သတင်း

ပေါက်ကွဲသွားသည့် လျှပ်စစ်ထွမ်စဖော်မာ ဝယ်ယူရန် ပြည်သူများထံမှ စစ်ကောင်စီ ငွေကြေးကောက်ခံနေ

စစ်ကိုင်းတိုင်းဒေသ ကသာမြို့ ရပ်ကွက် ()တွင် လျှပ်စစ်ထွမ်စဖော်မာတစ်ခု အပူလွန်ကဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ပြီးနောက် အစားထိုးရန် ကုန်ကျမည့် ငွေကြေး သိန်း ၇၀ အတွက် စစ်ကောင်စီအဖွဲ့သည် ဒေသခံပြည်သူများကို မထည့်မနေရ လိုက်လံကောက်ခံနေကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိတွင် အိမ်ထောင်စုတစ်ခုမှာ ကျပ်တစ်သိန်း ၂ သောင်းဝန်းကျင်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ကောင်စီ လိုက်လံကောက်ခံနေသဖြင့် ငွေကြေးမတတ်နိုင်သည့် မိသားစုဝင်များက အခက်အခဲကြုံတွေ့နေရသည်ဟု ကသာဒေသခံတစ်ဦးက KNG ကိုပြောသည်။

ကျမတို့ရပ်ကွက်က အိမ်ခြေ ၅၀ လောက်ဘဲရှိတာ တစ်အိမ်ကို ၁ သိန်း ၂သောင်း ကျမယ်ဆိုတော့ ဘယ်လိုလုပ်ပြီးပေးနိုင်မှာလဲ စားဝတ်နေရေးက အဆင်မပြေတော့ မီတာခတောင်အနိုင်နိုင်ဆောင်နေရတာဟုပြောသည်။

ဧပြီလ ၂၃ ရရက်နေ့တွင် ကသာမြို့ရပ်ကွက် () ရွှေဘုန်းရှိန်လမ်းနှင့် မြို့ပတ်ကမ်းနားလမ်းဆုံရာ မြောက်ကျောင်း ဘုန်းကြီးကျောင်းအနီးတွင် ထားရှိထားသည့် ယင်း လျှပ်စစ်ထွမ်စဖော်မာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် လက်ရှိတွင် စစ်ကောင်စီဘက်မှ အစားထိုးဝယ်ယူရန် ယခုလိုလိုက်လံကောက်ခံနေခြင်းဖြစ်သည်။

အဆိုပါ လျှပ်စစ်ထွမ်စဖော်မာ ပေါက်ကွဲဖြစ်ပွားမှုသည် လျှပ်စစ်ဝန်ထမ်းများအနေဖြင့် ထွမ်စဖော်မာတွင် အပူထိန်းကြားခံဆီအား ၆ လ တစ်ကြိမ်လှဲလှယ်ပေးရမည်ဖြစ်သော်လည်း လှဲလှယ်ပေးခြင်းမရှိသည့်အတွက် အပူရှိန်လွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးကာလအတွင်း ကုန်းစျေးနှုန်းမြင့်မားမှုနှင့် အခွန်ခများ မြင့်တက်နေမှုကြောင့် ဒေသခံပြည်သူများသည် ၎င်းတို့၏ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရသည့်အပေါ် လျှပ်စစ်ဓါတ်အားရုံးသို့ ငွေပေးဆောင်ရန် အခက်အခဲရင်ဆိုင်နေရခြင်းလည်းဖြစ်သည်။

Show More

Related Articles

Back to top button