ပြည်သူ့စစ်ဂိတ်

  • Feb- 2026 -
    2 February
    သတင်း

    ဝိုင်းမော်မှာ အခွန်ကောက်သောင်းကျန်းတဲ့ ပြည်သူ့စစ်ဂိတ်နှစ်ခု KIA သိမ်းပိုက်

    ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြား အခွန်ကောက်သောင်းကျန်းတဲ့ လီဆူပြည်သူ့စစ်ဂိတ်နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာကြားရှိ ငှက်ပျောခြံသွားတဲ့လမ်းပေါ် နဲ့   င်္သီချောင်းတံတားမှာ တပ်ချထားတဲ့ နှစ်ခုစလုံးကို  KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်တပ်စခန်းဆိုတာက ပိုက်ဆံကောက်နေတဲ့ ဂိတ်နေရာဟုတ်တယ်။ မိုင်းနားကနေ သွားရင် ငှက်ပျောခြံထဲမှာ ပြည်သူ့စစ်ဂိတ်ရှိနေတာဟုတ်တယ်။ ပြီးရင် အဲဒီအကျော်မှာ ကွန်ကရက်တံတားတစ်ခုလည်းရှိတယ်။ အဲ့မှာ စစ်တပ်တွေထိုင်တာဟုတ်တယ်။ အဲဒီနေရာနှစ်ခုစလုံးကို သိမ်းလိုက်တာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ KIA တပ်ဘက်က သိမ်းပိုက်လိုက်တဲ့ ဂိတ်စခန်း နှစ်ခုစလုံးဟာ ၂၀၂၄ ခုနှစ်ထဲမှာ KIA သိမ်းပိုက်နေရာထဲမှာပါဝင်ပြီးတော့  ၂၀၂၅ ခုနှစ်ထဲမှာ ယာယီဆုတ်လိုက်ရတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဂိတ်နေရာ နှစ်ခုစလုံးမှာ စစ်တပ်နဲ့ လီဆူပြည်သူ့စစ်တွေပူးပေါင်းပြီး တပ်အထိုင်ချထားကာ လမ်းသွားလမ်းလာ အိမ်စီးကားမကျန် ