လုံးခင်း

  • Dec- 2024 -
    17 December
    သတင်း

    ဝင်ခွင့်ပိတ်ထားတဲ့ ဖားကန့် မြေစာပုံပြိုကျတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာ 

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျပြီးနောက် ဝင်ခွင့်ပိတ်ခံထားရတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာတယ်လို့ ကုမ္မဏီနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီဝန်းကျင် မှော်စီဆာကျေးရွာမှာရှိတဲ့ တင်အောင်ကြိုင်လုပ်ကွက်ဟောင်းတွင်း မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးသမားတစ်ချို့နဲ့ကုမ္မဏီလုပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပေမယ့် ဝင်ရောက်ရှာဖွေခွင့်ပိတ်ထားတာဖြစ်ပါတယ်။ မြေစာပုံပြိုကျမှု ဖြစ်စဉ်တစ်လကြာပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုပ်လောင်းပေါ်လာတာဖြစ်တယ်လို့ ကုမ္မဏီနဲ့နီးစပ်တဲ့  လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “ဘယ်သူဘယ်ဝါမှန်းကတော့မသိတော့ဘူးဗျာ။ ရုပ်အလောင်းကပုပ်ပွနေတာဆိုတော့ မနေ့ကစတွေ့တာပဲ မြေစာပြိုတဲ့ချိန်တုန်းက ဘယ်သူမှမရှာကြဘူးလေး ဝင်လို့မရတာ”လို့ သူကပြောပါတယ်။ မြေစာပုံပြိုကျတဲ့ညမှာ မြေသယ်ကားနှစ်စီးနဲ့အတူ ကုမ္မဏီလုပ်သားယာဥ်မောင်းတစ်ဦး၊ယာဥ်နောက်လိုက်တစ်ဦးနဲ့ ရေမဆေးသမားအနည်းဆုံး ၁၀ ဦးခန့်မြေစာပိသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုပ်အလောင်းနှစ်လောင်းနဲ့ မြေသယ်ကားတစီးပြန်ပေါ်လာတာလို့ ဒေသခံတွေကဆိုပါတယ်။ မြေစာပုံပြိုကျခဲ့တဲ့ ရေကန်ဟာ အနည်းဆုံး ပေ ၁၀၀ ကျော်နက်တာဖြစ်ပြီး လက်ရှိ ကန်ရေကျသွားတာကြောင့် ပြန်ပေါ်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ မြေစာပုံပြိုကျစဥ်က အခင်းဖြစ်တဲ့နေရာထဲကို ကယ်ဆယ်ရေးသမားတွေ၊ နာရေးကူညီမှုအသင်းတွေနဲ့အရပ်သားတွေဝင်ခွင့်ကို တစ်ပတ်ကျော်ရှာပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ရော၊ ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတဲ့အပြင် ဆိုင်းတောင်တိုက်ပွဲနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထိန်းချုပ်မှုတွေလည်းရှိနေတဲ့အတွက် သတင်းအတိအကျရရှိဖို့ခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။ “ဒီမှာက ဖုန်း၊အင်တာနက်လိုင်းမရတော့ သတင်းလည်းတိတိကျကျရဖို့ခက်တယ်။ ခုအဲဒီအလောင်းကလည်း ပြီးခဲ့တဲ့အပတ် သောကြာနေ့ပေါ်တာလေ။ ကျနော်တို့သိတာက မနေ့ကမှသိရတာ သတင်းတွေလည်း အမြန်သိရဖို့အရမ်းခက်လာတယ်”လို့ နောက်ထပ် မှော်စီဇာဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း မတ်လအတွင်း စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAရဲ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာထိုးစစ်ဆင်တိုက်ပွဲအတွင်း ဖားကန့်မြို့နယ်အတွင်းမှာလည်း နှစ်ဖက်တပ်တွေတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိတော့ ဖားကန့်မြို့နယ် ၇၀ ရာခိုင်နှုန်းကို ကချင်လွတ်လပ်ရေး တပ်မ တော် KIA က နယ်မြေ စိုးမိုးထားပြီး စစ်ကောင်စီရဲ့ဖားကန့်ဗျူဟာကုန်းနဲ့ စစ်ရေးဂိတ်အနည်းအကျဉ်းသာကျန်ရှိတော့တာဖြစ်ပါတယ်။   ဖားကန့်မြို့နယ်မှာ နှစ်စဥ် ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားသေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ဖြစ်ပွားခဲ့တဲ့ ဝှေခါရွာမြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By…

