စစ်တပ်
-
May- 2025 -20 Mayသတင်း
ဖားကန့်တိုက်ပွဲမှာ စစ်တပ် လေကြောင်းအကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် ဖားကန့်မြို့ကိုဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ KIO ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ “ဖားကန့်ဘက်က တိုက်ပွဲပြင်းထန်နေတယ်။ လေယာဉ်နဲ့ဗုံးလာကြဲပြီး ကူပေးနေရတဲ့အထိ တိုက်ပွဲအရမ်းပြင်းထန်နေပါတယ်”လို့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူက…
Read More » -
13 Mayသတင်း
မြစ်ကြီးနားလေဆိပ် စစ်တပ်က လုံခြုံရေးတင်းကြပ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊အများပြည်သူသုံးလေဆိပ်ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားကြောင်း မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်ကစပြီးလေဆိပ်အဝင်၊အထွက်နေရာတွေနဲ့လေဆိပ်အတွင်းပိုင်းနေရာ တွေမှာ စစ်သားအင်အား ၂၀ ခန့်ချထားပြီးလုံခြုံရေးတင်းကြပ်ထားတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လေဆိပ်ထဲမှာကော မျော်စင်ပေါ်မှာကော စစ်သားတွေချထားတယ် ပြီးတော့…
Read More » -
Apr- 2025 -30 Aprilအင်တာဗျူး
စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေက အမျိုးသမီးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ
စစ်ကောင်စီကနေပြီးတော့ ၂၀၂၄ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက် လူငယ်တွေကို စစ်သားစုဆောင်းမှုတွေ ပြုလုပ်လာတာဟာ ၂၀၂၅ဧပြီလ ထိဆိုရင်အပတ်စဉ် ၁၂ထိ ရှိလာပြီဘဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ ဖေဖော်ဝါရီလကနေ ၂၀၂၅…
Read More » -
26 Aprilသတင်း
ကသာကို စစ်တပ်က လေကြောင်းအသုံးပြုအင်အားဖြည့်
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ထဲ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီးအင်အားဖြည့်တင်းခဲ့တယ်လို့ KNG က စုံစမ်းသိရပါတယ်။ ကသာမြို့နယ်ကိုစစ်အင်အားထပ်ဖြည့်ထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝန်းသိုမြို့နယ်ကိုရောက်ရှိနေတဲ့တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၁…
Read More » -
9 Aprilသတင်း
ဝန်းသိုမှာ စစ်တပ်ဗုံးကြဲလို့ ကလေးသူငယ်အပါအဝင် အရပ်သားပြည်သူ ၃၀ ဦးခန့်သေဆုံး
စစ်ကိုင်းတိုင် ဝန်းသိုမြို့နယ် နန်းခမ်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် နဲ့ ၇ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်လို့ ကလေးသူငယ်အပါအဝင် ပြည်သူ ၃၀ ခန့်သေဆုံးကြောင်း ကနဦးသတင်းအရ သိရပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ညနေ ၃ နာရီဝန်းကျင်…
Read More » -
Mar- 2025 -19 Marchသတင်း
