နေအိမ်ပျက်စီး

  • May- 2026 -
    8 May
    သတင်း

    လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၃ ဦးထိခိုက်ပြီး နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီး

    ဖားကန့်မှာ တစ်ရက်တည်း စစ်တပ်ရဲ့ လေကြောင်း နှစ်ကြိမ်ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကြောင့် အရပ်သား ၃ ဦးထိခိုက်ပြီး မှော်ဆီစာကျေးရွာက လူနေအိမ်များစွာ မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ဟာ ဒီကနေ့ မနက်ပိုင်း ၁၂ နာရီမတိုင်မှီ မှော်ဆီစာအနီး မလောင်ကျေးရွာထဲက မြဥယျဉ်လုပ်ကွက်ဟောင်း (မြန်မာစည်သူ)နဲ့ မှော်ဆီစာနဲ့ ကုဋေမှော်လမ်းဆုံး နှစ်နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ မှော်ဆီစာထဲက ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ထဲမှာ နေ့လည် ၁၂ နာရီဝန်းကျင် မှော်ဆီစာနဲ့ ကုဋေမှော်လမ်းဆုံးနေရာ ပစ်ခတ်ခံရမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး ယခုညနေ ၇ နာရီဝန်းကျင်အထိ လူနေအိမ်တွေ ဆင့်ကူးမီးလောင်ကျွမ်းနေဆဲဖြစ်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီကနေ့ လေယာဉ်ပစ်ခတ်ခံရတဲ့နေရာမှာက လူနေအိမ်တွေ ဆက်ပြီးမီးလောင်နေဆဲဖြစ်ပါတယ်။ ပြည်သူတွေကလည်း ကြောက်ပြီး ထွက်ပြေးတဲ့သူတွေက ထွက်ပြေး၊ နေအိမ်မီးလောင်တာကလည်း စစချင်းက ၂ အိမ်၊ ၃ အိမ်လောက်ပဲရှိတယ်။ တစ်အိမ်ပြီး တစ်အိမ်ဆင့်ကူးလောင်နေတာအခုမိုးချုပ်တဲ့အထိဆက်လောင်နေဆဲ။ မနက်ဖြန်အထိဆက်လောင်ရင် ဘယ်အိမ်ထိပါသွားမလဲမသိဘူး”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မှော်ဆီစာ – ကုဋေမှော်ရွာထိပ်လမ်းဆုံနေရာမှာ ကားဂိတ်၊ အထည်ဆိုင်၊ ကွမ်းယာဆိုင်နဲ့ စက်သုံးရောင်းတဲ့နေရာတွေရှိပြီး အဲ့ဒီတစ်လျှောက်က လူနေအိမ်တွေ မီးလောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရချိန် လူနေအိမ် ၃ လုံးခန့် စတင်လောင်းကျွမ်းခဲ့ပြီး ယခုညနေပိုင်းအထိ မီးထဲပါသွားတဲ့ လူနေအိမ် ၁၀ လုံးဝန်းကျင်ခန့်ရှိနိုင်တယ်လို့ သတင်းအရင်းအမြစ်တွေက သုံးသပ်ပါတယ်။ စစ်တပ်ဟာ နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းတိုက်ခိုက်ပြီးနောက် တစ်ပြိုင်နက် စစ်တပ်ရှိတဲ့နေရာတွေကနေ ဒရုန်းလက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် မှော်ဆီစာ ဘုန်းကြီးကျောင်း၊ လုံးခင်း ဒေါက်တာဘိုဘိုဟန် ဆေးဆိုင်နားအထိ ဒရုန်းလက်နက်ကြီး ကျမှန်ပြီး နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပထမအကြိမ် မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ မလောင်ကျေးရွာအနီး ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ထဲမှာ မြဥယျဉ်ကုမ္ပဏီဝင်းအတွင်း ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ကုမ္ပဏီဝန်ထမ်းတစ်ဦးလည်းထိခိုက်မှုရှိခဲ့တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ ဒရုန်းလက်နက်ကြီးကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားတဲ့အပြင် အရပ်သား ၃ ဦးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ လုံးခင်း၊ မှော်ဆီစာ၊ ကုဋေမှော်တစ်လျှောက်ဟာ ပြီးခဲ့တဲ့ မတ်၊ ဧပြီလကတည်းကနေ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား နေရာလုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ သို့ပေမယ့် စစ်တပ်က စစ်ရေးအရ စစ်ရေးနေရာတွေမှာ တိုက်ခိုက်တာမျိုးမလုပ်ဘဲ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးက ဆက်ဆိုပါတယ်။ “လက်ရှိက လုံးခင်း၊ မှော်ဆီစာ၊ ကုဋေစသဖြင့် အဲ့တစ်ကြောက တိုက်ပွဲဖြစ်တဲ့ ဆက်စပ်ကြောမှာရှိနေတယ်။ ဖားကန့်က တောမှာဖြစ်နေတဲ့တိုက်ပွဲမဟုတ်ဘူး။ မြို့ပြတိုက်ပွဲလိုဖြစ်နေတာ။ စစ်တပ်က ဘယ်လိုဖြစ်နေလဲဆိုတော့ စစ်ရေးကို စစ်ရေးလိုမတိုက်ဘူး။ ပြည်သူ့နေအိမ်တွေမှာတပ်စွဲတယ်။ SKY ဟိုတယ်တွေလည်းတပ်စွဲထားတာဖြစ်တယ်။ ဒီလိုမျိုးအခြေအနေမှာ ပြည်သူတွေကတော်တော်ခက်ပါတယ်”လို့ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်း ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် လုံးခင်း၊ မှော်ဆီစာ၊ ကုဋေမှာ် ကျေးရွာရှိ ဖားကန့်ပြည်သူတွေဟာ ကျေးရွာအတွင်းကနေ မဇွပ်ယန်၊ ကံဆီးနဲ့ ကထန်ယန် စတဲ့ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။ ဖားကန့်တိုက်ပွဲဟာ မေလဆန်းပိုင်းကနေ ဖားကန့်ဒေသအတွင်း တစ်ခန့်အကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဝင်ရောက်တပ်စွဲနေရာယူထားတဲ့နေရာတွေကို ဝိုင်းရံပိတ်ဆို့ပြီး တန်ပြန်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ မေလ ၃ ရက်ကနေ ၆ ရက်နေ့အထိဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်မှုများပြီး အခုလိုလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့်စစ်ရေးသတင်းအရင်းအမြစ်တွေကပြောဆိုပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Oct- 2025 -
    29 October
    သတင်း

