နန်းယွန်း

  • May- 2025 -
    7 May
    စစ်ရေး

    နန်းယွန်းမှာ စစ်တပ်ကအင်အားဖြည့်နေ

    စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့ပေါ်မှာ စစ်ကောင်စီတပ်က စစ်အင်အားဖြည့်နေတယ်လို့‌ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၈ ရက်ကစပြီး နန်းယွန်းမြို့မှာထိုင်ထားတဲ့ ခ.လ.ရ ၁၂၆ တပ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်ထားတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မြို့ကကျဉ်းတော့ ဒီမှာရှိတဲ့စစ်သားတွေဆိုသိတယ်။ခုမြို့ထဲမှာလည်း…

    Read More »
  • Apr- 2025 -
    11 April
    သတင်း

    ကဲဆန်ဆာလင်ရွာက အိမ်ခြေ ၁၀၀ ဝန်းကျင်ရဲ့ စပါးကျီ မီးလောင်သွားလို့ အကူအညီလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် ကဲဆန်ဆာလင်ကျေးရွာက ဒေသခံအိမ်ခြေ ၁၀၀ ရဲ့ စပါးကျီမီးလောင်သွားတာကြောင့် အစားအသောက်အကူညီလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကလေးတွေ ပျားအုံမီးရှိူ့ရာကနေ ကူးစက်လောင်ကျွမ်းခဲ့တာလို့သိရပြီး စပါးကျီ ၁၃၀ ခန့်ထဲကနေ ၁၀၀…

    Read More »
  • Mar- 2025 -
    13 March
    သတင်း

    နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိလို့ ဒေသခံတွေ အိန္ဒိယထိသွားပြီးဆေးကုသနေရ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေ အိန္ဒိယနိုင်ငံထဲအထိသွားပြီး ဆေးကုသမှုခံယူနေရတယ်လို့ နန်းယွန်းမြို့နေထိုင်သူတွေဆီကနေ သိရပါတယ်။ နန်းယွန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင် အပြောင်းကျသွားပြီးနောက် ဒီကနေ့အထိ အစားထိုးဆရာဝန်မချပေးသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ဒါကြောင့် နန်းယွန်းမြို့နယ်ထဲက ကျန်းမာရေးအခြေအနေဆိုးဝါးတဲ့ လူနာတွေအားလုံး အိန္ဒိယနိုင်ငံ အာရန်နာချယ် (Arunachal Pradesh) ပြည်နယ်အထိသွားပြီး ဆေးကုသမှုခံယူနေရတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆရာဝန်မရှိတာကြာပြီ ခြောက်လလောက်ရှိပြီ အခုထိမချပေးသေးဘူး လောလောဆယ် Nurse တွေနဲ့ပဲကုနေရတယ်။ ဆရာဝန်နဲ့ကုမယ့် လူနာတွေနာတာရှည်ရောဂါသည်တွေကတော့ဒီမှာမနိုင်လို့ အိန္ဒိယအထိသွားကုရတယ်”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အခုလိုဆရာဝန်မရှိလို့ အိန္ဒိယနိုင်ငံအထိသွားပြီးဆေးကုသမှုခံယူနေရတဲ့ နန်းယွန်းမြို့နယ်ထဲက ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ အိန္ဒိယနိုင်ငံဘက်က လူဦးရေအဝင်ထွက် ကန့်သတ်မှုတွေကြောင့် ယခင်လိုလွယ်လွယ်ကူကူဝင်လို့မရတော့ပဲ အခက်အခဲတွေကြုံတွေ့ နေရတယ်လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ “မလွယ်ဘူးသွားရလာရ ဒီကနေ အိန္ဒိယကဆေးရုံမှာအထိဆိုရင်လမ်းမှာတစ်ပတ်လောက်ကြာတယ် ဝေးတာကတစ်ကြောင်းလမ်းပမ်းဆက်သွယ်ရေးခက်တာကတစ်ကြောင်းထမ်းရပိုးရတဲ့လူနာဆိုရင် တစ်ပတ်တောင်မကဘူးသွားရတယ်။ နယ်စပ်ဂိတ်တွေလည်းအရင်လို လွယ်လွယ်နဲ့ဝင်မရေတော့ပိုခက်တယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာတဲ့နောက်ပိုင်း အိန္ဒိယဘက်ကတချို့နယ်စပ်ဂိတ်တွေပိတ်တာ၊လူဦးရေဝင်ရောက်ခွင့်ကန့်သတ်တာတွေနဲ့ယခင်ထက် ပိုတင်းကြပ်လာတာတွေကြောင့် ဆေးသွားကုတဲ့…

