တရုတ်

  • Dec- 2025 -
    16 December
    သတင်း

    KIO နဲ့ အိန္ဒိယတို့အကြား လျှို့ဝှက်စာချုပ်ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိကြောင်း KIO ပြော

    မြေရှားသတ္တုတူးဖော်ရေးနဲ့ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား လျှို့ဝှက်သဘောတူညီမှုစာချုပ်ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မဟုတ်မမှန်တဲ့သတင်းသာဖြစ်တယ်လို့ KIO ပြောပါတယ်။ ဒီသတင်းဟာ ဒီဇင်ဘာလဆန်းပိုင်း ‘Silicon Valley Times’ ဆိုတဲ့ Website တစ်ခုကနေစတင်ပြန့်နှံ့လာပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ မြန်မာပြည်တွင်း မီဒီယာတချို့က ပြန်လည်ဖော်ပြလာကြတာဖြစ်ပါတယ်။ ဒါဟာ ကချင်ကိုအသုံးချပြီး တရုတ်နဲ့ အမေရိကန်ကြား နိုင်ငံရေးဆော့ကစားနေတာဖြစ်သလို အမေရိကန်လော်ဘီသတင်းမီဒီယာတွေရဲ့ ရေးသားခြင်းသာဖြစ်တယ်လို့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ခုလိုပြောပါတယ်။ “ပြင်ပက လူတွေရေးနေတဲ့သတင်းသာဖြစ်တယ် ကျနော်တို့အနေနဲ့ အဲဒါနဲ့ပတ်သက်ပြီး ဘာကတိကဝတ်ထားရှိထားတာမျိုးလည်း မရှိဘူး။ ဘယ်သူ့ကိုမှတာဝန်ပေးထားတာမျိုးလည်း မရှိဘူး။ ဒါကြောင့် ဒီသတင်းကို ကျနော်တို့ KIO အနေနဲ့ ပြောချင်တာက မဟုတ် မမှန်တဲ့ သတင်းဖြစ်တယ်လို့ ပြောချင်တယ်။ သူတို့ နိုင်ငံရေး ဆော့ကစားနေတာပဲ ဖြစ်လိမ့်မယ် ဆိုလိုချင်တာက တရုတ်နဲ့ အမေရိကန်ကြား ဆော့ကစားနေတာမျိုး ၊ ကျနော်တို့ ကချင်တွေကို အသုံးချပြီး ကြားမှာထားပြီး သူတို့ချင်း နိုင်ငံရေးဆော့ကစားနေတာပဲ ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်။”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မြေရှားလုပ်ကွက်နေရာတစ်ခုမြင်တွေ့ရပုံ Photo – CJ အိန္ဒိယနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား မြေရှားသတ္တုအတွက် လျှို့ဝှက်သဘောတူညီမှုတစ်ခုထားရှိထားတယ်ဆိုတဲ့ သတင်းကို ‘Silicon Valley Times’ ဆိုတဲ့ Website စတင်ဖော်ပြလာတာဖြစ်ပါတယ်။ ‘Silicon Valley Times’ရဲ့သတင်းဖော်ပြချက်မှာ KIA နဲ့ အိန္ဒိယအစိုးရရဲ့လျှို့ဝှက်သဘောတူစာချုပ်ဟာ မဟာဗျူဟာဆိုင်ရာမဟာမိတ်ပူးပေါင်းမှုတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေမဲ့လုပ်ရပ်လည်းဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ အိန္ဒိယရှိ အာရူနာချယ် ပရာဒေ့ရှ်ပြည်နယ်ကနေမှ ကချင်ပြည်နယ် ချီဖွေမြေရှားသတ္တုတူးဖော်ရေးနေရာအထိ ၃၆၅ ကီလိုမီတာရှည်လျားတဲ့ လမ်မကြီးကိုတည်ဆောက်နေတယ်လို့  ဂြိုဟ်တုကရတဲ့ပုံတွေနဲ့ နယ်စပ်ဖြတ်ကျော် ထောက်လှမ်းရေးသတင်းတွေအရ အတည်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။  ဒီလမ်းကြောင်းက အိန္ဒိယအတွက် မြေရှားသတ္တုတွေကိုရရှိစေမှာဖြစ်ပြီး အလဲအလှယ်အနေနဲ့  အိန္ဒိယက KIA ကို လက်နက်၊ ဆေးဝါး အကူအညီနဲ့ ထောက်ပို့ အကူအညီတွေပေးအပ်နိုင်တယ်ဆိုပြီး ‘Silicon Valley Times’ က ရေးထားတာဖြစ်ပါတယ်။ …