    Read More »
  • 10 December
    သတင်း

    ဖားကန့်မြို့အနီး စစ်တပ် ဂိတ် ၄ ခုမှာ ဖြန်သန်းသွားလာခွင့်ကန့်သတ်ထားလို့ လမ်းသွားလမ်းလာပြည်သူများအခက်တွေ့

    ကချင်ပြည်နယ် ဖားကန့်မြို့အဝင်အထွက် စစ်တပ်ရဲ့စစ်ဆေးရေးဂိတ် ၄  ခုမှာ လုံခြုံရေးတင်းကြပ်ပြီး ဂိတ်ဖြတ်သန်းခွင့်ကို ကန့်သတ်ထားတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေအခက်ခဲဖြစ်နေတယ်လို့ ဖားကန့်မြို့နေပြည်သူတွေဆီကနေ သိရပါတယ်။ မြို့အဝင်မှာရှိတဲ့ စစ်တပ်ရဲ့ ယမ်းချက်စစ်ဆေးရေးဂိတ်၊ လုံးခင်းကျေးရွာထိပ် မျောက်ကုန်းစစ်ဆေးရေးဂိတ်၊ မဇွပ်ယန်ထောင်စစ်ဆေးရေးဂိတ်နဲ့ ၇ မိုင်ရွာ စစ်ဆေးရေးဂိတ်တွေမှာ  ဂိတ်ဖွင့်ချိန်ကန့်သတ်ထားတယ်လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ရေမဆေးသမားတွေကညဘက်ပဲထွက်ရှာတာများတယ် တချို့လူသစ်တွေဆိုမသိကြဘူးလေး ဟိုနေ့ညလည်းရေမဆေးသမားနှစ်ယောက် ညမှာ အကြောင်းမသိပဲဖြတ်မိတာ။ ဖမ်းသွားတယ်ပြန်တော့လွတ်တယ် ဒါပေမယ့်သူတို့မှာပါတဲ့ ငွေသုံးသောင်းနဲ့ ကျောက်ကြည့်ဓာတ်မီးတွေတော့သိမ်းသွားတယ်တဲ့”လို့ သူကပြောပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ဂိတ်တွေဟာ မနက် ၆နာရီနဲ့ ည ၆ နာရီအထိသာဖွင့်တာဖြစ်ပြီး အခုလိုအချိန်ကန့်သတ်ထားတာကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေနဲ့အများပြည်သူညဘက်သွားလာရေးခက်ခဲတယ်လို့ ရေမဆေးသမားတွေနဲ့နီးစပ်တဲ့ လုံးခင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မျောက်ကုန်းဂိတ်အနီးမှာလည်း စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်ဖြင့် လမ်းသွားလမ်းလာပြည်သူတွေကို မကြာခန ဖမ်းဆီးပြီး ငွေညစ်နေတာလည်းဖြစ်ပါတယ်။ “ကျန်တဲ့နေရာမှာမရှိတော့ဘူး ဖားကန့်အနီးတဝိုက် အဲ့ဂိတ် ၄ ခုပဲရှိတော့တယ် အစစ်အဆေးကတော့မထင်ရင်မထင်သလိုကြမ်းတယ်။ တခါတလေ မူးမူးရူးရူးနဲ့ဆင်းလာပြီးမှရစ်တာ စစ်တာမဟုတ်ပဲရစ်တာကပိုဆိုးတယ်ဗျ ဂိတ်ကလေးညခြောက်နာရီနောက်ပိုင်းဆိုဖြတ်မရတော့ သွားချင်လာချင်လဲသွားလာလို့မရဘူးပေါ့ဗျာ”လို့ အသက် ၃၀ ကျော်အရွယ် ဖားကန့်မြိုခံအမျိုးသားတစ်ဦး ကပြောပါတယ်။ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေဟာ ဖားကန့်မြို့အလွန် မြို့ရဲ့အနောက်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး မြို့အဝင်အ ထွက်တွေကို အဲ့ဒီစစ်ဆေးရေးဂိတ်တွေကနေတင်းကြပ်နေတာလို့ သိရပါတယ်။ ဒေသခံတွေပြောပြချက်အရ အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ် အင်အား ၃၀ နဲ့၅၀ ဝန်းအမြဲဂိတ်ထိုင်တယ်လို့သိရပြီး ဖားကန့်ကန့်ဗျူဟာကုန်းကစစ်သားတွေနဲ့တပ်အင်အားအမြဲအပြောင်းအလှဲလုပ်တယ်လို့ ဆိုရပါတယ်။ ဖားကန့်မှာ ၂၀၂၄ ခုနှစ်KIA၊KPDFပူးပေါင်းတပ်တွေဟာ  ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီတပ်ထိုင်ထားတဲ့ကျေးရွာတွေဖြစ်တဲ့ တာမခံ၊နန့်ယား၊ဆယ်ဇင်း၊ဆိုင်းတောင်၊ဝှေခါ အစရှိကျေးရွာတွေနဲ့ ရှေ့တန်းစခန်းအမြောက်အများကိုသိမ်းပိုက်ထားပြီး လက်ရှိမှာတော့ဖားကန့်မြို့တွင်းတပ်နဲ့အထက်မှာဖော်ပြခဲ့တဲ့နေရာတွေသာကျန်ရှိတော့တာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Jul- 2024 -
    10 July
    ဆောင်းပါး

