တိုက်ပွဲသတင်း

KIA သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာအနီးတဝိုက် စစ်တပ်ကဗုံးကြဲတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်တော် KIA သိမ်းပိုက်ထားပြီဲဖြစ်တဲ့ ဖားကန်လမ်း၊ နန့်ယားကျေးရွာမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားတာတွေမရှိပေမယ့် ကျေးရွာနဲ့ ထိစပ်တဲ့နေရာတွေမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တပ်က နန့်ယားကျေးရွာနဲ့  မိုင်အကွာမှာရှိတဲ့ ဆွတ်ကြိုင်မှော်(Sut Chyai Maw) ဘက်ကို ဧပြီလ ၁၉ ရက် ဒီနေ့ မနက်ပိုင်း  နာရီခွဲဝန်းကျင်လောက်  Y – 12 လေယာဉ်  စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ နန့်ယားဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

အခုဗုံးလာကြဲသွားတဲ့ နေရာက ခါချင်မှော်လို့လည်းခေါ်သလို ဆွတ်ကြိုင်မှော်လို့လည်းခေါ်ကြတယ်။ အဲဒီတဝိုက်ကို လာပစ်သွားတာ။ ဒီကနေ နည်းနည်းတော့လှမ်းတယ်။ သူက နန့်ယားကျေးရွာနယ် နိမိတ်ပတ်ပတ်လည်လို့ပြောလို့ရမယ်။  နာရီခွဲလောက်မှာ လာပစ်ပြီး ပြန်ခေါက်သွားပြီလို့ပြောပါတယ်။

Y – 12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ စစ်တပ်ဘက်ကနေ အကြောင်းမဲ့ပြည်သူလူထုကို ပစ်မှတ်ထားပြီး လာရောက်ပစ်ခတ်သွားတာဖြစ်နိုင်တယ်လို့ သူက ဆက်ဆိုပါတယ်။

ခုလို တိုက်ပွဲနယ်မြေမဟုတ်နေရာဘက်ကို ဗုံးကြဲတိုက်ခိုက်သွားတဲ့အပေါ်မှာ နန့်ယားစစ်တပ်စခန်းကို KIA က သိမ်းပိုက်ထားတာကြောင့် ပြန်လည်တုန့်ပြန် တိုက်ခိုက်နေတာဖြစ်တယ်လို့ နန့်ယားဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

နန့်ယားတပ်စခန်းကို KIA သိမ်းလိုက်ပြီးကတည်းက ငြိမ်နေတာ သုံး၊ လေးရက်လောက်ရှိလာပြီ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဒါပေမယ့် အခုလို လာပစ်နေတာက နန့်ယားတပ်စခန်းကို သိမ်းလိုက်လို့ အဲဒီတဝိုက်မှာ KIA တွေရှိနိုင်တယ်ဆိုပြီး လာပစ်တယ်လို့ပဲ အားလုံးလည်း အဲလိုထင်ကြတယ်။ ပြီးရင် နေ့လည်းလာပစ်တာမျိုးတော့မဟုတ်ဘူး။ စခန်းသိမ်းပြီးကတည်းက  ကြိမ်ရှိပြီလာပစ်တာလို့ပြောပါတယ်။

စစ်တပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတဲ့ နေရာဘက်မှာ ထိခိုက်ပျက်စီးမှုရှိမရှိ အသေးစိတ်စုံစမ်းနေဆဲဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ နန့်ယားတိုက်ပွဲမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ ခုခံတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၂၅ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ နန့်ယားဒေသခံတွေက ပြောပါတယ်။

နန့်ယားကျေးရွာမှာ ၁၀ စုနှစ်တစ်ခုအကြာ စစ်တပ်ဂိတ်အပါ စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး လက်ရှိမှာ နန့်ယားကျေးရွာကို KIA က အုပ်ချုပ်ရေးစနစ်နဲ့ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

မြစ်ကြီးနား ဘက်ကနေ တက်လာတဲ့ ဖားကန့်လမ်းပေါ်မှာ နန့်ယားတပ်စခန်းနဲ့ နမ်တိန့် တပ်စခန်း  ခုကို KIA က သိမ်းပိုက်ထားပြီ လက်ရှိမှာ ကားမိုင်းဗျူဟာကုန်းနဲ့ ဖားကန့်မြို့အဝင်ပေါက်နားက ယမ်းတပ်စခန်း  ခုသာ ကျန်ရှိနေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button