KBC

  • Oct- 2024 -
    28 October
    သတင်း

    သိန္နီမြို့ KBC နှစ်ခြင်းဘုရားကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်

    ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်  KBC ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဖြစ်စဉ်ကတော့ အောက်တိုဘာ၂၇ ရက်နေ့ ည၉နာရီ ၄၅ မိနစ် စစ်ကောင်စီဘက်ကနေပြီးတော့ ဘုရားကျောင်းအပေါ်တည့်တည့် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် ဘုရားကျောင်းဆောင်တစ်ခုလုံးအပြင် ကားသုံးစီး၊ အအေးခေါင်း၊ အသံချဲ့စက်နဲ့ အားလုံးပျက်စီးသွားခဲ့တယ်လို့ ဘုရားကျောင်းက တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “ဘုရားကျောင်းက ရစရာကိုမရှိတော့ဘူး ခုနကကျွန်တော်တို့ တွက်ကြည့်တာကတော့ သိန်းတစ်သောင်းဖိုးလောက်က ပျက်စီးဆုံးရှုံးသွားတယ်”လို့ဆိုပါတယ်။ အောက်တိုဘာလ ၂၇ ရက်ည သိန္နီမြို့ထဲ စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ ထွေအုပ်ရုံး၊ KBC ဘုရားကျောင်း၊ဆန်းလီဟိုတယ်အထက်ဘက် စတဲ့နေရာသုံးနေရာဖြစ်ပြီး သေခိုက်သေဆုံးသူတော့ မရှိဘူးလို့ သိရပါတယ်။ ဒေသခံတွေသုံးသပ်ချက်အရ စစ်ကောင်စီအနေနဲ့ KBC ဘုရားကျောင်းအရှေ့ဘက် မီတာ၅၀ဝန်းကျင်အကွာအဝေးမှာရှိတဲ့တည်းခိုခန်းတစ်ခုမှာ ကိုးကန့်ဘက်က လူကြီးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ခုလို ဗုံးကြဲတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ခုလိုသုံးသပ်ပါတယ်။ “ဘုရားကျောင်းအရှေ့ဘက်က တည်ခိုးခန်းတစ်ခုမှာ ကိုးကန့်ဘက်က လူကြီးတွေသူဌေးတွေ လာအိပ်ကြတယ်ဆိုတဲ့ သတင်းတွေက အရင်ကတည်းကထွက်နေတော့ ခုလိုဖြစ်လာမှာစိုးလို့ ကျွန်တော်တို့တောင်အဲဒီအနီးနားတဝိုက်မှာ မနေကြတော့ဘူးဟုတ်တယ်”လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်ကနေပြီးတော့ ကိုးကန့်တပ် MNDAAနဲ့ တအာန်းတပ်TNLA တို့ရှိနေနိုင်တယ်ထင်တဲ့နေရာတွေမှာ အမြဲလိုလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)အဖွဲ့အစည်းရဲ့ ၂၀၂၄အောက်တိုဘာလ၂၇ရက် ထုတ်ပြန်ချက်အရ  ရှမ်းပြည်မြောက်ပိုင်းမှာ  စစ်ကောင်စီရဲ့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၂၀ဦးထိ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ By – Hope

    Read More »
  • Jul- 2024 -
    29 July
    သတင်း

    ဖမ်းဆီးခံရတဲ့ စီတာပူနှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာနဲ့လူငယ်ခေါင်းဆောင်လွတ်မြောက်လာ