    Read More »
  • Jan- 2025 -
    27 January
    သတင်း

    တရုတ် ငှက်ပျောကား များလာမှုကြောင့် ဒေသခံကားသမားတွေ အလုပ်အကိုင် ရှားပါးမှုဖြစ်လာ

    ဝိုင်းမော်မြို့နယ် နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ငှက်ပျောကားတွေ ဝိုင်းမော်မြို့အနီးအထိ ဝင်ရောက်နေရာယူလာတဲ့အတွက် ဒေသခံငှက်ပျောကားတွေ အလုပ်အကိုင် ရှားပါးလာတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်များ တရုတ် နယ်စပ် ကန်ပိုင်တီမြို့ကို သိမ်းပိုက် လိုက်ပြီးနောက် ဝိုင်းမော်မြို့ ငှက်ပျောခင်းတွေမှာ တရုတ်နိုင်ငံက ငှက်ပျောတင်ကား အများအပြား ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်က ငှက်ပျောကားပြေးဆွဲနေတဲ့…

    Read More »
  • Dec- 2024 -
    11 December
    သတင်း

    KIO/KIA ဥက္ကဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC)အဖွဲ့  တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံနေ

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC) အဖွဲ့ ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ကြိမ် တရုတ်အစိုးရနဲ့ KIO တွေ့ဆုံဆွေးနွေးမှုမှာ တရုတ်အစိုးရဘက်က CPPCC ဗဟိုကော်မတီဝင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Wu Ken နဲ့ တွေ့ဆုံနေကြတာဖြစ်ပြီး အရင်ဆွေးနွေးမှုတွေကို ဦးဆောင်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်းရှီးကျွင်းထက် အဆင့်မြင်တဲ့ အရာရှိဖြစ်တယ်လို့ KIO နဲ့ နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ လက်ရှိ KIO အစိုးရနဲ့ တရုတ်အစိုးရဘက်က ဦးဆောင်ပါဝင် ဆွေးနွေးနေတဲ့ CPPCC (Chinese People’s Political Consultative Conference ) ဗဟိုကော်မတီဝင် ဝူ့ခန့် (Wu Hken) ဟာ ယခင်က ဂျာမနီနိုင်ငံရဲ့ တရုတ်နိုင်ငံဆိုင်ရာတရုတ်သံအမတ် လုပ်ခဲ့သူတစ်ဦးဖြစ်ပြီး ဒီနှစ် စက်တင်ဘာလအတွင်းမှာပဲ တရုတ်နိုင်ငံ ပေကျင်းမြို့ကို ပြန်လည်ရောက်ရှိလာသူတစ်ဦးလည်းဖြစ်ပါတယ်။ KIO နဲ့ တရုတ်အစိုးရတွေ့ဆုံမှုမှာ KIO ဘက်က KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ KIO အထွေထွေအတွင်းရေးမှူး ဦးကွမ်ထပ်ထိန်နန်၊  KIC ဒု– ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်၊ KIO အုပ်ချုပ်ရေး DGA  တာဝန်ခံ ဗိုလ်လဖိုင်ဇော်ယော်၊ ဗိုလ်ချုပ် လဖိုင်ခွန်နောင်တို့ပါဝင်နေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်း ဧရာဝတီအရှေ့ဘက်ခြမ်း KIA သိမ်းပိုက်ဖို့ နောက်ဆုံးကျန်ရှိနေတဲ့ ဗန်းမော်နဲ့ မံစီ မြို့နယ် ၂ ခုမှာ KIA ရဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ အချိန်အတွင်းမှာပဲ တရုတ်အစိုးရဘက်က တွေ့ဆုံဖို့ ဖိတ်ခေါ်မှုကြောင့် KIO အစိုးရဘက်က သွားရောက်တွေ့ဆုံနေတာလည်းဖြစ်ပါတယ်။ ဒီကနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ KIO နဲ့ တရုတ်အစိုးရ နှစ်ဖွဲ့တွေ့ဆုံဆွေးနွေးနေတာနဲ့ ပတ်သက်ပြီး အကြောင်းအရာအသေးစိတ်မသိရသေးတာလည်းဖြစ်ပါတယ်။  KIO နဲ့ နီးစပ်သူတွေက သုံးသပ်ပြောဆိုချက်အရ ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကချင်နဲ့ တရုတ်နှစ်နိုင်ငံထိစပ်နေတဲ့ နယ်စပ်ဂိတ်ရှိတဲ့ မြို့နယ်တစ်ချို့ကို သိမ်းပိုက်မှုနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Oct- 2024 -
    24 October
    သတင်း

    ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်လက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေ

    ကချင်ပြည်နယ်တွင်း KIA ထိန်းချုပ်မှုအောက်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံးပိတ်လိုက်ပေမယ့်  ကချင်အထူးဒေသ ၁ ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူ၊ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေတယ်လို့ ဖီမော်မြို့ဒေသခံတွေ ပြောပါတယ်။ KIA ထိန်းချုပ်မှုအောက် တရုတ်–မြန်မာနယ်စပ်ဂိတ် KIO ဌာနချုပ် လိုင်ဇာမြို့နယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းသိမ်းပိုက်ထားတဲ့ ပန်ဝါမြို့နယ်စပ်ဂိတ်ရှိပြီး ကချင်အထူးဒေသ ၁ အောက်မှာ ကံပိုင်တည်၊ ဖီမော်နယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ ကမ့်ဖန့်နယ်စပ်ဂိတ်ရှိပါတယ်။ အဲဒီထဲက KIA ထိန်းချုပ်မှုအောက်ရှိ လိုင်ဇာ၊လွယ်ဂျယ်၊ပန်ဝါ ဂိတ်အားလုံးကို တရုတ်ဘက်က အောက်တိုဘာလ ၁၈ ရက်ညကစပြီး ပိတ်လိုက်သလို ကချင်အထူးဒေသ ၁ အောက်မှာရှိနေသေးတဲ့  ကံပိုင်တည်မြို့နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားပြီး ကမ်းဖန့်ဂိတ်နဲ့အမှတ် ၇ နယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ် ကိုဗစ်ကာလကတည်းက ပိတ်ထားတာဖြစ်ပါတယ်။  သို့သော် ဖီမော်မြို့နယ်စပ်ဂိတ်ကိုတော့ ပိတ်ထားတာမျိုးမရှိဘဲ တရုတ်လုပ်ငန်းရှင်တွေရဲ့ကျောက်ဖြူတူးဖော်ရေးလုပ်ငန်းတွေ ဆက်လည်ပတ်နေဆဲဖြစ်တယ်လို့ ဖီမော်ဒေသခံအမျိုးသားတစ်ဦး  KNG ကိုပြောပါတယ်။ “ ဖီမော်နယ်စပ်ဂိတ်ကတော့ဖွင့်ပါတယ်။ ဒီမှာတော့ ပစ္စည်းပုံမှန်ယူနေကြတယ်။ ပန်ဝါဘက်ကပိတ်သွားပေမဲ့ ဒီမှာတော့ပုံမှန်အတိုင်းပဲ။ ဖီမော်မှာက ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်းတွေရှိတယ်။ ဒါတွေလည်း ဆက်လုပ်နေတုန်းပဲ” လို့ ပြောပါတယ်။ ကချင်အထူးဒေသ ၁ ထဲမှာရှိနေသေးတဲ့ ဖီမော်နယ်စပ်ဂိတ်၊ ကမ့်ဖန်နယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ KIAသိမ်းပိုက်လိုက်တဲ့ ပန်ဝါနယ်စပ်ဂိတ်တွေဟာ နယ်စပ်တစ်လျှောက်နေထိုင်တဲ့ ပြည်သူတွေလိုအပ်တဲ့ စက်သုံးဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့အပါအဝင်၊  တွင်းထွက်လုပ်ငန်းတွေမှာအသုံးပြုတဲ့ ခဲ၊ယမ်းတွေကို အဓိကတင်သွင်းတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိတ်တွေမှာ ၂၀၂၀ ကိုဗစ်ကူးစက်ရောဂါဖြစ်ချိန်ကစလို့ တရုတ်နိုင်ငံထဲကိုတော့ မြန်မာနိုင်ငံသားတွေကို ဒီနေ့အထိပေးမဝင်ဘူးလို့ ဒေသခံတွေကပြောပါတယ်။ “တရုတ်ပြည်သားတွေတော့ ဒီဂိတ်တွေမှာအဝင်အထွက်လုပ်လို့ရတယ်။ မြန်မာပြည်သားတွေတော့မရဘူး။ ဒီဘက်ကမှာ တရုတ်ကနေဈေးရောင်းတဲ့သူတွေ၊ သံသတ္တုလုပ်တဲ့သူတွေ၊ ကျောက်ဖြူလုပ်ငန်းလုပ်တဲ့ သူတွေတော့ဝင်လာကြတယ်။ မြန်မာပြည်သားတွေကတော့ ကိုဗစ်ပြီးကတည်းကပဲဝင်လို့မရတော့တာ”လို့ ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။ ကချင်အထူးဒေသ ၁ နယ်မြေတစ်ဝှိုက်မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ တောက်လျှောက် အရှိန်မြင့်လာတာနဲ့ အတူ ကံပိုင်တည်နယ်စပ်ဂိတ်မြို့ကိုပါ KIA ပူးပေါင်းတပ်ဘက်က ဆက်လက်သိမ်းပိုက်ဖို့ ဦးတည်နေပြီး တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်ကို အောက်တိုဘာ ၁၈ ရက်နေ့မှာပိတ်လိုက်ထားပါတယ်။ တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ မြို့တွေကို KIA မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာနဲ့တစ်ပြိုင်နက်ထဲ တရုတ်နိုင်ငံဘက်က KIA ကို ထိုးစစ်ရပ်ဖို့ ဖိအားပေးတာမျိုးလည်း ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားတယ်လို့ ပြောနေတဲ့ တရုတ်ဟာ လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ ပြည်တွင်းရေးကိုပေါ်ပေါ်တင်တင်ဝင်စွက်ဖက်နေတယ်လို့  နိုင်ငံရေးသုံးသပ်သူတွေပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၄ ရက်နေ့ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားတယ်လို့ထပ်လောင်း ပြောဆိုထားပါတယ်။ By – အမိုး

