ထိုးစစ်ဆင်

  • Oct- 2025 -
    6 October
    သတင်း

    ဗန်းမောက်မြို့ကို စစ်တပ်နဲ့ SNA ပူးပေါင်းတပ်ပြန်ထိုးစစ်ဆင်၊ မြို့နဲ့ ၅ မိုင်အကွာကိုရောက်ရှိလာ

    တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ဗန်းမောက်မြို့ကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေ ပြန်လည်ထိုးစစ်ဆင်လာနေပြီး နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါ တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကစလို့ ဟုမ္မလင်းမြို့နယ်မှာရောက်ရှိနေတဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ နယ်မြေခံ SNA…

    Read More »
  • Jul- 2025 -
    16 July
    သတင်း

    ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ

    ဖားကန့်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကျေးရွာအနီးတဝိုက်ကို လေကြောင်းပစ်ကူနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် ဂျက်လေယာဉ်တစ်စီးနဲ့ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီ နဲ့ ဆွတ်ငိုင်ယန်ကျေးရွာအနီးတဝိုက်ကို ဗုံးလာကြဲသွားတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “ဗုံး ၂ ကြိမ်လာကြဲသွားတယ်။ ဖားကန့် စုပေါင်း သင်္ချိုင်းနေရာတစ်ဝိုက် မှော်စတင် သင်္ချိုင်းရဲ့ အောက်ဘက်ခြမ်းမှာ ကျကွဲတယ်တဲ့။ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး ၊ ဆွတ်ငိုင်ယန် အဲ့ဒီကျေးရွာ ၃ ခုဆုံတဲ့ နေရာကို လာကြဲသွားတာ”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုရှိမရှိ အခြေအနေကို အသေးစိတ်စုံစမ်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်အချိန်မှာလည်း စစ်ကြောင်းထိုးနေတဲ့ မော်မောလယန် ဘက်ကို ဂျက်လေယာဉ်နဲ့ နှစ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်ပြီးနောက် ဖားကန့် ဗျူဟာကုန်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေ မှော်ဝမ်းကလေး ဘုရားဝင်းအတွင်းနေရာယူထားတဲ့ စစ်ကြောင်းတွေကို KIA နဲ့ တော်လှန်တပ်ဖွဲ့တွေ ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ KIA ရဲ့ ပစ်ခတ်ခံရမှုမှာ စစ်ကောင်စီတပ်ဘက်က ၆ ဦးသေဆုံးခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။ “မှော်ဝမ်းကလေး ဘုရားကျောင်းမှာ ရှိနေတဲ့ စစ်ကြောင်းတွေကို KIA ဘက်က ၁၂၀ မမ ရှိတဲ့ ဒရုန်းနဲ့ သွားပစ်ခဲ့တယ်။ အဲထဲမှာ ၆ ယောက်သေတယ်၊ ၇ ယောက်က ဒဏ်ရာသွားတယ်။ နောက်ပြီး မှော်ဝမ်းကလေးကျေးရွာ တဝိုက်မှာပဲ စစ်ကောင်စီတပ်တွေရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း ၁၉ လောင်းကောက်ရတယ်”လို့ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ မော်မောဘွမ့်၊ လမောင်ကုန်း တောင်းကုန်းနေရာတွေကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတဲ့ ရုပ်အလောင်း ၁၉ လောင်းအထိ KIA ဘက်က ကောက်ယူရခဲ့တယ်လို့ ဆိုပါတယ်။ ဖားကန့်ဒေသမှာ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ စစ်ကောင်စီတပ်တွေ စစ်အင်အားအလုံးအရင်းနဲ့  စစ်မျက်နှာ နှစ်ခုနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဖားကန့် ဗျူဟာကုန်းရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာနဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ မော်မောလယန်၊ ရှရော်ခ ညောင်ပင်းကုန်း ကျေးရွာဘက် စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီတပ်တွေ သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ လမောင်ကုန်းနဲ့ မော်မောဘွမ့် တောင်ကုန်း နှစ်ခုဟာ ဖားကန့် ဗျူဟာကုန်းအတွက်အလွန်အရေးပါတဲ့ နေရာဖြစ်သလို ဖားကန့် မြို့တွင်း၊ မြို့ပြင် နေရာအားလုံးကို လှမ်းထောက်နိုင်တဲ့ နေရာတွေဖြစ်ပါတယ်။ ဖားကန့်တိုက်ပွဲ စစ်တပ်က ပြီးခဲ့တဲ့ ဇွန်လကတည်းက ဇူလိုင် ၁၀ ရက်ကျော်အထိ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်တဲ့ အထိသာရှိခဲ့ပေမယ့် ဇူလိုင် ၁၅ ရက်နေ့ကစပြီး လေကြောင်းအသုံးပြုတိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။ စစ်တပ်က ဖားကန့်ဒေသကို ထိန်ချုပ်နိုင်ဖို့ လေကြောင်းအသုံးပြုတိုက်ခိုက်လာတာကြောင့် ဖားကန့်ပြည်သူလူထုတွေဟာ စိုးရိမ်ထိပ်လန့်မှုတွေလည်းရှိနေပါတယ်။ လမောင်ကုန်းနဲ့ မော်မောဘွမ့်ဘက်ကို စစ်ကြောင်းထိုး ကြိုးပမ်းနေတဲ့ စစ်ကြောင်းတွေဟာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့ တိုက်ခိုက်ခံနေရတာကြောင့် ဆက်မတိုးနိုင်ဘဲ မော်မောလယန်၊ မှော်ဝမ်းကလေး၊ ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာတွေမှာ သောင်တင်နေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • May- 2025 -
    13 May
    သတင်း