    ကချင်ပြည်နယ် မြစ်ကြီးနား စီတာပူရပ်ကွက်မှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော် KBC ကသိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာဆွတ်အောင်ကို စစ်တပ် ဖမ်းဆီးသွာားပေမယ့် ၂၄ နာရီမပြည့်ခင်ပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ စစ်ကောင်စီတပ်တွေဟာ စီတာပူကချင်နှစ်ခြင်းအသင်းတော် အမှုတော်ဆောင်တွေဖြစ်တဲ့ သိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်ဆရာဆွတ်အောင် ၂ ဦးကို နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းမှပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ မြစ်ကြီးနားကနေ ရန်ကုန်ကို ခေတ္တရောက်နေတဲ့မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။ “၂၄ နာရီမပြည့်ခင် ပြန်လွတ်ပေးလာတယ် ကျနော်တို့ကြာားရသလောက်တော့ စီတာပူနှစ်ခြင်းအသင်းတော်မှာ ဖမ်းမခံရခင် ရှေ့အပတ်မှာ တိုက်ပွဲဖြစ်လာရင် အသင်းသူ၊သားတွေကို ဘယ်လိုရှောင်ကြမလဲဆိုပြီးပြောထားတဲ့ကိစ္စကြောင့်လို့တော့ ပြောတယ်။ အသေးစိတ်တော့မသိရဘူး”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၈ ရက်နေ့မှာလည်း ဝိုင်းမော်မြို့ ဝူယန်ပြည်သူ့စစ်စခန်းအနီး ဘက်ဟိုးနဲ့ ကတုတ်ကျင်းတူးဖော်နေတဲ့ ဗီဒီယိုဖိုင်ရိုက်ကူးခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့  ဝူယန် KBC  သိက္ခာတော်ရ သင်းအုပ်ဆရာတစ်ဦးကို စစ်ကောင်စီနဲ့ပြည်သူ့စစ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပါသေးတယ်။  ခုလို စစ်တပ်က ဘာသာရေးလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်တာ၊ဘာသာရေးဆရာတွေကို ဖမ်းဆီးထောင်ချတာတွေကြောင့် ၂၀၂၃ ခုနှစ် မေလ ၁ရက်နေ့က ထုတ်ဝေတဲ့ USCIRF ရဲ့ ၂၀၂၃ ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို တရုတ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံတွေနဲ့အတူ အထူးစိုးရိမ်ရတဲ့နိုင်ငံများ ( Countries of Particular Concern- CPC )စာရင်းထဲမှာ ထည်သွင်းသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီနိုင်ငံတွေက အစိုးရတွေဟာ ဘာသာရေးနဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ချိုးဖောက်မှုတွေကို ကိုယ်တိုင် ချိုးဖောက်တာ ဒါမှမဟုတ် အခြားသူတွေ ချိုးဖောက်တာကို မျက်ကွယ်ပြုထားတာတွေ လုပ်ဆောင်နေတယ်လို့ USCIRF ရဲ့ ကြေညာချက်မှာ ဖော်ပြထားတဲ့အပြင် USCIRF ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာထဲမှာ အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံ ဧရိယာရဲ့ ၁၇ ရာခိုင်နှုန်းလောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပေမယ့်၊ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ဆန့်ကျင်သူတွေကို ဖိနှိပ်တာ၊ လွတ်လပ်ခွင့်တွေကို ကန့်သတ်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ By – CJ

    Read More »
  • Apr- 2024 -
    23 April
    အင်တာဗျူးRev.Dr Hkalam SamSon

    ဒေါက်တာခလမ်ဆမ်ဆွန်ကိုပြန်ဖမ်းဆီးတာဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့လို့ စစ်တပ်ရဲ့ ပြောဆိုမှုအပေါ် ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေဘာပြောလဲ

    KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် Rev. Dr Hkalam Sam Son ကို စစ်တပ်ကပြန်ပြီးဖမ်းဆီးလိုက်တာဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာသတင်းဌာနတစ်ချို့မှာ ဧပြီလ ၂၀ ရက်နေ့ ဖြေဆိုထားပါတယ်။ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ စစ်တပ်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြစ်ကြီးနားအကျဉ်းထောင်ထဲကနေ လွတ်မြောက်လာတဲ့ ဆရာတော်ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်း ၂ နာရီဝန်းကျင် လုံခြုံရေးအရခေတ္တစစ်ဆေးဖို့ဆိုပြီး ပြန်ဖမ်းသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဧပြီလ ၁၉ ရက်နေ့အထိ စစ်ဆေးမှုမလုပ်သေးဘဲ ဖမ်းဆီးထားဆဲဖြစ်ပြီး ဧပြီလ…

