စစ်ဆေးရေးတင်းကြပ်
-
Oct- 2025 -10 Octoberသတင်း
ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့ရပ်ကွက်ရုံးတစ်ချို့နဲ့မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးပိုတင်းကြပ်လာ
လာမယ့် ဒီဇင်ဘာလကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲနီးလာချိန် စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း ရပ်ကွက်ရုံးတစ်ချို့နဲ့မြို့ပေါ်ရပ်ကွက်တွေမှာ လုံခြုံရေးတိုးမြင့်ပြီး ဖမ်းဆီးစစ်ဆေးမှုပိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ၃၃ ရပ်ကွက်ရှိတဲ့ထဲက မြို့အစွန်ရပ်ကွက်ဖြစ်တဲ့ ရွှေစက်အုပ်ချုပ်ရေးရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး ရုံးဝင်းအတွင်း သဲအ်ိတ်တွေနဲ့ကာထားတဲ့အပြင် အရပ်ဝတ်နဲ့သေနတ်ကိုင်ထားတဲ့သူတွေကိုလည်း ပုံမှန်မြင်တွေ့လာရတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီရွှေစက်အုပ်ချုပ်ရေးရုံးမှာဆိုရင် အရင်ကမရှိဘူး ခုက သဲအိတ်တွေနဲ့ဖြစ်လာပြီ။ ပြီးတော့ အရင်ကမမြင်ဖူး၊မတွေ့ဖူးတဲ့သူတွေလည်း သေနတ်တကားကားနဲ့ပုံမှန်စောင့်နေတာရှိတယ်။ တစ်ခါတစ်လေရုံးရှေ့နားထွက်လာပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်တာတွေရှိတယ်။ အဓိကတော့ ရုံးထဲမှာအရင်ကနဲ့မတူတဲ့ပုံစံတွေမြင်တွေ့လာရတယ်။ အမှန်ဆိုဒီရွှေစက်ရပ်ကွက်က မြို့တွင်းရပ်ကွက်လို့ပြောလို့ရပါသေးတယ် ဒီလိုရပ်ကွက်ရုံးတွေမှာ သေနတ်ကြီးတကားကားနဲ့မဖြစ်သင့်ဘူးလို့မြင်တယ်”လို့ ပြောပါတယ်။ ခုလိုရွှေစက်ရပ်ကွပ် အုပ်ချုပ်ရေးရုံးမှာ သိသိသာသာလုံခြုံရေးတိုးမြင့်လာသလို ည (၈) နောက်ပိုင်းဆို ရုံးရှေ့ထွက်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို မှတ်ပုံတင်စစ်တာ၊ဆိုင်ကယ်၊ကားတွေကို စစ်ဆေးတာပုံမှန်လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ရွှေစက်ရပ်ကွက်နေပြည်သူတွေသုံးသပ်ချက်အရ အုပ်ချုပ်ရေးရုံးအတွင်း ခုလိုလုံခြုံရေးတင်းကြပ်လာတာဟာ ရွေးကောက်ပွဲနီးလာတဲ့အတွက် အုပ်ချုပ်ရေးရုံးအဖွဲ့တွေကို လုံခြုံရေးယူပေးတာဖြစ်နိုင်သလို မြို့အဝင်အထွက် စီစစ်ဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေးရုံးအတွင်း လုံခြုံရေးပေးနေသူတွေဟာ ရွှေစက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေမဟုတ်ပဲ ပြည်သူ့စစ်အဖွဲ့ဝင် (ဒါမှမဟုတ်) ပျူစောထီးတွေဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ အလားတူ မြို့အဝင်ရပ်ကွက်တွေဖြစ်တဲ့ မော်ဖောင်းရပ်ကွက်ရုံးနဲ့ ဧရာဝတီမြစ်ကမ်းဘေး ကြက်ပေါင်ခြံရပ်ကွက်တွေမှလည်း ခုနောက်ပိုင်း လုံခြုံရေးတင်းကြပ်လာတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မြို့အဝင်အထွက် ဂိတွေအပြင် မြို့တွင်း ကား၊ဆိုင်ကယ် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးစစ်ဆေးရုံသာမက မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ လုံခြုံရေးတိုးမြင့်လာတဲ့အပေါ် မြစ်ကြီးနားမြို့တွင်းနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ခုလိုသုံးသပ်ထားပါတယ်။ “ခုကရွေးကောက်ပွဲလုပ်ဖို့ရာနီးလာတော့ တစ်နေ့ထက်တစ်နေ့လုံခြုံရေးက ပိုတင်းကြပ်လာမှာပဲ။ ဒီထက်တောင်ဆိုးလာနိုင်တယ် ဘာလို့လဲဆိုရင် ရွေးကောက်ပွဲအတွက် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေက အဓိကအခန်းကဏ္ဍမှာပါဝင်တယ်။ မဲစာရင်းထုတ်ပြန်တာတို့၊ လူဦးစာရင်းပြုစုပေးတာတို့က ရပ်ကွက်ရုံးတွေလုပ်တာကိုး ဒါကြောင့် ကျနော့်အမြင်ကတော့ ရွေးကောက်ပွဲနီးလာလေ ပိုဆိုးလာနိုင်တယ်လို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ မဲမသာမှုအကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ရွှေးကောက်ပွဲမတိုင်ခင် ၃ လအတွင်း ကချင်ဒေသတွင်းလက်လွှတ်လိုက်ရတဲ့ နေရာတွေကိုပြန်ရဖို့ စစ်ရေးအရ ထိုးစစ်ဆင်တာ သိသိသာသာလုပ်ဆောင်နေသလို တစ်ဖက်မှာလည်း မြို့တော်မြစ်ကြီးနားမြို့တွင်း အရပ်သားဖမ်းဆီးစစ်ဆေးတာ၊ ဗလမင်းထင်တံတားမှာ စစ်ဆေးရေးတင်းကြပ်တာအပြင် စက်တင်ဘာလနှောင်းပိုင်းကစပြီး ရပ်ကွက်အုပ်ချုပ်ရေးတစ်ချို့လုံခြုံရေးတိုးမြင့်လာနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မြို့တွင်းရပ်ကွက်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့၊ရဲတွေဟာ အိမ်စီးကားနဲ့ ရပ်ကွက်ချင်းစပ်နေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။ ခုလိုဖမ်းဆီးစစ်ဆေးချိန် အင်တာနက်လိုင်းဖြတ်တောက်ထားပေမယ့် စစ်ကောင်စီပူးပေါင်းတပ်တွေဟာ ကားထဲအသင့်တပ်ဆင်ထား စတားလင့်အသုံးပြုပြီး လမ်းသွားလမ်းလာပြည်သူတွေရဲ့ဖုန်းတွေကို အလွယ်တကူဖမ်းဆီးစစ်ဆေးတာမျိုးလည်း ခပ်စိပ်စိပ်တွေ့လာရတယ်လို့ မြို့ခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “သူတို့ကားထဲမှာစတားလင့်အသင့်တပ်ထားတာ စစ်ဆေးခံရပြီဆိုတာနဲ့ တစ်ခါထဲ ဖုန်းကိုဝိုင်ဖိုင်ချိတ်ပေးပြီး စစ်တော့တာပဲ။ လိုင်းမရဘူး ငါ့ဖုန်းတော့ စစ်မှာမဟုတ်ဘူးလို့မထင်ကြနဲ့ ခုက သူတို့ကားထဲမှာဝိုင်ဖိုင်စတားလင့်ကတပ်ထားပြီးသားဟုတ်တယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လာမယ့် ၂၀၂၅…
Read More » -
Jul- 2025 -31 Julyသတင်း
ဖားကန့် ထဲကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း နှစ်ခုစလုံးကို စစ်တပ်က ပိတ်ဆို့ထားဆဲဖြစ်လို့ ပြည်သူတွေ ပိုမိုကြပ်တည်းလာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းပိုင်းကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်တွေက ဖမ်းဆီးစစ်ဆေးတာတွေ တင်းကြပ်ထားတာကြောင့် ခရီးသွားပြည်သူတွေ သွားလာရေးခက်ခဲနေကြတယ်လို့ သိရပါတယ်။ အဲဒီလမ်းပိုင်းမှာ ကုန်ကားတွေကို သွားလာခွင့်တားမြစ်ထားတဲ့အပြင် ကချင်လူမျိုးတွေကိုပါ အဓိက…
Read More » -
Jun- 2024 -14 Juneသတင်း
မိုးကောင်းမြို့မှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်နေပြီး VPN ထည့်ထားသူတွေကို ဒဏ်ကြေးပေးဆောင်ခိုင်းနေ