    နှစ်ပေါင်း ၄၀ အကြာမှာ တဖန်စံချိန်တင် ရေဘေးသင့်ခဲ့တဲ့ ကျောက်စိမ်းမြေ

    “အစတော့ ခါတိုင်းလိုဘဲပေါင်လယ်လောက်ဆိုရင် ကျသွားမှာဘဲဆိုပြီး ပစ္စည်းတွေကို အပေါ်ထပ်တင်ကြတယ်။ ဒါပေမယ့် ရေကမကျဘဲ ဆက်တက်လာတော့ ပြောင်းချိန်မရလိုက်ကြဘူး အချင်းချင်းအော်တော့ အော်နေကြတာဘဲ ပြင်ဆင်ချိန်က မရလိုက်ကြတော့ ဆုံးရှုံးမှုကတော်တော်ကြီးကြတယ်” လို့ ဖားကန့်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။

    Read More »
  • Jun- 2024 -
    26 June
    သတင်း

    ဆိုင်းတောင်မှာ လက်နက်ကြီးကျကွဲပြီး အရပ်သား ၄ ဦးထိခိုက်၊ တစ်ဦးသေဆုံး

    ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျမှန်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းခန့် ဖားကန့် မြို့မရပ်ကွက်မှာရှိတဲ့ စစ်တပ်ကုန်းကနေပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ  ဆိုင်းတောင်ကျေးရွာ စိန်မြသုခ ဘုန်းကြီးကျောင်းဝင်ထဲ ကျမှန်ပေါက်ကွဲခဲ့ရာ ဘုန်ကြီးကျောင်းအနီးတဝိုက်က လက်ဖက်ရည်ဆိုင်နဲ့ရွှေပန်းတိမ်ထဲမှာရှိနေတဲ့ အရပ်သား ၃ ဦးမှာကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးရှိခဲ့တယ်လို့ ဖားကန့် ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “လက်နက်ကြီးက စိန်မြသုခဘုန်းကြီးကျောင်းဝင်ထဲမှာကျကွဲတော့ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်နေတဲ့ ကောင်လေးတစ်ယောက်က လက်တစ်ဖက်ကျိုးသွားတယ်။ ဆိုင်မှာလာထိုင်နေတဲ့ တစ်ယောက်ကပွဲချင်းပြီး သေဆုံးသွားတယ်။ ရွှေဆိုင်က ပန်တိမ်ဆရာတစ်ယောက်လည်းထိသွားတယ်”လို့ပြောပါတယ်။ အလားတူဘဲ ဖားကန့်စစ်တပ်ကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ရှမ်းကုန်းရပ်ကွက် နေအိမ်တစ်အိမ်မှာလည်း တစ်လုံးကျမှန်ပေါက်ကွဲခဲ့တာကြောင့် ကရင်ကောင်လေးတစ်သီးလည်း ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့သိရပေမယ့် ရှမ်းကုန်းဘက် လမ်းတွေပိတ်ထားတာကြောင့် ဆေးကုသဖို့ခက်ခဲနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့မနက် စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဆိုင်းတောင်ကျေးရွာအနီးတဝိုက်ပတ်ပတ်လည်မှာ သုံး၊ လေး နေရာလောက်မှာ ကျမှန်ပေါက်ကွဲခဲ့တဲ့အတွက် စုစုပေါင်း အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ထဲက လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးကာ စားပွဲထိုးနဲ့ ရွှေပန်တိမ်ဆိုင်ကတစ်ဦးက ဒဏ်ရာပြင်းထန်တဲ့တွက် ဆေးကုသခံယူနေပြီး ရှမ်းကုန်းဘက်က အမျိုးသားကတော့ ဆေးကုသခွင့်မရသေးဘူးလို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်အထိ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေသေးတာကြောင့် လက်နက်ကြီး