ဟိုပင်
-
May- 2024 -13 Mayသတင်း
ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားမောင်းသမားများ ပြန်လွတ်ခြင်းမရှိသေး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားသမားများ ဒီနေ့ထိလွတ်မြောက်လာတာမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က နန်းခွင်တံတားအကျော်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက မြေသယ်ကား ၇ စီးကို အရင်ဆုံးဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်နဲ့ပြန်ရွေးကြဖို့ပြောဆိုခဲ့ပေမယ့် ကားပိုင်ရှင်တွေဘက်က ရွေးနိုင်ခြင်းမရှိခဲ့တာကြောင့် မြေသယ်ယာဉ်အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ဒါ့အပြင် မေလ ၅ ရက်နေ့မှာလည်း နောက်ထပ်မြေသယ်ကား ၆ စီးကိုထပ်မံဖမ်းဆီးခဲ့ပြီး ဟိုပင်အခြေစိုက် ခလရ ၄၀ တပ်ရင်းမှာ ထိန်းသိမ်းထားကာ မြန်မာကျပ်ငွေ ၅ ထောင်ပေးဖို့ပြောဆိုနေတယ်လို့ သိရပါတယ်။ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ မြေသယ်ကားကို ဖမ်းဆီးတာတင်မဟုတ်ဘဲ မြေသယ်မောင်းသူတွေကိုလည်း ဖမ်းဆီးထားတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။ “မီးရှို့ခံရတဲ့ ၇ စီးရဲ့နောက် ၆ စီးကိုထပ်ဖမ်းတယ် မိုးညှင်းက တပ်နဲ့ ပြည်သူ့စစ်တပ်တွေဖမ်းမိပြီးတော့ ဟိုပင်က တပ်ရင်း ၄၀ မှာ ထိန်းသိမ်းထားတာ ယာဥ်မောင်းတွေရောဖမ်းထားတာဟုတ်တယ် နှစ်ခေါက်လုံး က ဖမ်းမိတဲ့ ယာဥ်မောင်းတွေကိုဖမ်းထားတာလို့ပြောတယ် ယာဥ်နောက်လိုက်တွေတော့မပါဘူးပြောတယ်”လို့ပြောပါတယ်။ ဖမ်းဆီးထားရတဲ့ ကားသမား ၁၃ ဦးထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေကပြောနေပေမဲ့ ဒီအခြေနေနဲ့ ပတ်သက်လို့ KNG က သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ ခုလို မြေသယ်ကားတွေကိုဖမ်းဆီးတဲ့ထဲ မိုးညှင်းမြို့နယ် ခလရ ၁၅ တပ်ရင်းနဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပူးပေါင်းပေါင်းပြီးလုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ ဒီအခြေနေနဲ့ပတ်သက်လို့ ဟိုပင် PDF ကတော့ အခုလို ပြောပါတယ်။ “ဖမ်းခံရတဲ့ရက်တွေကတော့မတူဘူး မြေသယ်ကားတွေကြီးပဲ မီးရှို့လိုက်တာလည်းရှိတယ် တပ်ရင်း ၄၀ မှာ ထိန်းသိမ်းထားတာလည်းရှိတယ် အတိအကျတော့မသိဘူး ယာဥ်မောင်းနဲ့နောက်လိုက်တွေလည်းဖမ်းခံရတယ် လူဦးရေအတိအကျတော့မသိဘူး ဖမ်းဆီးခံရတာကတော့သေချာတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ နန်းခွင်တံတားအကျော် လမ်းပိုင်းမှာဂိတ်အထိုင်ချပြီး အရပ်သားတွေကိုဖမ်းဆီးစစ်ဆေးတာတွေ အရင်ကတည်းကလုပ်ခဲ့ပေမဲ့ ဒီနှစ် ဧပြီလလောက်ကစလို့ ဂိတ်အတည်တကျအထိုင်ချတာမျိုးမဟုတ်ဘဲ အင်အားအနည်းငယ်နဲ့လက်နက်တွေကိုင်ပြီး ကားလမ်းမပေါ်ထွက်ကာရှောင်တခင်စစ်ဆေးနေတာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စည်ပင်သာယာရေးဌာနက ဦးစီးပြီးဂိတ်တွေလုပ်ကာ ငွေကြေးကောက်ခံတာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါ တယ်။ မိုးညှင်းမြို့ဟာ မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်မှာရှိတာဖြစ်ပြီး ၂၀၂၄ နှစ်ဆန်းပိုင်းကနေ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က မကြာခနဆိုသလို လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နန်းခွင်ကျေးရွာမှာလည်း ပြည်သူ့စစ်အဖွဲ့တွေဟာ ဆေးရုံမှာတပ်စွဲထားပြီး လမ်းမပေါ်ထွက်ကာ ကား၊ဆိုင်ကယ်တွေကို အခွန်ကောက်ခံတာတွေလုပ်နေတယ်လို့လည်း နန်းခွင်ဒေသခံတွေကပြောပါတယ်။ By – အမိုး
Read More » -
6 Mayသတင်း
ဖမ်းဆီးထားတဲ့ မြေသယ်ကား ၆ စီးကို ငွေကျပ် သိန်းငါးထောင်နဲ့ရွေးခိုင်းနေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ပြည်သူ့စစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက မြေသယ်ကား ၆ စီးဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်။ ဟိုပင်ပြည်သူ့စစ်ခေါင်းတောင် ဦးငမျိုး(တရုတ်လူမျိုး) ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့နဲ့ စစ်ကောင်စီပူးပေါင်းတပ်က မတ်လ ၅ ရက်ရက်နေ့ ဖားကန့်ဘက်ကိုတက်မယ့် မြေသယ်ကား (၁၀ဘီးကား) ၆ စီးကို ဟိုပင်တိုးဂိတ်အကျော် လမ်းခုလတ်မှာ ဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဖမ်းဆီးခံရတဲ့မြေသယ်ကားပိုင်ရှင်တွေနဲ့နီးစပ်သူတစ်ဦးကKNGကိုပြောပါတယ်။ “တရုတ်ငမျိုးဆိုပြီးလည်းခေါ်ကြတယ်သူ့ကိုဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဟုတ်တယ် သူပဲလုပ်နေတာ ဖမ်းတာက ဟိုပင်တိုးဂတ်အကျော်မှာဖမ်းလိုက်တာ အဲ့ငမျိုးဆိုတဲ့ပြည်သူ့စစ်ခေါင်းဆောင်ကဖမ်းက ၆ စီးစလုံးကိုသိန်းငါးထောင်တောင်းလို့အခုညှိနေကြတယ်”လို့ အထက်ဖော်ပြပါဟိုပင်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မြေသယ်ကား ၆ စီးစလုံးကို လက်ရှိ ဟိုပင် တပ်ရင်း ၄၀ ထဲမှာ ထိန်းသိမ်းထားပြီး စစ်ကောင်စီတပ်နဲ့ ဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဦးငမျိုးတို့တောင်းတဲ့ကျပ်သိန်းငါးထောင်နဲ့ရွေးရင်ပြန်လွတ်ပေးမှာဖြစ်ကြောင်း ကားပိုင်ရှင်တွေကိုပြောဆိုထားတယ်လို့သိရပါတယ်။ “အခုဖမ်းထားတဲ့အဲ့ ၆ စီးလုံးက ၄၀ ထဲမှာ တပ်ရင်း ၄၀ ထဲမှာထားထားတယ်။ အရင်တစ်ခေါက်ကလို တစ်ခါထဲဖမ်းပြီးမှ မီးရှို့တာမျိုးတော့မလုပ်သေးဘူး ဖမ်းပြီးနောက်ရက်မီးရှို့တာအခုတစ်ခေါက်ကလည်း သူပဲလုပ်တာ သူပဲဖမ်းပြီးသူပဲလွတ်တာ အရှေ့၇ စီးကတစ်ခါဖမ်းပြီးမီးရှို့တာ။ အဲ့ကသူမစားရလို့လားမသိဘူး အခုဒီ ၆ စီးကသူကိုယ်တိုင်လုပ်တာ သူကိုယ်တိုင်ပိုက်ဆံပေးမယ့် ကုန်သည်တွေနဲ့လုပ်ပြီးသူကအခုအောက်ခြေနဲ့ ပြန်ညှိပြီးပြန်လွတ်ဖို့လုပ်နေတယ်”လို့ အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကလည်း ဖားကန့်ဘက်တက်မယ့် မြေသယ်ကား ၇ စီးကို မိုးညှင်းမြို့နယ်ရှိ နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီတပ်စခန်းဂိတ်မှာ စစ်ကောင်စီတပ်နဲ့ဟိုပင်ပြည်သူ့စစ်ပူးပေါင်းတပ်တွေကဖမ်းဆီးပြီးငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းရာ ပြန်မရွေးနိုင်တာကြောင့်မီးရှို့ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
