စစ်ကြောင်းထိုး

  • May- 2025 -
    16 May
    သတင်း

    အင်းတော်ကြီးဒေသကို စစ်ကောင်စီ ပူးပေါင်းတပ်က လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်နေဆဲ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ဆနွန်းကုန်းကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်တွေက လေကြောင်းအသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မေလ ၁၄ ရက်နေ့ကစပြီး အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်…

    Read More »
  • 13 May
    သတင်း

    ဖားကန့် ဒေသကို စစ်တပ်က စစ်မျက်နှာ ၃ ခုကနေထိုးစစ်ဆင်နေဆဲ

    ကချင်ပြည်နယ် ဖားကန့်ဘက်ကို စစ်မျက်နှာ ၃ ခုကနေ အင်အားအလုံးအရင်းနဲ့ ထိုးတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခံနေတဲ့အတွက် ဖားကန့်မြို့ဝင်ပေါက် ၃ နေရာစလုံးမှာ စစ်ရေးတင်းမာနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ ကားမိုင်းလမ်း၊ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာမှာရောက်ရှိနေတဲ့…

    Read More »
  • 9 May
    သတင်းHpakant

    တိုက်ပွဲဖြစ်နေတဲ့ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာမှာ စစ်တပ်က လေကြောင်းပစ်ကူနေ

    ဖားကန့်ဘက်ကိုဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဆိုင်းဖရာကျေးရွာ အရောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်ခံရတဲ့အတွက် ဆက်မတက်နိုင်ဘဲ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ကားမိုင်း – မအူပင် ကားလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်တွေက…

    Read More »
  • Apr- 2025 -
    28 April
    သတင်း

    အင်းတော်ကြီးဒေသထဲ စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ရွာပေါင်း ၅ ရွာက ပြည်သူများတိမ်းရှောင်

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လက်ပံဆိုက်ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာကြောင့် ရွာပေါင်း ၅ ရွာက ပြည်သူများ တိမ်းရှောင်နေရတယ်လို့‌ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၇ ရက်နေ့ စစ်ကား ၅ စီး၊ အင်အား ၁၀၀…

    Read More »
  • 26 April
    သတင်း

    ကသာကို စစ်တပ်က လေကြောင်းအသုံးပြုအင်အားဖြည့်

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ထဲ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီးအင်အားဖြည့်တင်းခဲ့တယ်လို့ KNG က စုံစမ်းသိရပါတယ်။ ကသာမြို့နယ်ကိုစစ်အင်အားထပ်ဖြည့်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝန်းသိုမြို့နယ်ကိုရောက်ရှိနေတဲ့တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၁…

    Read More »
  • 24 April
    သတင်း

    အပစ်ရပ်ကြေညာထားတဲ့ စစ်တပ် ဖားကန့်ဘက်ကို အင်အားထောင်ချီသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ KIO ပြော

    ကချင်ပြည်နယ် ဖားကန့်ဒေသဘက်ကို စစ်ကောင်စီတပ်က စစ်အင်အားတစ်ထောင်ဝန်းကျင်အသုံးပြုပြီး လမ်းကြောင်းနှစ်ခုကနေ ထိုးစစ်ဆင်တိုက်ခိုက်လာနေတယ်လို့ KIO ပြောပါတယ်။ ဒီလဆန်းပိုင်းကစပြီး အင်းတော်ကြီးဒေသဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တစ်လဝန်းကျင်ခန့်အကြာ တနိုင်းလီဒိုလမ်းမပေါ် လဝါးကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖားကန့်ဒေသဘက်ကို ဦးတည်ပြီးထိုးစစ်ဆင်လာတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ…

    Read More »
  • 23 April
    သတင်း

    အပစ်ရပ်ကာလထပ်တိုးကြောင်းကြေညာနေတဲ့ စစ်ကောင်စီတပ် အင်းတော်ကြီးဒေသမှာ လေကြောင်းတိုက်ခိုက်နေ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်က မြေပြင်စစ်အင်အားတိုးချဲ့နေတဲ့အပြင် လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ဧပြီလ ၁၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ပူးပေါင်းတပ်ဟာ အင်းတော်ကြီးဒေသ KIA နဲ့ PDF ပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ ဆနွမ်းကုန်း(Sanun Kawng) ဘက်ကို စစ်ကြောင်းထိုးဝင်လာပြီး စစ်ရေးလှုပ်ရှားမှုတွေစတင်လာတာလို့ သိရပါတယ်။ အဲဒီစစ်ကြောင်းကို  KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် ဧပြီလ ၂၂ ရက်နေ့…

    Read More »
  • Feb- 2025 -
    14 February
    သတင်း

    KIA သိမ်းပိုက်ထားတဲ့ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာကို စစ်ကောင်စီ တန်ပြန်စစ်ကြောင်းထိုး

    မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံဒေသ၊ တန်ဖရဲကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တီယန်ဇွပ်(Tayang Zup) ကျေးရွာဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သိရပါတယ်။ “ကျနော်တို့ဘက်ကနေ စစ်တပ်တွေ မတက်လာနိုင်အောင် အကုန်ပိတ်ထားတယ်။ တကယ်တော့ တက်လာရင်တော့ ကျနော်တို့နဲ့က တိုက်ပွဲတော့ဖြစ်လာမှာပဲ။ ဒီဘက်ကို စစ်ရေးလှုပ်ရှားလာတယ်လို့တော့သိရတယ်” လို့ တယန်ဇွပ်ဒေသက KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း တန်ဖရဲကျေးရွာနဲ့ ဝေရှီကျေးရွာကြား စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့အတွက် တစ်ရက်တည်းမှာပဲ ၄ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တန်ဖရဲနဲ့ ဝေရှီကျေးရွာ နှစ်ခုဟာ ၅ မိုင်လောက်အကွာမှာရှိပြီးတော့ ဝေရှီကျေးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ရက်၊ ၄ ရက်နေ့ မှာ စစ်ကောင်စီတပ်တွေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တဲ့နောက်ပိုင်း အခုလို ခြေလျင်နဲ့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာလည်းဖြစ်ပါတယ်။ အခုလို တန်ဖရဲနဲ့ ဝေရှီကျေးရွာ နှစ်ခုကြားမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲကြောင့် ပူတာအိုကိုတက်တဲ့ကားလမ်းပိုင်းကိုလည်း မကြာခဏ ပိတ်ဆို့ခံရတာတွေ ကြုံတွေ့နေရတယ်လို့ ကားသမားတွေကပြောပါတယ်။ လက်ရှိ တန်ဖရဲကျေးရွာအထက် ဝေရှီကျေးရွာဘက်ကို နှစ်ဖက်စစ်တပ် စစ်ရေးတင်းမာမှုဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တန်ဖရဲဒေသခံတစ်ဦးက KNG ကို အခုလိုပြောပါတယ်။ “တယန်ဇွပ်ကနေ တက်သွားတဲ့ ဝေရှီကျေးရွာမရောက်မှီမှာ တိုက်ပွဲတွေဖြစ်ကြတယ်။ အဲဒါကြောင့် တိုက်ပွဲဖြစ်တဲ့နေ့ဆိုရင် ဘယ်ကုန်ကားကိုမှ ဖြတ်ခွင့်မပေးဘူး။ မြစ်ကြီးနားဘက်ကို ပြန်လှည့်ခိုင်းတယ်။ တစ်ချို့ကုန်ကားတွေက ၄၂ မိုင်မှာအိပ်ကြတယ်။ နောက်တစ်ရက် သူတို့ပြန်ဖွင့်ပေးတဲ့ အချိန်မှာပဲ ပြန်တက်ကြတယ်” လို့ ပြောပါတယ်။ တယန်ဇွပ်ကျေးရွာဘက်ကို ဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကနေ တန်ဖရဲကျေးရွာမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက ဖေဖော်ဝါရီလ ၃ ရက်နေ့ နောက်ပိုင်း အင်ခိုင်ဘွမ့်တောင်ပတ်လမ်းကို အသုံးပြုပြီးတော့ တယန်ဇွပ်၊ ဆွမ်ပရာဘွမ့်ဘက်ကို ဦးတည် စစ်ကြောင်းထွက်ခွာသွားကြတာဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနားမြို့နယ် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တယန်ဇွပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် တစ်ကျော့ပြန် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကိုလည်း ကျေးရွာနေပြည်သူတွေ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 3 February
    သတင်း

    တန်ဖရဲမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်ခိုင်ဘွမ့်ဘက် ပြန်ထွက်ခွာ

    မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲကျေးရွာမှာ စစ်အင်အားတိုးချဲ့ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အင်ခိုင်ဘွမ့် တောင်တက်လမ်းဘက်ကို စစ်ကြောင်းပြန်လည် ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်အင်အား ၁၀၀ ကျော်ခန့် ပါရှိတဲ့ စစ်ကား ၃ စီး တန်ဖရဲကျေးရွာ…

    Read More »
  • Jun- 2024 -
    25 June
    သတင်း

    မံစီနဲ့ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ နေရာမှာတိုက်ပွဲဖြစ်ပွား

    ဗန်းမော်ခရိုင်၊ မိုးမောက်နဲ့ မံစီမြို့နယ် ၂ နေရာမှာ ဇွန်လ ၂၅ ရက်နေ့ ဒီနေ့ တစ်ရက်ထဲမှာပဲ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလကတည်းကနေ…

    Read More »
Back to top button