မိုးကောင်းမြို့အထွက်မှာ စစ်တပ်က လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေပြီး ဖုန်းထဲမှာ VPN အက်ပလီကေးရှင်းထည့်ထားတဲ့သူတွကို ငွေကျပ် ၂ သိန်းတောင်းနေတယ်လို့ မိုးကောင်းမြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မိုးကောင်းမြို့အထွက်မှာရှိတဲ့ မိုးကောင်းတံတားမှာ စစ်ဆေးတင်းကြပ်တာတွေပုံမှန်လုပ်နေရာကနေ ဇွန်လ ၁၃ ရက်နေ့ကစပြီး ဖုန်းထဲမှာ VPN ရှိ မရှိကို အဓိကစစ်ဆေးနေတယ်လို့ မိုးကောင်းမြို့ခံတစ်ဦးက ခုလိုပြောပါတယ်။ “မိုးကောင်းမြို့အထွက်လို့ပြောရမှာပေါ့ အာ့မှာအဓိကတော့ VPN စစ်တယ် VPN ထည့်ထားတဲ့သူဆိုရင် ဖျက်ခိုင်းပြီး တစ်ယောက်ကို ၂ သိန်းတောင်းတယ်”လို့ ဖုန်းစစ်ဆေးခံခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ခုလို VPN ကို အဓိကထားစစ်ဆေးနေတာဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့ဘုတ်တွေကို မသုံးစေချင်တဲ့အတွက်ဖြစ်ပြီး သတင်းအမှောင်ချချင်နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိ မိုးကောင်းမြို့အထွက် ၂ မိုင်ဂိတ်မှာလည်း ပြည်သူ့စစ်အဖွဲ့တွေက လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေလုပ်နေတဲ့အပြင် အခွန်အခတွေကောက်ခံနေတယ်လို့လည်း သိရပါတယ်။ အလားတူ မြစ်ကြီးနားမြို့မှာလည်း စစ်တပ်က ခုရက်ပိုင်း မြို့တွင်းနေရာတစ်ချို့မှာ စစ်ဆေးရေးတင်းကြပ်နေပြီး ဖုန်းထဲမှာ VPN ကို အဓိကရှာဖွေစစ်ဆေးနေတယ်လို့ မြစ်ကြီးနားဒေသခံတွေကလည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ မေလ ၃၀ ရက်နေ့ကစပြီး စစ်တပ်က VPN အသုံးမပြုဖို့ secure Web Gateway ကို ပိတ်ပင်လိုက်တဲ့အပြင် ဖုန်းကွန်ရက်နဲ့ အင်တာနက်လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ VPN (Virtual Private Network) လို့ခေါ်တဲ့စနစ်ကို ခွင့်ပြုချက်မပါဘဲ သုံးရင် ထောင်ဒဏ် ၃ နှစ်အထိချလို့ရတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းဖို့ စစ်ကောင်စီက ပြင်ဆင်နေပြီဖြစ်ပါတယ်။ ခေတ်မီ တိုးတက်လာသည့်နှင့်အမျှ လူတွေဟာ နေ့စဉ်သတင်းအချက်အလက်များ သိရှိနိုင်ဖို့နဲ့ပညာရေး၊ ကျန်းမာရေး၊နိုင်ငံရေး၊ဗဟုသုတရှာဖွေရန်အတွက် အင်တာနက်ကို ပိုမိုအသုံးပြုလာကြပြီး DataReportal ဝက်ဘ်ဆိုက်ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်နီးပါး ၂၃ ဒသမ ၆၅ သန်းဟာ အင်တာနက်သုံးစွဲသူတွေ ဖြစ်ပါတယ်။ အလားတူ သတင်းအချက်အလက်ရယူခွင့် ၂၀၁၈ ခုနှစ်တွင် ပြဌာန်းခဲ့တဲ့ ကမ္ဘာ့ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ သတင်းအချက်လက်များကို အင်တာနက်ပေါ်တွင် သတင်းရယူခြင်း သို့မဟုတ် ဖြန့်ဝေခြင်းအား ရည်ရွယ်ချက်ရှိရှိ တားဆီးရန် (သို့မဟုတ်) အနှောင့်အယှက်ပေးတဲ့အစီအမံများဟာ နိုင်ငံတစ်ကာ လူ့အခွင့်အရေးချိုးဖောက်စေတာကြောင့် ခြွင်းချက်မရှိ ပြစ်တင်ရူတ်ချသည်သာမက နိုင်ငံအားလုံးကို ယင်းကဲ့သို့သော အစီအမံများကို ရှောင်ကြဉ်ကြရန်နဲ့ ရပ်တန့်ကြရန် တိုက်တွန်းထားပါတယ်။ By – CJ