ထိမှန်သေဆုံးသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ သူတွေရဲ့ အချက်အလက်အသေးစိတ်ကို သိရှိဖို့ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဖားကန့် ဆိုင်းတောင်နဲ့ လုံးခင်းကျေးရွာတွေမှာ ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး စစ်တပ်ဘက်က ကျေးရွာအနီးတဝိုက် စစ်အင်အား ၃၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်း စစ်ရေးလှုပ်ရှားသွားလာနေတာကြောင့် ဆိုင်းတောင်အနီးတဝိုက်မှာ KIA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး KIA ပူးပေါင်းတပ်တွေရှိတဲ့နေရာဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာ နှစ်ရက်ဆက်တိုက်ရှိပြီလို့ သိရပါတယ်။ တစ်ဖက်မှာ KIA ပူးပေါင်းတပ်တွေဘက်ကလည်း စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားသွားလာလို့မရအောင် စစ်တပ်ရှိတဲ့နေရာတွေဘက်ကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဖားကန့်မြို့နဲ့ နီးတဲ့ ကျေးရွာတွေမှာ စစ်တပ်ဘက် အခုလိုစစ်ရေးလှုပ်ရှားလာပြီး တိုက်ပွဲတွေ ဖြစ်ပွားလာတာဟာ အခုရက်ပိုင်းအတွင်း အင်းတော်ကြီးဒေသ နဲ့ ဖားကန့် အစပ် ဝှေခါလမ်းတစ်ကြော စစ်တပ်နဲ့ ရှမ်းနီးပြည်သူ့စစ်တပ်စခန်းတွေကို KIA တပ်တွေ တိုက်ခိုက်သိမ်းပိုက်တာတွေရှိနေတာကြောင့် လုပ်ဆောင်လာတာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့် ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။ “ဆိုင်းတောင်အနီးတဝိုက်မှာလည်း KIA တပ်တွေပုံမှန်ရှိတယ်လေ။ စစ်တပ်က စစ်ကြောင်းသွားလာတာတွေရှိလာတော့ ထိတွေ့တိုက်ပွဲတွေဖြစ်တဲ့သဘောပါ။ အဲကြောင့် လက်နက်ကြီးတွေ ပစ်နေတာ။ အခုထိလည်းပစ်နေတုန်း တစ်ညလုံးလည်းပစ်တယ်။ အခုတလော မိုးညှင်း – အင်းတော်ကြီးဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတော့ စစ်တပ်က ခြေဆွဲတဲ့ ပုံစံနဲ့ စစ်ရေးလှုပ်ရှားလာတာလို့မြင်တယ်။ အရမ်းကြီး သွားလာဖို့လည်း အင်အားတော့မရှိဘူး။ ပြည်သူတွေရှိတဲ့ နေရာတွေမှာ အကာအကွယ်ယူပြီးတော့ သွားလာနေတာဟုတ်”လို့ပြောပါတယ်။ မနေ့က ဇွန်လ ၂၅ ရက်နေ့မှာလည်း ဖားကန့် ဗျူဟာကုန်းက တစ်ရက်လုံး လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ လုံးခင်းရပ်ကွက် ကျောက်စိမ်းပြတဲ့ စျေးတန်းအနီးက နေအိမ်တစ်ခုမှာ လက်နက်ကြီးကျပြီး မီးလောင်ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မတ်လလောက်အထိ KIA က စခန်းသိမ်းတိုက်ပွဲတွေဖော်ခဲ့တာဖြစ်ပေမယ့်  ၂ လကျော်လောက်အထိ တိုက်ပွဲတွေ ငြိမ်သက်နေတာလည်းဖြစ်ပါတယ်။ နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 20 June
    သတင်း

