ရှမ်းနီ
-
Aug- 2025 -13 Augustသတင်း
ကချင်ပြည်သူ ၁၄ ဦး အသတ်ခံရပြီးနောက် ရှမ်းနီ နဲ့ ကချင်အတူတကွယှဉ်တွဲနေထိုင်ရေး မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေး
အင်းတော်ကြီးဒေသမှာ ကချင်ပြည်သူ ၁၄ ဦးကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်နဲ့ ကချင်လူထုကို နေထိုင်လို့ မရအောင် လုပ်ဆောင်နေတဲ့လုပ်ရပ်တွေအပေါ် လူမျိုးရေးပြဿနာ မဖြစ်စေရေးအတွက် နှစ်ဖက်လူထုကြား တွေဆုံမှုကို မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။…
Read More » -
6 Augustသတင်း
ရှမ်းနီ SNA တပ်ထိုင်ထားတဲ့ လုံးတုံဂိတ်မှာကုန်ကား ၁၀၀ ဝန်းကျင်ပိတ်မိနေ
ကချင်ပြည်နယ် မိုးညှင်းခရိုင်ထဲက အင်းတော်ကြီး – ဂွေခါကားလမ်းပိုင်းမှာ ဖားကန့်တက်မယ့် ကုန်ကားကြီးတွေ နဲ့ ကားသေး စုစုပေါင်း အစီး ၁၀၀ ဝန်းကျင် လုံးတုံဂိတ်မှာ ပိတ်မိနေဆဲလို့သိရပါတယ်။ အင်းတော်ကြီးဒေသ လုံးတုံကျေးရွာမှာထိုင်ထားတဲ့ စစ်ကောင်စီနဲ့SNA ပူးပေါင်းတပ်တွေဟာ အင်းတော်ကြီး–ဂွေခါကားလမ်းပိုင်းကို…
Read More » -
2 Augustသတင်း
ကချင်နေအိမ်အတွင်းမှ တန်ဖိုးရှိပစ္စည်းများခိုးယူခံနေရတဲ့အပြင် သတ်ဖြတ်ခံရသူတွေလည်းရှိနေ
ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ နေထိုင်ကြတဲ့ ကချင်လူမျိုးတွေ လူမျိုးရေးခြိမ်းခြောက်ခံရတာကြောင့် နေရပ်စွန့်ခွာသွားတဲ့ လူနေအိမ်နဲ့ ဘုရားကျောင်းဝင်းနေရာအတွင်းက တန်ဖိုးရှိ ပစ္စည်းတွေကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်သားတွေ ခိုးယူဖျက်ဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ နန့်မွန်မြို့၊ မိုင်းနောင်ရွာနဲ့ မမုံကိုင်ကျေးရွာတွေကို စစ်တပ်နဲ့…
Read More » -
May- 2025 -16 Mayသတင်း
အင်းတော်ကြီးဒေသကို စစ်ကောင်စီ ပူးပေါင်းတပ်က လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်နေဆဲ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ဆနွန်းကုန်းကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်တွေက လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မေလ ၁၄ ရက်နေ့ကစပြီး အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်…
Read More » -
Jan- 2025 -27 Januaryသတင်း
ဖောင်းပြင်မြို့နယ် နယ်မြေအများစု ကို PDF ပူးပေါင်းတပ် ထိန်းချုပ်ထားနိုင်ဟုဆို
ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် SNA ပူးပေါင်းတပ် စိုးမိုးထားတဲ့ နယ်မြေအများအပြားကို ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီလို့ သိရပါတယ်။ “ဒီကနေ့အထိဆိုရင် ကျနော်တို့ဘက်က ထိန်းထားနိုင်တဲ့ရွာတွေကတော့ သူတို့ကိုအထိနာပြီးအကျပ်ရိုက်စေတဲ့လွင်ကြီးရွာ၊ ဆိတ်ဆားရွာ၊ သရောင်းရွာရယ် မင်းယာရွာရယ်ပြီးတော့ တခြားရွာတွေလည်းအများကြီးပဲရွာ ပေါင်းကိုမနည်းတော့ဘူး ရွာတွေ မရှိသလောက်ဖြစ်သွားပြီဗျ မြို့နယ်ရဲ့…
Read More » -
Nov- 2024 -25 Novemberသတင်း
ဟုမ္မလင်းနယ် နတ်မော်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နတ်မော်ကျေးရွာမှာ SNA စစ်ကောင်စီပူးပေါင်းတပ်နဲ့ ဟုမ္မလင်း PDF တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေတယ်လို့ နတ်မော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီးမှာရှိတဲ့ နတ်မော်ကျေးရွာမှာ နိုဝင်ဘာ ၂၂ ရက်နေ့မွန်းလွဲပိုင်းကနေစပြီး ဒီနေ့ထိတိုက်ပွဲပြင်းထန်နေဆဲပဲလို့ နတ်မော်ကျေးရွာနေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အသံတွေကတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းကြားနေရတာ အခုအထိပဲ ညလည်းမရပ်ဘူးတစ်ညလုံးပစ်နေကြတာ အဲ့မှာရှမ်းနီတပ်တွေနဲ့ စစ်ကောင်စီတပ်ပေါင်းထိုင်တာရှိတယ်။ ကာကွယ်ရေးတပ်တွေက အဲ့စခန်းကိုဝင်သိမ်းနေတာလို့ သိရတယ်။ အခုထိတော့မရသေးဘူး ပစ်နေကြတုန်း”လို့ ပြောပါတယ်။ နတ်မော်ကျေးရွာမှာ SNA နဲ့စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၅၀ ထက်မနည်းတပ်ထိုင်တာလို့သိရပြီး ကာကွယ်ရေးတွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းအထိ တိုက်ပွဲပြင်းထန်နေတဲ့နေရာကို နတ်မော်ကျေးရွာအနီးဝန်ကျင်နဲ့ နောင်တံတားကျေးရွာအနီး စစ်တပ်ဘက်က လေကြောင်းနဲ့ သုံးကြိမ်တိတိဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ “ဒီနေ့က လေယာဥ်နဲ့ ၃ ကြိမ်လာကြဲတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေသေးတယ် ထိခိုက်တာတော့ရှိမှာပဲ ဒီလောက်ကြဲနေတာ ဖုန်းလိုင်းမကောင်းလို့ အသေးစိတ်မသိရသေးဘူး”လို့ ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နတ်မော်၊ နောင်တံတားကျေးရွာနဲ့အနီးဝန်းကျင် ကျေးရွာနေပြည်သူတွေဟာ တောတောင်တွေ နိုဝင်ဘာလ ၂၃ ရက်နေ့စပြီး တောတောင်ထဲတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နတ်မော်ကျေးရွာဟာ နောင်ပိုအောင်ကျေးရွာနဲ့ သုံးမိုင်ခန့်သာကွာဝေးပြီး နောင်ပိုအောင်ကျေးရွာကတော့ ဟုမ္မလင်းနယ်မှာ ရှမ်းနီတပ်တွေအများဆုံးတပ်ထိုင်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ ဟုမ္မလင်းအရှေ့ခြမ်းဘက် ရွှေပြည်အေးမြို့၊ လွှစင်ကုန်းကျေးရွာနဲ့အခြားကျေးရွာပေါင်းငါးရွာခန့်ကိုသိမ်းပိုက်ထားပြီလို့သိရပြီးဟုမ္မလင်းအနောက်ခြမ်း ဖောင်းပြင်နယ်တကြောက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw
Read More » -
Jul- 2024 -18 Julyသတင်း
နန့်မွန်းမြို့မှာ လူငယ် ၅၀ ထက်မနည်းဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြိို့ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစ SNA နဲ့ စစ်ကောင်စီစစ်သားတွေဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ စစ်ဆေးရေးဂိတ်အထိုင်ချပြီး တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “နန့်မွန်းမြို့ထဲမှာကို ဂိတ်က နေရာ ၄ နေရာရှိတယ် အစစ်အဆေးများတယ်ဂိတ်အသစ်ထိုင်တဲ့ဟာတွေပဲ လူငယ်တွေကိုဆိုရင်သိပ်မသွားခိုင်းတော့ဘူး ဖမ်းတယ်။ လူငယ်ပိုင်းတွေကိုဖမ်းတာ ပြည်သူ့စစ်အတွက်ဖမ်းနေတာ ကချင်ကလေးတွေကိုမဖမ်းဘူးရှမ်းတွေကိုပဲဖမ်းတာ စုဆောင်းရေးပါ့ ဘာအကြောင်းပြချက်မှမရှိပဲဒီတိုင်းဖမ်းသွားတာ”လို့ ပြောပါတယ်။ လက်ရှိ နန့်မွန်းမြို့ထဲ SNA နဲ့စစ်ကောင်စီတပ်တွေရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေဟာ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာနဲ့နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာစုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာကြောင့် လူငယ် ၅၀ ဦးထက််မနည်းဖမ်းဆီးခံထားရပြီလို့ဒေသခံတွေကဆိုပါတယ်။ “အသက် ၂၀ ကျော်လူငယ်တွေဆိုဖမ်းတယ် အများကြီးဖမ်းသွားပြီကောမနည်းတော့ဘူး စျေးသွားစျေးလာကစစစ်ဆေးတာတွေလုပ်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ မနေ့ကအထိဖမ်းဆီးခံရတဲ့လူငယ် ၅၀ ဦးခန့်ရှိပြီလို့သိရပြီး အဲ့ဒီလူငယ်တွေကို ငွေနဲ့ပြန်ရွေးထုတ်ခွင့်မပေးသလို လတ်တလောမိဘတွေနဲ့လည်းတွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။ အထက်ဖော်ပြပါစစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေကိုဖမ်းဆီးတာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာ မသင်္ကာတဲ့သူတွေကိုလက်ကိုင်ဖုန်းစစ်ဆေးတာတွေကြောင့် ဒီရက်ပိုင်းနန့်မွန်းမြိို့ထဲမှာ အသွားအလာလည်းပါးနေတယ်လို့သိရပါတယ်။ နန့်မွန်းမြို့ခံပြည်သူ သုံးပုံနှစ်ပုံလောက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်က KiA KPDF ပူးပေါင်းတပ်တွေက ဝှေလုံ၊ချောင်းဝ ၊ညောင်ပင်ရွာတွေထဲက စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကတည်းက ကြိုတင်တိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ အင်းတော်ကြီးဒေသထဲက ဝှေလုံ ၊ချောင်းဝ၊ညောင်ပင် တပ်စခန်းတွေသိမ်းပိုက်ခံရပြီးနောက် ဇွန်လ တတိယပတ်ကတည်းကနေ နန့်မွန်းမြို့ထဲအင်အားအလုံးအရင်းနဲ့တပ်ထိုင်လာတာ ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
May- 2024 -25 Mayသတင်း
ဆယ်ဇင်းကျေးရွာအနီး SNA တပ်စခန်းတစ်ခုကျန်ရှိနေသေးတာကြောင့် စစ်ဘေးရှောင်တွေနေရပ်ပြန်ခွင့်မပြုသေး
ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ်ကုန်းမှာ စစ်ကောင်စီစစ်သားတွေနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်တွေရှိနေသေးတာကြောင့် ဆယ်ဇင်းစစ်ဘေးရှောင်တွေနေရပ်ပြန်ခွင့်မရသေးဘူးလို့ သိရပါတယ်။ ဆယ်ဇင်းကျေးရွာဒေသခံပြည်သူ ၁၀၀၀ ဝန်းကျင်ခန့်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကတည်းက KIA ပူးပေါင်းဦးတပ်ရဲ ဆယ်ဇင်းကျေးရွာစခန်းသိမ်းတိုက်ပွဲကြောင့် ဟောင်ပါးကျေးနဲ့တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပေမယ့် လက်ရှိ ဆယ်ဇင်နဲ့ ၃မိုင်နီးပါးဝေးတဲ့ သံယောဇဥ်ကုန်းမှာ စစ်ကောင်စီတပ်နဲ့ရှမ်းနီတပ်တွေကျန်ရှိနေသေးတာကြောင့် ဒေသခံတွေကိုနေရပ်ပြန်ဝင်ခွင့်မပေးသေးတာလို့ ဆယ်ဇင်းစစ်ဘေးရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြန်လို့မရသေးဘူးဗျ မပြန်ခိုင်းသေးတာ အခုထိသံယောဇဥ်ကုန်းမှာပထမ တိုက်ပွဲ ဖြစ်နေတယ် ထင်တာတိုက်ပွဲက မဖြစ်သေးဘူးဒီဘက် (KIA)ဘက်ကပြင်ဆင်နေတုန်းတဲ့ မတိုက်သေးဘူး သံယောဇဥ် ကုန်းကနေတော့ ပစ်နေတာပဲနေ့တိုင်းလက်နက်ကြီးလက်နက်ငယ်တွေရမ်းပစ်နေတာ သံယောဇဥ်ကုန်းကိုသိမ်း ပြီးမှပြန်ခိုင်းမယ်လို့ပြောတယ်”လို့သူကပြောပါတယ်။ ဆယ်ဇင်းစစ်ဘေးရှောင်တွေထဲက လူဦးရေ ၅၀၀ ကျော်ဟာ ရွှေတောင်ကျော်ကျေးရွာထဲက စာသင်ကျောင်းဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြရပြီး ကျန်တဲ့စစ်ရှောင်တွေက တောတောင်တွေနဲ့လယ်ခင်း၊ယာခင်းတဲတွေမှာ တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ “ကျွန်မတို့က အမျိုးတွေအိမ်မှာပဲ အများပိုင်းက ရွှေတောင်ကျော်စာသင်ကျောင်းထဲမှစုပြီးနေကြတယ် အဲ့ဒီသံယောဇဥ်ကုန်းကိုရပြီးမှပဲ ပြန်လို့ရမယ်ပြောတယ် အခုကတိုက်ကိုမတိုက်ရသေးဘူးတဲ့”လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။ ဧပြီလ ၂၀ ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ဆယ်ဇင်းကျေးရွာကို KIA၊KPDF နဲ့မဟာမိတ်တပ်တွေက ဧပြီ ၂၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆယ်ဇင်းကျေးရွာကိုထိန်းချုပ်လိုက်နိုင်ပေမယ့် ဆယ်ဇင်းကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်သားတွေနဲ့SNA စစ်သားတွေဟာ သံယောဇဥ်ကုန်းရွှေမှော်မှာရှိတဲ့ SNA အထိုင်တပ်ထဲမှာပူးပေါင်းသွားတာကြောင့် လက်ရှိအဲ့ဒီတပ်ကိုဆက်လက်သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတယ်လို့ ဖားကန့်KPDF တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ “နှစ်ဖက်စလုံးကတော့အသင့်နေအထားပါ အခြေနေလည်းစောင့်ကြည့်နေပါတယ် ခုထိတော့သိမ်းထားတာမရှိသေးဘူး ပြင်တော့ပြင်ဆင်နေကြပါတယ်။ ဒီဘက်က ဒီဘက်တစ်ကြောကအဲ့ဒီတပ်စခန်းတစ်ခုပဲကျန်တော့တာဟုတ်တယ်အဲ့သိမ်းပြီးရင်မရှိတော့ဘူး”လို့သူကပြောပါတယ်။ သံယောဇဥ်ကုန်းရွှေမှော်ထဲက SNA တပ်ဟာ စစ်ကိုင်းတိုင်း ဟုမ္မလင်းနယ်နဲ့ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ်မှာရှိတာဖြစ်ပြီး လက်ရှိ ကချင်– စစ်ကိုင်းအစပ်ထဲက ဖားကန့်မြို့နယ်တစ်ကြော အဲ့ဒီအထိုင်တပ်တစ်ခုသာကျန်ရှိတော့တယ်လို့သိရပါတယ်။ KIA ၊ KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲက ရှေ့တန်းစခန်း၊ ကျေးရွာအတွင်းက စစ်ကောင်စီတပ်တွေကို ခပ်စိပ်စိပ်တိုက်ခိုက်သိမ်းပိုက်လာရာ ဒီကနေ့ထိ ဝှေခါ၊ နန့်ယား၊ တာမခံ၊ ဆယ်ဇင်းနဲ့ နန့်တိန်းစခန်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Apr- 2024 -12 Aprilသတင်း
ဆယ်ဇင်းပြည်သူတွေကို KIA အရေးပေါ်ပြောင်းရွေ့ခိုင်း
ကချင်ပြည််နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ဆယ်ဇင်းဒေသခံပြည်သူတွေကို KIA ဘက်ကအရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့ သိရပါတယ်။ ဆယ်ဇင်းကျေးရွာအဝင်မှာတပ်ထိုင်ထားတဲ့ စစ်တပ်နဲ့SAN ပူးပေါင်းတပ်စခန်းကို KIA၊KPDF မဟာမိတ်ပူးပေါင်းတပ်တွေ ဧပြီလ ၉ ရက်နေ့မနက်ကနေ ထိုးဆင်နွဲတိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိတိုက်ပွဲပိုပြီးပြင်းထန်လာနေတဲ့အတွက် အရေးပေါ်ပြောင်းရွေ့ခိုင်းထားတာဖြစ်တယ်လို့ ဆယ်ဇင်းစစ်ရှောင်အမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်မတို့ မနေ့ညကတည်းက အားလုံးတိမ်းရှောင်နေကြပြီ ဒီဘက်KIA ဘက်ကနေဧပြီ ၁၁ရက်နေ့ည ၃ နာရီနောက်ဆုံးထားပြီး အားလုံးရွေ့ရမယ်ဆိုလို့အားလုံးရွေ့လာကြပြီ။ စစ်ကောင်စီတပ်တွေက ပြည်သူတွေကို အန္တာရယ်ပြုမှာစိုးရိမ်လို့ရွေ့ခိုင်းထားတာ”လို့ အထက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဆယ်ဇင်းကျေးရွာထဲမှာတိုက်ပွဲစဖြစ်တဲ့ ဧပြီလ ၉ ရက်နေ့မှာ တပ်စခန်းနဲ့နီးတဲ့ရပ်ကွက် ၃ ခုသာတိမ်းရှောင်ခဲ့ကြရပြီး ညပိုင်းမှာတော့တစ်ရွာလုံးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ “ကျွန်မတို့က ရွာအတွင်းပိုင်းမှာကျတော့ အစပိုင်းတော့မရှောင်ဘူးမနေ့ကတစ်ရွာလုံးရှောင်ရမယ်ပြောလို့အခုရှောင်လာတာ အများစုကတော့ ဘကြီးကွင်းထဲကိုရှောင်လာတာများတယ် အခုလယ်တောတွေမှာလူတွေအပြည့်ပဲ နေရာတောင်မရှိဘူး”လို့ အခြားစစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။ ဆယ်ဇင်းကျေးရွာထဲမှာ အိမ်ခြေ ၄၀၀ ကျော် လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိတာဖြစ်ပြီး လက်ရှိ ဒေသအခေါ် (ဘကြီးကွင်း )ဘက်နဲ့ဆယ်ဇင်း၊ ဟောင်ပါးဘက်ခြမ်းကတောတောင်တွေဘက်ကိုတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ KIA နဲ့ KPDF ပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းကျေးရွာထဲက ရဲစခန်းနဲ့ စစ်တပ်စခန်းကုန်းကို ဧပြီလ ၉ ရက်နေ့မနက် အစောပိုင်းမှာ တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်နေပြီး ရဲစခန်းကိုတော့ စဝင်တိုက်တဲ့ မနက်အစောပိုင်းမှာပဲရဲတွေလက်နက်ချသွားတာကြောင့် သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ အလားတူ စစ်ကောင်စီတပ်နဲ့ SNA တပ်တွေအနေနဲ့လည်းလက်နက်ချအညံ့ခံဖို့ သတိပေးထားပေမယ့် လက်နက်မချတာကြောင့် ဧပြီလ ၁၀ ရက်နေ့မနက်စတည်းစတင်တိုက်ခိုက်ခဲ့ရာဒီကနေ့မနက်ပိုင်းအထိတိုက်ပွဲ ဖြစ်ပွားနေဆဲလို့သိရပါတယ်။ လက်ရှိတိုက်ခိုက်သိမ်းပိုက်နေတဲ့ ဆယ်ဇင်းစစ်တပ်ကုန်းမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်အင်အား ၅၀ ဝန်းကျင်လောက်ပဲရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲမှာ ဒီနှစ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေကိုခပ်စိပ်စိပ်ဆင်နွဲလာခဲ့ရာ လက်ရှိ တာမခံ၊ဝှေခါ၊နန့်ယား စတဲ့ကျေးရွာတွေကိုထိန်းချုပ်နိုင်တဲ့အပြင်ရှေ့တန်းစခန်းအမြောက်အများကိုလည်း သိမ်းပိုက်ထားပြီဖြစ်ကြောင်းသိရပါတယ်။ By – Zaw Zaw
Read More » -
Dec- 2023 -18 Decemberသတင်း
တာလောကြီးတစ်ဝိုက်ကို စစ်တပ်က ကင်းထောက်ကာ လေယာဉ်နဲ့ ပစ်ခတ်
မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်ပြီးနောက် စစ်တပ်က လေယာဉ် နဲ့ နှစ်ရက်ဆက်တိုက် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ တာလောကြီးရွာထိပ်မှာ အထိုင်ချနေတဲ့ ရှမ်းနီ ပြည်သူ့စစ်စခန်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ရေကြည်ဒေသခံ…
Read More »








