ခေါင်လန်ဖူး

  • Jul- 2025 -
    21 July
    သတင်း

    ခေါင်လန်ဖူး-ပူတာအိုလမ်းပျက်စီးမှု တစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်းမရှိသေး

    ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းပျက်စီးမှုတစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် အသွားအလာပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ပထမအပတ်ကနေ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ခေါင်လန်ဖူး –ပူတာအိုကားလမ်းပိုင်း နေရာအများပိုင်း လမ်းမြေပြိုတာ၊တောင်ပြိုတာတွေကြောင့် လမ်းပိုင်းသွားလာလို့မရပဲ ဒီကနေ့အထိ အသွားအလာပြတ်တောက်နေတာဖြစ်တယ်လို့ ခေါင်လန်ဖူး ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လမ်းကအခုထိရှင်းကိုမရှင်းသေးတာ ဟိုတလောတခါပြိုတုန်းက ရှင်းသေးတယ်။ ဒါပေမယ့်ထပ်ပြိုထပ်ပြိုတော့ရှင်းလည်းမထူးတော့ဘူးဆိုပြီး အခုက မရှင်းတော့တာ မိုးကုန်မှပဲရှင်းမယ်တဲ့။ အဲ့ချိန်မှသွားလို့ရမှာအခုလမ်းကသွားလို့မရတာ တစ်လကျော်နေပြီ”လို့ အသက် ၄၀ ကျော်အရွယ်ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ခေါင်လန်ဖူး– ပူတာအိုကမ်းလမ်းပိုင်းမှာ ဒီနှစ် မတ်လမှာတစ်ကြိမ် လမ်းပိုင်းမြေပြိုမှုဖြစ်ခဲ့ပြီး ဒေသခံတွေပြန်လည်ပြုပြင်ခဲ့ပေမယ့် ယင်းနေရာမှာထပ်ပြိုခဲ့တာကြောင့် မိုးရာသီကုန်မှသာ ပြုပြင်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။  ကားလမ်းပြိုတဲ့နေရာဟာ ပူတာအို–ခေါင်လန်ဖူး လမ်းရှိ ရီဒမ်းဂိတ်တစ်လျှောက်အဆိုးဆုံးလို့သိရပြီး တစ်လမ်းလုံးနီးပါးပြိုထားတာကြောင့်ပြန်လည်ပြုပြင်ဖို့ လနဲ့ချီကြာနိုင်တယ်လို့သိရပါတယ်။ “လမ်းကဒီရှစ်လကုန် ကိုးလပိုင်းလောက်မှရှင်းမယ်တဲ့ အခုရှင်းလည်းမိုးရွာရင်ထပ်ပြိုမှာဆိုတော့ အခုကမရှင်းတော့ဘူး ရှစ်လ၊ကိုးလ လောက်မှသွားလာလို့ရမှာ”လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ယင်းလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်ပြီး အခုလိုအသွားအလာပြတ်တောက်နေတဲ့အတွက် ခေါင်လန်ဖူးဒေသခံအတွက် အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို တရုတ်ပြည်နယ်စပ် ဝင်ပေါက်ဖြစ်တဲ့ရှိန်းခေါင်လမ်းပိုင်းကိုအသုံးပြုနေရတယ်လို့သိရပါတယ်။ ရှိန်းခေါင်လမ်းပိုင်းဟာ ကားသွားလို့မရတာတာကြောင့် ကုန်သယ်ယူဖို့ အခက်အခဲရှိနေပြီး ကုန်စည်အဝင်နှေးတဲ့အတွက် ကုန်စည်ရှားပါးတာ၊ကုန်စျေးတက်တာတွေလည်းကြုံတွေ့နေရကြောင်းဒေသခံတွေကဆိုပါတယ်။ ပူတာအို –ခေါင်လန်းဖူး  ကားလမ်းပိုင်းဟာမြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲသွားလာနေရတဲ့လမ်းပိုင်းဖြစ်ပါတယ်။ ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဇွန်လပိုင်းက မိုးရွာသွန်းမှုကြောင့်ကျေးရွာချင်းဆက်တံတားကြီး ၅ စင်းနဲ့လမ်းပိုင်းအများအပြားပျက်စီးခဲ့ပြီးတချို့နေရာတွေမှာဒီကနေ့အထိအသွားအလာပြတ်တောက်နေဆဲ လို့သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • May- 2025 -
    13 May
    သတင်း

