မိုးကောင်း
-
Dec- 2023 -12 Decemberသတင်း
မိုးကောင်းမှာ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်ကပစ်သတ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်ကပစ်သတ်လိုက်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနေ့ နေ့လည် ၁၂ နာရီလောက်မှာ မိုးကောင်းမြို့နယ် အိုးတန်းရပ်ကွက်မှာရှိတဲ့ ကျွန်းတောတံတားပေါ် လူငယ်နှစ်ယောက်ဆိုင်ကယ်နဲ့ဖြတ်လာချိန် စစ်ကောင်စီဘက်ကစစ်ဆေးဖို့ တားဆီးရာ စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့တာကြောင့် ပစ်သတ်လိုက်တာဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “ကျမတို့ကြားတာတော့…
Read More » -
Nov- 2023 -6 Novemberသတင်း
ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ကျွှဲ၊နွားသေဆုံးမှုမြင့်တက်လာ
ကချင်ပြည်နယ် မြို့နယ်တစ်ချို့က ကျွဲ၊ နွားတွေမှာ လည်ချောင်းကွဲကူးစက် ရောဂါဖြစ်ပွားနေတဲ့အတွက် ကျွှဲ၊ နွားသေဆုံးတာတွေပိုများလာနေတယ်လို့ မြစ်ကြီးနားက တိရစ္ဆာန်ကုဆရာဝန် (တိကုဆရာ) တစ်ယောက်က ပြောပါတယ်။ လက်ရှိ မိုးကောင်းနဲ့ ဖားကန့်မြို့နယ်ရှိ ကျေးရွာတစ်လျှောက် ကျွဲ၊ နွားတွေမှာ လည်ချောင်းကွဲရောဂါကြောင့်သေဆုံးတာတွေဖြစ်နေပြီး လက်ရှိထိအကောင် ၁၀၀ သေဆုံးနေပြီလို့ တိကုဆရာက KNG ကိုပြောပါတယ်။ “ကျွန်တော်တို့ လိုက်ကုပေးတာနဲ့ တစ်ချို့ ဆေးဆရာတွေ ရဲ့ပြောတာတွေအရဆိုရင်ပေါ့နော်၊ မိုးကောင်းမြို့နယ်မှာဘဲဆိုရင်တောင်ရှေ့ပိုင်းမှာဖြစ်တာက မြေမြုပ်ဖို့အတွက်တောင်…
Read More » -
4 Novemberသတင်း
တောင်နီပြည်သူ့စစ်စခန်းဒရုန်းနဲ့တိုက်ခိုက်ခံရ ပြည်သူ့ စစ် တစ်ဦးသေဆုံး
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီရွာမှာရှိတဲ့ပြည်သူ့စစ်စခန်းကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDFက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့စစ်တပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ မိုးကောင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူဆီကသိရပါတယ်။ မနေ့က နိုဝင်ဘာ၃ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီး ဘေးမှာရှိတဲ့ တောင်နီရွာကပြည်သူ့စစ်စခန်းကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက…
Read More » -
Oct- 2023 -18 Octoberသတင်း
လိုင်စင်မဲ့ဖမ်းဆီးထားတဲ့ ကားပိုင်ရှင်တွေကို တရားစွဲဆိုဖို့ စစ်ကောင်စီ ပြင်ဆင်နေ
