ပေါက်ကွဲမှု

  • Sep- 2024 -
    2 September
    သတင်း

    မြစ်ကြီးနားမြို့မှာ ၂ ရက်အတွင်း လက်နက်ကြီး ၃ ကြိမ်ကျပေါက်ကွဲ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ပြိီးခဲ့တဲ့ ၂ ရက်တာအတွင်း လက်နက်ကြီး ၃ ကြိမ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၂၈ ရက်နဲ့  ၃၁ ရက်နေ့မှာ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက်နေရာ ၃ ခုမှာ လက်နက်ကြီးကျပေါက်ကွဲတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက KNG ခုလိုပြောပါတယ်။ “၂၈ ရက်နေ့က ရွှေညောင်ပင်ရပ်ကွက် တရုတ်စာသင်ကျောင်းရဲ့အောက်ချိုင့်ဘက်မှာတစ်လုံးကျတယ် ပြီးတော့ ကြက်ပေါင်ခြံရပ်ကွက် မြစ်ကမ်းနံဘေးမှာတစ်လုံးကျတယ်။  ၃၁ ရက်နေ့က ဂေါ်ရခါးနှစ်ခြင်းအသင်းတော်ဘုရားကျောင်းနားမှာတစ်လုံးကျတယ်”လို့ ပြောပါတယ်။ ရွှေညောင်ပင်ရပ်ကွက် တရုတ်စာသင်ကျောင်းရဲ့နောက်ဘက်ကျပေါက်ကွဲတဲ့လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး အိမ်ဝင်းတံခါးအားလုံးကြေမွသွားတယ်လို့ ပြောပေမယ့် လူမရှိတဲ့အိမ်ဖြစ်တာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ အလားတူဘဲ ကြက်ပေါင်ခြံရပ်ကွက်အတွင်း ဂေါ်ရခါးဘုရားကျောင်းနီးကျပေါက်ကွဲတဲ့လက်နက်ကြီးနဲ့ မြစ်ကမ်းနံဘေးမှာ ကျပေါက်ကွဲတဲ့လက်နက်ကြီးတွေလည်း လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ကြက်ပေါင်ခြံရပ်ကွက်မှာ ပြည်ခိုင်ဖြိုးပါတီရုံးရှိပြီး စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလ ဝန်းကျင်ကစပြီး လက်နက်ကြီးအထိုင်ချထားတဲ့နေရာဖြစ်သလို မကြာခနဆိုသလို လက်နက်ကြီးပစ်ခတ်နေတာလည်းဖြစ်ပါတယ်။ ခုလို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် တရုတ်ကျောင်းတက်နေတဲ့ကလေးမိဘတွေ စိုးရိမ်နေရပြီး အနီးပတ်ဝန်းကျင်ကပြည်သူတွေလည်း လက်နက်ကြီးကျပေါက်ကွဲမှာကို စိုးရိမ်ထိတ်လန့်စွာနဲ့နေနေကြရတယ်လို့ သိရပါတယ်။ “လူနေတဲ့ရပ်ကွက်ဘက်တွေကို ခုလိုမပစ်ကြရင်ကောင်းမယ် ကလေးတွေကျောင်းလွတ်ဖို့တောင် စိုးရိမ်တယ်။ပြီးတော့ ဒီနားတစ်ဝိုက်ဆို စစ်ရှောင်တွေလည်း များတယ်“လို့ နောက်ထပ် အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ထားပြီးနောက် မြစ်ကြီးနားမြို့တွင်းကနေ လက်နက်ကြီး ပစ်ခတ်တာအပြင် ကင်းပတ်ဒရုန်းနဲ့ညတိုင်း ကင်းလှည့်တာတွေလုပ်နေတယ်လို့လည်း မြစ်ကြီးနားမြို့ ကာကွယ်ရေးတပ်က ပြောပါတယ်။ “နေ့လည်ကျတော့လင်းနေတော့မမြင်ရဘူး ညဆို တစ်ညလုံးလုံးကင်းပတ်တာ ပြီးတော့ ဒီရက်ပိုင်းဆို လက်နက်ကြီးတွေလည်း ခပ်စိပ်စိပ်ပြန်ပစ်လာပြီ မြို့တွင်းနေရာတစ်ချို့မှာလည်း အရပ်ဝတ်နဲ့ကင်းပတ်တာတွေရှိနေတယ်”လို့ပြောပါတယ်။ လက်နက်ကြီးကျပေါက်ကွဲတဲဲ့ ကြက်ပေါင်ခြံရပ်ကွက်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိပြီး ရွှေညောင်ပင်ရဲ့နောက်ကျောရပ်ကွက်တစ်ဆက်တည်းရှိတဲ့ ရပ်ကွက်တွေဖြစ်ပါတယ်။ မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ရန်ကုန်မြို့နဲ့ ၉၁၉ မိုင်၊ မန္တလေးမြို့နဲ့  ၄၈၇ မိုင် ကွာဝေးတဲ့မြို့ဖြစ်ပါတယ်။  By – Zami

    Read More »
  • Oct- 2023 -
    16 October
    ဆောင်းပါး

    မုန်လိုင်ခက် (Mung Lai Hkyet)