ကချင်မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၈ ဦးသေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့ ထုတ်ပြန်ပါတယ်။ ဒီသေဆုံးမှုစာရင်းတွေဟာ ဖေဖော်ဝါရီလအတွင်း မိုးမောက်နဲ့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီကနေပြီးတော့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေဖြစ်တယ်လို့ KHRW က မတ်လ…
Read More » -
19 Marchသတင်း
စင်းခန်းနဲ့ ခူးလီကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၇ ဦးသေဆုံး
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက စင်းခန်းနဲ့ ခူးလီ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦးခန့်ထိခိုက် သေဆုံးမှုရှိခဲ့ပါတယ်။ KIA ရဲ့ သိမ်းပိုက်နယ်မြေဖြစ်တဲ့ စင်းခန်းနဲ့ ခူးလီကျေးရွာ စစ်ကောင်စီတပ်က မတ်လ ၁၈ ရက်နေ့ မနက်ပိုင်း ၁၂ နာရီနဲ့ ၁ နာရီဝန်းကျင်ကြား တပြိုင်နက်ထဲဗုံးကြဲတိုက်ခိုက်သွား တာကြောင့် စင်းခန်းကျေးရွာက ၆ ဦးသေဆုံးပြီး ခူလီကျေးရွာကအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနက်အစောပိုင်း ခူးလီကျေးရွာကို ဗုံးကြဲသွားပြီးနောက် စင်းခန်းကျေးရွာကို ဗုံးကြဲသွားတာကြောင့် ကျေးရွာ နှစ်ခုက အရပ်သား ၇ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စင်းခန်းဒေသခံနဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “ခူးလီကျေးရွာမှာလည်း လေယာဉ်ဗုံးကျတယ်။ လဖိုင်လုဘူဆိုတဲ့ အမျိုးသမီးတစ်ဦးဆုံးသွားတယ်။ စင်းခန်းမှာလည်းကျတယ်။ အဲ့မှာက အရပ်သား ၄ ဦးနဲ့ KIA တပ်သား ၂ ဦး ဆုံးသွားတယ်။”လို့ပြောပါတယ်။ စင်းခန်းကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ KIA တပ်သားနှစ်ဦးဖြစ်တဲ့ ဒရှီလဆိုင်း၊ အင်ခွမ်ဆွတ်ထွယ်ကွမ်လီ နဲ့ ဒေါ်ဝါဝါခိုင်၊ မိတွယ်တာဝင်း၊ အိုင်ကြောနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ခူးလီ ကျေးရွာတိုက်ခိုက်ခံရမှုမှာ ဒေါ်လဖိုင်လုဘူဆိုသူ စုစုပေါင်း ၇ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေယာဉ်ဗုံးကြောင့် ၇ ဦးသေဆုံးခဲ့တဲ့အပြင် အသက် ၅၃ နှစ်အရွယ် ဦးမောင်ထွန်း၊ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်လှ၊ အသက် ၇၀ အရွယ် ဒေါ်သန်းတင်၊ အသက် ၄၆ နှစ်အရွယ် ဦးဖုန်စတဲ့ အရပ်သား ၄ ဦးနဲ့ KIA တပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စင်းခန်းနဲ့ ခူးလီကျေးရွာတွေမှာ တိုက်ပွဲနယ်မြေဖြစ်တဲ့ ဗန်းမော်မြို့နယ်ထဲကကျေးရွာဖြစ်ပေမယ့် အဲဒီကျေးရွာတွေ မှာ ပြီးခဲ့တဲ့ ၂၀၂၄ မတ်လတွင်း KIA သိမ်းပိုက်လိုက်ကတည်းက တိုက်ပွဲမရှိတောတဲ့ နေရာတွေဒေသဖြစ်ပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “စင်းခန်းက လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ မြစ်ကူးလမ်းတံတားတစ်ခုဖြစ်တယ်။ ပြီးရင် စစ်ကောင်စီတပ်တွေ လက်လွတ်လိုက်ရတဲ့ နေရာလည်းဖြစ်ပါတယ်။ နောက် တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်နဲ့လည်း နီးတဲ့နေရာလည်းဖြစ်ပါတယ်။ အဲ့ကြောင့် ဗုံးကြဲတာလို့ပဲမြင်ပါတယ်။ အဓိက ဗန်းမော်တိုက်ပွဲအတွက် လာပစ်တာလည်းဖြစ်နိုင်တယ်။ စင်းခန်းတံတားမှာလည်း KIA ဘက်က ပုံမှန်သွားလာနေတဲ့ နေရာလည်းဖြစ်တယ်။ ဒါကြောင့် သတင်းရတာလည်းဖြစ်နိုင်ပါတယ်”လို့ပြောပါတယ်။ လေယာဉ်ဗုံးကြဲခံရတဲ့ စင်းခန်းကျေးရွာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာလည်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ စင်းခန်းကျေးရွာဟာ ဗန်းမော်မြို့ရဲ့ တောင်ဘက်ခြမ်း ၁၂ မိုင်ခန့်အကွာမှာရှိပြီးတော့ ဒူးလီကျေးရွာက ဒေါ့ဖုန်းယန်ကျေးရွာအနီး အနောက်ဘက်ခြမ်းမှာရှိတဲ့ ရှမ်းလူမျိုးတွေ အများဆုံးနေထိုင်ကြတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။…
Read More » -
11 Marchသတင်း
ကသာမှာ စစ်တပ်က စက်တပ်လေထီးအသုံးပြုပြီး စစ်ရေးလေ့ကျင့်နေ
စစ်ကိုင်းဒေသကြီး ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်းမှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စက်တပ်လေထီး (Paramotor) အသုံးပြုစစ်ရေးလေ့ကျင့်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီခြေမြန်တပ်ရင်း ခမရ ၃၀၉ ဟာ ကသာမြို့ပေါ်နဲ့ ၅ မိုင်လောက်အကွာမှာ တည်ရှိပြီး ကသာမြို့ရဲ့အနောက်ဘက်ခြမ်းမှာတည်ရှိတာဖြစ်ပြီး မတ်လ ဒုတိယအပတ်ကနေစတင်ပြီး လေ့ကျင့်နေတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ “အောက်ပိုင်းတွေမှာသုံးတဲ့ လေထီးနဲ့စက်တပ်ယာဥ်လူတင်ပြီးမောင်းတဲ့ဟာ စမ်းသပ်ပြီးပျံသန်းတာတွေရှိတယ်။ ဧရာဝတီမြစ်အရှေ့ဘက်ကို ဖြတ်မောင်းတယ်။ ကျောက်ထုံးကြီးတိုက်နယ်တို့ကိုဖြတ်မောင်းပြီး ကသာအထက်ဘက်ရွာတွေဘက် လည်းပျံသန်းပြီး ၃၀၉ တပ်ထဲဆင်းသွားတယ်”လို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ဧရာဝတီတိုင်းတွေမှာ စက်တပ်လေထီးလို့ခေါ်တဲ့ Paramotor အသုံးပြုဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်လာတဲ့အတွက် ကာကွယ်ရေးတပ်နဲ့အရပ်သား ထိခိုက်သေဆုံးမှုတွေလည်းရှိလာနေတာဖြစ်ပါတယ်။ စက်တပ်လေထီး Paramotor ဟာ အင်ဂျင်တပ်ထားတဲ့လေထီးတစ်မျိုးဖြစ်ပြီး ပျံသန်းဖို့အတွက်အလွယ်တကူသင်ယူတတ်မြောက်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေကဆိုကြပါတယ်။ စက်တပ်လေထီးဗုံးကြဲစစ်ဆင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့အခြေစိုက်လေထီး သင်တန်းကျောင်းမှာသင်တန်းပေးတာတွေလုပ်နေတယ်လို့ သတင်းဌာနတွေမှာဖော်ပြနေကြပါတယ်။ တစ်ဖက်မှာတော့ ကသာမြို့တွင်းမှာရှိတဲ့ ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေအပါအဝင် ကသာထောင်တို့မှာဆိုရင် ဒီနှစ် ၂၀၂၅ နှစ်စ ပိုင်းကစလို့ ပိုပြီးလုံခြုံရေးအင်အားတိုးမြှင့်ထားသလို ဘန်ကာနဲ့ကတုတ်ကျင်းတွေပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အခုလို ခံစစ်ပြင်ဆင်မှုပြုလုပ်တာဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းကဖြစ်ပေမဲ့ ဒီနှစ် ၂၀၂၅ မှာပိုပြီးပြင်ဆင်ထားတဲ့ အနေအထားတွေ့ရတယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ဆိုပါတယ်။ “ကသာရဲ့မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်ဆိုရင် မြစ်ရဲ့တစ်ဖက်ကမ်း၊ အနောက်ဘက် နဘား၊အင်းတော်တစ်ဝှိုက်မှာ လည်း တော်လှန်ရေးအင်အားစုတွေဝိုင်းထားတဲ့အနေအထားဆိုတော့ သူတို့ကြိုတင်တွက်ဆပြီးပြင်တာပါ”လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ကသာမြို့နယ်နဲ့ကပ်လျှက်အနောက်ဘက်ခြမ်းမှာရှိတဲ့ အင်းတော်မြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေ အကြား ပြီးခဲ့တဲ့နှစ် ၂၀၂၄ ဩဂုတ်လကတည်းက မြို့သိမ်းတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး တိုက်ပွဲကရပ်လိုက်နားလိုက်ဖြစ်နေ တာ ၈ လဝန်းကျင်ရှိလာနေတာဖြစ်ပါတယ်။ ဒါ့အပြင် အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် မြစ်ကြီးနား – မန္တလေးကားလမ်းကို ကာကွယ်ရေးတပ်တွေဘက်က သွားလာခွင့် ပိတ်ထားပြီး ကားသမားတွေဟာ တောလမ်းကိုအသုံးပြုပြီး သွားလာနေကြရပါတယ်။ ကသာမြို့နယ်ဟာ ကချင်ပြည်နယ်ရွှေကူမြို့နယ်နဲ့ကပ်လျှက်မှာတည်ရှိတဲ့မြို့ဖြစ်သလို လက်ရှိ မြို့သိမ်းတိုက်ပွဲပြင်းထန် နေတဲ့ ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့နဲ့လည်းမဝေးလှဘဲ စစ်ရေးအရအရေးပါတဲ့နေရာမှာတည်ရှိတဲ့မြို့လို့ ကာကွယ် ရေးတပ်တွေဘက်ကဆိုကြပါတယ်။ ဧရာဝတီမြစ်ရဲ့အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ ကသာမြို့နယ်မှာ ကချင်ပြည်နယ်နဲ့နယ်ချင်းစပ်မှာရှိပြီး ၂၀၁၄ သန်ခေါင်းစာရင်းအရ လူဦးရေ ၁ သိန်း၆သောင်းရှိပြီး စစ်ကိုင်းတိုင်းထဲက ခရိုင်မြို့လေးတစ်မြို့ဖြစ်သလို ကသာမြို့ကို ကားလမ်း၊ ရထားလမ်းအပြင် ရေကြောင်းလမ်းနဲ့ပါသွားလာနိုင်ပါတယ်။ By – Zaw Zaw
Read More » -
Jan- 2025 -17 Januaryသတင်း
အင်းတော်မှာ စစ်ကောင်စီစစ်သားတွေက Non-CDM နဲ့ စစ်တပ်ထောက်ခံသူတွေကို လူသားဒိုင်းအဖြစ် အသုံးချနေ
ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီစစ်သားတွေဟာ Non-CDM ဝန်ထမ်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး အင်းတော်မြို့ လက်မလွတ်ရေး ခုခံနေတယ်လို့ သိရပါတယ်။ လက်ရှိ အင်းတော်မြို့တွင်း အထိုင်တပ်၊ ဒေသအခေါ် (ရိက္ခာကုန်း) တစ်ခုတည်းသာကျန်ရှိပြီး အဲဒီတပ်ဟာ Non-CDM ဝန်ထမ်းတွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ကိုလူသားဒိုင်းအဖြစ်အသုံးချပြီး ခုခံနေတယ်လို့…