    ဖားကန့် ဒေသကို စစ်တပ်က စစ်မျက်နှာ ၃ ခုကနေထိုးစစ်ဆင်နေဆဲ

    ကချင်ပြည်နယ် ဖားကန့်ဘက်ကို စစ်မျက်နှာ ၃ ခုကနေ အင်အားအလုံးအရင်းနဲ့ ထိုးတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခံနေတဲ့အတွက် ဖားကန့်မြို့ဝင်ပေါက် ၃ နေရာစလုံးမှာ စစ်ရေးတင်းမာနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ ကားမိုင်းလမ်း၊ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာမှာရောက်ရှိနေတဲ့…

    Read More »
  • Apr- 2025 -
    25 April
    သတင်း

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ ထိုးစစ်ပြန်လည်စတင်

    တစ်လဝန်းကျင်အကြာ ထိုးစစ်ရပ်တန့်ထားတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်တပ်ရှိတဲ့ နေရာတွေကိုတစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့တစ်ခုလုံး သိမ်းပိုက်နိုင်ရန် ကျန်ရှိနေတဲ့ စကခ (၂၁)၊…

    Read More »
  • 3 April
    သတင်း

    ယာယီထိုးစစ်ရပ်မယ်လို့ကြေညာထားတဲ့ စစ်တပ် ဝိုင်းမော်မှာ လက်နက်ကြီးပစ်ခတ်နေ

    ငလျင်နောက်ဆက်တွဲ ကယ်ဆယ် ရေးအတွက် ရက်ပေါင်း ၂၀ ယာယီအပစ်ခတ်ရပ်ကြောင်း ကြေညာလိုက်တဲ့ စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတဝိုက်ကို ဒရုန်းပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့ ဧပြီလ ၃ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ကနေ…

    Read More »
  • Dec- 2024 -
    13 December
    သတင်း

    အင်းတော်မှာတိုက်ပွဲပြန်လည်ပြင်းထန်နေ

    စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား ဒီဇင်ဘာလ ၁၁ ရက်နေ့ မနေ့ကစတင်လို့တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။ ကာကွယ်ရေးပူးပေါင်းတပ်တွေက အင်းတော်မြို့နယ်အတွင်းရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေကပြောပါတယ်။…