    Read More »
  • Jul- 2024 -
    15 July
    သတင်း

    နန်းယွန်းမြို့အဝင်တံတား ရေထဲမျောသွားတာ ကြောင့် မြိို့ခံတွေနဲ့ခရီးသွားတွေအခက်အခဲဖြစ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသက နန်းယွန်းမြိို့အဝင်တံတားကျိုးကျပြီး ရေထဲ‌မျောပါသွားတာကြောင့် မြိို့ခံနဲ့ခရီးသွားတွေ လမ်းသွားလမ်းလာအခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။ နန်းယွန်း–ရှင်ဗွေယန်ကားလမ်းပိုင်း လီဒိုကားလမ်းမကြီးပေါ်မှာရှိတဲ့ နန်းယွန်းမြို့အဝင်တံတားဒေသအခေါ်(နန်းယွန်းမြို့ဟောင်းတံတား)ဟာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းက မိုးရွာသွန်းပြီးရေကြီးရေလျှံမှုကြောင့် ရေထဲမျောပါသွားတာဖြစ်တယ်လို့ အသက် ၃၀ အရွယ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “မြိို့အဝင်တံတားမရှိတော့ သွားသွားလာလာဒေသခံတွေကောခရီးသွားတဲ့သူတွေကောအခက်အခဲတော့ ဖြစ်တာပေါ့…

    Read More »
  • Jun- 2024 -
    5 June
    သတင်း

    နန်းယွန်းမှာ မိုးသက်လေပြင်းကြောင့် လမ်းတံတား ကျိုးကျပျက်စီးပြီး ဆက်သွယ်ရေးလိုင်းပြတ်တောက်နေ

    ကချင်ပြည်နယ်အနောက်ဘက်၊ စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ်မှာ မိုးသက်လေပြင်းကျရောက်ခဲ့တာကြောင့် လမ်းပမ်းဆက်သွယ်ရေးနှင့် ဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်လောက်ကနေ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံဖြစ်ခဲ့သလို မေလ ၂၈ ရက်နေ့မှာ မိုးသက်လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် နန်းယွန်းမြို့လယ်က ကြိုးတံတားတစ်စင်း…

    Read More »
  • Oct- 2023 -
    20 October
    သတင်း

    နန်းယွန်း အထက ကျောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပိုဆိုးလာ

    နန်းယွန်းမြို့ အထက်တန်းကျောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ ကျောင်းသား၊သူ တစ်ချို့ရှိနေသလို ဘိန်းဖြူကြောင့် ကျောင်းသား ၁ ဦး ဆေးရုံတက်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီအထက်တန်းကျောင်းမှာ ၂၀၂၃ ခုနှစ်ပညာသင်နှစ်ထဲ ဘိန်းဖြူနဲ့စိတ်ကြွဆေးပြားများသုံးစွဲသူတွေများလာနေပြီး ကျောင်းသားတွေကိုယ်တိုင်ရောင်းချပေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ယောကျာ်းလေးတစ်ယောက်က ကျောင်းထဲမှာ ပေါ်တင်ရောင်းတာ သူ့သူငယ်ချင်းတွေကို ဒါသုံးရင်။ စာကျက်လို့လည်း ကောင်းတယ်ဆိုပြီး ရောင်းတယ်၊ နောက်ဆုံး သူ့ကိုတော့ထုတ်လိုက်တယ်၊ ရွာကလူတွေကအတော်လေးကို ဆိုးတယ်၊ အခုဖိုးသမားတွေရှိတာနဲ့ဘာမှ ထားထားလို့မရဘူး သူခိုးတွေကတော့ ဖိနပ်ကအစ ခိုးနေတာ၊ ကျောင်းထုတ်ခံရတဲ့တခြား သူတွေရှိ တယ်၊ဖိုးထိုးမှားလို့ တစ်ယောက်သေသွားတာရှိတယ်။…

    Read More »
  • Aug- 2023 -
    8 August
    သတင်း

    နာဂလက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီးသွားတဲ့ ရဲတပ်ကြပ်သေဒဏ်စီရင်လိုက်ပြီလို့သတင်းထွက်ပေါ်လာ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ရဲစခန်းက တပ်ကြပ်တစ်ဦးကို နာဂလက်နက်ကိုင်အဖွဲ့(NSCN-K) က ဘိန်းဖြူ ဖြန့်ဖြူးမှုနဲ့ ဖမ်းဆီးသွားပြီးနောက် ပြန်လွတ်ပေးခြင်းမရှိတဲ့အပြင် သေဒဏ်စီရင်လိုက်ပြီလို့ သတင်းတွေထွက်ပေါ် နေပါတယ်။ နန်းယွန်းမြို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲစခန်းထဲက တပ်ကြပ်စိုးမင်းသန်းကို ဘိန်းဖြူဖြန့်ဖြူးရောင်းဝယ်မှုတွေ ပြုလုပ်တယ်ဆိုတဲ့အထောက်အထားနဲ့ NSCN-K က လွန်ခဲ့တဲ့အပတ်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ နန်းယွန်းမြို့နယ်ရဲစခန်းနဲ့ ရင်းနှီးတဲ့တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “ဟုတ်ကဲ့ဖမ်းခေါ်သွားတာတော့ဟုတ်ပါတယ် လွန်ခဲ့တဲ့အပတ်ကတည်းကဖမ်းခေါ်သွားတာပါ…

