ဟိုပင်
-
Mar- 2026 -5 Marchသတင်း
ဟိုပင်မှာ ကလေး ၃ ဦးအပါအဝင် ၆ လောင်းပြိုင်လူသတ်မှုဖြစ်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅)၊ နေအိမ်တစ်အိမ်မှာ ၆ လောင်းပြိုင်လူသတ်မှုဖြစ်သွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဖြစ်စဉ်မှာ မတ်လ ၅ ရက် မနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင် မြို့မတောင်ရပ်ကွက်၊…
Read More » -
Dec- 2025 -9 Decemberသတင်း
ဟိုပင်၊ မိုးကောင်းက KIA တပ်စခန်းနှစ်ခုလက်လွတ်လိုက်ရ
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်နဲ့ မိုးကောင်းမြို့နယ်ထဲက KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ တပ်စခန်းနှစ်ခုကို လက်လွတ်လိုက်ရတယ်လို့သိရပါတယ်။ ယခုရက်ပိုင်းအတွင်း ဟိုပင်မြို့အရှေ့ဘက်ခြမ်းရှိ တပ်စခန်းတစ်ခုနဲ့ မိုးကောင်းမြို့ဟောင်းအနီး ပါခုတ်တောင်ကုန်းပေါ်က တပ်စခန်းတစ်ခုကိုပါ KIA နဲ့…
Read More » -
Nov- 2025 -28 Novemberသတင်း
နန့်ရင်းချောင်းကူးတံတားနေရာ မြေတူးဖျက်ဆီးလိုက်တဲ့အတွက် ပြည်သူတွေသွားလာရေးအခက်တွေ့နေ
မိုးညှင်းမြို့နယ် ၊ ဟိုပင်မြို့ နန့်ရင်းချောင်းကူးလမ်းတံတားနေရာကို စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်တွေ အကြောင်းမဲ့ မြေတူးပြီး လမ်းပ်ိုင်းဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေ သွားလာရေးခက်ခဲသွားတယ်လို့ သိရပါတယ်။ စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်တွေဖျက်ဆီးလိုက်တဲ့လမ်းပိုင်းဟာ ဟိုပင်ဒေသခံတောင်သူတွေ လယ်ယာလုပ်ငန်းအတွက်သွားလာဖြတ်သန်းနေရတဲ့…
Read More » -
Aug- 2025 -27 Augustသတင်း
ကာကွယ်ရေးတပ်က သတိပေးထားလို့ နန့်စော်လော်ကျေးရွာပြည်သူတွေ ကြိုတင်တိမ်းရှောင်
ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသထဲက နန့်စော်လော်ရွာကို ကြိုတင်တိမ်းရှောင် ထားကြဖို့ KPDF တပ်တွေက သတိပေးထားတယ်လို့သိရပါတယ်။ အင်းတော်ကြီးဒေသ အရှေ့ခြမ်း ဟိုပင်–အင်းတော်ကြီးလမ်းပိုင်းမှာရှိတဲ့ နန့်စော်လော်ကျေးရွာကို KPDF တပ်တွေက ကြိုတင်ရှောင်တိမ်းထားကြဖို့ ကျေးရွာတာဝန်ရှိသူတွေကနေ တဆင့်သတိပေးထားတယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
May- 2025 -26 Mayသတင်း
မိုးညှင်းမြို့နယ်က ကျေးရွာတစ်ရွာ လက်နက်ကြီးကျလို့ သက်ကြီးရွယ်အိုနှစ်ဦးသေဆုံး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက ဟဲပါကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သက်ကြီး ရွယ်အို လင်မယားနှစ်ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာ ဟဲပါကျေးရွာထဲလက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့သိရပြီး အသက်…
Read More » -
May- 2024 -13 Mayသတင်း
ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားမောင်းသမားများ ပြန်လွတ်ခြင်းမရှိသေး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားသမားများ ဒီနေ့ထိလွတ်မြောက်လာတာမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က နန်းခွင်တံတားအကျော်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက မြေသယ်ကား ၇ စီးကို အရင်ဆုံးဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်နဲ့ပြန်ရွေးကြဖို့ပြောဆိုခဲ့ပေမယ့် ကားပိုင်ရှင်တွေဘက်က