    Read More »
  • 17 April
    သတင်း

    KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်လွတ်မြောက်လာ

    ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်က မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား ၃ ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးတဲ့ထဲမှာ မြစ်ကြီးနားအကျဉ်းထောင်ထဲ အကျဉ်းကျခံနေရတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဆရာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်က ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က)နဲ့ ပုဒ်မ ၅၂(က) စတဲ့ ပုဒ်မ ၃ ခုအတွက် ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တာဖြစ်ပြီး အကျဉ်းကျခံရတဲ့ တစ်နှစ်နဲ့ ၄ လ အကြာမှာ လွတ်မြောက်လာတာဖြစ်တယ်လို့ မိသားစုဝင်တွေက KNG ကိုပြောပါတယ်။  “ဒီကနေ့လွတ်မြောက်လာတဲ့ထဲမှာပါလာပြီ။ အခုလိုလွတ်မြောက်လာတာက ဘုရားရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်တယ်။ တစ်နှစ်နဲ့ ၄ လ မှာ လွတ်မြောက်လာတာဖြစ်ပါတယ်။ အကျဉ်းကျခံထားရတဲ့ သူတွေ အားလုံးလွတ်မြောက်ဖို့လည်းမျှော်လင့်ပါတယ်”လို့ပြောပါတယ်။  အခုလို ဆရာဆမ်ဆွမ်လွတ်မြောက်လာဖို့ရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ ညှိနှိုင်းကြိုးစားလုပ်ဆောင်မှုတွေကြောင့် တစ်နှစ်ကျော်အကြာမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။ လွတ်မြောက်လာတဲ့ ဆရာခလမ်ဆမ်ဆွမ်ကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့အတူ ဘာသာရေးဆရာတစ်ချို့နဲ့ သွားရောက်ကြိုဆိုခဲ့ကြတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ဆရာခလမ်ဆမ်ဆွမ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားဖို့ မန္တလေး လေဆိပ်မှာ လေယာဉ်စီးဖို့ စောင့်ဆိုင်းနေတဲ့ အချိန် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲဒီနောက် ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဗိုလ်ချုပ်ကြီးဂွမ်မော်တွေ့ဆုံးမှု၊ အာရှအတွင်းက လူငယ်တွေရဲ့ ဆွေးနွေးပွဲတစ်ခုမှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ အသုံးနှုန်းတွေပြောဆိုမှု၊ NUG အစိုးရရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံမှု စတဲ့ စွပ်စွဲချက်တွေကြောင့် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Mar- 2024 -
    26 March
    သတင်း

