လူငယ်

  • Dec- 2024 -
    11 December
    သတင်း

    ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်း လူငယ်တွေခရီးသွားခွင့်ပိတ်ခံရ

    ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း စစ်ကောင်စီတပ်က လူငယ်တွေကိုခရီးခွင့်မပြုပဲ ပိတ်ပင်နေတယ်လို့ ပူတာအိုဒေသခံဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်ကစလို့  ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း ခရီးသည်ကားနဲ့လိုက်ပါလာတဲ့ လူငယ်တွေကို စစ်တပ်စစ်ဆေးရေးဂိတ်တွေကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း မောင်းနှင်နေတဲ့ကားသမားတစ်ဦး KNG ကိုပြောပါတယ်။ “အတက်လည်းမရဘူး။ အဆင်းလည်းမရဘူး လူပျိူလူလွတ်ဆိုရင်ကိုမရတာ မြစ်ကြီးနားကနေတက်လာတဲ့လူဆိုရင် မြစ်ဆုံကနေပြန်ခေါက်ခိုင်းတယ်။ အဲ့ကြောင့်ခုနောက်ပိုင်းလူပျိုလူလွတ်တွေမတင်တော့ဘူး”လို့ အသက် ၄၀ ဝန်းကျင်အရွယ်ကားသမားတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသွားလူငယ်တွေကို မြစ်ဆုံအနီး တန်ဖရဲစစ်ဆေးရေးဂိတ်ကနေပြန်ခေါက်ခ်ိုင်းသလို၊ ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့် ခရီးသွားလူငယ်တွေကိုလည်း လုံရှာယာန်ကျေးရွာရှိ စစ်တပ်ဆေးရေးဂိတ်ကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ကားသမားတွေကဆိုပါတယ်။ စစ်ကောင်စီတပ် အခုလိုလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ခုလိုသုံးသပ်ပြောဆိုပါတယ်။ “အဓိကတော့ ပူတာအို– မြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ PDF တွေထဲကို လူငယ်တွေရောက်သွားမှာဆိုးလို့ တားမြစ်ထားတဲ့သဘောပါပဲ။ ပြီးခဲ့တဲ့နှစ်တွေကလည်း လူငယ်တွေအများကြီးရောက်သွားတယ်လေး ဟိုဘက်(PDF) ဘက်က လူသစ်စုတဲ့နေရာမှာ  ကားနဲ့ခရီးသွားတဲ့လူငယ်တွေကိုလည်းပစ်မှတ်ထားစုဆောင်းတော့ အခုနောက်ပိုင်း တားမြစ်ထားတဲ့ပုံစံပါပဲ”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ စစ်ကောင်စီတပ်က ပူတာ– အိုမြစ်ကြီးနားလမ်းပိုင်း ခရီးသွားလူငယ်တွေကို အခုလိုတားမြစ်တာမျိုးရှိနေသလို ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့်ခရီးသည်တွေကိုလည်း ပူတာအိုမြို့တွင်းတပ်ခ.လ.ရ ၄၆ တပ်ထဲမှာ နာမည်စာရင်းကြိုပေးသွင်းခိုင်းတာမျိုးတွေလည်း လုပ်ဆောင်နေပါတယ်။ ပူတာအိုမြို့က မြစ်ကြီးနားနဲ့ ၂၃၈ မိုင်ခန့်ကွာမှာရှိပြီး ပူတာအိုမြို့မရောက်ခင် ဆွမ်ပရာဘွမ်မြို့ကို KIA ပူး ပေါင်းတပ်က ဒီနှစ် မေလအတွင်း သိမ်းပိုက်ထားပါတယ်။ By – Zaw Zaw

    Read More »
  • Apr- 2024 -
    23 April
    အင်တာဗျူး

    KIA သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်း ခိုင်မာစေဖို့ တတ်သိလူငယ်အများအပြား လိုအပ်နေတယ်လို့  ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်ပြော

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းခိုင်မာစေဖို့ တတ်သိလူငယ်အများအပြား လိုအပ်နေတယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ ကျင်းပတဲ့ ကချင်လူထုစည်းဝေးပွဲတစ်ခုမှာ ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုတိယ ဥက္ကဋ္ဌ (၁)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော် က ပြောဆိုခဲ့ပါတယ်။ မတ်လ ၇ ရက်နေ့ စတင်လာတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ…

    Read More »
  • Oct- 2023 -
    4 October
    သတင်း

    ဆိုင်းတောင်မှာ လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာထဲမှာ မနေ့ညက လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံ‌တွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၃ ရရက် မနေ့ည၆ နာရီအချိန်မှာ ဘွမ်ပရာကုန်းရပ်ကွက်​နေ အသက် ၄၀ ဝန်းကျင်ရှိတဲ့  ကိုအောင်ဇင်ဖြိုးဆိုသူဟာ အိမ်စီးကားနဲ့ ဖားကန့်ဘက်အလာ…