ရွေးနိုင်ခြင်းမရှိခဲ့တာကြောင့် မြေသယ်ယာဉ်အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ဒါ့အပြင် မေလ ၅ ရက်နေ့မှာလည်း နောက်ထပ်မြေသယ်ကား ၆ စီးကိုထပ်မံဖမ်းဆီးခဲ့ပြီး ဟိုပင်အခြေစိုက် ခလရ ၄၀ တပ်ရင်းမှာ ထိန်းသိမ်းထားကာ မြန်မာကျပ်ငွေ ၅ ထောင်ပေးဖို့ပြောဆိုနေတယ်လို့ သိရပါတယ်။ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ မြေသယ်ကားကို ဖမ်းဆီးတာတင်မဟုတ်ဘဲ မြေသယ်မောင်းသူတွေကိုလည်း ဖမ်းဆီးထားတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။ “မီးရှို့ခံရတဲ့ ၇ စီးရဲ့နောက် ၆ စီးကိုထပ်ဖမ်းတယ် မိုးညှင်းက တပ်နဲ့ ပြည်သူ့စစ်တပ်တွေဖမ်းမိပြီးတော့ ဟိုပင်က တပ်ရင်း ၄၀ မှာ ထိန်းသိမ်းထားတာ ယာဥ်မောင်းတွေရောဖမ်းထားတာဟုတ်တယ် နှစ်ခေါက်လုံး က ဖမ်းမိတဲ့ ယာဥ်မောင်းတွေကိုဖမ်းထားတာလို့ပြောတယ် ယာဥ်နောက်လိုက်တွေတော့မပါဘူးပြောတယ်”လို့ပြောပါတယ်။ ဖမ်းဆီးထားရတဲ့ ကားသမား ၁၃ ဦးထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေကပြောနေပေမဲ့ ဒီအခြေနေနဲ့ ပတ်သက်လို့ KNG က သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။ ခုလို မြေသယ်ကားတွေကိုဖမ်းဆီးတဲ့ထဲ မိုးညှင်းမြို့နယ် ခလရ ၁၅ တပ်ရင်းနဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပူးပေါင်းပေါင်းပြီးလုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ ဒီအခြေနေနဲ့ပတ်သက်လို့ ဟိုပင် PDF ကတော့ အခုလို ပြောပါတယ်။ “ဖမ်းခံရတဲ့ရက်တွေကတော့မတူဘူး မြေသယ်ကားတွေကြီးပဲ မီးရှို့လိုက်တာလည်းရှိတယ် တပ်ရင်း ၄၀ မှာ ထိန်းသိမ်းထားတာလည်းရှိတယ် အတိအကျတော့မသိဘူး ယာဥ်မောင်းနဲ့နောက်လိုက်တွေလည်းဖမ်းခံရတယ် လူဦးရေအတိအကျတော့မသိဘူး ဖမ်းဆီးခံရတာကတော့သေချာတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ နန်းခွင်တံတားအကျော် လမ်းပိုင်းမှာဂိတ်အထိုင်ချပြီး အရပ်သားတွေကိုဖမ်းဆီးစစ်ဆေးတာတွေ အရင်ကတည်းကလုပ်ခဲ့ပေမဲ့ ဒီနှစ် ဧပြီလလောက်ကစလို့ ဂိတ်အတည်တကျအထိုင်ချတာမျိုးမဟုတ်ဘဲ အင်အားအနည်းငယ်နဲ့လက်နက်တွေကိုင်ပြီး ကားလမ်းမပေါ်ထွက်ကာရှောင်တခင်စစ်ဆေးနေတာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စည်ပင်သာယာရေးဌာနက ဦးစီးပြီးဂိတ်တွေလုပ်ကာ ငွေကြေးကောက်ခံတာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါ တယ်။ မိုးညှင်းမြို့ဟာ မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်မှာရှိတာဖြစ်ပြီး ၂၀၂၄ နှစ်ဆန်းပိုင်းကနေ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က မကြာခနဆိုသလို လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နန်းခွင်ကျေးရွာမှာလည်း ပြည်သူ့စစ်အဖွဲ့တွေဟာ ဆေးရုံမှာတပ်စွဲထားပြီး လမ်းမပေါ်ထွက်ကာ ကား၊ဆိုင်ကယ်တွေကို အခွန်ကောက်ခံတာတွေလုပ်နေတယ်လို့လည်း နန်းခွင်ဒေသခံတွေကပြောပါတယ်။ By – အမိုး
Read More » -
6 Mayသတင်း
ဖမ်းဆီးထားတဲ့ မြေသယ်ကား ၆ စီးကို ငွေကျပ် သိန်းငါးထောင်နဲ့ရွေးခိုင်းနေ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ပြည်သူ့စစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက မြေသယ်ကား ၆ စီးဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်။ ဟိုပင်ပြည်သူ့စစ်ခေါင်းတောင် ဦးငမျိုး(တရုတ်လူမျိုး) ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့နဲ့ စစ်ကောင်စီပူးပေါင်းတပ်က မတ်လ ၅ ရက်ရက်နေ့ ဖားကန့်ဘက်ကိုတက်မယ့် မြေသယ်ကား (၁၀ဘီးကား) ၆ စီးကို ဟိုပင်တိုးဂိတ်အကျော် လမ်းခုလတ်မှာ ဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဖမ်းဆီးခံရတဲ့မြေသယ်ကားပိုင်ရှင်တွေနဲ့နီးစပ်သူတစ်ဦးကKNGကိုပြောပါတယ်။ “တရုတ်ငမျိုးဆိုပြီးလည်းခေါ်ကြတယ်သူ့ကိုဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဟုတ်တယ် သူပဲလုပ်နေတာ ဖမ်းတာက ဟိုပင်တိုးဂတ်အကျော်မှာဖမ်းလိုက်တာ အဲ့ငမျိုးဆိုတဲ့ပြည်သူ့စစ်ခေါင်းဆောင်ကဖမ်းက ၆ စီးစလုံးကိုသိန်းငါးထောင်တောင်းလို့အခုညှိနေကြတယ်”လို့ အထက်ဖော်ပြပါဟိုပင်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မြေသယ်ကား ၆ စီးစလုံးကို လက်ရှိ ဟိုပင် တပ်ရင်း ၄၀ ထဲမှာ ထိန်းသိမ်းထားပြီး စစ်ကောင်စီတပ်နဲ့ ဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဦးငမျိုးတို့တောင်းတဲ့ကျပ်သိန်းငါးထောင်နဲ့ရွေးရင်ပြန်လွတ်ပေးမှာဖြစ်ကြောင်း ကားပိုင်ရှင်တွေကိုပြောဆိုထားတယ်လို့သိရပါတယ်။ “အခုဖမ်းထားတဲ့အဲ့ ၆ စီးလုံးက ၄၀ ထဲမှာ တပ်ရင်း ၄၀ ထဲမှာထားထားတယ်။ အရင်တစ်ခေါက်ကလို တစ်ခါထဲဖမ်းပြီးမှ မီးရှို့တာမျိုးတော့မလုပ်သေးဘူး ဖမ်းပြီးနောက်ရက်မီးရှို့တာအခုတစ်ခေါက်ကလည်း သူပဲလုပ်တာ သူပဲဖမ်းပြီးသူပဲလွတ်တာ အရှေ့၇ စီးကတစ်ခါဖမ်းပြီးမီးရှို့တာ။ အဲ့ကသူမစားရလို့လားမသိဘူး အခုဒီ ၆ စီးကသူကိုယ်တိုင်လုပ်တာ သူကိုယ်တိုင်ပိုက်ဆံပေးမယ့် ကုန်သည်တွေနဲ့လုပ်ပြီးသူကအခုအောက်ခြေနဲ့ ပြန်ညှိပြီးပြန်လွတ်ဖို့လုပ်နေတယ်”လို့ အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့ကလည်း ဖားကန့်ဘက်တက်မယ့် မြေသယ်ကား ၇ စီးကို မိုးညှင်းမြို့နယ်ရှိ နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီတပ်စခန်းဂိတ်မှာ စစ်ကောင်စီတပ်နဲ့ဟိုပင်ပြည်သူ့စစ်ပူးပေါင်းတပ်တွေကဖမ်းဆီးပြီးငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းရာ ပြန်မရွေးနိုင်တာကြောင့်မီးရှို့ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
Apr- 2024 -25 Aprilသတင်း
မိုးညှင်း၊ဟိုပင်၊မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ မောင်းတံဂိတ်လုပ်ပြီးငွေကြေးကောက်ခံနေ
ကချင်ပြည်နယ် မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့ အဝင်အထွက်နေရာတွေမှာ စည်ပင်သာယာရေးဌာနကဦးစီးပြီးဂိတ်တွေလုပ်ကာ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၁ ရက်နေ့ကစပြီး မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်းမြို့အဝင်အထွက်နေရာတွေမှာ အရပ်ဝတ် ဝတ်ထားတဲ့လူတစ်ချို့နဲ့အတူ SNA တပ်ဖွဲ့ဝင်တွေဂိတ်ထိုင်ပြီး ငွေကြေးကောက်ခံနေတဲ့အပြင် ဂိတ်အနီးနေရာယူ စစ်ဆေးပေးတာတွေလုပ်နေတယ်လို့ ဟိုပင်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ဟိုပင်မှာဆို ၄ နေရာတောင်ရှိတယ်၊ အဲ့ဒီဂိတ်တွေမှာ လူငှားပြီး စောင့်ခိုင်းတယ်၊ တစ်ရက်ကိုတစ်သောင်းရတယ်လို့…
Read More » -
1 Aprilသတင်း
ဟိုပင်တိုက်ပွဲမှာ စစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင်ထိခိုက်သေဆုံးသူများ