    Read More »
  • Oct- 2024 -
    23 October
    သတင်း

    မိုးမောက်မှာ တစ်ကျော့ပြန်တိုက်ပွဲဖြစ်နေ

    ဗန်းမော်နဲ့ မိုးမောက်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ကြား တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီ KIO ပြောပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့ဘက်ကနေ တင့်ကား ၄ စီးအပါ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ၆ မိုင်နဲ့ ၇ မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “၂၀ ရက်နေ့ကစပြီး စစ်တပ်က တစ်ဖန်တင့်ကားတွေ တဖန်စစ်ကြောင်းထိုးနေတယ်လို့ကြားတယ်။ တိုက်ပွဲဖြစ်နေတာ သုံးရက်လောက်တော့ရှိလာပြီး ဒီကနေ့ အထိတော့ သေချာမသိရသေးဘူး။ အခုဖြစ်နေတဲ့ စစ်ရေးခြေအနေက ၇ မိုင်ကုန်းဘက်ကို တင့်ကားတွေနဲ့ စစ်ကြောင်းပြန်ထိုးနေတာ။ ဒရုန်း လက်နက်ကြီးမျိုးစုံ နဲ့ တိုက်ခိုက်နေတာ။ ဒါပေမယ့် ကျနော်တို့ဘက်က တန်ပြန်ခုခံတိုက်ခိုက်လိုက်တော့ ပြန်နောက်ဆုတ်ဆုတ်သွားကြတယ်။ အပြန်အလှန်တိုက်ပွဲဖြစ်နေတဲ့ သဘောပါ”လို့ပြောပါတယ်။ စစ်တင့်ကား ၄ စီးအပါအဝင် ခြေလျင်စစ်ကြောင်းနဲ့အင်အားအလုံးအရင်းသုံးပြီး KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းရှိတဲ့ ဘက်ကို ဦးတည်ပြီးတော့ ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။ ဒါကြောင့် စစ်တပ်နဲ့ KIA တပ်အကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေရှိနေတယ်လို့လည်း ဗန်းမော်ကာကွယ်ရေးတပ်ဘက်ကလည်း ပြောပါတယ်။ “လေကြောင်းကနေပစ်တာတွေလည်းရှိနေတယ် ၇ မိုင်မှာမဟုတ်ပဲ ၆ မိုင်အထက်ဘက်မှာဖြစ်တယ် တပ်ဘက်က ဗျူဟာမှုးတယောက်ကျသွားတယ်လို့ကြားရတယ်ပြောတယ်။ စစ်တပ်ဘက်က အထိနာလို့ပြန်ဆုတ် ပြန်တက်လုပ်နေတယ်”လို့ပြောပါတယ်။ နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗျူဟာမှူးကျသွားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မKIA တပ်သိမ်းပိုက်လိုက်ပြီးနောက်  စစ်တပ်ဘက်က စစ်အင်အား ၄၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကြောင်းဟာ မိုးမောက်မြို့နယ်ဘက်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာ ၂ လဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ …

    Read More »
  • 10 October
    သတင်း

    ပန်ဝါမြို့အနီး လောက်ပြေကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းအသုံးပြုတိုက်ခိုက်နေ