Read More » -
Mar- 2024 -26 Marchသတင်း
မန္တလေး-ရွှေဘိုလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ဆေးရေးတွေတင်းကြပ်
မန္တလေးကနေ စစ်ကိုင်း– ကချင်အစပ်ဘက်ကိုတက်လာတဲ့ ကားတွေကိုစစ်ကောင်စီတပ်ဘက်က လမ်းခုလတ်တွေမှာအထိုင်ချပြီးစစ်ဆေးရေးတွေတင်းကြပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မန္တလေးနဲ့ ရွှေဘိုကြား သူတို့စိုးမိုးမှုအားကောင်းတဲ့ရွာတွေမှာ အထိုင်ချပြီးတော့ မန္တလေးကနေ ကချင်ပြည်နယ်အထက်ဘက်ကိုတက်လာတဲ့ကားတွေကိုအဓိကထားစစ်ဆေးတာမျိုးတွေရှိတယ်လို့ လမ်းပိုင်းအခြေနေသိရှိသူဒေသခံတစ်ယောက်ကပြောပါတယ်။ “ဒီနေ့မနက်ဆို ရွှေဘို–မန္တလေးလမ်းပိုင်းက အုန်းတောဘက်မှာစစ်ဆေးတယ်လို့ကြားတယ် ဒီရွာက သူတို့ရဲ့စိုးမိုးနယ်မြေကောင်းတဲ့နေရာတွေပေါ့ အဲ့နေရာတွေမှာစစ်ဆေးနေတယ်လို့ကြားပါတယ်။”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က အဓိက အထိုင်ချစစ်ဆေးတဲ့နေရာတွေကတော့ စစ်ကိုင်းမြို့ အုန်းတောရွာဆိုတဲ့ အမြှောက်တပ်ရှိတဲ့ရွာနဲ့ ရွှေဘိုမြို့အထွက် ရွှေဘို–မြစ်ကြီးနားလမ်းမပေါ်က ရွှေဘို အမှတ် ၈ လေ့ကျင့်ရေးတပ်မှာလည်း ပုံမှန်စစ်ဆေးရေးတွေတင်းကြပ်လေ့ရှိတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က အဲ့ဒီနေရာတွေမှာ မကြာခဏစစ်ဆေးလေ့ရှိပြီး စစ်ကိုင်းနဲ့ကချင်အစပ် ဒေသဘက်ကိုလာတဲ့ ကုန်ကားတွေကိုအဓိကစစ်ဆေးတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “စစ်ဆေးတာကတော့ စစ်ရေးအခြေနေတင်းမာမှုမရှိတဲ့အချိန် ပြည်သူတွေကိုဒုက္ခရောက်အောင် လုပ်တာပေါ့ စစ်ဆေးတာကလည်းအစုံပဲ ကောလင်းခရိုင် ဘက်ကို ဝင်မယ့်ကားတွေကိုသူတို့ စစ်ဆေးတယ်လို့ကြားရပါတယ် မသင်္ကာရင်သိမ်းတာတွေရှိတယ်လို့ကြားရတယ် မကြာခဏ စစ်ဆေးတာပါ” လို့ပြောပါတယ်။ ဒီလမ်းပိုင်းတွေကို စစ်ကောင်စီတပ်ဘက်က စစ်ဆေးတဲ့အခြေနေနဲ့ပတ်သက်လို့လည်း ကောလင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ Kawlin Revolution-KR ကလည်း မန္တလေး–ရွှေဘိုလမ်းပိုင်းမှာ စစ်ကောင်စီတပ်က တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေလုပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတွေအကြား ကချင်နဲ့စစ်ကိုင်းအစပ်ဒေသမှာ နှစ်ဖက် စစ်ရေးတွေတင်းမာလျှက်ရှိပြီး အဓိကတော့ ကောလင်းနဲ့ထီးချိုင့်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းတိုက်ပွဲမှာဆိုရင် ကောလင်းခရိုင်တပ်ရင်း ၂ က တပ်ဖွဲ့ဝင် ၂ ယောက် တိုက်ပွဲအတွင်းကျဆုံးခဲ့ရသလို စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ် ယောက်လည်း ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။ By – အမိုး
Read More » -
Jan- 2024 -16 Januaryသတင်း