ကချင်ပြည်နယ် မိုးကောင်းနဲ့ နမ္မတီးမြို့မှာ စစ်ကောင်စီတပ်က လိုင်စင်အကြောင်းပြပြီး ဖမ်းဆီးထားတဲ့ အိမ်စီးကား ၁၉ ကို အပိုင်သိမ်းယူလိုက်တဲ့အပြင် ကားပိုင်ရှင်တွေကိုပါ တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုးကောင်းမြို့အခြေစိုက် စကခ (၃)က စစ်ကောင်စီတပ်တွေဟာ မိုးကောင်းမြို့အဝင်အထွက်တွေနဲ့ နမ္မတီးမြို့အဝင်အထွက်တွေမှာ လုံခြုံရေးတင်းကြပ်ပြီး အိမ်စီးကားအစီးရေ ၁၉ စီးကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မိုးကောင်းဒေသခံအမျိုးသားတစ်ယောက်က ခုလိုပြောပါတယ်။ “ခုကားပိုင်ရှင်တွေလည်း အားလုံးအချုပ်မှာ ဖမ်းထားတယ်။ ကားကတော့ မပေးတော့ဘူး အပိုင်သိမ်းလိုက်ပြီလို့ သိရတယ်”လို့ ပြောပါတယ်။ လက်ရှိဖမ်းဆီးထားတဲ့ ကားအစီးရေ ၁၉ စီးကို မိုးကောင်းရဲစခန်းမှာသိမ်းယူထားပြီး ကားပိုင်ရှင်တွေကိုလည်း ရဲစခန်းမှာ ချုပ်ထားတယ်လို့ ပြောပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့ စစ်ကောင်စီတပ်တွေ အဓိက ဖမ်းဆီးခဲ့တဲ့နေရာတွေဟာ မိုးကောင်းမြို့အဝင်အထွက်နေရာတွေအပြင် သုံးမိုင်ကွေ့၊ မရန်ကထောင်၊ မိုးကောင်းတံတား အဆင်း၊နမ္မတီးကျောက်တောင်၊မြတောင်ဘုန်းကြီးကျောင်းရှေ့စတဲ့နေရာတွေမှာ ဖမ်းဆီးခဲ့တာလို့…
Read More » -
10 Octoberသတင်း
မိုးကောင်းမှာ အသက် ၅ နှစ်အောက်ကလေး ၃ ယောက်အပါအဝင် စုစုပေါင်း အရပ်သား ၇ ယောက်ထပ်ဖမ်းခံရ
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ကလေး ၃ ယောက်အပါအဝင် စုစုပေါင်း အရပ်သား ၇ ယောက်ကို စစ်တပ်က ထပ်ပြီးဖမ်ဆီးသွားတယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ ၈ ရက်နေ့မှာ…
Read More » -
Sep- 2023 -26 Septemberအင်တာဗျူး
မိုးကောင်းမြို့ မှာ အရပ်သားဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်
မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က စက်တင်ဘာလ လဆန်းပိုင်းအထိ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီထဲက စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်ခံရတာတွေကြောင့် စစ်ကြောရေးမှာ သေဆုံးသူ ၂ ယောက်ထိရှိခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ အာမခံနဲ့လွတ်မြောက်လာသူ တွေအနည်းအကျဉ်းရှိခဲ့ပေမေယ့် အများပိုင်းကတော့ ဖမ်းဆီးခံထားရဆဲလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဘာကြောင့်ခုလို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတာလဲ ဒီအခြေနေနဲ့ပတ်သက်ပြီး မိုးကောင်းမြိုခံ ရပ်မိရပ်ဖတစ်ဦးကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ မေး– မိုးကောင်းမှာ ဒေသခံတွေကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးမှုတွေလုပ်လာတာ ဘာ့ကြောင့်လဲ။ “အချက်နှစ်ချက်လောက်တော့ရှိတယ် သူတို့ စကခ မှူးရဲ့အပြောင်းအရွေ့ပေါ့ ဒါလည်းပါတယ် ပြီးရင် တိုင်းအဆင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးပါပြောင်းလဲလိုက်တာပေါ့အဲ့တာတွေလည်းပါတယ်။ပြီးရင် ကျနော်တို့မြို့မှာ ဒလန်ရှင်းလင်းရေးလုပ်တဲ့ အခြေနေမှာ အခုနောက်ဆုံးဖြစ်သွားတဲ့ အထက ၁…