    နောင်မွန်မှာ စစ်သင်တန်းဆင်းထားတဲ့လူငယ်တွေကို ခေါင်လန်ဖူးပို့ဖို့ စစ်တပ်ပြင်ဆင်နေ

    ကချင်ပြည်နယ်၊ နောင်မွန်မြို့ပေါ်မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်းပေးနေပြီး သင်တန်းဆင်းတဲ့သူတွေကို ခေါင်လန်ဖူးဘက် ပို့ဖို့ပြင်‌ဆင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့နောင်မွန်ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး နောင်မွန်မြို့ပေါ်နဲ့ကျေးရွာတစ်ချို့လူငယ်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်းပြီးပြည်သူ့စစ်လုပ်ဖို့လိုက်လံစုဆောင်းခဲ့တာဖြစ်တယ်လို့ သိရပါ။ အဲဒီနောက် ဧပြီလတစ်လလုံး စစ်သင်တန်းပေးပြီး သင်တန်းဆင်းထားတဲ့သူတွေကို ခေါင်လန်ဖူးဘက်…

    Read More »
  • 2 May
    သတင်း

    မိုးရွာသွန်းမှု‌ကြောင့် ပူတာအို-ခေါင်လန်ဖူးကားလမ်း ဆိုးဆိုးဝါးဝါးပျက်စီး

    ကချင်ပြည်နယ် အထက်ပိုင်းမှာမိုးသည်းထန်စွာရွာသွန်းလို့ ပူတာအိုခရိုင်၊ ခေါင်လန်ဖူး–ပူတာအိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်လို့သိရပါတယ်။ ဧပြီလ တတိယအပတ်မှာ ရွာသွန်းခဲ့တဲ့မိုးကြောင့် ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းမြေပြိုပြီး အသွားလာပြတ်တောက်တဲ့အထိ ပျက်စီးနေတယ်လို့ ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပူတာအိုကနေတက်သွားရင် ရီဒမ်းဂိတ်အထိ ရီဒမ်းကနေ ငွားလုံဒမ်းရွာအထိပဲရတယ် ငွားလုံဒမ်းကနေဟိုဘက်ကိုတော့လုံးဝသွားလို့မရဘူး…

    Read More »
  • Mar- 2025 -
    26 March
    သတင်း

    မိုးရွာသွန်းမှုကြောင့် ပူတာအို – ခေါင်လန်ဖူး ကားလမ်းဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာပြတ်တောက်

    မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာတွေပြတ်တောက်နေတယ်လို့သိရပါတယ်။ ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းမှာ မတ်လလဆန်းကတည်းကစပြီး လက်ရှိအချိန်အထိ မိုးတွေအဆက်မပြတ်ရွာသွန်းနေတာကြောင့် ကားလမ်းပိုင်း​မြေပြိုတာ၊ တံတားတွေပျက်စီးတာတွေကြောင့် ကား၊ဆိုင်ကယ်တွေအသွားအလာပြတ်တောက်နေတယ်လို့ ခေါင်လန်ဖူးမြို့ နေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ခေါင်လန်ဖူးလမ်းက သွားလို့မရတာဒီပတ်နဲ့ဆို နှစ်ပတ်တိတိရှိပြီနော် တစ်နေရာ နှစ်နေရာပဲ…

    Read More »
  • Jan- 2025 -
    27 January
    သတင်း

    ပူတာအို-ခေါင်လန်ဖူး ကားလမ်းကို ရီဒမ်းဂိတ်ကနေ ပိတ်ထား

    ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းကို ရီဒမ်းဂိတ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။ ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းကို ရီဒမ်း ကြိုးတံတားဂိတ်ကနေ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကတည်းက…