Apr- 2024 -25 Aprilသတင်း
မိုးညှင်း၊ဟိုပင်၊မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ မောင်းတံဂိတ်လုပ်ပြီးငွေကြေးကောက်ခံနေ
ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စည်ပင်သာယာရေးဌာနကဦးစီးပြီးဂိတ်တွေလုပ်ကာ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၁ ရက်နေ့ကစပြီး မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ အရပ်ဝတ် ဝတ်ထားတဲ့လူတစ်ချို့နဲ့အတူ SNA တပ်ဖွဲ့ဝင်တွေဂိတ်ထိုင်ပြီး ငွေကြေးကောက်ခံနေတဲ့အပြင် ဂိတ်အနီးနေရာယူ စစ်ဆေးပေးတာတွေလုပ်နေတယ်လို့ ဟိုပင်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ဟိုပင်မှာဆို ၄ နေရာတောင်ရှိတယ်၊ အဲ့ဒီဂိတ်တွေမှာ လူငှားပြီး စောင့်ခိုင်းတယ်၊ တစ်ရက်ကိုတစ်သောင်းရတယ်လို့…
Read More » -
1 Aprilသတင်း
ဟိုပင်တိုက်ပွဲမှာ စစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင်ထိခိုက်သေဆုံးသူများ
မိုးညှင်းခရိုင် ဟိုပင်မြို့နယ် နန့်ရင်းကျေးရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြား မနေ့ကမနက်ပိုင်း ၁၀ နာရီဝန်းကျင် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင်ထိခိုက်သေဆုံးသူများခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ မတ်လ ၃၁ ရက် နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ မိုးညှင်းအခြေစိုက်သံချပ်ကာတပ်ရင်း ၇၀၀၅ နှင့် ၇၀၀၆ တပ်က သံချပ်ကာ ၃ စီးနဲ့ အင်အား ၂၀၀ ဝန်းကျင်အသုံးပြုပြီး ဖားကန့်ဘက်ကို စစ်ကူဖြည့်ဖို့ မိုးညှင်းကနေထွက်လာတဲ့ စစ်ကြောင်းကို KIA၊ KPDFပူးပေါင်းတပ်က ဟိုပင်မြို့အနီး နန့်ရင်းကျေးရွာအရောက်မှာ ကြားဖြတ်တိုက်ရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာလို့ Mi35 ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ကူခဲ့ပေမယ့် စစ်တပ်ကပစ်တဲ့လက်နက်ကြီးဟာ SNA စစ်ကြောင်းနေရာမှာကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၅ ဦး မပခ စစ်ဆေးရုံးကို အရေးပေါ် ပို့ဆောင်လိုက်ပြီး နောက်ထပ် ၉ ဦးထက်မနည်း သေဆုံးတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “မနေ့ကဖြစ်တာဗျ SNA ဘက်က အထိအခိုက်များတယ်ကြားတယ် သေတာက ၉ ယောက်လို့ပြောတယ် ဗိုလ်ကြီးတစ်ယောက်လည်းထိထားတယ်လို့ကြားတယ် တိုက်ပွဲက ဟိုဘက်ကစစ်ကြောင်းထိုးလို့ဖြစ်တာ “ လို့ဟိုပင်ကာကွယ်ရေးတပ်ဘက်က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ တိုက်ပွဲဖြစ်ပြီး ၁ နာရီခွဲလောက်အကြာ နေ့လည် ၁၂ နာရီဝန်းကျင်မှာတော့စစ်ကောင်စီတပ်ဘက်က Mi35 အမျိုးအစားရဟတ်ယာဥ်နဲ့ ထပ်ပြီးဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါ တယ်။ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေဘက်က သေဆုံးသူ ၉ ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ SNA