    နှစ်ပေါင်း ၅၀ ဝန်းကျင်ရှိလာပြီဖြစ်တဲ့ မဇွပ်ယန်(Mazup Yang) ရွာကို ကျောက်စိမ်းတူးဖော်ဖို့ စီမံကိန်းလုပ်ဆောင်လာ

    “မဇွပ်ယန်ရွာကို ကျောက်စိမ်းတူးဖော်လိုက်မယ်တဲ့။ အဲ့ကြောင့် ဒီနှစ်ကနေ အိမ်ခြံဝင်းဝယ်ယူတာတွေရှိလာတယ်။ အခုတူးဖော်မယ့်ထဲမှာ ကျောင်းနေရာတွေလည်းအကုန်ပါတယ်။ ဒါကြောင့် ဒီနယ်မြေမှာရှိတဲ့ KIO တွေက အထက်ကနေ ညွန်ကြားချက်မရှိဘဲနဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တူးဖော်ဖို့ ပြင်ဆင်နေကြပြီ။ အဲလိုအခြေအနေတွေတော့ဖြစ်လာတယ်။ သူတိုရဲ့ အာဏာပါဝါတွေသုံးပြီ လုပ်လာမယ့်ပုံစံတွေလည်းတွေ့နေရတယ်။ ဒါပေမယ့် ဒေသခံတွေက ကန့်ကွက်တာများပါတယ်”လို့ပြောပါတယ်။