    ဗန်းမောက်မြို့ လေကြောင်းအပြင် လက်နက်ကြီးနဲ့တိုက်ခိုက်ခံရပြီး နေအိမ်အဆောက်အဦးတစ်ချို့ မီးလောင်ပျက်ဆီး

    စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့က အဆောက်အဦးတစ်ချို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာကနေ မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း မြစ်သေးချင်းကျေးရွာကိုလေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက် ခိုက်ခဲ့ပြီး အဲ့ဒီနေ့တစ်ရက်တည်းမှာဘဲ နားယကာကျေးရွာလမ်းဆုံက နေအိမ်တစ်လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေ…

    Read More »
  • Jun- 2025 -
    4 June
    သတင်း

    အိမ်ခြေ ၁၄ အိမ်ရှိတဲ့ တလာထုကျေးရွာ လူနေအိမ် ၁၀ လုံး ရေထဲမျောပါသွား

    ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်ထဲက တလာထုကျေးရွာတစ်ရွာလုံးနီးပါး ရေထဲမျောပါသွားတယ်လို့ သိရပါတယ်။ နောင်မွန်းမြို့နယ်မှာ ပြီးခဲ့တဲ့အပတ်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မေခချောင်းရေ မြင့်တက်ခဲ့မှုကြောင့် တလောထုကျေးရွာ ထဲက အိမ်ခြေ ၁၀ ခု ရေထဲမျောပါသွားပြီး လေးအိမ်သာကျန်ခဲ့တယ်လို့ နောင်မွန်းမြို့ခံအမျိုးသမီး တစ်ဦးက…

    Read More »
  • Apr- 2025 -
    30 April
    သတင်း

    ဗန်းမော်မြို့တွင်း သီရိရတနာစျေးအပါအဝင် လူနေအိမ်အများအပြား မီးလောင် ပျက်စီးနေ

    မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့မှာ မြို့အထင်ကရ သီရိရတနာ နံနက်စျေးကြီး ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့အထိ မီးလောင် ပျက်စီးနေဆဲဖြစ်သလို အရပ်သားနေအိမ် အများအပြားလည်း ဆက်ပြီး မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဒေသသတင်းအရင်းအမြစ် တွေကနေ သိရပါတယ်။ ဗန်းမော် သီရိရတနာစျေးကြီး…