Read More » -
25 Septemberသတင်း
မိုးကောင်းမှာ ဖမ်းဆီးခံရသူ ၂၀၀ အထိရှိလာပြီး စစ်ကြောရေးမှာ သေဆုံးသူ ၄ ဦးအထိရှိလာ
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ၂ လတာအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အရပ်သားပြည်သူ ၂၀၀ ဝန်းကျင်လောက်ရှိလာပြီး စစ်ကြောရေးမှာညှင်းပန်းနှိပ်စက်လို့ သေဆုံးသွားသူ ၄ ဦးအထိရှိလာပြီလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းလောက်ကနေ မိုးကောင်းမြို့ထဲမှာရှိတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ စွပ်စွဲပြောဆိုပြီး လိုက်လံဖမ်းဆီးအရေးယူနေတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ မိုးကောင်းမြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့…
Read More » -
12 Septemberသတင်း
မိုးကောင်း ဇင်ယော်ဆီဆိုင်ပိုင်ရှင်အမျိုးသမီး ဖမ်းဆီးခံရပြီးတဲ့နောက် အချုပ်ထဲမှာသေဆုံး
ကချင်ပြည်နယ် မိုးကောင်းမြို့က ဇင်ယော်စက်သုံးဆီဆိုင်ပိုင်ရှင်လင်မယား ဖမ်းဆီးခံသွားပြီးတဲ့နောက် အမျိုးသမီးဖြစ်သူ ဒေါ်ခင်မာရွှေ အချုပ်ထဲမှာသေဆုံးသွားခဲ့တယ်လို့ မိုးကောင်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ညမှာ ဇင်ယော်စက်သုံးဆီဆိုင်ကို စစ်ကောင်စီတပ်ကPDFတွေကိုထောက်ပံ့တယ်လို့ဆိုပြီး စက်သုံးဆီဆိုင်ကိုလည်းဖြိုချခဲ့သလို ဆိုင်ဖြိုချခံရပြီးရက်ပိုင်းမှာပဲ ပိုင်ရှင်တွေဖြစ်တဲ့ ဒေါ်ခင်မာရွှေ နဲ့…
Read More » -
Aug- 2023 -31 Augustဆောင်းပါး
ထောက်ပို့မိခင် အကြော်သည်
ယိုင်နှဲ့နှဲ့ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းအိမ်လေးထဲမှာ ဒေါ်နာမ်တစ်ယောက် ညစာစားဖို့ထမင်းခူးခပ်နေတုန်း စားပွဲပေါ်မှာ တင်ထားတဲ့ လက်ကိုင်ဖုန်းလေးမြည်လာပါတယ် “အမေရေ.. သားဒီလဖုန်းအသစ်လှဲရမယ် ပိုက်ဆံငါးသိန်းလောက် လိုတယ်။ အမေ သားကိုပိုက်ဆံ ငါးသိန်းလောက် အဆင်ပြေရင်ပို့ပေးပါနော်” ဆိုပြီး ဖုန်းချသွားသူကတော့ဖားကန့်ကာကွယ်ရေးတပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ သားဖြစ်သူ အဖုန်(အမည်လွှဲ) ပါ။ အသက် ၄၈ နှစ်အရွယ်…
Read More » -
31 Augustသတင်း
မိုးကောင်းမှာ ဒေသခံ ဖမ်းဆီးခံရမှု ၂၀ကျော်ရှိလာ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီးတော့ ဒီကနေ့ ဩဂုတ်လ၃၁ရက်နေ့အထိဆိုရင် ဖမ်းဆီးခံရတဲ့ ဒေသခံ ၂၀ကျော်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က မိုးကောင်းမြို့နယ်အတွင်းက ဈေးဆိုင်၊ကုန်စုံဆိုင်နဲ့ ဆန်ဆိုင်တွေကို ကာကွယ် ရေးတပ်တွေကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပြီးတော့ မနေ့က…
Read More »