    ပန်ဝါမြို့အနီး လုပြည်(ဒေသအခေါ်) လောက်ပြေကျေးရွာမှာ KIA နဲ့ စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ပန်ဝါမြို့ပြည်သူတွေပြောပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကနေ တိုက်ပွဲစတင်လာတာဖြစ်ပြီး မနက် ၁၀ ဝန်းကျင်ကနေ စစ်တပ်က Y12 လေယာဉ်တစ်စီးနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပန်ဝါမြို့အနီးနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “လုပြည်မှာ လေယာဉ်နဲ့ဆက်တိုက်ပစ်နေတယ် ခုထိလည်းပစ်နေတုန်း။ မနက် ၁၀ နာရီလောက်ကတည်းကနေ ပစ်နေတာ ခုထိမနားသေးဘူး ခုခု”လို့ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ စက်တင်ဘာလ ၃၀ ရက်ည ဆော့လော်မြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် ချီဖွေ– ပန်ဝါလမ်းမတစ်လျှောက် စစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်တွေနဲ့KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေရာကနေ ဒီနေ့မနက် ပန်ဝါမြို့အနီးအထိ တိုက်ပွဲပြင်းထန်လာပြီဖြစ်ပါတယ်။ ဒီနေ့တိုက်ပွဲဖြစ်တဲ့နေရာဟာ ပန်ဝါကနေ ဆိုင်ကယ်နဲ့ မိနစ် ၄၀ ခန့်ချီဖွေဘက်ကို ဆင်းတဲ့လမ်းဘေးမှာရှိတဲ့ရွာဖြစ်ပြီး နယ်ခြားစောင့်တပ်အဖွဲ့ ဂိတ်ထိုင်အခြေချထားတဲ့နေရာဖြစ်ပါတယ်။ ကချင်အထူးဒေသ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဝါ၊ချီဖွေဒေသဟာ  နယ်ခြားစောင့်တပ်က မြေရှားထုတ်လုပ်မှုအများဆုံးလုပ်ဆောင်နေတဲ့နေရာဖြစ်ပြီး မေလအတွင်း ဝါးရှောင်ကျေးရွာအထက်မှာရှိတဲ့ စစ်တပ်ရဲ့စုပေါင်းဂိတ်နဲ့ဆဒုံးမြို့ကို သိမ်းပိုက်လိုက်တဲ့နောက် ပြည်သူ့စစ်တပ်တွေဟာ သူတို့ထိန်းချုပ်နယ်မြေအတွင်း တပ်သားတွေစုဆောင်းတာတွေစတင်လုပ်လာပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့နဲ့ဆော့လော်မြို့ကိုသိမ်းလိုက်တဲ့နောက်ပိုင်း တပ်သားစုဆောင်းမှုဟာပိုဆိုးရွားလာပြီး ပန်ဝါမြို့ပေါ်တည်းခိုခန်းနဲ့ စားသောက်ဆိုင်နေရာတွေအပါအဝင် သတ္တုလုပ်ကွက်တွေအထိ တပ်သားသစ်စုဆောင်းမှု ခပ်စိပ်စိပ်လုပ်နေတယ်လို့ သိရပါတယ်။ စုဆောင်းဖမ်းဆီးရမိထားတဲ့ တပ်သားသစ်တွေကို စစ်သင်တန်းပေးခြင်းမရှိဘဲ ရှေ့တန်းကိုတန်းပို့နေတယ်လို့ ပန်ဝါမြို့ခံအမျိုးသားတစ်ယောက် ထပ်ပြောပါတယ်။ “မနေ့ နေ့လည်နဲ့ညပိုင်းမှာလည်း သတ္တုလုပ်ကွက်တွေမှာ ဆက်တိုက်ဖမ်းနေတယ် ပြီးတော့ မနေ့ကလည်း အလုပ်သမားကဒ်လုပ်ဖို့သွားတဲ့သူတွေကိုလည်း အလုပ်သမားကဒ်မလုပ်ပေးနဲ့အားလုံးကိုထပ်ဖမ်းသွားတယ်။ ပြီးတော့ ရှေ့တန်းချက်ချင်းပို့ပြီလို့ သိရတယ်။ မနေ့ကဆို တော်တော်လေးပါသွားတယ်လို့ သတင်းရထားပါတယ်”လို့ ပြောပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် ပန်ဝါဒေသမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ အလုပ်လုပ်ဖို့ သွားရောက်သူတွေများစွာရှိပြီး လုပ်ငန်းခွင်ထဲဆင်းရဖို့ အလုပ်သမားကဒ်လုပ်ရတယ်လို့ သူကဆက်ပြောပါတယ်။ လတ်တလော ပန်ဝါမြို့နီးဝန်းကျင်မှာ ခုလိုတပ်သားသစ် အတင်းအဓ္ဓမစုဆောင်းခံရတာကြောင့် ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ ပန်ဝါမြို့ဟာ တရုတ်နယ်စပ်မှာရှိပြီး ကချင်အထူးဒေသ ၁ ဗဟိုဌာနချုပ်တည်ရှိရာတဲ့မြို့ဖြစ်ကာ ချီဖွေမြို့နဲ့ မိုင် ၄၀ အကွာ တည်ရှိပါတယ်။ By – Zami

    Read More »
  • May- 2024 -
    8 May
    သတင်းphoto- ရှေ့တန်းတစ်နေရာက KIA တပ်ဖွဲ့ဝင်များ

    ဆော့လော်မြို့နယ်မှာ မြို့တွင်းတပ်တစ်ခုသာ ကျန်ရှိ

    ဆော့လော်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ဧပြီလ လဆန်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိ ဆော့်လော်မြို့တွင်းတပ်စခန်းတစ်ခုသာ ကျန်ရှိတော့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့၊ ဆော့လော်မြို့တွင်း အခြေစိုက်…

    Read More »
  • 7 May
    သတင်း

    မိုးမောက် နဲ့ မံစီ မြို့မှာရှိတဲ့ ရဲစခန်းတွေကို KIA သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ

    ဗန်းမော်ခရိုင် ၊ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီမြို့ပေါ် ၂ ခုက ရဲစခန်းနေရာတွေကို KIA ပူးပေါင်းတပ် သိမ်းပိုက်ထားနိုင်ပြီး စစ်တပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မိုးမောက်မြို့တွင်းရဲစခန်းအပြင် မြို့ပေါ်ရပ်ကွက် ၂ ခုကို KIA…

    Read More »
Back to top button