    Read More »
  • Apr- 2024 -
    11 April
    သတင်း

    လုံးခင်းမှာ အမှိုက်ပုံမီးရှို့ရာကနေ တောမီးကူးစက်လောင်ကျွမ်း

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အများပြည်သူစွန့်ပစ်နေတဲ့ အမှိုက်ပုံမီးရှိူ့ရာကနေ တောမီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေကနေ သိရပါတယ်။ လုံးခင်းကျေးရွာအရှေ့ဘက် လုံးခင်းနဲ့လယ်ပြင်ကျေးရွာကြားမှာ နေထိုင်တဲ့ပြည်သူတွေစွန့်ပစ်နေတဲ့အမှိုက်ပုံကို  ဧပြီ ၁၀ ရက်နေ့ညမီးရှို့ရာကနေ တောမီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး နေရာအကျယ်အဝန်းပေပေါင်း ၃၀၀၀ ကျော်မီးလောင်သွားတယ်လို့ လုံးခင်းကျေးရွာအနေအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။ “စရှို့တာက ည ၃ နာရီဝန်းကျင်လောက်ဟုတ်တယ် နေတော့နည်းနည်းကျသွားပြီအဲ့ချိန်ရှို့တာ ဒါပေမယ့်အမှိုက်ပုံကပြန့်ကျဲနေတော့သူ့နားမှာလည်းကိုင်းတောကြီးရှိတယ် အဲ့ကိုင်းတောကိုမီးကူးစက်သွားတာ တောကျယ်တယ် ပေ ၃၀၀၀ ၊၄၀၀၀ လောက်ထိကိုမီးလောင်သွားတယ်”လို့ အသက် ၃၀ ကျော်အရွယ်အမျိူးသားတစ်ဦးက ပြောပါတယ်။ အဲ့ဒီအမှိုက်ပုံဟာ လုံးခင်းစည်ပင်သာယာကအမှိုက်စွန့်ပစ်တဲ့နေရာဖြစ်သလို ဒေသခံတွေ၊ ကုမ္ပဏီတွေကလည်း အမှိုက်စွန့်ပစ်လေ့ရှိတယ်လို့သိရပါတယ်။ တောမီးလောင်ရာကနေ လုံးခင်းကျေးရွာထဲကလူနေအိမ်တွေနဲ့နီးကပ်လာတာကြောင့် ဒေသခံတွေ၊ ကူမှုကူညီရေးအသင်းတွေက အရေးပေါ်စုပေါင်းမီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ “ပထမတော့ဒီတိုင်းရပ်ကြည့်နေတာခြေနေမဆိုးလောက်ဘူးပေါ့ဘယ်ဟုတ်မလဲခနနေတော့ မီးကဖြေးဖြေးများများလာပြီးအိမ်တွေဘက်ကိုကပ်လာတော့ အနီးနားက လူတွေကောအဲ့နားကုမ္မဏီကားတွေနဲ့တော့ လူမှုကူညီရေးအသင်းက ကားတွေနဲ့ကော ရေတွေသယ်ပြီး ငြိမ်းလိုက်ရတာ မနည်းကိုမီးငြိမ်းခဲ့ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လုံးခင်းကျေးရွာဟာ ရပ်ကွက်ပေါင်း ၅ ခုရှိတာဖြစ်ပြီး ရပ်ကွက်အားလုံးကိုစည်ပင်အမှိုက်သိမ်းကားတစ်စီးနဲ့သာအမှိုက်သိမ်းပေးတာကြောင့် ဒေသခံအများစုဟာစွန့်ပစ်အမှိုက်တွေကို ဥရုချောင်းဘေးနဲ့ နီးစပ်ရာတောစပ်တွေမှာလည်းစွန့်ပစ်နေတာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းကာအခက်တွေ့ကြတယ်လို့သိရပါတယ်။ ဖားကန့်ကျောက်စိမ်းမှော်ဒေသရဲ့အထင်ကရ ကျေးရွာကြီးအဖြစ်တဲ့ လုံးခင်းမှာလူဦးရေထူထပ်သိပ်သည်းပြီး အိမ်ထောင်စု ၃၅၀၀ ကျော်၊ လူဦးရေနှစ်သောင်းကျော်နေထိုင်ကြတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Feb- 2024 -
    5 February
    သတင်း