    Read More »
  • Jan- 2025 -
    3 January
    သတင်း

    တိုက်ပွဲဖြစ်ပွားတဲ့ ဗန်းမော်မြို့တွင်း ရပ်ကွက််မှာ နေအိမ်အများအပြား ပျက်စီး

    တစ်လခန့်အကြာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့မှာ မြို့တွင်းရပ်ကွက်အများအပြား မီးလောင်းပျက်စီးနေပြီး နှစ်ဖက်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့  ဗန်းမော်ဒေသခံတွေ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့ကို စစ်ကောင်စီဘက်ကလည်း လေယာဉ်၊ တင့်ကား၊ ဒရုန်း အပြင် လက်နက်ကြီးတွေနဲ့ ပြန်လည် ခုခံတိုက်ခိုက်နေတဲ့အတွက် မြို့တွင်း မီးလောင် ပျက်စီးမှု များပြားကြောင်း ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ဗန်းမော်မြို့တွင်းမှာက မြို့တစ်ဝက်ကျော်က ပြာပုံဖြစ်သွားပြီ။…

    Read More »
  • Dec- 2024 -
    9 December
    သတင်း

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါ နေရာတစ်ချို့မှာ ငလျင် ၇ ကြိမ်ခန့်လှုပ်ခတ်လို့ နေအိမ်တစ်ချို့ထိခိုက်ပျက်စီး

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါအဝင် မြို့တချို့မှာ အင်အားပြင်းမြေငလျင် ၇ ကြိမ်ခန့် လှုပ်ခတ်ခဲ့တဲ့အတွက် နေအိမ်တစ်ချို့ထိခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ၃ နာရီနဲ့ ၄ ရီကြား နာရီဝက်အတွင်း ငလျင် ၄ ကြိမ် လှုပ်ခတ်သွားပြီး နောက်ထပ် မနက် ၇ နာရီနဲ့ ၈ နာရီကြား ငလျင်ထပ်လှုပ်ခတ်သွားတယ်လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “ဒီမနက် ၃ နာရီ ၃၈ မိနစ် မှာ ပထမဆုံးလှုပ်တာ တော်တော်ပြင်းတယ်။ အဲဒီနောက် ၃ နာရီ ၄၇ မိနစ်နဲ့ ၄၈ မိနစ်မှာ ၂ ကြိမ်၊ ၄ နာရီထိုးခါနီးမှာ ထပ်ပြီးလှုပ်တယ်။ ဒီမနက်မိုးလင်းခါနီးမှာ ပြန်ပြီးငလျင်ထပ်လှုပ်တယ်။ ဒီလောက်ဖြစ်တာတော့ မကြုံဖူးသေးဖူး။ ဒီမနက်ဟာက ထူးခြားတယ်လို့ ပြောချင်ပါတယ်”လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီတစ်ဦး ပြောပါတယ်။ ဒီမနက် ကွတ်ခိုင်နဲ့ သိန္နီဘက်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ မြေငလျင်အားဟာ မဂ္ဂနီကျု ၄.၅ အဆင့် အင်အားသင့်ငလျင်ဖြစ်ပြီး မြို့တွင်း နေအိမ်တစ်ချို့ အက်ကွဲတာတွေရှိတယ်လို့သိရပေမယ့် ထိခိုက်ပျက်စီးမှု အသေးစိတ် စုံစမ်းနေဆဲဖြစ်ပါတယ်။ မြေငလျင်ဟာ တစ်ကြိမ်လှုပ်ခတ်ရင် ၅ စက္ကန့်နဲ့ ၁၀ စက္ကန့်ကြား ကြာပြီး  ၇ ကြိမ်ခန့်ရှိတယ်လို့ ဒေသခံတွေ ခန့်မှန်းပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာလည်း ရှမ်းမြောက် ကွတ်ခိုင်မြို့အပါဝင် လားရှို့မြို့တွေမှာ မြေငလျင်လှုပ်ခတ်တာတွေရှိခဲ့ပေမဲ့ ဒီမနက်ရဲ့ ငလျင်အားနဲ့ လှုပ်ခတ်တဲ့ပုံစံမှုမျိုး မကြုံခဲ့ဖူးတာကြောင့် ဒေသခံတွေကို ထိတ်လန့်စေတယ်လို့ နမ့်ဖတ်ကဒေသခံအမျိုးသားတစ်ဦး အခုလို ပြောပါတယ်။ “ငြိမ်လိုက် လှုပ်လိုက်နဲ့ မိနစ် ၃၀ အတွင်းမှာ ဆက်တိုက်ပဲ ၄ ကြိမ်လောက်အရင်လှုပ်တယ်။ ပထမဆုံးအရင်လှုပ်တာက ပိုပြင်းတာ။ အရင်ကလည်း ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ ဒီလိုမပြင်းဘူး ဒီတစ်ခေါက်က မှတ်မှတ်ရရ၊ သတိတရပဲ လှုပ်တာ တော်တော်လန့်တယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ မြေငလျင်ဟာ ကွတ်ခိုင်မြို့နယ်အပြင် နမ့်ခမ်းမြို့၊ သိန္နီမြို့ နဲ့ လားရှိုးဘက်တွေအထိ လှုပ်ခတ်သွားတယ်လို့ ဆက်လက်သိရပါတယ်။ “ငလျင်စလှုပ်ကတည်းက အိပ်လို့မရတော့ဘူး၊ ကြောက်စရာကြီး လှုပ်ခတ်နေတာ။ ကျမကလေးတောင် အမေရေ အိမ်ကဘာလို့ အဲဒီလောက်တုန်လှုပ်နေတာလဲတဲ့ သူကမသိလို့လေ။ အတကုန် လှုပ်နေတာ။ အရမ်းမပြင်းဘူးဆိုပေမဲ့ ဒီလိုဖြစ်တာတော့ တစ်ခါမှ မကြုံသေးဘူး။”လို့ကွတ်ခိုင်အနီး ခိုနောင်ဒေသခံအမျိုးသမီးကလည်း ပြောပါတယ်။ စစ်ကောင်စီလက်အောက် မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အဲဒီငလျင်ဟာ မြေပြင်အောက်အနက် ( ၁၀ )ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တယ်လို့ ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Jul- 2024 -
    8 July
    သတင်း