ကသာမြို့အဝင်ဂိတ်ဖြတ်သန်းသူတွေကို စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်နေပြီး ငွေလုယက် တာတွေလုပ်နေ
စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်အဝင်ဂိတ်ကိုဖြတ်သန်းတဲ့ ကုန်ကားတွေအပါအဝင် ဖြတ်သန်းသူတွေအားလုံးကို စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်နေတဲ့အပြင် ကားသမားတွေဆီကငွေလုယက်တာတွေပါရှိတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ မနေ့ဆိုရင် ကသာမြို့အဝင်ဂိတ်ကို ဖြတ်လာတဲ့ ကျွဲ၊နွား ကုန်သည်တွေကို စစ်ကောင်စီတပ်ကစစ်ဆေးပြီး ပါလာတဲ့ငွေသိန်း ၇၀…
Read More » -
Oct- 2023 -23 Octoberသတင်း
ရွှေကူမြို့အဝင်အထွက်မှာ စစ်တပ်က ဝါးတားဂိတ်တွေလုပ်ပြီး အစစ်အဆေးတင်းကြပ်နေ
ကချင်ပြည်နယ် ရွှေကူမြို့ရဲ့ မြို့အဝင်အထွက် ၂နေရာမှာ စစ်ကောင်စီတပ်က ဝါးတာဂိတ်တွေပြုလုပ်ပြီး လမ်းသွားလမ်းလာဒေသခံတွေ နဲ့ ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေတင်းကြပ်နေတယ်လို့ ရွှေကူမြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့အထက်ဘက် ဗန်းမော်ဘက်ခြမ်းမှာရှိတဲ့ အထက်လေးလမ်းဆုံမြို့ဝင်ရောက်တစ်နေရာနဲ့ ရွှေကူမြို့အောက်ဘက် မန္တလေးဘက်ခြမ်းက အောက်လေးလမ်းဆုံး မြို့အထွက်ပေါက် ၂နေရာမှာ လွန်ခဲ့တဲ့အပတ် သောကြာနေ့ကတည်းက အစစ်အဆေးတင်းကြပ်နေတာဖြစ်တယ်လို့ ရွှေကူမြို့ခံ…
Read More » -
Nov- 2022 -15 Novemberသတင်း
ဖားကန့်မြို့တွင် စစ်ကောင်စီက သုံးရက်ဆက်တိုက် လမ်းသွား လမ်းလာပြည်သူများကို စစ်ဆေးရေး တင်းကြပ်
ဖားကန့်မြို့တွင် စစ်ကောင်စီ ရဲနှင့် စစ်သားများက မြို့တွင်း ၂ နေရာတွင် သုံးရက်ဆက်တိုက် လမ်းသွားလမ်းလာပြည်သူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။ မြို့အဝင် ပန်းတင်တံတား နှင့် ဖားကန့်မြို့မရဲစခန်းရှေ့ တို့တွင် စစ်ကောင်စီရဲနှင့်စစ်သား ပူးပေါင်းတပ်ဖွဲ့များက ပြည်သူများ၏ ကား၊…
Read More » -
Sep- 2022 -22 Septemberသတင်း
နန့်ယား ပြည်သူ့စစ်ခေါင်းဆောင် သတ်ခံရပြီးနောက် နန့်ယားကျေးရွာတွင် စစ်ဆေးရေးပိုမိုတင်းကြပ်ထား
ဖားကန့်မြို့နယ် နန့်ယားကျေးရွာ၏ ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ နန့်ယားကျေးရွာအတွင်း အဝင်အထွက် စစ်ဆေးရေးပိုမိုတင်းကြပ်ထားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ “အရင်းတုန်းကတော့ စစ်ဆေးတာလုပ်ကြတယ်။ အခုနောက်ပိုင်းပြန်မလုပ်တော့ဘူး။ ဒါပေမယ့် တစ်နေ့က သူတို့ ပြည်သူ့စစ်ခေါင်းဆောင် ပြန်သတ်ခံရလို့ အခုက အဝင်အထွက်…
Read More » -
Jun- 2022 -22 Juneသတင်း
မိုးညှင်း မော်ဟန်ကြားတွင် စစ်ကောင်စီတပ် ဂိတ်တိုးကာ စစ်ဆေးရေး တင်းကြပ်
မိုးညှင်းမြို့ နှင့် မော်ဟန်ကြားတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အသစ် ၃ ခု ထပ်တိုးလာပြီး ယခင်ကထက် စစ်ဆေးရေး ပိုမိုတင်းကြပ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မိုးညှင်းမြို့အထွက်တွင် တစ်ခု၊…
Read More »