SNA

  • May- 2025 -
    23 May
    သတင်း

    ဟုမ္မလင်းနယ်မှာ SNA တပ်ရဲ့ တပ်သားသစ်စုဆောင်းခိုင်းမှုကြောင့် အုပ်ချုပ်ရေးမှူးများတိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်က အတင်းအဓမ္မလူသစ်စုဆောင်းခိုင်းမှုတွေကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကနေတဆင့် နာမည်စာရင်းကောက်ခံခိုင်းပြီး ပြည်သူ့စစ်မှုထမ်းအတွက် အတင်းအဓမ္မလူသစ် စုဆောင်းခိုင်းနေတာကြောင့် အုပ်ချုပ်ရေးမှူးတွေတိမ်းရှောင်နေရတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက…

    Read More »
  • 16 May
    သတင်း

    အင်းတော်ကြီးဒေသကို စစ်ကောင်စီ ပူးပေါင်းတပ်က လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်နေဆဲ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ဆနွန်းကုန်းကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်တွေက လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မေလ ၁၄ ရက်နေ့ကစပြီး အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်…

    Read More »
  • 1 May
    သတင်း

    အင်းတော်ကြီးမှာ SNA တပ်က နို့တိုက်မိခင်ပါမကျန် တပ်သားသစ်စုဆောင်းနေ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နဲ့ စစ်ကောင်စီပူးပေါင်းတပ်က နို့တိုက်မိခင်ပါမကျန် တပ်သားသစ်စုဆောင်းနေလို့ ပြည်သူများသွားလာရေးမှာ အခက်ကြုံနေတယ်လို့ ဒေသခံ တွေပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့တပ်မ ၃၃ လက်အောက်ခံတပ်နဲ့ SNA တပ် တွေဟာ အင်းတော်ကြီးဒေသရဲ့ အဝင်အထွက်တွေကို ပိတ်စို့ဂိတ်ထိုင်ထားပြီး…

    Read More »
  • Apr- 2025 -
    25 April
    သတင်း

    ဟုမ္မလင်းမှာ SNAနဲ့ PDF နှစ်ဖက်တပ်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုရှိခဲ့

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေမှော်မှာ SNA နဲ့ PDF တပ်ကြားပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံဆီက‌နေသိရပါတယ်။ ဧပြီလ ၂၃ ရက်နေ့ ဟုမ္မလင်းမြို့နယ်နောင်မိုးကျေးရွာရွှေမှော်နဲ့ ဆပ်ကယားကျေးရွာရွှေမှော်ထဲမှာ ရှမ်းအမျိုးသားများတပ်မတော်(SNA)နှင့် ဟုမ္မလင်း PDF တပ်ကြားနှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး အရပ်သား ၃…

    Read More »
  • 8 April
    သတင်း

    မိုးညှင်းမြို့၊ဘီလူးမြို့အပါအဝင် ရွာ ၂ ရွာကို SNA ပူးပေါင်းတပ်က အဝင်အထွက်ကန့်သတ်

    ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ဘီလူးမြို့အပါအဝင် ရွာ ‌‌၂ ရွာကို SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်ကအဝင်အထွက် ကန့်သတ်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၃ ရက်နေ့ မိုးညှင်းမြို့တွင်း ဗုံးပေါက်ကွဲမှု၊ ဧပြီလ ၇ ရက်နေ့…