    Read More »
  • Jun- 2023 -
    6 June
    သတင်း

    ဝက်လက်တွင် လူငယ်တစ်ဦး ခေါင်းဖြတ် မီးရှို့သတ်ခံရ

    စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နဘဲပင်ကျေးရွာတွင် အသက် ၂၃ နှစ်အရွယ် ဒေသခံလူငယ်တစ်ဦး ခေါင်းဖြတ်မီးရှို့ သတ်ဖြတ်ခံရကြောင်း  Wetlet သိရသည်။ သတ်ဖြတ်ခံရသူသည် စစ်ကောင်စီတပ်ဖွဲ့များ နဘဲပင်လှကျေးရွာကို စစ်ကြောင်းထိုးလာသဖြင့် ဘေးလွှတ်ရာသို့ ထွက်ပြေးရင်း စစ်ကြောင်းနှင့် တိုးကာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “၃ ရက်နေ့က နဘဲပင်လှကို…

    Read More »
  • May- 2023 -
    23 May
    သတင်း

    မြစ်ကြီးနားမြို့ပေါ် လူငယ် ၂ ဦး ပစ်သတ်ခံရပြီး ၅ ဦး ဖမ်းဆီးခံရ

    မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူငယ် ၂ ဦးကို ပစ်သတ်ပြီး ၅ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၂ ရက် ယမန်နေ့ နံနက်ပိုင်း ရမ်ပူရပ်ကွက်ရှိ လမ်းမတစ်နေရာတွင် စစ်သားများလှည့်လည်သွားနေစဉ် အဆိုပါ လူငယ်များသည် စစ်သားများအား တွေ့ပြီး ထွက်ပြေးရာမှ ဖမ်းဆီး သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကျမတို့ကြားတာကတော့ စစ်သားတွေက ကင်းလှည့်တဲ့ပုံစံသွားနေတာ အဲဒါကိုအဲလူငယ်တွေက စစ်သားကိုတွေ့ပြီး ပြေးတာတဲ့ အဲမှာတစ်ခါတည်းသေနတ်နဲ့ လိုက်ပစ်ပြီး ဖမ်းတာလို့ပြောတယ်။ ၂ ယောက်ကတော့…

    Read More »
  • 11 May
    သတင်း

    ဥရုချောင်းတံတားထိပ်တွင် လူငယ်လေးဦး PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ် ပိတ်ဆို့ဖမ်းဆီး

    ဖားကန့်မြို့တွင်း ဥရုချောင်းတံတားလမ်းထိပ်နေရာတွင် လူငယ်အမျိူးသား ၄ ဦးကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF ဖြစ်သည်ဟု စွပ်စွဲကာ ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ မေလ ၁၀ ရက်နေ့ ည ၄ နာရီအချိန်တွင် ငှက်ပျောတောရပ်ကွက်ဘက်မှလာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသား…

    Read More »
  • Apr- 2023 -
    25 April
    ဆောင်းပါး

    လွတ်လပ်တဲ့ငှက်တွေဟာ စိတ်ဒဏ်ရာတွေကိုယ်စီ 

    အာဏာမသိမ်းခင်တုန်းက အားလုံးသောလူငယ်တွေဟာ ရည်မှန်းထားတဲ့ အိမ်မက်တွေကို အသက်သွင်းဖို့ ကြိုးစားရုန်းကန် နေကြတာပါ။ လူငယ်တစ်ဖွဲ့ဆိုရင် ကဗျာပြပွဲလုပ်ဖို့ စီစဉ်ထားခဲ့ကြပေမဲ့ အာဏာသိမ်းလိုက်တော့ သူတို့ စိတ်ကူးတွေကို တစ်စုံတယောက်က အပိုင်းအစတွေဖြစ်အောင် မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်ခွဲလိုက်သလို ခံစားရတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းကာလကြာလာတာနဲ့အမျှ…

    Read More »
  • Mar- 2023 -
    17 March
    သတင်း

    ဖားကန့်ဒေသ အမျိုးသမီး နှင့် လူငယ်များ ကွန်ပျူတာလေ့လာသင်ယူနိုင်မည့် အလုပ်ရုံစင်တာ ဖွင့်လှစ်

    ဖားကန့်မြို့ မှော်စီဆာကျေးရွာတွင် ဒေသတွင်း အမျိုးသမီများ နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် လေ့လာသင်ယူနိုင်သည့် ကွန်ပျူတာစင်တာ (Computer Learning Center) တစ်ခု ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ ဖားကန့် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Wunpawng Amyusha Zinlum Hpung) အမျိုးသမီးကော်မတီ ဦးဆောင်ပြီး အမျိုးသမီးနှင့်…

    Read More »
  • 10 March
    သတင်း

    နန်းမား လူငယ် ၃ ဦး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံရ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးကို စစ်ကောင်စီိအဖွဲ့က ဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုလိုက်ကြောင်းသိရသည်။ လူငယ် ၃ ဦးသည် မတ်လ ၇ ရက်နေ့ ဖမ်းဆီးခံလိုက်ရပြီး…

    Read More »
  • Feb- 2023 -
    28 February
    သတင်း

    နန်းမားတွင် ရွှေ့ပြောင်းလုပ်သား လူငယ် ၃ ဦးကို PDF ဖြစ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီဖမ်းဆီးထား

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားအုပ်စု လက်ပံတန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့က လူငယ် ၃ ဦးကို PDF ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားကြောင်းသိရသည်။ မိုးညှင်းနှင့် နန်းမားမြို့မှ ခလရ ၁၅ ၊ ခလရ ၄၀၊…

    Read More »
Back to top button