေသခံပြည်သူတွေလည်း လေကြောင်းအန္တရာယ်ကိုစိုးရိမ်နေတဲ့အပြင် တိမ်းရှောင်သွားကြတဲ့ပြည်သူတွေလည်း နေရပ်ပြန်မလာရဲကြဘူးလို့ ဆိုပါတယ်။ “တိမ်းရှောင်သွားတဲ့အားလုံး မပြန်လာရဲကြသေးဘူး။ တချို့ဆို အဝေးကိုသွားနေလိုက်တာတွေလည်းရှိတယ်။ စိုးရိမ်ရသေးတာပေါ့။ လေယာဉ်ဗုံးကြဲမှာကြောက်ပေမဲ့ ဒီတိုင်းစိုးရိမ်စိတ်နဲ့ ဖြတ်ကျော်နေတယ်။ လွယ်ဝေါ၊ ဇွပ်ရာ၊ ဧဒင် စတဲ့နေရာတကြောက ကလေးတွေတော့ ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီး ကောင်းခါးဘက်မှာ ကျောင်းဆက်တက်နေကြတယ်။” ဟုကွတ်ခိုင်ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။ ရှမ်းမြောက် နောင်ချိုမြို့ နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြီး စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲမဖြစ်တဲ့ နေရာဒေသခံတွေဆီ အကြောင်းမဲ့ လိုက်လံဗုံးကြဲတာတွေ ပြုလုပ်တာလည်းဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့နေ့ကစပြီး ရှမ်းမြောက်မှာ လားရှိုးအထက် မူဆယ်မြို့ကလွဲပြီး ကျန်မြို့နယ်အားလုံးကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဘက် ကိုယ်စီ သိမ်းပိုက်ထိန်းချူပ်လိုက်ပြီဖြစ်ပြီး လက်ရှိကျန်နေသေးတဲ့ မူဆယ်မြို့တဝိုက်မှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    Read More »
  • 12 August
    သတင်း

    ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် ပြည်သူအများပိုင်းနေရပ်စွန့်ခွာ

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ မြို့မစျေးနဲ့ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် အရပ်သားပြည်သူတွေလေကြောင်းရန်ကိုစိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် စျေးတန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်စီးသွားတဲ့နောက် ကွတ်ခိုင်မြို့တွင်း ရပ်ကွက်နေ ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်သွားကြတာဖြစ်တယ်လို့ ကွတ်ခိုင်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။   “သိပ်ကိုစိုးရိမ်ပြီး နေနေရတာပေါ့ ဒါကြောင့် အားလုံးလည်း ရှောင်ကုန်ပြီ။ ကွတ်ခိုင်မှာက လတ်တလော တိတ်ဆိတ်နေတယ်။ ရက်ကွက် ၃ ၊ ရက်ကွက် ၄ တွေမှာဆိုရင် အိမ်တိုင်းနီးပါး သော့ခတ်ထားတယ်။ ၃ ပုံမှာ ၂ ပုံ လောက်က ရှောင်ကုန်ပြီ။ လားရှိုးလက်လွတ်လိုက်ရတော့ ဒီဘက်လည်း ဗုံးလာကြဲတာပေါ့။ အဲဒါ လက်မလွတ်မချင်းတော့ ဘာမှလာမလုပ်ဘူး ဟုတ်တယ်။ စိုးရိမ်မှုတွေကတော့ စကားလုံးတောင် ရှာမတွေ့တော့ပါဘူး။ ဒါကြောင့် ဘာမှမပြောတတ်တော့ဘူး။”လို ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။  လက်ရှိ ရှမ်းမြောက်တစ်ခွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံး ပြတ်တောက်နေတာကြောင့် ကွတ်ခိုင်မြို့ ဒေသခံတွေနဲ့ ချိတ်ဆက်နိုင်ဖို့ခက်ခဲနေသလို  Mytel ဖုန်းလိုင်းအနည်းငယ်ရရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြို့ထဲ ကျန်နေသေးတဲ့ပြည်သူတွေကလည်း လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီးနေထိုင်နေကြတယ်လို့ ကွတ်ခိုင်ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့က ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲတိုက်ခိုက်မှုမှာ  အရပ်သား ၆ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရရှိထားတယ်လို့ သိရပေမယ့် ဖုန်းလိုင်းအခက်ခဲကြောင့် စာရင်းအတိအကျသိရဖို့ ခက်ခဲနေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။   “လေယာဉ်နဲ့ ၂ ရက်၊ ၂ ကြိမ်ပေါ့ ဗုံးလာကြဲတယ်။ စျေးတန်းအားလုံးမီးလောင်ကုန်ပြီ။ ဩဂုတ် ၅ ရက်နေ့က လာကြဲတာက ကွတ်ခိုင်စျေးတစ်ခုလုံး ကုန်သွားပြီ။ ပြီးတော့ ရပ်ကွက် ၃ ဘက် စျေးအထက်ဘက်တွေကိုလည်း ဗုံးကြဲသွားတယ်။ အဲဒီနောက် ထပ်လာကြဲတာက အရင် စစ်တပ်ထိုင်ခဲ့တဲ့ ဗျူဟာကုန်းနဲ့ရဲစခန်းမှာ လာကြဲတယ်။ အထဲမှာက TNLA တပ်သားတွေပဲ ရှိတာဆိုတော့ ထိခိုက်သေဆုံးမှုသတင်းက မထွက်တော့ဘူးလေနော်။”လို့  ကွတ်ခိုင်ဒေသခံအမျိုးသမီးက ဖြစ်စဉ်ကိုပြောပြပါတယ်။  ကွတ်ခိုင်မြို့စျေးတန်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးမကြဲခင် ၂ နာရီအလိုလောက်မှာ ကင်းထောက်လေယာဉ်တစ်စီးနဲ့ အရင်ဆုံး ကင်းထောက်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ဆက်တိုက်ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် တစ်ရက်ခြားပြီး ဩဂုတ်လ ၇ ရက်နေ့ ကွတ်ခိုင်ဗျူဟာကုန်းနဲ့ရဲစခန်းကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ထပ်ပြီးဗုံးကြဲခဲ့ပေမယ့် ထိခိုက်သေဆုံးမှု ရှိ မရှိ မသိရပေ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ် MNDAA တပ်ဖွဲ့ကလည်း နေရာယူလှုပ်ရှားနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ လားရှိုးမြို့ကို လက်လွှတ်လိုက်ရပြီးနောက် အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်း  စစ်တပ်က ဗုံးကြဲနေတာဖြစ်ပါတယ်။  စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်အပေါ်‌ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကလည်း ကန့်ကွတ်ရှုတ်ချကြောင်း ထုတ်ပြန်တာတွေလည်းရှိသလို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာကိုလည်း စစ်ကောင်စီတပ်ရဲ့ကျူးလွန်မှုတွေကို ဝိုင်းဝန်းတားဆီးပေးကြဖို့ တောင်းဆိုတာတွေရှိပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 5 August
    သတင်း

    ကွတ်ခိုင်မြို့မဈေးကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မြို့မဈေးကို စစ်ကောင်စီတပ်က ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ ဒီကနေ့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်လောက်ကတည်းက ကင်းထောက်လေယာဥ်တစ်စီး…

    Read More »
  • May- 2024 -
    7 May
    သတင်း

    ဖောင်းပြင်မှာ စစ်တပ်ဗုံးကြဲလို့ စစ်ရှောင်အမျိုးသမီငယ်တစ်ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် အရှေ့ ခမိုင်းကျေးရွာမှာ စစ်ကောင်စီတပ်က ဗုံးကြဲလို့ စစ်ရှောင်နေတဲ့အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရထားတယ်လို့သိရပါတယ်။ ဖောင်းပြင်မြို့နဲ့ လေးမိုင်ကျော်ဝေးတဲ့ အရှေ့ ခမိုင်းကျေးရွာကို စစ်ကောင်စီတပ်က မေလ ၆ ရက်နေ့ ည ၁၂ နာရီအချိန်မှာ ဂျက်ဖိုက်တာ…

    Read More »
  • Apr- 2024 -
    19 April
    သတင်း

    KIA သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာအနီးတဝိုက် စစ်တပ်ကဗုံးကြဲတိုက်ခိုက်