    Read More »
  • Mar- 2025 -
    18 March
    သတင်းအင်းတော်

    အင်းတော်ကြီးဒေသမှာ လုပ်ငန်းရှင်တွေနဲ့ SNA ပေါင်းပြီး လယ်ယာမြေပျောက်ကွယ်လို့နီးပါးအထိ ရွှေတူးဖော်နေ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ SNAနဲ့ လုပ်ငန်းရှင်တို့ပူးပေါင်းပြီး စက်ယန္တရားကြီးများနဲ့ အကြီးစားရွှေတူးဖော်မှု ပိုဆိုးရွားလာတာကြောင့် လယ်ယာမြေကုန်သလောက်ဖြစ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် အင်းတော်ကြီးဒေသထဲက လုံးတုံ၊နန့်မွန်း၊ မိုင်းနောင်ဒေသမှာ ဒေသခံတစ်ချို့နှင့် ပြင်ပကဝင်ရောက်လာတဲ့လုပ်ငန်းရှင်များ ပူးပေါင်းပြီး ဘက်ဟိုးစက်ကြီးတွေနဲ့ အကြီးစားရွှေတူးဖော်စတင်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ် ဇွန်လမှာတော့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က အဲဒီဒေသထဲတပ်စွဲအထိုင်ချပြီး လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းကာ လယ်ယာမြေတွေမှာ စက်ယန္တရားကြီးများနဲ့ အကြီးစားရွှေတူးဖော်မှု ပိုမိုလုပ်ဆောင်လာကြတယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လယ်တွေက ကုန်သလောက်ဖြစ်နေပြီကော အခုဒီနှစ်ဆိုရင်လုပ်စရာလယ်တောင်မရှိကြတော့ဘူး လုပ်ငန်းရှင်တွေကစျေးကောင်းပေးဝယ်တော့အကုန်ရောင်းကုန်ကြတာ။ အဲ့မိုင်းနောင် မမုံကိုင်တကြောကလယ်တွေက ကုန်သလောက်ပဲရွှေတူးထားတော့ လယ်ကွင်းနဲ့မတူဘူး ဖားကန့်နဲ့တောင်တူသွားပြီမြေစာပုံတွေက”လို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။…

    Read More »
  • Feb- 2025 -
    18 February
    သတင်း

    ဗန်းမောက်မြို့နယ်ထဲက စခန်းကုန်းတစ်ခုကို စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်က ပြန်သိမ်းပိုက်

    စစ်ကိုင်း–ကချင်အစပ်၊ ဗန်းမောက်မြို့နယ်၊ ၅၇၁ ပွိုင့်အမည်ရှိတဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ နှစ်နှစ်ကျော် အထိုင်ချထားတဲ့ စခန်းကုန်းတစ်ခုကို စစ်ကောင်စီ နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA တို့က ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်ခဲ့ကြပြီး စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဘက်က လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်…

    Read More »
  • Jan- 2025 -
    27 January
    သတင်း

    ဖောင်းပြင်မြို့နယ် နယ်မြေအများစု ကို PDF ပူးပေါင်းတပ် ထိန်းချုပ်ထားနိုင်ဟုဆို

    ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် SNA ပူးပေါင်းတပ် စိုးမိုးထားတဲ့ နယ်မြေအများအပြားကို ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီလို့ သိရပါတယ်။ “ဒီကနေ့အထိဆိုရင် ကျနော်တို့ဘက်က ထိန်းထားနိုင်တဲ့ရွာတွေကတော့ သူတို့ကိုအထိနာပြီးအကျပ်ရိုက်စေတဲ့လွင်ကြီးရွာ၊ ဆိတ်ဆားရွာ၊ သရောင်းရွာရယ် မင်းယာရွာရယ်ပြီးတော့ တခြားရွာတွေလည်းအများကြီးပဲရွာ ပေါင်းကိုမနည်းတော့ဘူး ရွာတွေ မရှိသလောက်ဖြစ်သွားပြီဗျ မြို့နယ်ရဲ့…