    Read More »
  • Jan- 2024 -
    3 January
    သတင်း

    ခေါင်လန်ဖူး ခရန်ထီဒမ်းပြည်သူ့စစ်တပ်စခန်း တိုက်ခိုက်ခံရ

    ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ခရန်ထီဒမ်း ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပူတာအိုနဲ့ ခေါင်လန်ဖူး မြို့နယ် ၂ခုကြားမှာ တန်ဂူးတန်ဦးဆောင်တဲ့ ခေါင်လန်ဖူးဌာနယ်ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ တပ်စခန်းရာ ကို…

    Read More »
  • Jun- 2023 -
    27 June
    သတင်း

    ကားလမ်းပိုင်းပျက်စီး နေသည့်အတွက် နောင်မွန်းနှင့်ခေါင်လန်ဖူးဒေသ ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေ

    မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပူတာအို – နောင်မွန်း  ကားလမ်းပိုင်းတွင် မြေပြိုမှုဖြစ်ပွားနေသည့် တစ်ပတ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း ပြုပြင်မှုမပြီးစီးသေးသည့်အတွက် နောင်မွန်နှင့် ခေါင်လန်ဖူးဒေသတွင် ကုန်စျေးနှုန်းများအဆမတန် မြင့်တက်သောကြောင့် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။ ဇွန်လ ၁၀ ရက်နေ့ခန့်မှ စတင်ကာ…

    Read More »
  • Jul- 2021 -
    28 July
    သတင်း

    ခေါင်လန်ဖူး တရုတ်နယ်စပ် ကျေးရွာတွင် ကိုဗစ်လက္ခာဖြင့် သေဆုံးသူများရှိနေ

    ခေါင်လန်ဖူးမြိုနယ် တရုတ်နယ်စပ်ကျေးရွာဖြစ်သော လန်းဒဂျောင်ဒေသတွင် ယခင်ကမဖြစ်ဖူးသော ကိုယ်ပူ၊ လေချောင်းနာ၊ ဖျားနာ စသော ကိုဗစ်လက္ခာများဖြင့် ယခုလအတွင်း သေဆုံးသူ ၄ ဦးရှိလာသဖြင့် ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နှင့် မိုင် ၄၀…

    Read More »
  • Apr- 2021 -
    22 April
    သတင်း

    ခေါင်လန်ဖူး လူငယ် ၆ ဦးကို မဂွေဇဂိတ်စောင့် ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်မှ ဖမ်းဆီး

    ခေါင်လန်ဖူးဒေသမှ ပူတာအိုဒေသသို့ လာရောက်သည့် ခေါင်လန်ဖူး လူငယ် (၆)ဦးအား ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် နောင်မွန်းမြို့နယ် မဂွေဇကြိုးတံတားစောင့် ခေါင်လန်ဖူး (ဌာနေ) ပြည်သူ့စစ်မှ ဖမ်းဆီးကာ နောင်မွန်းမြို့သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိပါတယ်။ မည်သည့်…

    Read More »
  • May- 2020 -
    23 May
    သတင်း

    ခေါင်လန်ဖူးမြို့နယ် မြေဧက ၃ သိန်းကျော်တွင် သတ္တုတူးဖော်မည့်အစီစဉ် ဒေသခံများ စိုးရိမ်

    ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် က မြေဧက ၃ သိန်းကျော်တွင် သတ္တုတူးဖော်ရေးအစီစဉ်အတွက် စမ်းသပ်ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်ရန် အစိုးရက နိုင်ငံခြားကုမ္ပဏီတစ်ခုကို ခွင့်ပြုလိုက်ပြီးနောက် ဘိုးဘွားပိုင်နယ်မြေများ ပျက်စီးဆုံးရှုံးသွားမည်ကို ဒေသခံများစိုရိမ်နေကြသည်။ ၂၀၁၈ ခုနှစ်တွင် ခေါင်လန်းဖူးမြို့နယ်အတွင်းရှိ မြေဧက ၃သိန်းတွင်…

    Read More »
Back to top button