အဖွဲ့ဝင် ဗိုလ်ကြီးတစ်ယောက်လည်းသေဆုံးသွားပြီလို့သတင်းတွေထွက်နေပေမဲ့ KNG ကသီးခြားအတည်ပြုနိုင်ခြင်း တော့မရှိသေးပါဘူး။ ဟိုပင်တိုက်ပွဲဖြစ်တဲ့အခြေနေနဲ့ပတ်သက်လို့ ဟိုပင်ဒေသခံတစ်ယောက်ကတော့ အခုလိုဆက်ပြောပါတယ်။ “ဖားကန့်ကိုတက်မယ့်စစ်ကြောင်း အင်အား ၂၀၀ လောက်ကို တိုက်တာလို့ပြောတယ် ၁၀ ယောက်လောက် ဆေးရုံရောက်သွားတယ် သေသလားတော့မသိဘူး ရှမ်းနီတပ်တွေလည်းပါမယ် အခုကတော့ အားလုံး နိုးကြား ပြီးနေကြတာပေါ့”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မိုးညှင်းမြို့နယ်မှာ ပြီးခဲ့တဲ့လကတည်းက စစ်ရေးတင်းမာနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ရှမ်းနီအမျိုးသားတပ်မတော် SNA ဘက်က ဟိုပင် မြို့နယ်ထဲကမြို့ဦးစေတီမှာတပ်စွဲထားကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ဒုတိယအပတ်အတွင်း ဟိုပင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဘက်က SNA တပ် အနေနဲ့ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးတော့ အရပ်သားတွေဆီက အတင်းအဓမ္မငွေကြေးကောက်ခံတာ လူသစ်စုဆောင်းတာတွေကို ရပ်ဖို့အတွက် သတိပေးချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ By – အမိုး
Read More » -
Feb- 2024 -28 Februaryသတင်း
ဟိုပင်မှာ တိုက်ပွဲဖြစ်နေပြီး အရပ်သားတချို့တိမ်းရှောင်နေရ
မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းရွာအနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေရှိတယ်လို့ Hopin PDF ဆီကသိရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာပဲ အပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေတာဖြစ်ပြီးတော့ လက်ရှိသတင်းရေးသားနေတဲ့အချိန်ထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဟိုပင်…
Read More » -
26 Februaryသတင်း
နန့်ရင်းချောင်းကူးတံတားပေါ်မှာ ကတုတ်ကျင်းတူးပြီး တပ်ချဖို့ ပြင်ဆင်နေ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းကျေးရွာနီးမှာရှိတဲ့ နန့်ရင်းချောင်းကူးတံတားထိပ်နှစ်ဖက်စလုံးကို စစ်ကောင်စီတပ်တွေကဘတ်ဖိုးနဲ့ကတုတ်ကျင်းတူးပြီး အထိုင်ချတပ်စွဲဖို့ ပြင်နေတယ်လို့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် ( Hopin KPDF ) တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့စပြီး မိုးညှင်းမြို့နယ် နန်းခွင်နဲ့ပွင့်ဖြူကျေးရွာကြားမှာရှိတဲ့ ခလရ ၅၂၁ တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းတွေဟာ ဟိုပင်မြို့ နန့်ရင်းကျေးရွာ အရှေ့ဘက်ကွင်းနားက နန့်ရင်းချောင်းကူးတံတားထိပ်နှစ်ဖက်စလုံး ကတုတ်ကျင်းတူးပြီး အထိုင်ချဖို့ ပြင်ဆင်နေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာတဲ့အခြေနေရှိနေတယ်လို့ Hopin KPDF တာဝန်ရှိသူတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “လောလောဆယ်အခြေနေက နှစ်ဖက်တင်းမာနေတယ် မနေ့ကတော့ထိတွေ့ဖြစ်တယ် သူတို့လည်း တိုးလာမလိုဆုတ်မလိုလုပ်နေတာ ခုလက်ရှိလည်း