    Read More »
  • 1 August
    သတင်း

    နန်းယွန်းမြို့နယ်မှာ အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီစျေး အဆမတန်မြင့်တက်နေ

    စစ်ကိုင်းဒေသကြီး နန်းယွန်းမြို့နယ်ထဲမှာ ကုန်ကားကြီးတွေ မဝင်ရောက်နိုင်သေးတာကြောင့် အခြေခံစားသောက်ကုန် နဲ့စက်သုံးဆီစျေးတွေ အဆမတန်မြင့်တက်နေတယ်လို့ နန်းယွန်းဒေသခံတွေဆီကနေ သိရပါတယ်။ နန်းယွန်း–ရှင်ဗွေယန်ကားလမ်းပိုင်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက ကားလမ်းမြေပြိုမှု ကြီးကြီးမားမားဖြစ်ပွားခဲ့ပြီးတဲ့နောက် လက်ရှိအချိန်ထိ ကားလမ်းပိုင်းသေချာပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားအဝင်ရပ်တန့်နေပြီး အခြေခံစားသောက်ကုန်နှင့်စက်သုံးဆီစျေးတွေအဆမတန်မြင့်တက်သွားတာလို့ နန်းယွန်းမြို့နေ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကုန်ကားကြီးတွေကမဝင်သေးဘူးဗျလမ်းကတံတား အဆင်မပြေသေးဘူးကြာအုံး မယ်ကြားတယ်။ဓာတ်ဆီကတော့တစ်ဂါလံ ၂၀၀၀၀ ကျော်သွားပြီး ဓာတ်ဆီတက်မှတော့ တခြာစားသောက်ကုန်လည်း ပြောစရာမလိုတော့ဘူးပေါ့ အကုန်တက်တယ်”လို့ ပြောပါတယ်။ ကားလမ်းစပြိုပြီးနောက်တစ်ပတ်အတွင်း ဆန်တစ်အိတ် ကျပ်…

    Read More »
  • Jul- 2023 -
    13 July
    သတင်းPhoto- နန်းယွန်းမြို့

    ရှင်ဗွေယန်- နန်းယွန်းကြားကားလမ်းမြေပြိုမှုကြောင့် နန်းယွန်းမြို့နယ်တွင် ကုန်စျေးနှုန်းအဆမတန်မြင့်တက်

    ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နှင့် စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်ကြားက လီဒိုကားလမ်းပိုင်းတစ်နေရာမှာ မြေပြိုမှုဖြစ်သွားတာကြောင့် လက်ရှိအသွားအလာပြတ်တောက်နေတဲ့အတွက် နန်းယွန်းမြို့မှာတော့ ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့တုန်းက ကားလမ်းမြေပြိုမှုဖြစ်ပွားခဲ့တဲ့ ရှင်ဗွေယန်မြို့နဲ့ ၅မိုင်အကွာ(ဒေသအခေါ် ၅မိုင်းတံတား)အနီးကမြေပြိုကျခဲ့တဲ့နေရာမှာ ဇူလိုင် ၉ရက်နေ့တုန်းက ထပ်မြိုကျတာကြောင့် လတ်တလော ကုန်တင်ကား၊ အိမ်စီးကား၊ဆိုင်ကယ် သွားလာလို့မရဖြစ်နေပြီး ကုန်စည်စီးဆင်းမှုရပ်တန့်နေတာကြောင့်ဖြစ်တယ်လို့ နန်းယွန်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။…

    Read More »
  • 6 July
    သတင်းခလုံးချောင်းရေဆိပ်

    နာဂလက်နက်ကိုင်ဌာနချုပ်ဘက်ကို စစ်တပ်ကစက်သုံးဆီနဲ့ဆန်တင်ပို့ခွင့်ပိတ်ထား၍ စျေးအဆမတန်မြင့်တက်

    စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ် နာဂလက်နက်ကိုင်တပ်ဌာနချုပ်ရှိတဲ့ဘက်ကို စစ်ကောင်စီတပ်က ဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကို ပိတ်ထားသောကြောင့် ဆန်နဲ့ဆီစျေးတွေအဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ ပုံမှန်အားဖြင့် တလူးကျေးရွာနဲ့ တကားကျေးရွာဘက်ကို ဆန်နဲ့စက်သုံးဆီတင်ပို့ရာမှာ တနိုင်းချောင်းကိုအသုံးပြုလျက်ရှိပြီး လက်ရှိ တလူးမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က အဲ့ဒီရေကြောင်းလမ်းကနေဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကိုပိတ်လိုက် တာကြောင့် တလူး၊တကားကျေးရွာဘက်တွေမှာ စျေးတွေအဆမတန်မြင့်တက်နေတယ်လို့ ဆန်နဲ့စက်သုံးဆီတင်သွင်းတဲ့တလူးကျေးရွာနေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။…

    Read More »
Back to top button