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်း မလိခမြစ်ချောင်းတစ်ကြောက လူနေအိမ် ၂၀၀ ခန့် ထိခိုက်ပျက်စီးသွား

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းမကြီးပေါ် မလိခမြစ်ချောင်းတစ်ကြောမှာရှိတဲ့  ကျေးရွာတွေမှာ ဒီရက်ပိုင်း ရေကြီးရေလျှံဖြစ်ခဲ့တဲ့အတွက် လူနေအိမ် ၂၀၀ ကျော်ထက်မနည်းပျက်စီးဆုံးရှုံးသွားတာကြောင့် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံဖြစ်ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားတဲ့ ကျေးရွာတွေကတော့ ဖုန်အိန်ယန်(Hpung Ing…

    Read More »
  • Jun- 2024 -
    24 June
    သတင်း

    စစ်တပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုကြောင့် ဝူယန်၊ လမြန်၊ မုတ်ကျိတ် စတဲ့ ကျေးရွာတွေ အားလုံးနီးပါး ထိခိုက်ပျက်စီးမှုများ

    ဝိုင်းမော်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဝူယန်၊ လမြန် နဲ့ မုတ်ကျိတ် ကျေးရွာတစ်ကြောကို စစ်တပ်လေယာဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်တွေထိခိုက်ပျက်စီးနေတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ဇွန်လ ၁၈၊ ၁၉ ရက်နေ့တွေမှာ ဝူယန်နဲ့လမြန်ကြား စစ်တပ်နဲ့ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA…

    Read More »
  • Apr- 2024 -
    19 April
    သတင်း

    မိုးသက်လေပြင်းကြောင့်ပျက်စီးသွားတဲ့ တနိုင်းစိန်ဂျိုးဇက်စစ်ရှောင်စခန်းက အဆောင်ပြုပြင်ဖို့ အကူညီလိုအပ်နေ