လက်နက်ကြီးတွေထုနေတယ်။ ပြီးတော့ တံတားကိုကျဖျက်တာတော့မဟုတ်ဘူး တံတားထိပ်တွေနေရာမှာ သွားလာလို့မရအောင် ကတုတ်ကျင်းတူးထားကြတာ တပ်စွဲချင်တဲ့သဘောပြင်ဆင်နေတာ” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးတဲ့နောက် မိုးညှင်းမြို့နယ် နန်းခွင်တစ်လျှောက် လူငယ်တွေကိုဖမ်းဆီးမှုလုပ်ဆောင်နေတဲ့အပြင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစပြီး ဟိုပင်မြို့နယ် နန့်ရင်းရွာက နန့်ရင်းချောင်းကူးတံတားထိပ်မှာ ခုလိုလုပ်လာတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တံတားမှာကတုတ်ကျင်းတူးပြီးအထိုင်ချဖို့ပြင်ဆင်နေတဲ့အပြင် နန့်ရင်းချောင်တစ်ဖက်ထိ စစ်ရေးလှုပ်ရှားတာတွေလုပ်ဆောင်လာတာကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နန့်ရင်းချောင်းတစ်လျှောက် ဟိုပင်ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်ပစ်ခတ်တာတွေရှိခဲ့ပြီး စစ်တပ်ဘက်က ခုလိုတံတားထိပ်တွေမှာအထိုင်ချဖို့ပြင်ဆင်လာတာဟာ ကြိုတင်နေရာယူထားတဲ့အနေထားဖြစ်တယ်လို့လည်း Hopin KPDF တာဝန်ရှိသူက ဆက်ပြောပါတယ်။ “မနေ့ကဖြစ်တာက နန့်ရင်းချောင်းကူးလာလို့ပစ်ကြတာ နောက်တစ်ခုက ဘာလို့တံတားထိပ်မှာဒီလိုလုပ်လာကြတာလဲဆိုရင် ကျနော်တို့ဘက်ကလည်း အဲတံတားဘက်ကများသောအားဖြင့် အသုံးပြုတယ် သူတို့က အဲဒါကိုသိလို့တားဆီးထားတဲ့သဘောလို့မြင်တယ် ကြိုပြီးနေရာယူထားတဲ့အခြေနေလို့ ပြောလို့ရတယ်။ နောက်တစ်ခုက ကိုယ်မဦးရင်သူဦးသွားမယ်ဆိုတဲ့အနေထားနဲ့ နယ်မြေတွေမှာ လှုပ်ရှားပြနေတာလို့လည်းမြင်တယ်။ SNA ကလည်း တော်တော်များလာတယ် ဘယ်ကဘယ်က ပို့လာသလဲဆိုတာတော့ ကျနော်တို့ဘက်ကလည်း အချက်လက်တွေတော့ ဆက်ပြီးစုံစမ်းနေတယ” လို့ ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်တွေဟာ နန့်ရင်းကျေးရွာတစ်လျှောက် စစ်ရေးလှုပ်ရှားတာအပြင် ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ကင်းပုန်းချထားတာ၊ ရွာတွင်း ရွာပြင် တပ်ဖြန့်နေရာယူထားတဲ့အပြင် စစ်တပ်ဘက်က ခုလိုတံတားထိပ်နှစ်ဖက်လုံးမှာ အထိုင်ချလာခဲ့မယ်ဆိုရင် နန့်ရင်းဒေသခံတွေအနေနဲ့ လယ်ယာလုပ်ကိုင်စားသောက်ဖို့ သွားလာရေးမှာ ခက်ခဲလာနိုင်တယ်လို့ ပြောပါတယ်။ နန့်ရင်းကျေးရွာဒေသခံတွေဟာ စစ်တပ်ဘက်က စစ်ရေးစပြီးလှုပ်ရှားလာတာကြောင့် နန့်ရင်းကျေးရွာဒေသခံများက အပြင်ထွက်တာတွေပါမရှိသလောက်နည်းလာာတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေအနေနဲ့ နန့်ရင်းချောင်းကူးတံတားမှာ အခိိုင်မာတပ်စွဲဖို့ ဆက်ပြီးပြင်ဆင်လာပါက Hopin KPDF တွေအနေနဲ့ လုပ်သင့်တာကို ဆက်လုပ်သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။ ဟိုပင်မြို့နဲ့ နှစ်မိုင်ခန့်ကွာဝေးတဲ့ နန့်ရင်းကျေးရွာ ချောင်းတစ်ဖက်ကမ်းမှာ ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာလည်း လက်နက်ကြီး လက်နက်ငယ်ပတ်ခတ်သံများဖြစ်ပွားခဲ့တဲ့အတွက် နန့်ရင်းကျေးရွာနေ ပြည်သူများက စျေးဆိုင်များ ပိတ်ကာ ၂ ရက်ခန့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ အခြေနေတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ မိုးညှင်းမြို့နယ်တစ်လျှောက် ဒီရက်ပိုင်း စစ်ကောင်စီတပ်တွေဟာ အင်အားအများအပြား ပို့ဆောင်ထားပြီး တပ်ဖြန့်လှုပ်ရှားတာတွေ ခပ်စိပ်စိပ်လုပ်နေတဲ့အတွက် လမ်းသွားလမ်းလာခရီးသွားပြည်သူတွေအနေနဲ့ သတိထားပြီးသွားလာကြဖို့ကိုလည်း Hopin…