    Read More »
  • Dec- 2024 -
    10 December
    သတင်း

    ဟုမ္မလင်းမြို့နယ်ထဲကအရေးပါတဲ့လမ်းပိုင်းတွေကို SNA နဲ့စစ်ကောင်စီတပ်ကပိတ်ထား

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင်း အရေးပါတဲ့လမ်းပိုင်းတွေကို SNAတပ်နဲ့ စစ်ကောင်စီတပ်တွေက ပိတ်ထားတယ်လို့သိရပါတယ်။ ပိတ်ထားတဲ့ လမ်းပိုင်းတွေဟာ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်း၊ ကုန်းကြောင်း ကားလမ်းပိုင်းကို စစ်ကောင်စီတပ်ဘက်က ပိတ်ထားသလို ဟုမ္မလင်း–နောင်ပိုအောင်–နန့်တောလမ်းကို  ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ဘက်ကပိတ်ထားတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “လောလောဆယ် မုံရာ–ဟုမ္မလင်း ရေကြောင်းလမ်းအထွက်ပဲရတော့တယ်ရှင့်။ မုံရွာဘက်ကနေဟုမ္မလင်းကိုတက်လာလို့မရတော့ ဒီကနေမုံရွာဘက်ကိုအထွက်ပဲရတယ်။ ဒါတောင်အလွတ်ပဲဘာမှပါလို့မရဘူး ဒီမှာပိတ်မိသွားတဲ့ယာဥ်တွေကိုထွက်ခိုင်းတာ”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။ မုံရွာ–ဖောင်းပြင်–ဟုမ္မလင်းကားလမ်းပိုင်းကိုတော့ နိုဝင်ဘာလ ၁၀ ရက်ကျော်ကတည်းက ပိတ်ထားတာဖြစ်ပြီး မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကိုတော့ နိုဝင်ဘာလ ၂၆ရက်နေ့ လောက်ကပိတ်လိုက်တာလို့သိရပါတယ်။ လက်ရှိ ဟုမ္မလင်းမြို့နယ်ထဲက ရေကြောင်း၊ ကုန်းကြောင်းအဝင်လမ်းတွေပိတ်ထားတာကြောင့် ကုန်စည်နဲ့ခရီးသွားလာရေးအတွက် လေကြောင်းတစ်ခုတည်းကိုပဲ အားထားနေရတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။ “ကုန်ပစ္စည်းတွေတော့မပြတ်ပါဘူး လေကြောင်းနဲ့ဝင်တယ် စျေးကြီးတာလေးတစ်ခုပါ့ ခါတိုင်း တစ်ထောင်လောက်ပေးဝယ်ရတဲ့ဟာက အခု ၁၅၀၀ ၊၂၀၀၀ တော့ပေးရတယ် ခရီးသွားမယ်ဆိုလည်း ဆယ်ငါးရက်တစ်လလောက်ကတော့ကြိုစောင့်ရတယ်။ လေကြောင်းတစ်ခုထဲဆိုတော့”လို့ သူကပြောပါတယ်။ ဟုမ္မမြို့အဝင်လမ်းပိုင်းတွေကိုစစ်ကောင်စီဘက်ကပိတ်ထားသလို