စစ်ရေးလှုပ်ရှားမှု
-
Nov- 2025 -14 Novemberသတင်း
ပူတာအိုမှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှု နေရာပိုပြီးကျယ်ပြန့်လာတယ်လို့ဆို
စစ်ကောင်စီတပ်က အောက်တိုဘာလကုန်ပိုင်းကစပြီး ပူတာအိုမြို့ အရှေ့ဘက် မချမ်းဘော့၊ ထန်ဂါးဘက်နဲ့ မြို့ရဲ့ တောင်ဘက် ပူတာအို–မြစ်ကြီးနားလမ်းပိုင်းရှိ ဆွမ်ပီယန်၊ တန်ဂျာဘက်ကို စစ်ရေးလုပ်ရှားမူတွေ ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း သိရပါတယ်။ “အင်အားသွားဖြည့်တဲ့ပုံစံတော့ မဟုတ်ဘူးဗျ သူတို့မနက်သွားညပြန်ပုံစံလုပ်ရှားနေတာ မနက်မနက်ဆိုရင် ကားအပြည့် အပြည့်သွားတယ် တန်ဂျာဘက်၊ မချမ်းဘော့ဘက်တွေသွားတယ်။ ညပိုင်းဆိုပြန်ပြန်လာကြတယ် သူတို့စစ်ကြောင်းနဲ့ ကင်းပတ်တဲ့ပုံစံပဲ အဆင့်သင်ပြင်ဆင်ပြီးနေကြတာ ဘာသတင်းတွေကြားလို့လဲတော့ မသိဘူး”လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ ပူတာအို ခလရ ၄၆ အထိုင်တပ်ဟာ ယခုရက်ပိုင်း…
Read More » -
Jul- 2025 -10 Julyသတင်း
ဆွမ်ပရာဘွမ်ဘက်ကို စစ်တပ်က စစ်ရေးလှုပ်ရှားမှုစတင်ပြုလုပ်လာ
ကချင်ပြည်နယ် ပူတာအိုမြို့တွင်း အခြေစိုက် ခ.လ.ရ ၄၆ တပ်ထဲမှာ လက်နက်ခဲယမ်းတွေဖြည့်တင်ပြီးနောက် စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်ဘက်ကိုဦးတည်ပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်လာနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကို လက်နက်၊…
Read More » -
Mar- 2025 -19 Marchသတင်း
အင်းတော်ကြီးဒေသမှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိုက်ပွဲ ဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသထဲမှာ KIA ပူးပေါင်းတပ်တွေ နဲ့ SNA စစ်ကောင်စီတပ် နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် တိုက်ပွဲ ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေရကြောင်း သိရပါတယ်။ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ချောင်းဝ၊ဝှေလုံကျေးရွာတွေဘက်ကနေ မိုင်းနောင်၊…
Read More » -
Oct- 2024 -10 Octoberသတင်း
ရှဒူးဇွပ်မှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ စစ်အင်အား ၃၀၀ ခန့် စစ်အင်အားပြ စစ်ရေးလှုပ်ရှားမှု ပုံမှန်လုပ်ဆောင်နေ
တနိုင်းလီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှးဒူးဇွပ်ကျေးရွာမှာ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့က စစ်အင်အား ၃၀၀ ဝန်းကျင်ခန့် နဲ့ ပုံမှန် စစ်အင်အားပြ စစ်ရေးလှုပ်ရှားတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြည်သူ့စစ်တပ်စခန်းရှိတဲ့ ရှဒူးဇွပ်ကျေးရွာအဝင် စံပြကျေးရွာမှာ အရင်ကထက် စစ်အင်အားပိုမိုတိုးချဲ့ထားပြီး စစ်အင်အားပြ…
Read More » -
Nov- 2023 -4 Novemberစစ်ပြေးဒုက္ခသည်များ
စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေတာကြောင့် အင်းတော်မြို့နယ်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ပြည်သူတွေ ထပ်ပြီးထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းဒေသကြီး အင်းတော်မြို့အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်တွေမကြာခန စစ်ကြောင်းထိုးဝင်ရောက်နေတာ ကြောင့် ကျေးရွာပေါင်း ၁၀ က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလကစပြီး ဗန်းမောက်ဘက်ကနေဝင်လာတဲ့ စစ်ကောင်စီရဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ တပ်မ ၈၈ စစ်ကြောင်းဟာ အင်းတော်မြို့အရပ်လေးမျက်နှာမှာရှိတဲ့ မြို့နဲ့အနီးဝန်းကျင်ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားတာတွေ ခပ်စိပ်စိပ်လုပ်လာနေတယ်လို့ အင်းတော်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဟိုတနေ့ကဆိုရင် နဘားရွာဘက်ကိုထိုးတယ် အဲကနေ ပြန်ဆုတ်သွားပြီးမှ မနေ့ကတော့ ကြံတောနဲ့နားနောင်ရွာဘက် ကိုထပ်ပြီးစစ်ကြောင်းထိုးတယ် ၃နာရီလောက်မှာပြန်ဆုတ်သွားပြီးတော့။ ဒီကနေ့ကတော့ မိုးယူနဲ့အောင်းကုန်းဘက်ကို ထပ်ပြီးစစ်ကြောင်းထိုးသွားတယ်”လို့ ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ…
Read More » -
Sep- 2023 -26 Septemberသတင်း
ရွှေကူအနောက်ဘက် ရေလှဲ နဲ့ ဆင်တပ်ဒေသခံများ နေရပ်မပြန်နိုင်သေး
ကချင်ပြည်နယ် ရွှေကူမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားလာတဲ့အတွက် ထွက်ပြေးနေရတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘဲ တောတောင်တွေမှာ ဆက်လက်တိမ်းရှောင် နေရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ရွှေကူအနောက်ခြမ်းဘက် ရေလှဲ နဲ့ ဆင်တပ်ကျေးရွာတွေကို စစ်ကောင်စီတပ်ဝင်ရောက်လာပြီးတော့ အရပ်သားတွေကို ဖမ်းဆီးခဲ့တဲ့အပြင် နေအိမ်တွေပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်တွေက မနေ့ကထိ ရွှေကူအနောက်ဘက်ကျေးရွာတွေမှာ ရှိနေသေးတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ရေလှဲနဲ့ ဆင်တပ်ကမပြန်နိုင်သေးဘူး စစ်သားတွေက ရွှေကူမြို့ပေါ်မှာ…
Read More » -
11 Septemberသတင်း
စယ်လန်ရွာနီးမှာ စစ်တပ် နဲ့ TNLA ဘက်က စစ်ရေးလှုပ်ရှားနေလို့ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေ
မူဆယ်မြို့နယ် စယ်လန်ကျေးရွာမှာ ဒေသခံတွေ စစ်ရှောင်နေရာကနေ နေရပ်ပြန်လာကြပေမယ့် ရွာပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ် နဲ့ TNLA တပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေတဲ့အတွက် စိုးရိမ်စိတ် နဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မူဆယ် နဲ့ နမ့်ခမ်းမြို့နယ်ကြား စယ်လန်ကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်…
Read More » -
Jan- 2023 -13 Januaryသတင်း
ဖားကန့်တွင် စစ်ကောင်စီတပ်က ညဘက် စစ်ဆေးရေး ပိုမိုပြုလုပ်လာနေပြီး ဖမ်းဆီးမှုများလည်း ရှိနေ
ဖားကန့်မြို့ပေါ် နှင့် လုံးခင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများက ညဘက် လမ်းသွား လမ်းလာများကို စစ်ဆေးမှု ပိုမိုပြုလုပ်လာနေပြီး ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယခုလ ဇန်နဝါရီလ ၁၁ ရက်နေ့မှ စတင်ကာ ညစဥ် လမ်းသွားလမ်းလာ…
Read More »