    မိုးသက်လေပြင်းကြောင့်ပျက်စီးသွားတဲ့ တနိုင်းမြို့ စိန်ဂျိုးဇက်စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေရဲ့အဆောင် ပြုပြင်ဖို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။ တနိုင်းမြို့မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က မိုးသက်လေပြင်းကျရောက်ခဲ့ပြီး အချိန် ၁ နာရီဝန်းကျင်ကြာအောင် မိုးသီးအဆက်မပျက်ကျခဲ့တဲ့အတွက် စစ်ရှောင်စခန်းထဲက အဆောင် ၈ ဆောင် အိမ်ခေါင်မိုးတွေပျက်စီးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆောင်တွေမပြုပြင်နိုင်သေးတဲ့အတွက် စစ်ရှောင်ပြည်သူတွေဟာ အခက်အခဲတွေ ကြုံနေရပြီး မိုးရွာတဲ့ချိန် အိုး၊ ခွက်၊…

    Read More »
  • 18 April
    သတင်း

    နေအိမ်ပျက်စီးသွားတဲ့ စီခမ်းကြီးစစ်ဘေးရှောင်တစ်ချို့နေရပ်ပြန်ဖို့ခက်ခဲနေ

    ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာတိုက်ပွဲအတွင်း နေအိမ်ပျက်စီးသွားတဲ့ စစ်ဘေးရှောင်ပြည်သူတစ်ချို့နေရပ်ပြန်ဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စီခမ်းကြီးဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲကြောင့် စစ်ရှောင်နေကြရတဲ့ ဒေသခံတွေဟာ တစ်လကျော်အကြာအများစုနေရပ်ပြန်ဝင်နေကြပေမယ့် တိုက်ပွဲတွင်း လက်နက်ကြီးထိမှန်တာ၊ စစ်တပ်ဘက်ကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ အိမ်ထောင်စု ၄၀ ကျော်ဟာ ဒီနေ့ထိ နေရပ်မပြန်နိုင်ပဲတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အများပိုင်းက ပြန်ဝင်ကြပြီ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက ပြန်ဝင်နေကြပြီ။ ဒါပေမယ့် အိမ်တွေလုံးဝပျက်စီးသွားတဲ့မိသားစုတွေကတော့ ပြန်မဝင်နိုင်ကြသေးဘူး တိမ်းရှောင်နေကြတုန်း အိမ်ရှိတဲ့လူတွေလောက်ပဲပြန်ကြတာ အိမ်တွေဘာတွေပြန်ဆောက်ပြီး နေဖို့ကြလောလောဆယ်အခြေအနေနဲ့အဆင်မပြေသေးဘူးလေ”လို့ စီးခမ်းကြီး ဒေသခံစစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိ စီခမ်းကြီးကျေးရွာဘက်မှာ တိုက်ပွဲတွေကငြိမ်သက်နေတာ တစ်ကျော်ကြာမြင့် နေပြီဖြစ်ပေမယ့် နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ဒေသခံတစ်ချို့ဟာနေအိမ်ဆောက်ဖို့ ငွေကြေးခက်ခဲတဲ့အပြင် စစ်ရေးပြန်ပြီးတင်းမာလာမှာကိုစိုးရိမ်နေတာကြောင့် နေရပ်ပြန်ဝင်ဖို့ခက်ခဲနေတာလို့သိရပါတယ်။ “တိုက်ပွဲက ဖြစ်တော့မဖြစ်တော့ဘူး။ ဒါပေမယ့်လည်း တော်ကြာအိမ်ပြန်ဆောက်ပြီးကျမှ တိုက်ပွဲ ပြန်ဖြစ်လာမလား လေယာဥ်နဲ့ပဲပြန်လာချမလားအမျိုးမျိုးတွေးပြီး ပြန်မဆောက်ရဲသေးတာပေါ့ ပြီးတော့ အိမ်ဆောက်ဖို့အတွက် ကလောလောဆယ်လက်ထဲမှာ ဘာမှမရှိဘူးလက်ဗလာနဲ့လည်းဆောက်လို့မရဘူးလေ အကုန်ပါသွားတာ”လို့ နေအိမ်ပျက်စီးသွားတဲ့စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးထိမှန်ပြီးပျက်စီးသွားလို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ အိမ်ထောင်စု ၄၀ ဝန်းကျင်ဟာလက်ရှိ မံစီးမြို့နဲ့နီးစပ်ရာကျေးရွာတွေမှာ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ စီးခမ်းကြီးကျေးရွာကို KIA၊KPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး လက်ရှိအချိန်အထိ ကျေးရွာကို KIA ဘက်ကထိန်းချုပ်ထားတယ်လို့သိရပါတယ်။ သို့သော်…

    Read More »
Back to top button