နန်းယွန်း
-
Mar- 2026 -12 Marchသတင်း
ပန်ဆောင်မြို့ပြည်သူ့ဆေးရုံမှာဆရာဝန်မရှိတဲ့အတွက် ဒေသခံများဆေးကုသရာမှာအခက်တွေ့
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ၊ပန်ဆောင်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေကျန်းမာရေးဆေးကုသရာမှာ အခက်ခဲများစွာကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ မြို့နယ်ခွဲအဆင့်ရှိတဲ့ ပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတာ ၃ နှစ်ကျော်နေပြီလို့သိရပြီး ခွဲစိပ်ရမယ့်လူနာနဲ့ကျန်းမာရေးဆိုးတဲ့လူနာတွေဟာ နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံအထိ သွားရောက်ကာဆေးကုသမှုခံယူနေရတယ်လို့ အသက် ၄၀ အရွယ်ပန်ဆောင်မြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အရင်ရှိတဲ့ဆရာဝန်က ၂၀၂၃ ခုနှစ်လောက်မှာပြောင်းသွားတာ အဲ့နောက်ပိုင်းကတည်းကနေ ဆရာဝန်မချပေးတော့ဘူး။ အခုထိဆရာဝန်မရှိဘူးဒီတိုင်းပဲအခြေနေမကောင်းတဲ့လူနာတွေ ပြီးတော့သူနာပြုတွေမနိုင်တဲ့လူနာတွေဆိုရင် အိန္ဒိယအထိသွားနေရတယ် အဆင်မပြေဘူးဗျာ အကုန်ကျလည်းများတယ်”လို့ ပြောပါတယ်။ လက်ရှိပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ ဒေသခံသူနာပြုဆရာမနှစ်ဦး၊ အထက်တန်းသူနာပြုနှစ်ဦး၊ အမျိုးသားကျန်းမာရေးဝန်ထမ်းတစ်ဦး စုစုပေါင်း ၅ ဦးသာရှိပြီး ဆရာဝန်မရှိဘူးလို့သိရပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ အိန္ဒိယနိုင်ငံ အာရုနာချယ်ပြည်နယ်(Arunachal Pradesh) ထဲအထိသွားရောက်ပြီးဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ “သွားတာကတော့ တရားဝင်နယ်စပ်လမ်းနဲ့ပဲသွားကြတယ် ဒါပေမယ့် သူများနိုင်ငံမှာသွားကုတာဆိုတော့ကုန်ကျအရမ်းများတယ်။ လမ်းစရိတ်အပြင် ဟိုရောက်ရင် အခန်းခတွေပေးရတယ် နောက်ပြီးဒီကသွားတဲ့လူအများပိုင်းက ပုဂ္ဂလိကဆေးရုံတွေမှာပဲသွားကုကြတာ အစိုးရဆေးရုံမှာကဒီဘက်ကလာတဲ့လူနာကိုသိပ်ပြီးဂရုမစိုက်ဘူး။ တခါသွားကုဖို့သိန်းဆယ်ချီကုန်တယ်လေး”လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ ဒါ့အပြင် ဆေးကုသသွားသူတွေဟာ အိန္ဒိယ–မြန်မာနယ်စပ် နာမ်ပေါင်–ပန်ဆောင်လမ်းကနေတဆင့် အိန္ဒိယပြည်အထက်ပိုင်းထဲကိုသွားရောက်ဆေးကုသနေရတာကြောင့် လမ်းခရီးနဲ့ဆေးကုစရိတ် ကြီးမားပြီး ငွေကြေးတတ်နိုင်တဲ့သူကသာ သွားရောက်ဆေးကုသနိုင်တယ်လို့သိရပါတယ်။ ခုလိုပြည်သူ့ဆေးရုံကြီးမှာဆရာဝန်မရှိတဲ့အတွက် ပြည်သူတစ်ချို့အိန္ဒိယနိုင်ငံထဲအထိသွားပြီး ဆေးကုသဖို့ငွေကြေးမတတ်နိုင်ကြောင့် အသက်မသေဆုံး သင့်ပဲ သေဆုံးနေရတဲ့လူနာတွေလည်းရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။ “မြို့ပေါ်ကပြည်သူတွေအတွက်ကအဲ့လောက်ကြီးမဟုတိဘူးရွာတွေဘက် ပြည်သူတွေအတွက်တော်တော်လေးခက်တယ် ရွာနေမြို့အထိခြေလျင်တက်လာရတယ်ဒီကနေတဆင့် အိန္ဒိယ နာမ်ပေါင်အထိသွားရတယ်အဲ့နေမှဆေးရုံကိုရောက်တာ အရေးပေါ်လူနာတွေဆိုရင်မရောက်နိုင်ဘူးဒီကြားမှာတင်နှစ်ရက်သုံးရက်မကကြတယ် ဆရာဝန်မရှိတာကတော့တော်တော်လည်းခက်ခဲပါတယ်”လို့ နောက်ထပ်အမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ ပန်ဆောင်မြို့နယ်ခွဲတစ်ခုလုံးမှာ ပြည်သူ့ဆေးရုံအဖြစ် ပန်ဆောင်ပြည်သူ့ဆေးရုံတစ်ခုတည်းသာရှိတဲ့အတွက် မြို့ပေါ်မှာနေထိုင်တဲ့ပြည်သူတွေနဲ့ကျေးလက်ဒေသ ရွာပေါင်း ၂၀ ခန့်က ပြည်သူတွေ အားကိုးနေရတဲ့ဆေးရုံကြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ပန်ဆောင်မြို့ကိုအုပ်ချုပ်နေတဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်တွေချပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ ဒေသခံတွေပြောချက်အရ ပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ စစ်အာဏာသိမ်းနောက်ပိုင်းကတည်းက ဆေးဝါးတွေကိုအစိုးရကတိုက်ရိုက်ချမပေးတော့တာကြောင့် ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်တဲ့ဆေးဝါးတွေကိုလည်းနအိန္ဒယ နိုင်ငံကနေဝယ်ယူသုံးစွဲနေရတာကြောင့် ဆေးကုသစရိတ်လည်းမြင့်တက်နေကြောင်းသိရပါတယ်။ လေကြောင်းလိုင်းနဲ့ရေကြောင်းလမ်းမရှိတဲ့ ပန်ဆောင်ဒေသထဲကို ကချင်ပြည်နယ်ဘက်က မြစ်ကြီးနား–တနိုုင်း–နန်းယွန်းကားလမ်းသွားလို့ရသလို၊ စစ်ကိုင်းတိုင်းဘက်က ခန္တီးက–ဒုံဟီး–နန်းယွန်းကားလမ်းပိုင်းနဲ့ဝင်ရောက် နိုင်ပေမယ့် အဲ့ဒီကားလမ်းပိုင်းတွေမှာ ၂၀၂၄ ခုနှစ်ကစပြီး ဆေးဝါးသယ်ယူခွင့်ကိုစစ်ကောင်စီကကန့်သတ်ထားတာလည်းဖြစ်ပါတယ်။ ပန်ဆောင်မြို့ဟာ အိန္ဒယ–မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်ပေမယ့် မြန်မာနိုင်ငံထဲက လမ်းပမ်းဆက်သွယ်ရေးအခက်ခဲဆုံးမြို့နယ်ခွဲတစ်ခုလည်းဖြစ်ပါတယ်။ By –…
Read More » -
Dec- 2025 -5 Decemberသတင်း
နန်းယွန်းမှာ လူနေအိမ်တစ်လုံးနဲ့ အိမ်ဆိုင်သုံးလုံးမီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ပေါ်မှာ လူနေအိမ်တစ်လုံးနဲ့ နေအိမ် ဆိုင်ခန်းတွဲ သုံးလုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာ ၄ ရက် မနက်လေးနာရီတိတိအချိန်မှာ နန်းယွန်းမြို့ ရှရရပ်ကွက်ထဲမှာ လူနေအိမ်တစ်လုံးနဲ့ ဆိုင်ခန်းနဲ့လူနေအိမ်တွဲထားတဲ့ လူနေအိမ်ဆိုင်ခန်းတွဲသုံး စုစုပေါင်းလေးလုံးအထိမီးလောင်သွားကြောင်း သိရပါတယ်။ “မီးလောင်တဲ့အကြောင်းအရင်းအသေးစိပ်တော့မသိရဘူးဗျ လူပြောများနေတာကတော့ ဘုရားစင်မှာထွန်းထားတဲ့ဖယောင်းတိုင်းမီးကြောင့်လောင်တာလို့ပြောတယ်။ လူနေအိမ်ကနှစ်ထပ်ပျဥ်ထောင်အိမ်တစ်လူံးနဲ့ အိမ်ဆိုင်သုံးလုံး အထိလောင်သွားတယ်ဗျ အကုန်လုံးက တစ်ဆက်ထဲရှိနေတာ”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဆိုပါမီးလောင်မှုထဲမှာ ဦးခူးသ ရဲ့လူနေအိမ်နှစ်ထပ်တစ်လုံး ၊ဒေါ်ရှမ်းမ ရဲ့ အိမ်နဲ့ဆိုင်တွဲလျက်တစ်လုံး၊ ဦးသန်းကြွယ်ရဲ့ နေအိမ်နဲ့ဖုန်းဆိုင်တွဲတစ်လုံးနဲ့ ဒေါ်ခင်အုန်းမြင့်ရဲ့ နေအိမ်နဲ့ ဆိုင်တွဲတစ်လုံးတို့မီးလောင်ခဲ့တယ်လို့သိရပါတယ်။ အခုလိုလူနေအိမ်နဲ့အိမ်ဆိုင်လေးလုံးအထိ မီးလောင်မှုဖြစ်ပွားခဲ့တာဟာ နေအိမ်တွေနီးနီးကပ်ကပ်ရှိနေတာကြောင့် ဖြစ်သလို မီးသတ်ဦးစီးဌာနရဲ့ ပေါ့စမှုကြောင့်လည်းဖြစ်တယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက အခုလိုသုံးသပ်ထားပါတယ်။ “မီးသတ်ကားကလာတယ် ဒါပေမယ့် မီးငြိမ်းသတ်တဲ့ကားကြီးကမရောက်လာဘူး လမ်းတစ်ဝက်မှာပျက်ပြီးရပ်သွားတာ ကားသေးသေးလေးတွေပဲလာတော့ ရေတွေများများမသယ်လာနိုင်ဘူးလေးအဲ့ကြောင့်လည်းပါတယ် နောက်ပြီးအိမ်တွေကလည်းနီးနီးကပ်ကပ်ဆိုတော့မီးကူးတာမြန်တယ်”လို့သူကပြောပါတယ်။ နေအိမ်မီးလောင်မှုကြောင့် အထက်ဖော်ပြပါနေအိမ်ပိုင်ရှင်တွေကို သက်ဆိုင်ရာက အရေးယူထားကြောင်းလည်းသိရပါတယ်။ နန်းယွန်းမြို့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့အကြီးဆူံးမြို့တွေထဲကတစ်ခုဖြစ်ပြီး အခုလိုဆုံးရှူံးမှုကြီးမားတဲ့မီးလောင်မှုမျိုးယခင်ကမရှိခဲ့ဖူးကြောင်းလည်းသိရပါတယ်။ By – Zaw Zaw
Read More » -
Sep- 2025 -9 Septemberသတင်း
အိန္ဒိယဘက်ခြမ်း စျေးဝယ်ခွင့် တစ်ပတ် ၆ ကြိမ်အထိခွင့်ပြုလာ
အိန္ဒိယ – မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကနေ အိန္ဒိယဘက်ခြမ်းကို စျေးဝယ်ခွင့် ယခင်တစ်ပတ်တစ်ကြိမ်ခွင့်ပြုပေးရာကနေ ယခုတစ်ပတ်ကို ၆ ကြိမ်အထိ ခွင့်ပြုပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပန်ဆောင်မြို့နယ် နဲ့ နန်းယွန်းမြို့နယ် ပြည်သူတွေ လိုအပ်တဲ့ကုန်စည်အတွက် ပန်ဆောင်နယ်စပ်ဂိတ်ကိုသာအဓိကအားထားနေရတာဖြစ်ပါတယ်။…
Read More » -
May- 2025 -7 Mayစစ်ရေး
နန်းယွန်းမှာ စစ်တပ်ကအင်အားဖြည့်နေ
စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့ပေါ်မှာ စစ်ကောင်စီတပ်က စစ်အင်အားဖြည့်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၈ ရက်ကစပြီး နန်းယွန်းမြို့မှာထိုင်ထားတဲ့ ခ.လ.ရ ၁၂၆ တပ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်ထားတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မြို့ကကျဉ်းတော့ ဒီမှာရှိတဲ့စစ်သားတွေဆိုသိတယ်။ခုမြို့ထဲမှာလည်း…
Read More » -
Apr- 2025 -11 Aprilသတင်း
ကဲဆန်ဆာလင်ရွာက အိမ်ခြေ ၁၀၀ ဝန်းကျင်ရဲ့ စပါးကျီ မီးလောင်သွားလို့ အကူအညီလိုအပ်နေ
စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် ကဲဆန်ဆာလင်ကျေးရွာက ဒေသခံအိမ်ခြေ ၁၀၀ ရဲ့ စပါးကျီမီးလောင်သွားတာကြောင့် အစားအသောက်အကူညီလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကလေးတွေ ပျားအုံမီးရှိူ့ရာကနေ ကူးစက်လောင်ကျွမ်းခဲ့တာလို့သိရပြီး စပါးကျီ ၁၃၀ ခန့်ထဲကနေ ၁၀၀…
Read More » -
Mar- 2025 -13 Marchသတင်း
နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိလို့ ဒေသခံတွေ အိန္ဒိယထိသွားပြီးဆေးကုသနေရ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေ အိန္ဒိယနိုင်ငံထဲအထိသွားပြီး ဆေးကုသမှုခံယူနေရတယ်လို့ နန်းယွန်းမြို့နေထိုင်သူတွေဆီကနေ သိရပါတယ်။ နန်းယွန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင် အပြောင်းကျသွားပြီးနောက် ဒီကနေ့အထိ အစားထိုးဆရာဝန်မချပေးသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ဒါကြောင့် နန်းယွန်းမြို့နယ်ထဲက ကျန်းမာရေးအခြေအနေဆိုးဝါးတဲ့ လူနာတွေအားလုံး အိန္ဒိယနိုင်ငံ အာရန်နာချယ် (Arunachal Pradesh) ပြည်နယ်အထိသွားပြီး ဆေးကုသမှုခံယူနေရတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆရာဝန်မရှိတာကြာပြီ ခြောက်လလောက်ရှိပြီ အခုထိမချပေးသေးဘူး လောလောဆယ် Nurse တွေနဲ့ပဲကုနေရတယ်။ ဆရာဝန်နဲ့ကုမယ့် လူနာတွေနာတာရှည်ရောဂါသည်တွေကတော့ဒီမှာမနိုင်လို့ အိန္ဒိယအထိသွားကုရတယ်”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အခုလိုဆရာဝန်မရှိလို့ အိန္ဒိယနိုင်ငံအထိသွားပြီးဆေးကုသမှုခံယူနေရတဲ့ နန်းယွန်းမြို့နယ်ထဲက ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ အိန္ဒိယနိုင်ငံဘက်က လူဦးရေအဝင်ထွက် ကန့်သတ်မှုတွေကြောင့် ယခင်လိုလွယ်လွယ်ကူကူဝင်လို့မရတော့ပဲ အခက်အခဲတွေကြုံတွေ့ နေရတယ်လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ “မလွယ်ဘူးသွားရလာရ ဒီကနေ အိန္ဒိယကဆေးရုံမှာအထိဆိုရင်လမ်းမှာတစ်ပတ်လောက်ကြာတယ် ဝေးတာကတစ်ကြောင်းလမ်းပမ်းဆက်သွယ်ရေးခက်တာကတစ်ကြောင်းထမ်းရပိုးရတဲ့လူနာဆိုရင် တစ်ပတ်တောင်မကဘူးသွားရတယ်။ နယ်စပ်ဂိတ်တွေလည်းအရင်လို လွယ်လွယ်နဲ့ဝင်မရေတော့ပိုခက်တယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာတဲ့နောက်ပိုင်း အိန္ဒိယဘက်ကတချို့နယ်စပ်ဂိတ်တွေပိတ်တာ၊လူဦးရေဝင်ရောက်ခွင့်ကန့်သတ်တာတွေနဲ့ယခင်ထက် ပိုတင်းကြပ်လာတာတွေကြောင့် ဆေးသွားကုတဲ့…
Read More » -
Jul- 2024 -15 Julyသတင်း
နန်းယွန်းမြို့အဝင်တံတား ရေထဲမျောသွားတာ ကြောင့် မြိို့ခံတွေနဲ့ခရီးသွားတွေအခက်အခဲဖြစ်နေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသက နန်းယွန်းမြိို့အဝင်တံတားကျိုးကျပြီး ရေထဲမျောပါသွားတာကြောင့် မြိို့ခံနဲ့ခရီးသွားတွေ လမ်းသွားလမ်းလာအခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။ နန်းယွန်း–ရှင်ဗွေယန်ကားလမ်းပိုင်း လီဒိုကားလမ်းမကြီးပေါ်မှာရှိတဲ့ နန်းယွန်းမြို့အဝင်တံတားဒေသအခေါ်(နန်းယွန်းမြို့ဟောင်းတံတား)ဟာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းက မိုးရွာသွန်းပြီးရေကြီးရေလျှံမှုကြောင့် ရေထဲမျောပါသွားတာဖြစ်တယ်လို့ အသက် ၃၀ အရွယ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “မြိို့အဝင်တံတားမရှိတော့ သွားသွားလာလာဒေသခံတွေကောခရီးသွားတဲ့သူတွေကောအခက်အခဲတော့ ဖြစ်တာပေါ့…
