နန်းယွန်း
-
Aug- 2023 -1 Augustသတင်း
နန်းယွန်းမြို့နယ်မှာ အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီစျေး အဆမတန်မြင့်တက်နေ
စစ်ကိုင်းဒေသကြီး နန်းယွန်းမြို့နယ်ထဲမှာ ကုန်ကားကြီးတွေ မဝင်ရောက်နိုင်သေးတာကြောင့် အခြေခံစားသောက်ကုန် နဲ့စက်သုံးဆီစျေးတွေ အဆမတန်မြင့်တက်နေတယ်လို့ နန်းယွန်းဒေသခံတွေဆီကနေ သိရပါတယ်။ နန်းယွန်း–ရှင်ဗွေယန်ကားလမ်းပိုင်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက ကားလမ်းမြေပြိုမှု ကြီးကြီးမားမားဖြစ်ပွားခဲ့ပြီးတဲ့နောက် လက်ရှိအချိန်ထိ ကားလမ်းပိုင်းသေချာပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားအဝင်ရပ်တန့်နေပြီး အခြေခံစားသောက်ကုန်နှင့်စက်သုံးဆီစျေးတွေအဆမတန်မြင့်တက်သွားတာလို့ နန်းယွန်းမြို့နေ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကုန်ကားကြီးတွေကမဝင်သေးဘူးဗျလမ်းကတံတား အဆင်မပြေသေးဘူးကြာအုံး မယ်ကြားတယ်။ဓာတ်ဆီကတော့တစ်ဂါလံ ၂၀၀၀၀ ကျော်သွားပြီး ဓာတ်ဆီတက်မှတော့ တခြာစားသောက်ကုန်လည်း ပြောစရာမလိုတော့ဘူးပေါ့ အကုန်တက်တယ်”လို့ ပြောပါတယ်။ ကားလမ်းစပြိုပြီးနောက်တစ်ပတ်အတွင်း ဆန်တစ်အိတ် ကျပ်…
Read More » -
Jul- 2023 -13 Julyသတင်း
ရှင်ဗွေယန်- နန်းယွန်းကြားကားလမ်းမြေပြိုမှုကြောင့် နန်းယွန်းမြို့နယ်တွင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်
ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နှင့် စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်ကြားက လီဒိုကားလမ်းပိုင်းတစ်နေရာမှာ မြေပြိုမှုဖြစ်သွားတာကြောင့် လက်ရှိအသွားအလာပြတ်တောက်နေတဲ့အတွက် နန်းယွန်းမြို့မှာတော့ ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့တုန်းက ကားလမ်းမြေပြိုမှုဖြစ်ပွားခဲ့တဲ့ ရှင်ဗွေယန်မြို့နဲ့ ၅မိုင်အကွာ(ဒေသအခေါ် ၅မိုင်းတံတား)အနီးကမြေပြိုကျခဲ့တဲ့နေရာမှာ ဇူလိုင် ၉ရက်နေ့တုန်းက ထပ်မြိုကျတာကြောင့် လတ်တလော ကုန်တင်ကား၊ အိမ်စီးကား၊ဆိုင်ကယ် သွားလာလို့မရဖြစ်နေပြီး ကုန်စည်စီးဆင်းမှုရပ်တန့်နေတာကြောင့်ဖြစ်တယ်လို့ နန်းယွန်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။…
Read More » -
6 Julyသတင်း
နာဂလက်နက်ကိုင်ဌာနချုပ်ဘက်ကို စစ်တပ်ကစက်သုံးဆီနဲ့ဆန်တင်ပို့ခွင့်ပိတ်ထား၍ စျေးအဆမတန်မြင့်တက်
စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် နာဂလက်နက်ကိုင်တပ်ဌာနချုပ်ရှိတဲ့ဘက်ကို စစ်ကောင်စီတပ်က ဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကို ပိတ်ထားသောကြောင့် ဆန်နဲ့ဆီစျေးတွေအဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ပုံမှန်အားဖြင့် တလူးကျေးရွာနဲ့ တကားကျေးရွာဘက်ကို ဆန်နဲ့စက်သုံးဆီတင်ပို့ရာမှာ တနိုင်းချောင်းကိုအသုံးပြုလျက်ရှိပြီး လက်ရှိ တလူးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က အဲ့ဒီရေကြောင်းလမ်းကနေဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကိုပိတ်လိုက် တာကြောင့် တလူး၊တကားကျေးရွာဘက်တွေမှာ စျေးတွေအဆမတန်မြင့်တက်နေတယ်လို့ ဆန်နဲ့စက်သုံးဆီတင်သွင်းတဲ့တလူးကျေးရွာနေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။…
Read More »