    မုဒိန်းမှုကျူးလွန်တဲ့သူကို ထိထိရောက်ရောက်အရေးပေးဖို့ မိသားစုများတောင်းဆို

    ချီဖွေမြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်း ၂ မှာနေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား မုဒိန်းမှုကျူးလွန်ခဲ့တဲ့တရားခံကို ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ နစ်နာသူမိသားစုဝင်တွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျူးလွန်ခံရတဲ့အမျိုးသမီးဖြစ်သူဟာ ချီဖွေမြို့ ကန်ပိုင်ယန်ရပ်ကွက်မှာရှိတဲ့ ခြံထဲဟင်းရွက်တွေသွားခူးချိန် မုဒိန်းကျင့်ခံရတာဖြစ်တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။ “အမေက အဲ့နေ့ညနေ ခြံထဲမှာ ဒန့်ဒလွန်ရွက် သွားခူးတာ ပြီးတော့ ခြံအောက်ဘက်မှာကန်ပိုင်ယန်ချောင်းဆိုပြီးရှိတယ် အဲ့ဒီချောင်းမှာ ဒရင်ကောက်အရွက်ပြန်ဆင်းခူးတဲ့အချိန် အဲ့ဒီယောကျ်ားကနောက်ကလိုက်လာပြီး သူကအဲ့လိုမျိုးလုပ်သွားတာ”လို့ပြောပါတယ်။ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသားဟာ အသက် ၃၀ ကျော်အရွယ် ကိုသူဆိုသူဖြစ်ပြီး  ပဲခူးတိုင်းဘက်ကနေ ချီဖွေမြို့၊ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တွေ ဦးဆောင်လုပ်ကိုင်နေတဲ့ ကန်ပိုင်ယန်ရွှေမှော်မှာလာရောက်အလုပ်လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။ မုဒိန်မှုကျူးလွန်တဲ့အမျိုးသားကိုတော့ မနေ့က မတ်လ ၂၅ ရက်နေ့ မနက် ၇ နာရီလောက် ရပ်ရွာလူကြီးတွေနဲ့ သက်ဆိုင်သူတွေက ရွှေမှော်မှာသွားရောက်ဖမ်းဆီးကာ လက်ရှိချီဖွေမြို့နယ် ရဲစခန်းမှာထိန်းသိမ်းထားတယ်လို့သိရပြီး အမှုရင်ဆိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။ နစ်နာသူမိသားစုတွေဘက်ကတော့ မုဒိန်းမှုကျူးလွန်ခဲ့တဲ့သူကို သက်ဆိုင်ရာတွေဘက်က ထိထိရောက်ရောက်အရေးယူပေးဖို့ တောင်းဆိုချင်တယ်လို့ ကျူးလွန်ခံရသူရဲ့ သမီးဖြစ်သူက အခုလိုပြောပါတယ်။ “ဖြစ်နိုင်ရင်တော့ သူ့ကို ထိထိရောက်ရောက်အရေးယူခိုင်းစေချင်တာပေါ့၊ သတ်တောင်သတ် ချင်ပစ်ချင်တာ၊ အမေက မုဆိုးမအဖေဆုံးသွားတာ ၁၇ နှစ်လောက်ရှိပြီ အမေကနာမည်ဆိုးလည်း မရှိခဲ့ဖူးဘူး၊ အမေက သူမုဆိုးမဆိုပြီး ဂုဏ်သိက္ခာရှိရှိနေခဲ့တာ အခုက အရှက်လည်းကွဲ၊ စိတ်ဒဏ်ရာလည်းရတယ်၊ ပြီးတော့ အသက်အန္တရာယ်လည်း ကြုံရတယ်၊ အဲ့တာကြောင့် သူ့ကို ထိထိရောက်ရောက်အရေးယူချင်တာ”လို့ပြောပါတယ်။ လက်ရှိမှာတော့ ကျူးလွန်ခံရတဲ့ အမျိုးသမီးဖြစ်သူဟာ အစာစားလို့မရတဲ့အခြေအနေဖြစ်နေပြီး ခြေ၊ လက်၊ မျက်နှာတွေမှာ ထိခိုက်ဒဏ်ရာရရှိထားတဲ့အတွက် ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိ ချီဖွေမြို့အဝင်တွေကို စစ်တပ်ထောက်ခံစာပါမှသာဝင်လို့ရတာဖြစ်ပြီး  ကျူးလွန်တဲ့အမျိုးသားဖြစ်သူဟာဆိုရင်လည်း ပဲခူးတိုင်းဘက်က ရောက်လာတာ သုံးလေးရက်လောက်သာရှိသေးတဲ့အတွက် ရွှေမှော်သူဌေးနာမည်နဲ့ ဝင်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးများအပေါ်  မတရားဖမ်းဆီးခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့အတူ အိမ်တွင်းအကြမ်းဖက်တာတွေ ပိုမိုဆိုးရွားလာတဲ့အပြင် ပဋိပက္ခဒေသအတွင်းက အမျိုးသမီးများတွေဟာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေသာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သာမန်အရပ်သားတွေရဲ့ အကြမ်းဖက်မှုပုံစံအမျိုးမျိုး ကြုံနေရတယ်လို့ မြန်မာအမျိုးသမီးများအဖွဲ့ချုပ် ရဲ့  ၂၀၂၃ ခုနှစ် ဇွန်လမှာထုတ်ပြန်တဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ By – Bu Bu

    Read More »
  • Feb- 2024 -
    22 February
    သတင်း

    စစ်အင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းက ဆမားဇုံနယ်အသင်းတော်ထဲဝင်ရောက်နေရာယူထား