    လုံးခင်း စစ်တပ်ကုန်းနဲ့ စစ်ဆေးဂိတ်မှ စစ်ကောင်စီတပ်သားများစွန့်ခွာ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက နှစ်မျက်နှာဘုရားကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တစ်ခုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စခန်းစွန့်ခွာပြောင်းရွေ့သွားပြီလို့ ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကတည်းကတပ်ထိုင်လာတဲ့ နှစ်မျက်နှာဘုရားကုန်းပေါ်က စစ်တပ်စခန်းကုန်းနဲ့ နှစ်မျက်နှာဘုရားရှေ့က လုံးခင်းကျေးရွာအဝင်ကားလမ်းမပေါ်မှာထိုင်ထားတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုတို့ဟာ တစ်နှစ်နီးပါးအကြာတပ်စွဲနေထိုင်ပြီးနောက် ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ အပြီးတိုင်စခန်းစွန့်ခွာပြီး တစ်ခြားနေရာကိုဆုတ်ခွာသွားကြပြီလို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။ “သူတို့က နှစ်မျက်နှာဘုရားပေါ်မှာတော့စခန်းချတယ် အောက်မှာကဂိတ်ထိုင်တာပေါ့ စခန်းချပြီးဂိတ်ထိုင်တာ လုံခြုံရေးကြောင့် ပြန်ဆုတ်သွားတာထင်ပါတယ်။ ဝါးတားဂိတ်တွေဆောက်ထားတဲ့ဟာတွေတောင် သိမ်းမသွားဘူး စစ်သားတွေပဲဆုတ်သွားတာ ယမ်းချက်ထဲကိုဆုတ်ဝင်သွားတယ်”လို့ အထက်ပါအမျိုးသားကပြောပါတယ်။ ဆုတ်ခွာသွားတဲ့ တပ်စန်းကုန်းဟာ ပုံမှန်အင်အား ၂၀ ကျော်လောက်နဲ့ တပ်ထိုင်တာဖြစ်ပြီး စစ်ဆေးရေးဂိတ်မှာအရပ်သားတွေကိုအစစ်အဆေးများတဲ့အပြင် ကုန်ကားနဲ့ခရီးသည်တင်ကားတွေဆီကနေလည်း နေ့တိုင်း ဂိတ်ကြေး၊ငွေကြေးကောက်ခံတာတွေရှိတာကြောင့် အခုလိုတပ်ဆုတ်သွားတာဒေသခံတွေအတွက်သွားလာရေးပိုမိုအဆင်ပြေသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “သူတို့မရှိတော့ကောင်းတာပေါ့ဗျ။ သူတို့ရှိတဲ့အခါကြရင် တစ်ခါတလေ ရှောင်တခင်ဝင်စစ်တာမျိုး ပြီးတော့ကုန်းပေါ်ကနေလည်းသူတို့ မထင်ရင်မထင်သလိုလက်နက်ကြီးတွေပစ်တယ် ဒါမျိုးကြပြည်သူတွေထိတ်လန့်ရတယ်လေး သူတို့မရှိတော့ကောင်းတာပေါ့ဗျ ကျနော်တို့လွတ်လွတ်လပ်လပ်သွားလို့လာလို့ရတာပေါ့”လို့ လုံးခင်းဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ အဲ့ဒီစခန်းတပ်ဆုတ်သွားတာဟာ KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲက ဝှေခါစစ်တပ်စခန်းကုန်းကိုဇန်နဝါရီလ ၂၇ရက်နေ့က သိမ်းပိုက်ခဲ့သလို ဖေဖော်ဝါရီလ ၂ရက်နေ့ကလည်း ဖားကန့်မြို့နယ်ထဲက နန့်တိန်းတပ်စခန်းကုန်းတို့ကိုသိမ်းပိုက်ခဲ့တာကြောင့်အခုလိုဆက်တိုက်စခန်းသိမ်းခံနေရတာကြောင့် လုံခြုံရေးစိုးရိမ်ပြီး ယမ်းချက်ဘက်ကိုတပ်ဆုတ်သွားတာဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။ အလားတူ ဖားကန့်မြို့အဝင်က စုပေါင်းစစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှတိုက်ပွဲမဖြစ်ပဲရုတ်သိမ်းသွားတာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Jan- 2024 -
    15 January
    သတင်း

