စစ်တပ်
-
Jul- 2023 -5 Julyသတင်း
ရွှေကူနယ်အနောက်ဘက်ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်တွေမီးရှို့နေ
ရွှေကူမြို့နယ်အနောက်ဘက်ခြမ်းကကျေးရွာတွေမှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာထဲက လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ကစပြီး စစ်တပ်ရဲ့ ခလရ ၇၇ နဲ့ ခလရ ၁၀ ပူးပေါင်းထားတဲ့ စစ်အင်အား ၃၀၀ ခန့်ရှိတဲ့စစ်ကြောင်းဟာ ရွှေကူနယ်အနောက်ခြမ်းမှာရှိတဲ့ ဘိုကုန်း၊ ချောင်းဝ၊ သပြေလှ စတဲ့ကျေးရွာဘက်မှာ စစ်ကြောင်း ၂ကြောင်းခွဲပြီး ဝင်ရောက်နေတဲ့အပြင် ဇူလိုင်လ ၄ ရက်နေ့ ညနေမှာတော့ လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဘိုကုန်းဇာတိဒေသခံအမျိုးသားတစ်ဦးက ကKNG ကိုအခုလိုပြောပါတယ်။…
Read More » -
Jun- 2023 -2 Juneသတင်း
မော်တိတ်ကျေးရွာအနီး စစ်တပ်ကအပြည့်အဝထိန်းချုပ်နိုင်ရန် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာ
ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် မော်တိတ်ကျေးရွာအုပ်စုတွင် စစ်တပ်က အပြည့်အဝထိန်းချုပ်ရန် စစ်အင်အားဖြည့်ခြင်း၊ စစ်ရေးလှုပ်ရှားခြင်းများ သိသိသာသာ လုပ်ဆောင်လာကြောင်း ဒေသခံများ ပြောသည်။ “သူတို့က မော်တိတ်ဒေသကို ထိန်းချုပ်ချင်နေတဲ့သဘောပါပဲ နီးစပ်တဲ့ပတ်ဝန်းကျင်ရွာတွေကိုဝင်တယ်။ သတင်းပေါက်ကြားရင်ဖမ်းတယ်ဆီးတယ်။ သူတို့ဝင်လို့ရတဲ့ရွာတွေဆို မီးရှို့တယ် ပြီးရင်သူတို့ ဗုံးခိုကျင်းတွေတူးတယ် ရပ်ထဲရွာထဲက သစ်တုံးကြီးတွေဘာဘာယူပြီးတော့ ကြီးကြီးကျယ်ကျယ်လုပ်ထားတယ်။…
Read More » -
May- 2023 -12 Mayအင်တာဗျူး
PDF တွေ ဥပဒေဘောင်အတွင်း ပြန်ဝင်လာဖို့ ဆုကြေးငွေများနဲ့ မက်လုံးပေးစည်းရုံးတဲ့အပေါ် ကချင်ပြည်နယ်မှာရှိတဲ့ PDF တွေ ဘာပြောလဲ
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ စစ်တပ်ပိုင်ရုပ်သံနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ PDF တွေနဲ ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်ကို မေလ ၉ ရက်နေ့က စတင်ပြီးတော့ ပြည်နယ် နေရာတချို့မှာ ထုတ်ပြန်လာပါတယ်။ ဒီထုတ်ပြန်ချက်မှာ PDF တွေအပါအဝင် အကြမ်းဖက်အဖွဲ့ထဲရောက်နေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့နဲ့ လက်နက်ခဲယမ်းများပါရှိပါက…
Read More » -
Apr- 2023 -24 Aprilသတင်း
ဖားကန့်တွင် စစ်တပ် ဗိုလ်မှူးတစ်ဦးအပါ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လူငယ် ၂ ဦးကို ပစ်သတ်
ဖားကန့်တွင် စစ်ကောင်စီတပ် ဗိုလ်မှူးအဆင့်ရှိသူနှင့် လုပ်ငန်းရှင်များ ဧပြီလ ၂၃ ရက်နေ့ ပစ်သတ်ခံခဲ့ရသော Happy KTV ရှေ့တွင် ယနေ့ နံနက်တွင် စစ်ကောင်စီတပ်များက လူငယ် ၂ ဦးကို ဖမ်းခေါ်လာပြီး ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသော လူငယ်…
Read More » -
1 Aprilတိုက်ပွဲ
ထီးချိုင့်တွင် စစ်တပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် အရပ်သား ၃ ဦး သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ ပေါက်ကုန်းရွာထဲနှင့် ဦးလာဘဘုရားအနီးကို စစ်ကောင်စီတပ်က မတ်လ ၃၁ ရက်နေ့ ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ဦး သေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ထိမှန် ပျက်ဆီးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ယမန်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင်…