    မှိုင်းညို့ညို့ ကောင်းကင်အောက် အေးချမ်းတဲ့ တောင်ပေါ်ရွာလေးမှာနေကြတဲ့ မုန်လိုင်ခက် စစ်ရှောင်တွေဟာ မကြာခင်ကြုံတွေ့ရတော့မယ့် အန္တာရယ်ဆိုးကို သတိမပြုမိကြဘဲ တစ်ရွာလုံးတိတ်ဆိတ်ပြီး အိပ်စက်အနားယူနေကြပါတယ်။ မုန်လိုင်ခက်ရွာဟာ ဝေကြိုင်ဘွမ်၊ စင်ယူဘွမ်၊ ရှိန်တောမ်ဘွမ် ပတ်လည်ဝိုင်းထားတဲ့အလယ်မှာရှိပြီးလိုင်ဇာမြို့နဲ့ မတူဘဲ ရာသီဥတုခပ်အေးအေးနဲ့ အလွန်တရာမှ နေလို့ကောင်းတဲ့ ရွာလေးဖြစ်ပါတယ်။…

    Read More »
  • Aug- 2023 -
    11 August
    သတင်း

    မိုးညှင်းမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး မြို့တွင်းကျရောက်ပေါက်ကွဲ 

    မိုးညှင်းမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၀ ရက် မနေ့က မနက် ၁၁ နာရီလောက်မှာ မိုးညှင်းမြို့ ပန်းခြံကနေ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး ၁၂၀ မမနဲ့ အချက်ပေါင်း ၁၀ ချက်ထက်မနည်းပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ မိုးညှင်းဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ကျမတို့အိမ်နားမှာ တစ်လုံးလာကျတာဟုတ်တယ် လူထိခိုက်တာတော့ မရှိပါဘူး”လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ရပ်ကွက်တွေကို လုံခြုံရေးအရ အမည်မဖော်ပေးရန် ဒေသခံများက တောင်းဆိုထားပါတယ်။ ဒေသခံတွေရဲ့ပြောဆိုချက်အရ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ မိုးညှင်းကာကွယ်ရေးတပ်တွေ မြို့တွင်းထဲဝင်ရောက်လာတဲ့ ရုပ်သုံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ မိုးညှင်းကာကွယ်ရေးတပ်ဘက်က တင်လာခဲ့တဲ့နောက်ပိုင်း မြို့တွင်း မြို့ပြင် လမ်းသွားလမ်းလာပြည်သူများကိုလည်း စစ်ဆေးရေးတွေလည်း ပိုတင်းကြပ်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာလည်း မိုးညှင်း– ဘီလူးမြို့ လမ်းဆုံမှာရှိတဲ့ မိုးညှင်းစိုက်ပျိုးရေးရုံးကိုလည်း မိုးညှင်း KPDF က သွားရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ၇ဦးကျဆုံးမှုရှိခဲ့ကြောင်း မိုးညှင်းကာကွယ်ရေးတပ်က ဩဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်အနေနဲ့ ခုလိုတော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ဘက်တွေကို လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်နေတာဖြစ်နိုင်ကြောင်း မိုးညှင်းဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့ကအဓိက ထန်းတပင်ရွာဘက်ကို ပစ်တာလို့သိရတယ် အဲဘက်ကို PDF တွေရှိတယ်ထင်ပြီး ပစ်တာ ဒါပေမယ့် လက်နက်ကြီးတစ်ချို့ကတော့ မြို့တွင်းရပ်ကွက်တစ်ချို့တွေမှာ ကျတာရှိတယ်”လို့ပြောပါတယ်။ မိုးညှင်းမြို့နယ်တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေကြား မကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားတာရှိပြီး ပြီးခဲ့တဲ့ဇွန်လမှာလည်း မိုးညှင်းမြို့နယ် အင်ကွယ်ရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုညှင်းကာကွယ်ရေးတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

    Read More »
  • Apr- 2023 -
    25 April
    သတင်း

    ပေါက်ကွဲသွားသည့် လျှပ်စစ်ထွမ်စဖော်မာ ဝယ်ယူရန် ပြည်သူများထံမှ စစ်ကောင်စီ ငွေကြေးကောက်ခံနေ

    စစ်ကိုင်းတိုင်းဒေသ ကသာမြို့ ရပ်ကွက် (၁)တွင် လျှပ်စစ်ထွမ်စဖော်မာတစ်ခု အပူလွန်ကဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ပြီးနောက် အစားထိုးရန် ကုန်ကျမည့် ငွေကြေး သိန်း ၇၀ အတွက် စစ်ကောင်စီအဖွဲ့သည် ဒေသခံပြည်သူများကို မထည့်မနေရ လိုက်လံကောက်ခံနေကြောင်း ဒေသခံများထံမှသိရသည်။ လက်ရှိတွင် အိမ်ထောင်စုတစ်ခုမှာ…

    Read More »
  • Feb- 2023 -
    15 February
    သတင်း

    ဒေါ့ဖုန်းယန် ဒေသခံတစ်ဦး မိုင်းနင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့

    ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် ယမန်နေ့ ၄ နာရီခွဲအချိန် ဒေသခံအမျိုးသားတစ်ဦး ဟင်းရှာထွက်သွားရာမှ မိုင်းတစ်လုံး နင်းမိပေါက်မှုဖြစ်ပွားခဲ့သဖြင့်  အသက်အန္တရယ်စိုးရိမ်ရသည့်အထိ ပြင်းထန်ဒဏ်ရာ ရရှိထားသည်ဟု ဒေသခံများထံမှ သိရသည်။ မိုင်းနင်းပေါက်ကွဲခံရသော အမျိုးသားသည် ဒေါ့ဖုန်းယန်မြို့၏ အရှေ့ဘက်ခြမ်း ၅…

    Read More »
Back to top button