စစ်ကိုင်း

  • Jul- 2023 -
    7 July
    သတင်းပြီးခဲ့တဲ့ မေလ၂၇ရက်နေ့ လက်နက်ကြီးထိမှန်မူကြောင့် ခြေထောက်ဖြတ်လိုက်ရတဲ့ကလေးငယ်

    လက်နက်ကြီးကြောင့် ခြေတစ်ဖက်ဖြတ်လိုက်ရတဲ့ကလေးငယ်အတွက် အကူညီများလိုအပ်နေ

    စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောာင်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မူကြောင့်လက်နက်ကြီးထိမှန်ပြီး ခြေထောက်ဖြတ်လိုက်ရတဲ့ ကလေးငယ်အတွက် အကူညီများလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေထံကသိရပါတယ်။ ပြီးခဲ့တဲ့ မေလ၂၇ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း ရေလဲဦး၊ပေါက်ခုံအနားမှာဖြစ်ပွားခဲ့တဲ့စစ်ကောင်စီ တပ်နဲ့ကာကွယ်ရေးတပ်တွေရဲ့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း၆နှစ်အရွယ်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်ခဲ့တာဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူ ကိုသူရိန်ဇင်ကပြောပါတယ်။ “ပြီးခဲ့တဲ့မေလလောက်ကတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်တယ်ဗျ အဲ့ချိန် ပြည်သူတွေကလည်း စစ်ဘေးရှောင်နေကြတာပေါ့လှည်းတွေဆိုင်ကယ်တွေနဲ့ပြေးကြတဲ့အချိန် လက်နက် ကြီးကျတာဗျအသက်တော့ ကယ်လိုက်နိုင်ပေမဲ့ ညာဖက်ခြေထောက်တော့ဖြတ်လိုက်ရတယ်ဗျ ကူညီပံ့ပိုးမူ…

    Read More »
  • 4 July
    ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတ်ဖြတ်ခံလိုက်ရတဲ့ ပကဖဝင် ၅ ဦး

    တလိုင်းကျေးရွာစီးနင်းခံရပြီး PDF ၅ ဦးသေဆုံး

    စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာမှာ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့စစ်ကြောင်း  ဝင်ရောက်စီးနင်းလာပြီး ရွာထိပ်မှာ ကင်းစောင့်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖွဲ့ဝင် ( ပကဖ) ၅ ဦးကို သတ်ဖြတ်သွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက…

    Read More »
  • 3 July
    စစ်ပြေးဒုက္ခသည်များနန့်သာရွာက လေတန်ချောင်းပုံ

    နန့်သာကျေးရွာ လေးတံချောင်းတံတားမှာ စစ်တပ်က စစ်ဆေးမှုတင်းကြပ်နေပြီး သတ်ဖြတ်ခံရသူများရှိနေ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသ နန့်သာကျေးရွာမှာရှိတဲ့ လေးတန်ချောင်းကူးတံတားပေါ်မှာ စစ်ကောင်စီတပ်က ဂိတ်ထိုင်ပြီး အစစ်အဆေး တင်းကြပ်နေတဲ့အပြင် အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေရှိနေတယ်လို့ အင်းတော်ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ ဝန်းကျင်က မတ်လကနေစပြီး လေးတန်ချောင်းတံတားပေါ်မှာ ဂိတ်အထိုင်ချပြီးတော့ ခရီးသွားပြည်သူတွေနဲ့ မော်တိတ်ဒေသခံတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့အပြင် သံသယရှိတဲ့သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတာတွေလုပ်နေတယ်လို့ မော်တိတ်ဒေသ အောင်းကုန်းကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “နန့်သာရွာထဲမှာသတ်ခံရတာ…

    Read More »
  • Jun- 2023 -
    24 June
    သတင်း

    ဝက်လက်မြို့နယ်  ဒေသခံ၂ဦး သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် အနောက်ခြမ်း တကောင်းမင်းကျေးရွာမှ ဒေသခံအမျိုးသားနှစ်ဦး စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်ဟု Wetlet Imformational Network အဖွဲ့ထံမှ သိရသည်။ ဇွန်လ၂၂ရက်နေ့ မနက်ပိုင်း ၉နာရီခန့် ဝက်လက်မြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့များသည် တကောင်းမင်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Wetlet Imformational Network မှတာဝန်ရှိသူ တစ်ဦးကပြောသည်။…