    Read More »
  • Jun- 2024 -
    5 June
    သတင်း

    မြေရှားသတ္တုလုပ်ကွက်မြေပြိုမှုမှာ လုပ်သား ၁၂ ဦးဝန်းကျင်ပျောက်ဆုံးနေဆဲ

    ပန်ဝါမြို့အနီးမှာရှိတဲ့ လုပ်ကွက်နံပါတ် အမှတ် ၃ မှာ  မြေရှားသတ္တုကုမ္မဏီလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး တရုတ်နိုင်ငံသားတွေအပါအဝင် မြန်မာနိုင်ငံသား၂ ဦးရဲ့ရုပ်လောင်းရှာဖွေတွေ့ရှိထားပေမယ့် နောက်ထပ် ၁၂ ဦးခန့်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပန်ဝါ‌ဒေသခံ‌တွေ ပြောပါတယ်။ ဒီဖြစ်စဉ်က ဇွန်လ ၄ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကနေ့ထိ ရှာဖွေရေးဆက်တိုက်လုပ်နေဆဲဖြစ်ပေမယ့် တရုတ်နိုင်ငံသားလုပ်ငန်းရှင် ၂ ဦးရဲ့ရုပ်အလောင်းနဲ့ မြန်မာပြည်သား ၂ ဦးရုပ်အလောင်းသာရှာတွေ့သေးတယ်လို့ သိရပါတယ်။ “ခုထိတော့ ၄ လောင်းဘဲရှာ‌တွေ့သေးတယ်လို့ သိရတယ်။ အဲမှာတရုတ်နိုင်ငံသား ၂ ယောက်ရဲ့အလောင်းက တရုတ်ဘက်ပို့လိုက်ပြီလို့ကြားတယ် ရှာ ဖွေရေးက ဆက်လုပ်နေတုန်းဘဲ“လို့ ပန်ဝါဒေသခံတစ်ဦးက ပြောပါတယ်။ မြေပြိုကျလို့ သေဆုံးသွားတဲ့ထဲမှာ မြေရှားသတ္တုလုပ်ငန်းခွင်မှာအလုပ်လာရောက်လုပ်ကိုင်နေတဲ့ မြန်မာပြည်နေရာအနှံ့က အလုပ်လာရောက်လုပ်ကိုင်တဲ့ လုပ်သားတွေအပါအဝင် ဈေးရောင်းတဲ့ အမျိုးသမီးငယ်တစ်ချို့လည်းပါဝင်တယ်လို့ သိရပေမယ့် မည်သူမည်ဝါတွေဖြစ်တယ်ဆိုတာ ရှာဖွေရေးလုပ်နေဆဲမို့ တိတိကျကျပြောဖို့ခက်နေသေးတယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီမြေပြိုမှုဟာ မြေရှားသတ္တုလုပ်ငန်းခွင်ရဲ့အထက်မှာရှိတဲ့ ရေလှောင်ကန်ပြိုကျရာကနေ လုပ်ငန်းခွင်ထဲရောက်နေသူအားလုံးနီးပါး မြေပိသေဆုံးတာဖြစ်တယ်လို့ပြောဆိုနေကြပေမယ့် ဖြစ်စဉ်အသေးစိတ်ကိုတော့ KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ အလားတူ ဇွန်လ ၁ ရက်နေ့မှာလည်း  ချီဖွေမြို့နယ် ဇုတ်လန်ရွာအနီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တစ်ခု မြေပြိုကျခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ကိုဒိုင်ခေါင်ဆိုသူလုပ်သားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာလည်း ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုလုပ်ငန်းခွင်တစ်ခုမှာ မြေပြိုတဲ့အထဲ အမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ကချင်ပြည်နယ် ချီဖွေမြို့နယ်အပါအဝင် ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ပန်ဝါမြို့တွေမှာ မြေရှားတူးဖော်မှုပိုမိုဆိုးရွားလာနေတဲ့အပြင် မြေရှားသတ္တုကို တရုတ်နိုင်ငံသို့ တင်ပို့မှုအကြီးအကျယ်မြင့်တက်နေတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးစောင့်ကြည့်တဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Global Witness အဖွဲ့က မေလ ၁၇ ရက်နေ့မှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ တရုတ်သို့မြေရှားတင်ပို့တဲ့ပမာဏဟာ ၂၀၂၁ ခုနှစ်မှာ တန်ချိန် ၁၉,၅၀၀ တန်ရှိပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ တန်ချိန် ၄၁၇၀၀ အထိ မြင့်တက်လာတာကြောင့် တင်ပို့မှုပမာဏဟာ ၂ ဆကျော်ပိုများလာတယ်လို့ ဖော်ပြထားပါတယ်။ By – ဇမီ