မိုးညှင်းခရိုင် ဟိုပင်မြို့နယ် နန့်ရင်းကျေးရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြား မနေ့ကမနက်ပိုင်း ၁၀ နာရီဝန်းကျင် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင်ထိခိုက်သေဆုံးသူများခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ မတ်လ ၃၁ ရက် နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ မိုးညှင်းအခြေစိုက်သံချပ်ကာတပ်ရင်း ၇၀၀၅ နှင့် ၇၀၀၆ တပ်က သံချပ်ကာ ၃ စီးနဲ့ အင်အား ၂၀၀ ဝန်းကျင်အသုံးပြုပြီး ဖားကန့်ဘက်ကို စစ်ကူဖြည့်ဖို့ မိုးညှင်းကနေထွက်လာတဲ့ စစ်ကြောင်းကို KIA၊ KPDFပူးပေါင်းတပ်က ဟိုပင်မြို့အနီး နန့်ရင်းကျေးရွာအရောက်မှာ ကြားဖြတ်တိုက်ရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာလို့ Mi35 ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ကူခဲ့ပေမယ့် စစ်တပ်ကပစ်တဲ့လက်နက်ကြီးဟာ SNA စစ်ကြောင်းနေရာမှာကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၅ ဦး မပခ စစ်ဆေးရုံးကို အရေးပေါ် ပို့ဆောင်လိုက်ပြီး နောက်ထပ် ၉ ဦးထက်မနည်း သေဆုံးတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “မနေ့ကဖြစ်တာဗျ SNA ဘက်က အထိအခိုက်များတယ်ကြားတယ် သေတာက ၉ ယောက်လို့ပြောတယ် ဗိုလ်ကြီးတစ်ယောက်လည်းထိထားတယ်လို့ကြားတယ် တိုက်ပွဲက ဟိုဘက်ကစစ်ကြောင်းထိုးလို့ဖြစ်တာ “ လို့ဟိုပင်ကာကွယ်ရေးတပ်ဘက်က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ တိုက်ပွဲဖြစ်ပြီး ၁ နာရီခွဲလောက်အကြာ နေ့လည် ၁၂ နာရီဝန်းကျင်မှာတော့စစ်ကောင်စီတပ်ဘက်က Mi35 အမျိုးအစားရဟတ်ယာဥ်နဲ့ ထပ်ပြီးဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါ တယ်။ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေဘက်က သေဆုံးသူ ၉ ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ SNA အဖွဲ့ဝင် ဗိုလ်ကြီးတစ်ယောက်လည်းသေဆုံးသွားပြီလို့သတင်းတွေထွက်နေပေမဲ့ KNG ကသီးခြားအတည်ပြုနိုင်ခြင်း တော့မရှိသေးပါဘူး။ ဟိုပင်တိုက်ပွဲဖြစ်တဲ့အခြေနေနဲ့ပတ်သက်လို့ ဟိုပင်ဒေသခံတစ်ယောက်ကတော့ အခုလိုဆက်ပြောပါတယ်။ “ဖားကန့်ကိုတက်မယ့်စစ်ကြောင်း အင်အား ၂၀၀ လောက်ကို တိုက်တာလို့ပြောတယ် ၁၀ ယောက်လောက် ဆေးရုံရောက်သွားတယ် သေသလားတော့မသိဘူး ရှမ်းနီတပ်တွေလည်းပါမယ် အခုကတော့ အားလုံး နိုးကြား ပြီးနေကြတာပေါ့”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မိုးညှင်းမြို့နယ်မှာ ပြီးခဲ့တဲ့လကတည်းက စစ်ရေးတင်းမာနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ရှမ်းနီအမျိုးသားတပ်မတော် SNA ဘက်က ဟိုပင် မြို့နယ်ထဲကမြို့ဦးစေတီမှာတပ်စွဲထားကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ဒုတိယအပတ်အတွင်း ဟိုပင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဘက်က SNA တပ် အနေနဲ့ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးတော့ အရပ်သားတွေဆီက အတင်းအဓမ္မငွေကြေးကောက်ခံတာ လူသစ်စုဆောင်းတာတွေကို ရပ်ဖို့အတွက် သတိပေးချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ By – အမိုး
Read More » -
Feb- 2024 -28 Februaryသတင်း
ဟိုပင်မှာ တိုက်ပွဲဖြစ်နေပြီး အရပ်သားတချို့တိမ်းရှောင်နေရ
မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းရွာအနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေရှိတယ်လို့ Hopin PDF ဆီကသိရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာပဲ အပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေတာဖြစ်ပြီးတော့ လက်ရှိသတင်းရေးသားနေတဲ့အချိန်ထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဟိုပင်…
Read More »