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူး၊ ဒဘတ်ကျေးရွာအလွန် ဆမားလမ်းခွဲဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကဇူးရွာ ကချင်နှစ်ခြင်းအသင်းတော် KBC  ဆမားဇုံနယ်ရုံးမှာ ဝင်ရောက်နေရာယူတပ်စွဲနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ကောင်စစ်ကြောင်းဟာ အင်အား ၂၀၀ ဝန်းကျင်ရှိပြီး ဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင် ရိက္ခာအပြည့်တင်ထားတဲ့ကားအစီး ၅ စီးနဲ့အတူ ဆမားဇုံနယ်အသင်းတော်ရုံးထဲကို ဝင်ရောက်နေရာယူထားတယ်လို့ ကဇူးဒေသခံတွေပြောပါတယ်။ “ရိက္ခတင်ကားတွေဝင်ပြီး ရိက္ခာပစ္စည်းတွေချပြီး နေနေတယ် သေနတ်တွေအရင်ပစ်ဖောက်ပြီး ဝင်လာတယ်။ အဲ့နောက်တော့ အဲ့ဒီ ဆမားဇုံနယ်ရုံးထဲ ဝင်နေနေတာပဲ။ ရိက္ခာတင် ကားကြီး ၃ စီး၊ ဘတ်ဖောတင်တဲ့ ကားကြီးနဲ့ ဘတ်ဖောတစ်စီးလည်းပါတယ်။သူတို့ ဟိုဘက် ဆမားလမ်းခွဲဘက် ဆက်လက်ချီတက်သွားဖို့ထင်တယ်။” လို့ ကဇူးဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က စစ်အင်အား၊ ရိက္ခာအပြည့်အစုံနဲ့ ဂါးရာယန်နဲ့ ကဇူးရွာထဲဝင်ရောက်လာချိန် သေနတ်ပစ်ဖောက်ပြီး အရင်ဝင်လာရောက်လာကာ ကဇူးကျေးရွာရှိ KBC အသင်းတော်ရုံးထဲကို ယာယီဝင်နေရာယူနေခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒီစစ်ကြောင်းတွေဟာ ဒဘတ်ကျေးရွာအလွန် ဆမားလမ်းခွဲဘက်ကို ဦးတည်ချီတက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပြီး မလိယန်၊ ကကမ်ဘွမ်စတဲ့ စစ်ကောင်စီတပ်စခန်းတွေဆီ ရိက္ခာပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ “သူတို့ရဲ့အခြေအနေကို ခန့်မှန်းကြည့်ရသလောက် ဟိုဘက်ကို ရိက္ခာပို့ဖို့လုပ်နေတယ်။ ဆမားလမ်းခွဲဘက် ချီတက်သွားဖို့ထင်တယ်။ အမြဲတမ်းစစ်တပ်တွေ အဲ့ဒီဆမားလမ်းခွဲရောက်တာနဲ့ သေနတ်သံမြည်မြည်လာတယ်။ သူတို့လည်း အဲ့ဘက်ကို ခြေလျင်နဲ့ဖြတ်ဖို့ တော်တော်ခက်နေပုံရတယ်။ ဆမားလမ်းခွဲကနေ ဟိုဘက်ကို သူတို့မဖြတ်နိုင်ပဲခက်နေတာ လချီရှိလာပြီလေ။ အခုဒီမနက်ကစပြီး ပြန်ပြီးလှုပ်ရှားစလာတာပေါ့။” လို့ နောက်ထပ် ကဇူးဒေသခံတစ်ဦးကလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်က နမ်ဆန်ယန်သွားလမ်းဘက်ရှိကျန်ရှိနေတဲ့ စစ်တပ်စခန်းတွေဆီ ရိက္ခာတွေပို့ဆောင်ပေးနိုင်ဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးပြီး ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ကဇူးကျေးရွာနဲ့ ဒဘတ်ကျော်တာနဲ့ ဆမားလမ်းခွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပုံမှန်ကြားဖြတ်တိုက်ခိုက်လျက်ရှိတာကြောင့် စစ်တပ်ဘက်က ဖြတ်ကျော်နိုင်ဖို့ခက်ခဲနေတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒဘတ်ကျေးရွာကနေ ၁ မိုင်လောက်အကွာမှာရှိတဲ့ ဆမားလမ်းခွဲမှာ အရင်ကတော့ စစ်ကောင်စီတပ်ဖွဲ့တွေ နေရာယူတပ်ချခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်၊ဇူလှိုင်မှာဖြစ်ပွားခဲ့တဲ့ နမ်ဆန်ယန်ဘက်တိုက်ပွဲပြင်းထန်ခဲ့ချိန်ကတည်းက စစ်တပ်တွေဆုတ်ခွာသွားတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အဲ့ဒီဆမားလမ်းခွဲတစ်ဝိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDFတပ်ဖွဲ့တွေနေရာယူထားပြီး မလိယန်၊ ဂျာပူ နဲ့ ကကမ်ဘွမ်ဘက်ကို ရိက္ခာပို့ဖို့ နဲ့ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒဘတ်ရွာ တံတားကျော်လာတာနဲ့ ပုံမှန်ကြားဖြတ်တိုက်ခိုက်တာကြောင့် အဲ့ဒီနေရာတစ်ဝိုက် တိုက်ပွဲပုံမှန်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ “အခုအရမ်းစိုးရိမ်နေတယ်။ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်လာရင်က ရွာသားတွေအတွက် လုံခြုံရေးပိုမရှိလာနိုင်ဘူး။ တိုက်ပွဲကအချိန်မရွေးပြင်းထန်လာနိုင်တော့ ရွာသားတွေလည်း ဇဝီဇဝါ စိတ်ခံစားရခက်နေတယ်။ အခုသူတို့က အသင်းတော်ပိုင်ရုံးတွေထဲ နေရာယူတပ်ချတာတွေပြုလုပ်လာတော့ အမျိုးမျိုး၊အဖက်ဖက်ကတွေးပြီး စိုးရိမ်နေကြတယ်။ အခုသူတို့က ဟိုဘက်ကို ရိက္ခာပို့နိုင်အောင်ကြိုးစားပြီး တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်။” လို့ ကဇူးဒေသခံတစ်ဦးကဆက်ပြောပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီဘက်က ဆမားလမ်းခွဲကနေရအောင်ဖြတ်ကျော်ပြီး  ဘတ်ဖောနဲ့လမ်းတွေဖောက်ကာ စစ်တပ်စခန်းတွေဆီ ရိက္ခာပို့နိုင်အောင် ပြင်ဆင်လာခြင်းဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်၊ ဇူလှိုင် လကတည်းကစပြီး စစ်ကောင်စီဘက်က နမ်ဆန်ယန်ဘက်ကို စစ်အင်အား၊ ရိက္ခာတွေ ဖြည့်ဖို့ ထိုးစစ်ဆင်လှုပ်ရှားနေပေမဲ့ ကန်ဒေါင်ယန်နဲ့ လွယ်လုံအောင်ဂျာ တပ်စခန်းတွေကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်ဘက်က မြေပြင်ကနေ နမ်ဆန်ယန်လမ်းတစ်လျှောက် စစ်ရေးလှုပ်ရှားနိုင်ဖို့ ခက်ခဲသွားတာလည်း ဖြစ်ပါတယ်။ By –…