Read More » -
Mar- 2023 -5 Marchသတင်း
နန့်ယားစစ်တပ်ဂိတ်ကို ရှောင်ကွင်းပြီး မောင်းနင်းသွားသည့် အိမ်စီးကာ ၇ စီးဖမ်းဆီးခံရ
ဖားကန့်မြို့နယ် နန့်ယားစစ်တပ်ဂိတ်ကို ရှောင်းကွင်းပြီး တောလမ်းဖြတ်လာသည့် အိမ်စီးကား ၇ စီးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်းသိရသည်။ မတ်လ ၅ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီဝန်းကျင် အချိန်တွင် နန့်ယားဂိတ်ကို ရှောင်ကွင်းပြီး ဖားကန့်မြို့တွင်းသို့ မောင်းနင်းလာသည့်…
Read More » -
Feb- 2023 -28 Februaryရွေးကောက်ပွဲဆိုင်ရာ
စစ်တပ်က ကျင်းပဖို့ကြံစည်နေတဲ့ ရွေးကောက်ပွဲအပေါ် ကချင်ပြည်နယ်အတွင်းက လူငယ်တွေရဲ့အမြင်
မဲမသမာမှုရှိတယ်ဆိုပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပရန် ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကကျင်းပမယ့် ဒီရွေးကောက်ပွဲက ကချင်ပြည်နယ်မှာကော တကယ်ဖြစ်နိုင်မလား ဘယ်လောက်အတိုင်းအတာထိကျင်းပနိုင်မလဲအစရှိတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ခြေအလားအလာတွေကို ကချင်ပြည်နယ်မြို့နယ်အချို့က လူငယ်တွေရဲ့အမြင်ကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ မိုးညှင်းဒေသခံလူငယ်တစ်ဦး “ရွှေးကောက်ပွဲလုပ်တာက သူတို့လုပ်ခဲ့တဲ့…
Read More » -
27 Februaryသတင်း
ရွေးကောက်ပွဲအတွက် လက်နက်အားကိုးရတဲ့ စစ်တပ်ရဲ့ လားရာ
“စစ်ကားတန်းကြီး အိမ်ရှေ့ရောက်လာတော့ အရမ်းကိုကြောက်သွားတာ ကိုယ့်ကိုကိုယ်လည်း ဘာအပြစ်များ လုပ်မိထားပြီလဲပေါ့ ချွေးတောင်ပြန်သွားတယ်”လို့ဒေါ်တင်တင်( အမည်လွှဲ) ဆိုပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီလအတွင်း ဖားကန့်မြို့ပေါ်ရပ်ကွက်တစ်ချို့မှာ စစ်ကောင်စီတပ်သားတွေက လက်နက်အပြည့်အစုံနဲ့ ရောက်လာပြီး လူဦးရေသန်းခေါင်စာရင်း ကောက်သွားတဲ့ဖြစ်စဉ်ကို ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်တင်တင်က သူမကြုံတွေ့ခဲ့ရတာကို…
Read More » -
15 Februaryသတင်း
နန့်ယားစစ်တပ်ဂိတ်တွင် အမျိုးသားတစ်ဦး ဖမ်းဆီးရိုက်နက်ခံရ
ဖားကန့်လမ်း နန့်ယားကျေးရွာအဝင်ရှိ စစ်ကောင်စီဂိတ်တွင် ခရိုင်ရွန်း(Hkrai Run)ကျေးရွာဒေသခံ အမျိုးသားတစ်ဦး ဖမ်းဆီးရိုက်နက်ခံရပြီးနောက် ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ခရိုင်ရွန်းဒေသခံ အသက် ၅၀ နှစ်အရွယ် ဦးခန်းလောန်(Hkang Leng) သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်အချိန်…
Read More » -
15 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
လက်နက်ကြီးကြောင့် သေဆုံးသွားသည့် လူငယ်တစ်ဦး၏ ရုပ်အလောင်း စစ်တပ်လုယူသွား
ကချင်ပြည်နယ် မိုးညှင်းခရိုင် နန်းမားမြို့တွင်း စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သေဆုံးသွားသည့် ဒေသခံလူငယ်တစ်ဦး၏ ရုပ်အလောင်းအား စစ်တပ်မှလုယူသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၂ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီအမြှာက်တပ်–၃၆၇ တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးသည်…
Read More »