    ကချင်လွတ်လပ်ရေးတပ်တော် KIA သိမ်းပိုက်ထားပြီဲဖြစ်တဲ့ ဖားကန်လမ်း၊ နန့်ယားကျေးရွာမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားတာတွေမရှိပေမယ့် ကျေးရွာနဲ့ ထိစပ်တဲ့နေရာတွေမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်တပ်က နန့်ယားကျေးရွာနဲ့ ၇ မိုင်အကွာမှာရှိတဲ့ ဆွတ်ကြိုင်မှော်(Sut Chyai Maw) ဘက်ကို ဧပြီလ ၁၉ ရက် ဒီနေ့ မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်လောက်  Y – 12 လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ နန့်ယားဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုဗုံးလာကြဲသွားတဲ့ နေရာက ခါချင်မှော်လို့လည်းခေါ်သလို ဆွတ်ကြိုင်မှော်လို့လည်းခေါ်ကြတယ်။ အဲဒီတဝိုက်ကို လာပစ်သွားတာ။ ဒီကနေ နည်းနည်းတော့လှမ်းတယ်။ သူက နန့်ယားကျေးရွာနယ် နိမိတ်ပတ်ပတ်လည်လို့ပြောလို့ရမယ်။ ၉ နာရီခွဲလောက်မှာ လာပစ်ပြီး ပြန်ခေါက်သွားပြီ”လို့ပြောပါတယ်။ Y – 12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ စစ်တပ်ဘက်ကနေ အကြောင်းမဲ့ပြည်သူလူထုကို ပစ်မှတ်ထားပြီး လာရောက်ပစ်ခတ်သွားတာဖြစ်နိုင်တယ်လို့ သူက ဆက်ဆိုပါတယ်။ ခုလို တိုက်ပွဲနယ်မြေမဟုတ်နေရာဘက်ကို ဗုံးကြဲတိုက်ခိုက်သွားတဲ့အပေါ်မှာ နန့်ယားစစ်တပ်စခန်းကို KIA က သိမ်းပိုက်ထားတာကြောင့် ပြန်လည်တုန့်ပြန် တိုက်ခိုက်နေတာဖြစ်တယ်လို့ နန့်ယားဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “နန့်ယားတပ်စခန်းကို KIA သိမ်းလိုက်ပြီးကတည်းက ငြိမ်နေတာ သုံး၊ လေးရက်လောက်ရှိလာပြီ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒါပေမယ့် အခုလို လာပစ်နေတာက နန့်ယားတပ်စခန်းကို သိမ်းလိုက်လို့ အဲဒီတဝိုက်မှာ KIA တွေရှိနိုင်တယ်ဆိုပြီး လာပစ်တယ်လို့ပဲ အားလုံးလည်း အဲလိုထင်ကြတယ်။ ပြီးရင် နေ့လည်းလာပစ်တာမျိုးတော့မဟုတ်ဘူး။ စခန်းသိမ်းပြီးကတည်းက ၂ ကြိမ်ရှိပြီလာပစ်တာ”လို့ပြောပါတယ်။ စစ်တပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတဲ့ နေရာဘက်မှာ ထိခိုက်ပျက်စီးမှုရှိမရှိ အသေးစိတ်စုံစမ်းနေဆဲဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ နန့်ယားတိုက်ပွဲမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ ခုခံတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၂၅ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ နန့်ယားဒေသခံတွေက ပြောပါတယ်။ နန့်ယားကျေးရွာမှာ ၁၀ စုနှစ်တစ်ခုအကြာ စစ်တပ်ဂိတ်အပါ စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး လက်ရှိမှာ နန့်ယားကျေးရွာကို KIA က အုပ်ချုပ်ရေးစနစ်နဲ့ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ မြစ်ကြီးနား ဘက်ကနေ တက်လာတဲ့ ဖားကန့်လမ်းပေါ်မှာ နန့်ယားတပ်စခန်းနဲ့ နမ်တိန့် တပ်စခန်း ၂ ခုကို KIA က သိမ်းပိုက်ထားပြီ လက်ရှိမှာ ကားမိုင်းဗျူဟာကုန်းနဲ့ ဖားကန့်မြို့အဝင်ပေါက်နားက ယမ်းတပ်စခန်း ၂ ခုသာ ကျန်ရှိနေတာလည်းဖြစ်ပါတယ်။ By –…

    Read More »
  • Nov- 2023 -
    2 November
    သတင်း

    ကွတ်ခိုင်မြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားနှစ်ယောက်သေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက်သေဆုံးခဲ့သလို နမ့်ဖတ်ကာရွာ မှာလည်း လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။   ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့…

    Read More »
  • Oct- 2023 -
    10 October
    သတင်း

    မုန်လိုင်ခက်စစ်ရှောင်စခန်း ပစ်ခတ်ခံရမှုမှာ ၂၉ ဦးသေဆုံးပြီး ၅၇ ယောက် ထိခိုက်ကြောင်း KIO ထုတ်ပြန်

    စစ်ကောင်စီက လိုင်ဇာ မုန်လိုင်ခက် (Munglai Hkyet) စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရှောင် ၂၉ ဦး သေဆုံးခဲ့ရပြီး ၅၇ ယောက် ပြင်းထန်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က သတင်းထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကိုတော့ စစ်ကောင်စီဘက်က ငြင်းဆိုထားပြီး KIA ဘက်ကတော့ မည်သည့်လက်နက်နဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာကို စုံစမ်းနေတယ်လို့ ပြောပါတယ်။ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူကတော့ “လေယာဉ်သံတော့ မကြားရဘူးဆိုပေမယ့် တိုက်ခိုက်ခံရတဲ့…

    Read More »
  • Aug- 2023 -
    4 August
    သတင်း

    မလိယန်ရွာနီး စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲ

    မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ မလိယန်ရွာနီးမှာ စစ်တပ်က ဒီနေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံး ၄ကြိမ်လာရောက် ပစ်ခတ်သွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ အဲဒီ စစ်တပ်ရဲ့ဂျက်လေယာဉ် ၂စီးဟာ နေ့လည် ၁၁ နာရီဝန်းကျင်မှာ မန်းလေးတံတားဦးလေဆိပ်ကနေ တက်လာခဲ့ပြီး နေ့လည် ၁၁ နာရီခွဲလောက်မှာ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။…

    Read More »
Back to top button