    လုံးခင်းကျေးရွာ အဝင်စစ်ဆေးရေးဂိတ်မှာ ယမ်းကား သုံးဆီးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအဝင်အဝင်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ယမ်းကားသုံးဆီးဖမ်းဆီးခံရတယ်လို့  လုံးခင်းမှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ လုံးခင်းကျေးရွာအဝင် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ ယမ်းချက်စစ်ရေးဂိတ်မှာ ဇန္နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်မှာ လုံးခင်းကျေးရွာဘက်ကိုဝင်လာတဲ့ ယမ်းကားသုံးစီးစစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လုံးခင်းဘက်ကိုအဝင်ပေါ့ဘယ်ကလာတာလည်းတော့မသိရဘူး ၁၂ ဘီးကားကြီးပဲ သုံးစီးဟုတ်တယ်။ ကုမ္ပဏီက ယမ်းကားတွေဖြစ်ဖို့များတယ် တခြားကတော့မဟုတ်လောက်ဘူး”လို့ သူကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ယမ်းကားသုံးစီးနဲ့အတူ ကားကမားတွေနဲ့ ကားနောက်လိုက်တွေလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ကုမ္မဏီပိုင်ယမ်းကားဟုတ်မဟုတ်ကို KNGက  သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် တစ်ဖက်မှာတော့ လက်ရှိ ဖားကန့်ဝှေခါတစ်လျှောက်စစ်တပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာနေတဲ့ချိန်ဖြစ်တာမို့ ဒီယမ်းကား ၃ စီးဟာ KIA,PDF တွေရဲ့ကားဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် ဖားကန့် KPDF တပ်ဖွဲ့ာတာဝန်ရှိသူတစ်ဦးကတော့ စစ်တပ်ကဖမ်းဆီးထားတဲ့ ယမ်းတင်ကားက သူတို့ဟာမဟုတ်ဘူးလို့ပြောပါတယ်။ “ကျွန်တော်တို့ဘက်ကတော့မဟုတ်ဘူးဗျ ကုမ္ပဏီတစ်ခုခုရဲ့ယမ်းကားပဲ ဖြစ်ဖို့များပါတယ်”လို့ ဖားကန့် PDF အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လုံးခင်းမှာလက်ရှိ ယမ်းချမ်းစစ်ဆေးရေးဂိတ်နဲ့ နှစ်မျက်နှာဘုရားရှေ့စစ်ဆေးရေးဂိတ်နှစ်ခုသာကျန်ရှိတော့ပြီးအဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာအရပ်သားတွေနဲ့ခရီးသည်၊ကုန်ကားတွေကိုအစစ်အဆေးတင်းကြပ်ထားတယ်လို့သိရပါတယ်။ ဖားကန့်မြို့အဝင်မှာရှိတဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့က ရုပ်သိမ်းခဲ့ ပြီး အဲ့ဒီစစ်ဆေးရေးဂိတ်မှာထိုင်တဲ့စစ်သားတွေဟာ လက်ရှိ ယမ်းချက်ဂိတ်မှာပူးပေါင်းပြီးဂိတ်ထိုင်နေတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • 2 January
    ဆောင်းပါး

    လုံးခင်းရွာနားက ဂျုံးဂျုံးဂျက်တံတား

    ဖားကန့်မြို့ရဲ့ သက်တမ်းအကြာဆုံး ဥရုချောင်းကို ဖြတ်ပြီးသွယ်တန်းတည်ဆောက်ထားတဲ့ တံတားတွေထဲမှာ လုံးခင်းရွာနားက တံတားလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီတံတားကို ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တည်ဆောက်ပေးခဲ့တာဖြစ်ပြီး တံတားလေး ခုဆိုရင် နှစ်ပေါင်း ၆၂ နှစ်ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။ နှစ်ပေါင်းကြာမြင့်နေပြီဖြစ်တဲ့အတွက် တံတားမှာယိုယွင်းပျက်စီးနေပြီး ထိန်းသိမ်းမှုအားနည်းတာကြောင့် ခုဆိုရင်…

    Read More »
  • Dec- 2023 -
    6 December
    သတင်း

    လုံးခင်းကျောက်ဝိုင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

    ဖားကန့်မြို့ လုံးခင်းကျေးရွာမှာရှိတဲ့ ညကျောက်ဝိုင်းမှာ ဒီကနေ့ည ၇ နာရီလောက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာကနေ အမျိုးသားတစ်ဦး ဒဏ်ရာရရှိတယ်လို့ ကျောက်အရောင်း၊အဝယ် လုပ်သူတွေဆီက သိရပါတယ်။ “သေနတ်နဲ့ပစ်တာ၊တစ်ချက်ကြားလိုက်ရတယ်၊ပေါင်မှာဒဏ်ရာရသွားခဲ့တာ”လို့ မျက်မြင်တွေ့ရှိလိုက်သူတစ်ဦးက ပြောပါတယ်။ သေနတ်နဲ့အပစ်ခံရသူဟာ အသက် ၄၀ အရွယ်ခန့်ရှိ…

    Read More »
Back to top button