    Read More »
  • Jan- 2024 -
    19 January
    သတင်း

    အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ ကချင်စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦးအမှု  ၉ နှစ်ကြာသွားပေမယ့် တရားမျှတမှု မရရှိသေး

    ရှမ်းမြောက်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့နယ်မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦးအမှု တရားမျှတမှုရရှိလာမယ့်နေ့ကို မျှော်လင့်နေဆဲလို့ မိသားစုဝင်တွေ ပြောပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို အမှုမှန်ပေါ်ပေါက်ရေးကော်မတီဘက်က တောင်းဆိုခဲ့ပေမယ့် ငြင်းဆိုခံခဲ့ရတဲ့အတွက် ဒီကနေ့အထိ တရားမျှတမှုမရရှိဘဲ ရပ်တန့်နေတာဖြစ်ပါတယ်။…

    Read More »
  • Dec- 2022 -
    15 December
    သတင်းRev.Dr Hkalam SamSon

    ဖမ်းဆီးခံထားရသည့် ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို တွေ့နိုင်ရန် KBC ကြိုးပမ်းနေဆဲ

    သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်တပ်က ဖမ်းဆီးထားသည့် ရက်ပေါင်း ၁၀ ရက်အထိ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသောကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အနေဖြင့် လမ်းစရှာ ကြိုးစားနေဆဲဖြစ်သည်ဟု သိရသည်။ “အခုချိန်အထိ ဆရာကြီးနဲ့တွေ့နိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်။ ကျနော်တို့ဆီက ဆရာကြီးနဲ့တွေ့နိုင်အောင်…

    Read More »
  • Nov- 2022 -
    3 November
    သတင်း

    ကွတ်ခိုင် ကချင် ကျမ်းစာကျောင်းတွင် လက်နက်ကြီး ကျရောက်ပြီး ကျောင်းသား ၄ ဦး ထိခိုက်

    ရှမ်းမြောက် ကွတ်ခိုင်မြို့ KBC ကျမ်းစာကျောင်းထဲ စစ်တပ်ပစ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ ယနေ့ည ၈ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့ အမြောက်တပ်မှ လက်နက်ကြီး ပစ်ခတ်လိုက်ရာ ကျမ်းစာကျောင်း ယောကျာ်းလေးအဆောင်တွင်…

    Read More »
  • Feb- 2021 -
    3 February
    ရွေးကောက်ပွဲဆိုင်ရာ

    တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးကို ဦးထိပ်ထားသည့်အစိုးရလိုလားကြောင်း KBC ထုတ်ပြန်

    ‘တိုင်းရင်းသားများ၏ တန်းတူရည်တူအခွင့်အရေးကို ဦးထိပ်ထားဦးဆောင်သော အစိုရကိုသာလိုလားပြီး’ ဗဟိုဦးစီးစနစ်ကျင့်သုံး သည့် အာဏာရှင်စနစ်သည် သမ္မာကျမ်းစာဖြင့် ဆန့်ကျင်နေကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ် (KBC) က ဖေဖော်ဝါရီ ၃ ရက်နေ့ ယနေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။ တပ်မတော်က စစ်အာဏာသိမ်းပြီး ၃…

    Read More »
Back to top button