    Read More »
  • 19 June
    သတင်း

    ကန့်ဘလူတွင် နှစ်ပတ်အတွင်းမြွေကိုက်ခံရသူ ၉ ဦးအထိ ထပ်တိုးလာ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ နှစ်ပတ်အတွင်း ၉ ဦးအထိ ရှိလာသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။ ဧပြီလအတွင်း မြွေကိုက်ခံရသူ ၄ ဦး၊ မေလတွင် မြွေကိုက်ခံရသူ ၈ ဦးအထိရှိခဲ့ရာ ယခုဇွန်လ လဝက်အတွင်း မြွေကိုက်ခံရသူ…

    Read More »
  • May- 2023 -
    26 May
    တိုက်ပွဲ

    ဗန်းမောက် တစ်ပတ်တာတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်တစ်ဦးအပါအဝင် ၄၀ ခန့်သေဆုံး

    စစ်ကိုင်း– ကချင်နယ်စပ် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDF ပူးပေါင်းတပ်တို့ကြား တစ်ပတ်တာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်တစ်ဦးအပါအဝင် အကျအဆုံး ၄၀ ဝန်းကျင်ထိ ရှိခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကတော့ မနေ့ကထိဖြစ်နေတာ နားလိုက်ဖြစ်လိုက်နဲ့ တစ်ပတ်ကျော်ပြီ။ မနေ့ကဆို သူတို့ဘက်ကအထိနာတော့ ည ၉ နာရီလောက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်။ သူတို့ဘက်က ဒီတိုက်ပွဲမှာ ၄၀…

    Read More »
  • Mar- 2023 -
    7 March
    သတင်း

    ဖားကန့်တွင် စစ်ကိုင်းမှ လာရောက်တိမ်းရှောင်နေသည့် NLD ပါတီဝင်တစ်ဦး ဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာအုပ်စု ဖားပြင်ကျေးရွာတွင် လာရောက်တိမ်းရှောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီဝင်တစ်ဦး မတ်လ ၆ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ကြောင်းသိရသည်။ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် NLD ပါတီဝင်တစ်ဦးဖြစ်သည့် အသက် ၄၀ နှစ်အရွယ်…

    Read More »
  • Feb- 2023 -
    8 February
    တိုက်ပွဲ

    စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

    စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသည့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၈ နှင့် တပ်မဟာ ၉ နယ်မြေများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဒေသခံများ…

    Read More »
  • Jan- 2023 -
    20 January
    တိုက်ပွဲ

    မိုးတားလေးတိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူးတစ်ဦးကျဆုံးသဖြင့် ဂျက်ဖိုက်တာ ၂ စီးဖြင့် ထပ်မံပစ်ခတ်နေ

    စစ်ကိုင်း–ကချင်အစပ် မိုးတားလေးတိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ABSDF၊ KPDF ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ကာ ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှူးတစ်ဦးကျဆုံးပြီး လက်ရှိချိန်တွင်လည်း ဂျက်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်နေကြောင်း KPDF ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့မှစကာ ကသာ၊ ချောင်းဝကျေးရွာမှ…

    Read More »
  • Oct- 2021 -
    30 October
    သတင်း

    စစ်ကိုင်းတိုင်း ကျေးရွာအချို့ တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုများပြုလုပ်ကာ ပြည်သူအချို့ ဖမ်းဆီးခံထားရ

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုလားလူးရွာမှ အပြစ်မဲ့ပြည်သူတစ်ယောက် ယနေ့ နံနက်ပိုင်းက အပစ်ခံရကာ ပြည်သူ ၈ဦးထိလည်း ဖမ်းဆီးခံထားရကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။ “ရွာထဲ စစ်သားတွေဝင်လာတော့ ထွက်ပြေးရင်း စစ်သားတွေက လိုက်ပစ်တဲ့အချိန် သေနတ်မှန်တာလို့ သိရတယ်။ ပြီးတော့…

    Read More »
Back to top button