သတင်း

မိုးညှင်းမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး မြို့တွင်းကျရောက်ပေါက်ကွဲ 

မိုးညှင်းမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဩဂုတ်လ ၁၀ ရက် မနေ့က မနက် ၁၁ နာရီလောက်မှာ မိုးညှင်းမြို့ ပန်းခြံကနေ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး ၁၂၀ မမနဲ့ အချက်ပေါင်း ၁၀ ချက်ထက်မနည်းပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ မိုးညှင်းဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ကျမတို့အိမ်နားမှာ တစ်လုံးလာကျတာဟုတ်တယ် လူထိခိုက်တာတော့ မရှိပါဘူးလို့ ပြောပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ရပ်ကွက်တွေကို လုံခြုံရေးအရ အမည်မဖော်ပေးရန် ဒေသခံများက တောင်းဆိုထားပါတယ်။

ဒေသခံတွေရဲ့ပြောဆိုချက်အရ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ မိုးညှင်းကာကွယ်ရေးတပ်တွေ မြို့တွင်းထဲဝင်ရောက်လာတဲ့ ရုပ်သုံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ မိုးညှင်းကာကွယ်ရေးတပ်ဘက်က တင်လာခဲ့တဲ့နောက်ပိုင်း မြို့တွင်း မြို့ပြင် လမ်းသွားလမ်းလာပြည်သူများကိုလည်း စစ်ဆေးရေးတွေလည်း ပိုတင်းကြပ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ်လ  ရက် ညနေ  နာရီဝန်းကျင်မှာလည်း မိုးညှင်း– ဘီလူးမြို့ လမ်းဆုံမှာရှိတဲ့ မိုးညှင်းစိုက်ပျိုးရေးရုံးကိုလည်း မိုးညှင်း KPDF က သွားရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ  ၇ဦးကျဆုံးမှုရှိခဲ့ကြောင်း မိုးညှင်းကာကွယ်ရေးတပ်က ဩဂုတ်လ  ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်အနေနဲ့ ခုလိုတော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ဘက်တွေကို လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်နေတာဖြစ်နိုင်ကြောင်း မိုးညှင်းဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

သူတို့ကအဓိက ထန်းတပင်ရွာဘက်ကို ပစ်တာလို့သိရတယ် အဲဘက်ကို PDF တွေရှိတယ်ထင်ပြီး ပစ်တာ ဒါပေမယ့် လက်နက်ကြီးတစ်ချို့ကတော့ မြို့တွင်းရပ်ကွက်တစ်ချို့တွေမှာ ကျတာရှိတယ်လို့ပြောပါတယ်။

မိုးညှင်းမြို့နယ်တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေကြား မကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားတာရှိပြီး ပြီးခဲ့တဲ့ဇွန်လမှာလည်း မိုးညှင်းမြို့နယ် အင်ကွယ်ရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုညှင်းကာကွယ်ရေးတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button