ဟုမ္မလင်းမြို့အထွက်လမ်းပိုင်းဖြစ်တဲ့ ဟုမ္မလင်း–နန့်တော–နောင်ပိုအောင်လမ်းကိုလည်း SNA ဘက်ကစစ်ရေးအကြောင်းပြပြီးပိတ်ထားတယ်လို့ သိရပါတယ်။ “နောင်ပိုအောင် နန်တောလမ်းက SNA တွေက နောင်ပိုင်အောက်တံတကနေပိတ်ထားတာဟုတ်တယ် သူတို့ပေးထွက်ခိုင်းချင်တဲ့အခါမှပေးထွက်ခိုင်းတယ် လူလည်းမလာခိုင်ဘူးကုန်လည်းမဝင်ခိုင်စဘူးအဲ့ကြောင့်ဒုက္ခတွေရောက်နေကြတာဒီဘက်မှာကရွာထဲလူတောင်မရှိတော့ဘူးအခုက”လို့ နောက်ထပ်နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ နောင်ပိုအောင်–နန်တော–ဟုမ္မလင်းလမ်းပိုင်းကိုတော့ နောင်ပိုအောင်ကျေးရွာအနီးက SNA တပ်တွေထိုင်တဲ့ကျေးရွာသိမ်းတိုက်ပွဲတွေဆက်တိုက်ဖြစ်လာနေတာကြောင့် နိုဝင်ဘာလ ၁၀ရက်ကျော်ကတည်းက ပိတ်ထားလိုက်တာလို့သိရပါတယ်။ ဟုမ္မလင်းPDF ပူးပေါင်းတပ်တွေဟာ နောင်ပိုအောင်ကျေးရွာအနီးက SNA တွေထိုင်ထားနဲ့ မှန်ဟုန်ရွာ၊ နောင်ကောင်ကောင်းရွာ၊ခုံတမ်းရွာအပါကျေးရွာပေါင်းငါးရွာကို နိုဝင်ဘာလ ၂၀ ကျော်မှာသိမ်းပိုက်ထားပြီး ဆပ်ကယားကျေးရွာကိုတော့ ဒီဇင်လဘာလဆန်းပိုင်းမှာထပ်မံသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲကအရေးပါတဲ့ ကုန်းကြောင်း၊ရေကြောင်းလမ်းတွေကိုအခုလိုပိတ်ထားတာကြောင့် ခရီးသွားပြည်သူတွေပိတ်မိနေတာ၊ တိုက်ပွဲကြောင့်တိမ်းရှောင်လိုတဲ့စစ်ဘေးရှောင်တွေဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ခက်ခဲနေတဲ့အပြင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာတွေဖြစ်နေတယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာနဲ့နယ်စပ်မှာရှိတာဖြစ်ပြီး မကြာခနဆိုသလို KIA ပူးပေါင်းတပ်နဲ့ SNA ပူးပေါင်တပ်အကြား တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလကုန်းပိုင်းနဲ့ ဒီဇင်ဘာလဆန်းပိုင်းအတွင်း ဟုမ္မလင်းမြို့နယ်ထဲက SNA တပ်စခန်းတစ်ချို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပါတယ်။ By – Zaw Zaw