    Read More »
  • Apr- 2024 -
    4 April
    သတင်း

    လွယ်ဂျယ်မြို့ အစိုးရရုံးအားလုံး KIA ချိတ်ပိတ်

    “စစ်သားတွေက ရှိနေပေမယ့် KIA တပ်တွေက သူတို့လက်လှမ်းမှီသလောက် အစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီ။  ကျန်တာတော့ ဘယ်လိုဆက်လုပ်နေကြလဲမသိဘူး”လို့ လွယ်ဂျယ်ဒေသခံအမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။

    Read More »
  • Mar- 2024 -
    29 March
    သတင်း

    မူဆယ်က ကျားဖြန့်လုပ်ငန်းတွေ ဝင်ရောက်စီးနင်း ခံရပြီး တရုတ်နိုင်ငံသား အပါအဝင် လူဦးရေ ၇၀၀ နီးပါး ဖမ်းဆီးခံထားရ

    ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက အွန်လိုင်းကျားဖြန့်လုပ်ကိုင်တဲ့နေရာတွေကို စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၄၀၀ ဝန်းကျင်နဲ့ တရုတ်နိုင်ငံသား ၂၇၀ ကျော်ထိန်းသိမ်းခံထားရတယ်လို့ မူဆယ်ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့ ညပိုင်းကစလို့ မူဆယ်မြို့နယ်ထဲမှာရှိတဲ့ အွန်လိုင်း ကျားဖြန့်လုပ်ငန်း နေရာတွေကို စစ်ကောင်စီတပ်က…

    Read More »
  • 8 March
    သတင်း

    လိုင်ဇာမှာ စစ်တပ်ကလေကြောင်းနဲ့ ဗုံးကျဲ၊ တရုတ်ဘက်ခြမ်းလည်း ကျရောက်ပေါက်ကွဲ

    KIO ဌာနချုပ် လိုင်ဇာမြို့ထဲကို စစ်တပ်က မတ်လ ၈ ရက်၊ ဒီကနေ့ မနက်မှာ လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မတ်လ ၇ ရက်နေ့ စတင်ခဲ့တဲ့ လိုင်ဇာအနီးတစ်ဝိုက် စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက်တိုက်ခိုက်တဲ့…

    Read More »
  • Jan- 2024 -
    16 January
    ဆောင်းပါး

    နည်းပညာကဏ္ဍတောင်းဆိုမှုအရ စတေးခံနေရတဲ့ ကချင်ပြည်နယ်က မြေရှားသတ္တု

    အဆင်မြင့် နည်းပညာပစ္စည်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ မြေရှား Rare Earth Elements (REE) ကမ္ဘာ့စျေးကွက်ကို တရုတ်နိုင်ငံက လွမ်းမိုးချုပ်ကိုင်ထားပြီး အမေရိကန်၊ ဩစတြေးလျ  နဲ့ မဟာမိတ်တွေကလည်း တရုတ်ရဲ့ ချုပ်ကိုင်မှုကနေ လွတ်မြောက်ဖို့ တန်ပြန်ကြိုးစားလာနေကြပါတယ်။ United…

    Read More »
  • Jun- 2023 -
    8 June
    သတင်း

    နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ထုတ်ပေးမှုပိတ်ထားသဖြင့် ကျပ် ၁ သိန်းမှ ၅ သိန်းအထိပေးကာ ပြုလုပ်နေရ

    ကချင်–တရုတ်နယ်စပ် ကန်ပိုက်တည် နယ်စပ်ဂိတ်တွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်အနီ) အသစ်ပြုလုပ်ပေးမှုကို ရပ်ဆိုင်းထားသဖြင့် ပွဲစားများနှင့် ညှိနှိုင်းပြီး ကျပ် ၁ သိန်းခွဲမှ ၅ သိန်းဝန်းကျင်အထိ ပေးဆောင်ကာ စာအုပ်အသစ် ပြုလုပ်ကာ သွားလာခွင့်ရနေသည်ဟု သိရသည်။ မေလ ၁၂ နေ့မှစ၍ ကချင်ပြည်နယ်…

    Read More »
Back to top button