Read More » -
Aug- 2023 -24 Augustသတင်း
ဟိုပင်မှာ ပြည်သူ ၂ ယောက် သတ်ဖြတ်ခံရတဲ့အမှု KIA က ငွေကြေးသိန်းသုံးရာပေးပြီး အပြီးသတ်
မိုးညှင်းမြို့နယ် ဟိုပင်မြို့ရဲ့အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၁ နယ်မြေမှာ သတ်ဖြတ်ခံ လိုက်ရတဲ့ KIA တပ်သားနဲ့ ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံလိုက်တဲ့အမှုကို KIA ဘက်နေ ငွေကြေးပေးပြီး အပြီးသတ်ဆောင်ရွက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ KIA ဘက်ကနေ သတ်ဖြတ်ခံလိုက်ရတဲ့ မိသားစုဝင်တွေကို နစ်နာကြေးငွေ သိန်း ၃၀၀ ပေးဆောင်ပြီး ဩဂုတ်လဆန်းပိုင်းမှာပဲ…
Read More » -
Jul- 2023 -27 Julyသတင်း
သရက်ချောင်းရေကြီးမှုကြောင့် ဟိုပင်မြို့ပေါ် ရပ်ကွက်တစ်ချို့ရေနစ်မြှပ်ပြီးပျက်ဆီးဆုံးရှုံးမှုတွေရှိ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက ဟိုပင်မြို့မှာ ဒီကနေ့မနက်ပိုင်းကနေ ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ဟိုပင်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့သရက်ချောင်းဖျားဘက်မှာ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက မိုးသည်းထန်ခဲ့တာကြောင့် ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့ မနက် ၆နာရီကနေ စပြီးဟိုပြင်မြို့ပေါ်က ရပ်ကွက်တွေရေနှစ်မြှုပ်တာကြောင့်ချောင်းနဲ့နီးတဲ့…
Read More » -
24 July
ဟိုပင်မှာ လင်မယား နှစ်ယောက်သတ်ဖြတ်ခံရမှု KIO/KIA ဖြေရှင်းပေးနိုင်မှု မရှိသေး
KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ နယ်မြေမှာ KIA တပ်သားတစ်ဦး နဲ့ ဇနီးဖြစ်သူတို့ သတ်ဖြတ်ခံရတဲ့အမှုကို နှစ်ပတ်အတွင်း ဖြေရှင်းပေးဖို့တောင်းဆိုထားပေမယ့် တာဝန်ရှိတဲ့ KIO အနေနဲ့ ဖြေရှင်းပေးနိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်းမှာ KIO တပ်မဟာ ၈ အရာရှိတွေက အမှုဖြေရှင်းပေးတော့မယ်ဆိုပြီး မိသားစုဝင်တွေကို…
Read More » -
Jun- 2023 -21 Juneသတင်း
ဟိုပင် လူသတ်မှုနှင့် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့်အမှုကို နှစ်ပတ်အတွင်း ဖြေရှင်းပေးရန် KIO ထံ တောင်းဆိုထား
မိုးညှင်းမြို့နယ် ဟိုပင်မြို့ အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ နယ်မြေတွင် KIA တပ်သားတစ်ဦးနှင့် သူ၏ဇနီးဖြစ်သူ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အမှုကို ဇွန်လအတွင်း အပြီးဖြေရှင်းပေးရန် KIO/KIA ထံ တောင်းဆိုထားသည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ သတ်ဖြတ်ခံရသည့်…
Read More »