    Read More »
  • 2 December
    သတင်း

    ဟုမ္မလင်းမြို့နယ်မှာ NLD ပါတီဝင်နဲ့ နဲ့ PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ် ဖမ်းဆီးနေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေး NLD ပါတီဝင်င်မိသားစုနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင် မိသားစုတွေကို SNA တပ်က မိသားစုလိုက် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ် အင်အားအများအပြားနဲ့တပ်ထိုင်ထားတဲ့ ဟုမ္မလင်းမြို့ပေါ် နောင်ပိုအောင်ကျေးရွာထဲမှာ နိုဝင်ဘာ ၂၀ရက်နေ့စပြီး  NLD ပါတီဝင်တွေနဲ့ PDF တပ်ဖွဲ့ဝင်မိသားစုတွေကို လိုက်လံဖမ်းဆီးပြီး ရိုက်နက်တာတွေရှိနေတယ်လို့ နောင်ပိုအောင်ကျေးရွာနေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဒီမှာတော့အရမ်းဖမ်းနေတယ် မိသားစုထဲက PDF ထဲမှာဝင်ထားတဲ့သူတွေရှိတဲ့အိမ်ဆိုရင် မိသားစုလိုက် လိုက်ဖမ်းတယ်။ အရင်က NLD မှာမဲစာရင်းလိုက်ကောက်တဲ့ အိမ်တွေလည်းလိုက်ဆွဲတယ် အခုထိမလွတ်သေးဘူး မိသာစုလိုက်အကုန်ဖမ်းတာ”လို့သူကပြောပါတယ်။ အခုလိုဖမ်းဆီးရာမှာတော့ ကလေးလူကြီး၊သက်ကြီးရွယ်အို မရွေးဖမ်းဆီးနေတာဖြစ်ပြီး ပြန်လွတ်ပေးတာရှိသလို ရက်ရှည်ဖမ်းဆီးထိန်းသိမ်းခံရသူတွေရှိတယ်လို့ သိရပါတယ်။ “မိသားစုတစ်စုဆိုရင် နေမကောင်းဖြစ်နေတဲ့မိန်းမကြီးတစ်ယောက်ပဲကျန်ထားတယ် ကျန်တဲ့ သားနှစ်ယောက်ရယ်သမီးနှစ်ယောက်ရယ်ဖမ်းသွားတယ် သူ့ယောကျ်ားရယ် အဲ့နေမကောင်းလို့ကျန်ခဲ့တဲ့မိန်းမက နောက်နေ့ဆုံးသွားတာ။ သဂြိုလ်တဲ့ချိန်တောင် သူ့ယောက်ကျားနဲ့ကလေးတွေအကုန်မလွတ်ပေးဘူး သမီးနှစ်ယောက်ထဲကိုပဲလွတ်ပေးတယ်”လို့ နောက်ထပ် ဟုမ္မလင်းမြို့ အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး နောင်ပိုကျေးရွာမှာစတင်ဖမ်းဆီးလာရာကနေ နိုဝင်ဘာလ ၂၇ ရက်နေ့စ ဟုမ္မလင်းမြို့ပေါ် ဖမ်းဆီးမှူတွေ စတင်လုပ်ဆောင်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ဟုမ္မလင်းမြို့ပေါ်နဲ့ နောင်ပိုကျေးရွာထဲမှာရှိတဲ့ ဒေသခံပြည်သူတစ်ချို့ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “နောင်ပိုအောက်ဘက်စစဖမ်းတာအခုဒီဘက်ကိုလည်းဖမ်းနေပြီကြားတော့ တချို့ကိုယ့်ကိုကိုယ်စိုးရိမ်တဲ့သူကတိမ်းရှောင်နေကြပြီနဂိုကတည်းက စစ်ဘေးကြောက်လို့ပြေးရတာအခုဖမ်းလို့ဆိုပြီးထပ်ပြေးနေရပြီ”လို့ ဟုမ္မလင်း မြို့အမှတ် ၂ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ဟုမ္မလင်းမြို့ပေါ်မှာ LND မိသားစုဝင် ၅ ဦးထက်မနက်ဖမ်းဆီးခံထားရပြီး နောင်ပိုအောင်ကျေးရွာထဲမှာတော့ လင်းသုခရွှေဆိုင်ပိုင်ရှင် မိသားစုဝင်သုံးဦး၊ ရွှေစံအိမ် ကလေးအရုပ်အရောင်းဆိုင်ကနေ မောင်နှမနှစ်ဦး၊ ဒေါ်သန်းဝေ အသက် ၅၀ ဝန်းကျင်တစ်ဦးနဲ့ NLD ပါတီဝင်မိသားစုဝင် ၅ ဦး စုစုပေါင်း ၁၁ ဦးအထိဖမ်းဆီးထားပြီး ရိုက်နက်တာမျိုးတွေရှိနေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်အနောက်ခြမ်း နောင်ပိုအောင်တကြောက SNA စစ်သားတွေတပ်ထိုင်ထားတဲ့ ပန်ချယ်၊ ဆိုင်းပန်ကုန်း၊ ပါဟုတ်ကြီးကျေးရွာတွေ KIA ပူးပေါင်းတပ်က နိုဝင်ဘာလအတွင်း သိမ်းပိုက်လိုက်တဲ့နောက် SNA တပ်က အခုလိုအရပ်သားတွေကို မတရားဖမ်းဆီးတာတွေ လုပ်ဆောင်လာတာလို့ ဒေသခံတွေကဆိုပါတယ်။ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဟာ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာနယ်စပ်မှာရှိပြီး ပြီးခဲ့တဲ့ အောက်တိုဘာလစ KIA၊KPDF ပူးပေါင်းတပ်နဲ့ စစ်တပ်၊ SNA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေသလို ဒီနေ့ထိ စစ်ရေးတင်းမားနေတာလည်း ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
Back to top button