Read More » -
Dec- 2024 -5 Decemberသတင်း
ဗန်းမော် ၃ မိုင်ရပ်ကွက်မှာ ဒေသခံပြည်သူထောင်ချီပိတ်မိနေ
ဗန်းမော်မြို့ ၃ မိုင်ရပ်ကွက်မှာ စစ်တပ်ကအဝင်အထွက်အားလုံး ပိတ်လိုက်တဲ့အတွက် ဒေသခံပြည်သူထောင်ချီပိတ်မိနေတယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ဗန်းမော်မြို့ဘက်ဝင်ရောက်လာချိန် ၃ မိုင်ရပ်ကွက်အရောက် စစ်တပ်နဲ့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူတွေ ပိတ်မိကုန်တာဖြစ်တယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “KIA တွေဝင်လာပြီဆိုတာ ဘယ်သူသတင်းပေးလိုက်လဲမသိ လေယာဉ်လည်းလာကြဲတယ် နှစ်ဖက်တပ်က မနေ့ကတော်တော်လေး ပစ်ခတ်မှုဖြစ်သွားတယ်။ စစဖြစ်ချင်းက ပြည်သူတွေတစ်ဖက်ကမ်းပြေးတဲ့သူပြေး၊ မြို့ထဲပြေးတဲ့သူပြေးနဲ့ပြေးကြတာ။ ဒါပေမယ့် မနေ့ ညနေပိုင်း KIA ဘက်က တစ်ခြားနေရာရွှေ့သွားပြီ အဲဒါကိုစစ်တပ်က အဝင်အထွက်အားလုံးပိတ်ချလိုက်တာ”လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ၃ မိုင်ရပ်ကွက်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့၊ဆိုင်တစ်ချို့၊စာသင်ကျောင်းဆောင်၊ ရပ်ကွက် ခန်းမဆောင်တွေ ထိခိုက်ပျက်စီးတာရှိတယ်လို့ သူကဆက်ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့မှာတော့ ရပ်ကွက်တွင်းတိုက်ပွဲမဖြစ်ပေမယ့် စစ်ကောင်စီတပ်က ရပ်ကွက်အဝင်ထွက်အားလုံးပိတ်လိုက်တဲ့အပြင် လျှပ်စစ်မီးတွေလည်း ဖြတ်ထားပေးတယ်လို့ နောက်ထပ် ၃ မိုင်ဒေသခံတစ်ဦး ဆက်ပြောပါတယ်။ “ခု မီးလည်းဖြတ်ပေးလိုက်ပြီ အားလုံးက အိမ်ထဲမှာပဲ တံခါးပိတ်ပြီးနေနေကြတယ်။ အတော်များများတော့ ပိတ်မိနေတယ်။ မြို့ဘက်နဲ့မြစ်တစ်ဖက်ကမ်းကို ပြေးသွားနိုင်တာ အနည်းအကျဉ်းပဲရှိတယ်။ ခုက ရပ်ကွက်တစ်ခုလုံး ထွက်လို့လည်း မရဘူး ထွက်တာနဲ့ သေနတ်နဲ့လိုက်ပစ်တယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ၃ မိုင်ရပ်ကွက်အဝင်ထွက်ပိတ်ထားတဲ့အပြင် ရပ်ကွက်လမ်းကြားပါမကျန် ကင်းစောင့်နေပြီး ရပ်ကွက်ထဲထွက်လာသူမှန်သမျှကို ပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ မနေ့ဝင်ရောက်လာချိန် တိုက်ပွဲရုတ်တရုတ်ဖြစ်သွားတာကြောင့် စျေးသည်တွေနဲ့ခရီးသွားတစ်ချို့ လမ်းမတစ်လျှောက်ပိတ်မိသွားသူများလည်းရှိပြီး နီးစပ်ရာ ဘုန်းကြီးကျောင်း၊ဘုရားကျောင်းတွေမှာ ခိုလှုံနေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ၃ မိုင်ရပ်ကွက်ဟာ အိမ်ခြေ ၆၀၀ ထက်မနည်းရှိပြီး လူဦးထောင်ချီရှိတဲ့ ရပ်ကွက်ကြီးတစ်ခုဖြစ်တာကြောင့် လက်ရှိပိတ်မိသူတွေလည်း ထောင်ချီရှိနိုင်တယ်လို့ ၃ မိုင်ရပ်ကွက်နေပြည်သူတွေ ပြောပါတယ်။ By – Zami
Read More »