Read More » -
Jun- 2024 -5 Juneသတင်း
နန်းယွန်းမှာ မိုးသက်လေပြင်းကြောင့် လမ်းတံတား ကျိုးကျပျက်စီးပြီး ဆက်သွယ်ရေးလိုင်းပြတ်တောက်နေ
ကချင်ပြည်နယ်အနောက်ဘက်၊ စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ်မှာ မိုးသက်လေပြင်းကျရောက်ခဲ့တာကြောင့် လမ်းပမ်းဆက်သွယ်ရေးနှင့် ဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်လောက်ကနေ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံဖြစ်ခဲ့သလို မေလ ၂၈ ရက်နေ့မှာ မိုးသက်လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် နန်းယွန်းမြို့လယ်က ကြိုးတံတားတစ်စင်း…
Read More » -
Oct- 2023 -20 Octoberသတင်း
နန်းယွန်း အထက ကျောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပိုဆိုးလာ
နန်းယွန်းမြို့ အထက်တန်းကျောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ ကျောင်းသား၊သူ တစ်ချို့ရှိနေသလို ဘိန်းဖြူကြောင့် ကျောင်းသား ၁ ဦး ဆေးရုံတက်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီအထက်တန်းကျောင်းမှာ ၂၀၂၃ ခုနှစ်ပညာသင်နှစ်ထဲ ဘိန်းဖြူနဲ့စိတ်ကြွဆေးပြားများသုံးစွဲသူတွေများလာနေပြီး ကျောင်းသားတွေကိုယ်တိုင်ရောင်းချပေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ယောကျာ်းလေးတစ်ယောက်က ကျောင်းထဲမှာ ပေါ်တင်ရောင်းတာ သူ့သူငယ်ချင်းတွေကို ဒါသုံးရင်။ စာကျက်လို့လည်း ကောင်းတယ်ဆိုပြီး ရောင်းတယ်၊ နောက်ဆုံး သူ့ကိုတော့ထုတ်လိုက်တယ်၊ ရွာကလူတွေကအတော်လေးကို ဆိုးတယ်၊ အခုဖိုးသမားတွေရှိတာနဲ့ဘာမှ ထားထားလို့မရဘူး သူခိုးတွေကတော့ ဖိနပ်ကအစ ခိုးနေတာ၊ ကျောင်းထုတ်ခံရတဲ့တခြား သူတွေရှိ တယ်၊ဖိုးထိုးမှားလို့ တစ်ယောက်သေသွားတာရှိတယ်။…
Read More » -
Aug- 2023 -8 Augustသတင်း
နာဂလက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးသွားတဲ့ ရဲတပ်ကြပ်သေဒဏ်စီရင်လိုက်ပြီလို့သတင်းထွက်ပေါ်လာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ရဲစခန်းက တပ်ကြပ်တစ်ဦးကို နာဂလက်နက်ကိုင်အဖွဲ့(NSCN-K) က ဘိန်းဖြူ ဖြန့်ဖြူးမှုနဲ့ ဖမ်းဆီးသွားပြီးနောက် ပြန်လွတ်ပေးခြင်းမရှိတဲ့အပြင် သေဒဏ်စီရင်လိုက်ပြီလို့ သတင်းတွေထွက်ပေါ် နေပါတယ်။ နန်းယွန်းမြို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲစခန်းထဲက တပ်ကြပ်စိုးမင်းသန်းကို ဘိန်းဖြူဖြန့်ဖြူးရောင်းဝယ်မှုတွေ ပြုလုပ်တယ်ဆိုတဲ့အထောက်အထားနဲ့ NSCN-K က လွန်ခဲ့တဲ့အပတ်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ နန်းယွန်းမြို့နယ်ရဲစခန်းနဲ့ ရင်းနှီးတဲ့တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “ဟုတ်ကဲ့ဖမ်းခေါ်သွားတာတော့ဟုတ်ပါတယ် လွန်ခဲ့တဲ့အပတ်ကတည်းကဖမ်းခေါ်သွားတာပါ…
Read More »









