မီးလောင်မှုဖြစ်ပွား

  • Jan- 2024 -
    15 January
    သတင်း

    ဝါယာရှော့ကြောင့် ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံးမီးလောင်

    မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ စီတာပူဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့မနက် ၅ နာရီဝန်းကျင်မှာ စီတာပူရပ်ကွက် နယ်မြေ ၃ မှာရှိတဲ့နေအိမ်တစ်လုံးဟာ  အိမ်ရဲ့အောက်ထပ်မှာတွဲရပ်ဖွင့်ထားတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ရာကနေ မီးလောင်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အောက်ထပ်မှာရှိတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီးလောင်တာလို့ပြောတယ် ပြီးတော့ ကုန်စုံဆိုင်ဆိုတော့ ပစ္စည်းတွေလည်း အများကြီးဆိုတော့ အဲကနေလောင်တာပေါ့”လို့ ဆိုပါတယ်။ မီးစလောင်တဲ့ချိန်ဟာ ၄ နာရီ ၄၈ မိနစ်ဝန်းကျင်ကနေ စလောင်တာဖြစ်ပေမယ့် မီးသတ်ကားကတော့ ၅နာရီ ၂၀ မိနစ်ရောက်လာပြီး မနက် ၆ နာရီလောက်မှာ အပြီးသတ်မီးငြိမ်းနိုင်ခဲ့တာကြောင့် ပတ်ဝန်းကျင်နေအိမ်တွေမှာ ကူးစက်လောင်ကျွမ်းတာတွေမရှိဘူးလို့ သိရပါတယ်။ ကုန်စုံဆိုင်တွဲရပ်ဖွင့်ထားတဲ့ နေအိမ်မီးလောင်သွားပေမယ့် မိသားစုဝင်တွေကတော့ အချိန်မှီထွက်ခွာနိုင်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာ ရရှိတဲ့ သူကတော့မရှိဘူးလို့ သူကခုလိုဆိုပါတယ်။ “လူတွေကတော့ အချိန်မှီရှောင်ခဲ့နိုင်လို့ ဘာမဖြစ်ဘူး အိမ်ကတော့ အကုန်ပါသွားတယ် တိုင်ဘဲကျန်တော့တယ်”လို့ သူကဆိုပါတယ်။ မြစ်ကြီးနား မြို့ ရပ်ဘူရပ်ကွက်မှာ ၂၀၂၃ ဒီဇင်ဘာလ ၂၀ရက်နေ့ကလည်း မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၄လုံးမီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ By – Hope

    Read More »
  • Mar- 2023 -
    20 March
    စစ်ပြေးဒုက္ခသည်များ

    မီးလောင်သွားသော ဂျေယန့်စစ်ရှောင်စခန်းမှ အိမ်ခြေ ၃၆ ခုအတွက် အကူညီလိုအပ်နေ

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်နယ်မြေ ဂျေယန့် (Jeyang) စစ်ရှောင်စခန်းမီးလောင်မှုတွင် ပါသွားသော နေအိမ်များအတွက် ပြည်လည်ထူထောင်ရေး ခက်ခဲမှုရှိနေသည်ဟု သိရသည်။ မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ သက်တမ်းရှိသော ဂျေယန့်စစ်ရှောင်စခန်း မီးလောင်မှုကြောင့် နေအိမ် ၃၆ လုံး မီးလောင်ပျက်စီးသွားကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက…

    Read More »
  • Feb- 2023 -
    3 February
    သတင်း

    နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား

    နာဂဒေသ လဟယ်မြို့နယ်၊ ဆော်လော်နောက်ကုန်းကျေးရွာရှိ အိမ်ခြေ ၇၀ ခန့် မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသနှင့် အဆက်အသွယ်ရှိသူများထံမှ သိရသည်။ ယမန်နေ့ ညနေပိုင်း ၅ နာရီအချိန်ခန့် ရွာထဲ ကလေးများသာကျန်ရှိနေပြီး လူကြီးများ အလုပ်သွားနေချိန်အတွင်း တစ်ရွာလုံးနီးပါး…

    Read More »
  • Jan- 2023 -
    25 January
    သတင်း

    မြစ်ကြီးနားတွင် လူနေအိမ် ၈ လုံး မီးလောင်မှုဖြစ်ပွား

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် မြို့ဦးဘုန်းကြီးကျောင်းရှေ့တွင် ယနေ့နံနက်ပိုင်း မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် ၈ လုံးတပြိုင်နက် မီးလောင်းပျက်စီးသွားကြောင်း မြစ်ကြီးနား မျိုးဆက်သစ်လူမှု ကယ်ဆယ်ရေးအသင်းမှ သိရသည်။ ဖြစ်စဉ်မှာ မြို့ဦးဘုန်းကြီးကျောင်းရှေ့ အိမ်ငှားနေထိုင်သည့် အိမ်ခန်းတစ်ခု၏ မီးဖိုဆောင်အတွင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး…

    Read More »
  • Sep- 2022 -
    29 September
    သတင်း

    ဖားကန့်တွင် ဖယောင်တိုင်မီးမှတဆင့် ၂ထပ်တိုက် ၄လုံး မီးလောင်ပျက်စီး

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာတွင် ဖယောင်းတိုင်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၂ထပ်တိုက် ၄လုံးတဆက်တည်း မီးလောင်ပျက်စီးမှု ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဆိုင်းတောင် အမှတ် (၂)ရပ်ကွက် ကချင်စားသောက်ဆိုင်တစ်ခုဖြစ်သည့် ‘Num Ri…

    Read More »
  • May- 2022 -
    30 May
    သတင်း

    မူဆယ်မြို့တွင် အလာင်းကစားအဆောင်တန်းလျားတစ်ခု မီးလောင်မှုဖြစ်ပွား

    မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်၊ Top One အနီးရှိ လောင်းကစားဝန်ထမ်းများနေထိုင်သော ၄ ခန်းတွဲ အ‌ဆောင်တန်းလျား မေလ ၂၉ ရက်ည ၈ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ “ကျွန်မသူငယ်ချင်းတောင် ဘာမှမရလိုက်ဘူး။ နေ့ဆိုင်းဆင်းတဲ့ သူတွေအခန်းထဲ ခြင်ဆေးခွေ ထွန်းခဲ့တာလား၊ ရေနွေးတည်ခဲ့တာလား။ မီးလောင်လာမှ သူတို့…

    Read More »
  • Apr- 2022 -
    27 April
    သတင်း

    မန်ခိန်ရပ်ကွက်မှ နေအိမ် ၂လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင် မီးလောင်မှုဖြစ်ပွား

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊မန်ခိန်ရပ်ကွက် အုပ်စု(၁)ရှိ နေအိမ်နှစ်လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံများမှ သိရသည်။ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် အုပ်စု(၁)တွင် နှစ်ထပ်အိမ်နှင့်တစ်ထပ်အိမ် နေအိမ်နှစ်လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင်တို့ ယနေ့နံနက် ၁၀နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ “ဖုန်းအားသွင်းထားပြီး ဝါယာလျှော့ဖြစ်တယ်လို့ပြောတယ် အလယ်က…

    Read More »
Back to top button