သတင်း

ခေါင်လန်ဖူး ခရန်ထီဒမ်းပြည်သူ့စစ်တပ်စခန်း တိုက်ခိုက်ခံရ

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ခရန်ထီဒမ်း ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပူတာအိုနဲ့ ခေါင်လန်ဖူး မြို့နယ် ၂ခုကြားမှာ တန်ဂူးတန်ဦးဆောင်တဲ့ ခေါင်လန်ဖူးဌာနယ်ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ တပ်စခန်းရာ ကို စခန်းသိမ်းတိုက်ပွဲအဖြစ် ဇန်နဝါရီလ ၂ ရက်နေ့ နံနက်အစောပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ၂ ဖက်တပ် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခေါင်လန်ဖူးဘက်ကို အဆက်အသွယ်ရှိတဲ့ ပူတာအိုဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

တိုက်ပွဲစဖြစ်တာကတော့ မနေ့ကနေ စဖြစ်တယ်။ KIA နဲ့ ကာကွယ်ရေးတပ်တွေက ဝင်တိုက်တယ်လို့ပြောပါတယ်။ တိုက်ပွဲအခြေအနေကတော့ မနေ့က တစ်ရက်လုံးတိုက်ပွဲဖြစ်တယ်။ KIA က စခန်းသိမ်းခါနီးမှာ စစ်တပ်က လေယာဉ်နဲ့ ပြန်လာပစ်လို့ ပြန်နောက်ဆုတ်သွားရတယ်လို့ပြောတယ်။ ပြန်သိမ်းနိုင်တယ်လို့လည်း ပြန်ကြားရတယ်လို့ ဒါပေမယ့် ဖုန်းလိုင်းအရမ်းခက်တော့ အသေးစိတ်မသိရသေးဘူးလို့ပြောပါတယ်။

KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)တွေ မနက်ပိုင်း ၁၂ လောက်အထိ စခန်းသိမ်းနိုင်လောက်အထိ တိုက်ခိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကနေ တစ်ရက်လုံး ၃ ကြိမ်တိုင်တိုင် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် လက်ရှိမှာ စခန်းသိမ်းနိုင်မှုရှိမရှိ အသေးစိတ် သိရှိဖို့ ခက်ခဲနေသေးတယ်လို့ သူက ဆက်ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့acg စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့တပ်ဖွဲ့တွေ အင်အား ၆၀ ဝန်းကျင်လောက် ၁၀ စုနှစ်ကျော် တပ်ချထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး ပူတာအိုမြို့နယ်နဲ့ ခေါင်လန်ဖူး ဒေသအဝင်အထွက်ကို အဓိက ထိန်းချုပ်ထားတဲ့ ဌာနယ်ပြည်သူ့စစ်တပ်စခန်းကြီး တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရန်ထီဒမ်း ခရန်ထီဒမ်း ပြည်သူ့စစ်စခန်းဟာ KIA တပ်မဟာ () လက်အောက် တပ်ရင်း (နဲ့ အနီးမှာ ရှိနေတာကြောင့် စခန်းသိမ်းပိုက်ဖို့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ ပူတာအိုဒေသခံက ဆက်လက်သုံးသပ်ပါတယ်။

သွားရောက်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီးတော့ အချက် ၂ ခုရှိမယ်လို့ထင်ပါတယ်။ တစ်ခုကတော့ KIA တပ်ရင်း ၇ နဲ့ နီးတဲ့နေရာမှာ ရှိတာဖြစ်တဲ့အတွက် ရှင်းလင်းချင်တာဖြစ်နိုင်တယ်။ ပြီးရင် နောက်တစ်ခုက အဲ့ဒီစခန်းကနေ ပူတာအိုနဲ့ ခေါင်လန်ဖူး အဝင်အထွက် လုံခြုံရေးယူထားတဲ့ စခန်းတစ်ခုဖြစ်တာကြောင့်လည်းပါမယ်လို့ထင်ပါတယ်လို့ပြောပါတယ်။

ခရန်ထီဒမ်း ခေါင်လန်ဖူးဌာနယ်ပြည်သူ့စစ်တပ်စခန်းဟာ ပူတာအိုမြို့နယ်နဲ့ နောင်မွန်း၊ ခေါင်လန်ဖူး မြို့နယ်တွေကို စစ်ရေးအရ လုံခြုံရေး ရယူဖို့ရန်အဓိက တပ်ချထားတဲ့ ရှေ့တန်းတပ်စခန်းအကြီးတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလို ခရန်ထီဒမ်းမှာရှိတဲ့ ပြည်သူ့စစ်တပ်စခန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ခါကာဘူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တာဝန်ရှိသူတစ်ယောက်ကအဲ့ဘက်က ဖုန်းလိုင်းမရတော့ အဆက်အသွယ်လုပ်ဖို့ တအားခက်နေသေးတယ်။ ပြောနိုင်တာက ခရန်ထီဒမ်းစခန်းကို သွားတိုက်တာမှန်ပါတယ်။ စစ်ကောင်စီဘက်ကနေ လေယာဉ်လာပစ်ကူနေတယ်။ အဲ့ကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်အဲလောက်ပဲသိရသေးတယ်

လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်တွေမှာ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တာကြောင့် ခရန်ထီဒမ်းကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ ပူတာအိုမြို့ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာကြောင့် ခရန်ထီဒမ်းဒေသခံတွေက ဆယ်စုနှစ်တစ်ခုအကြာ နေရပ်စွန့်ခွာထားတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button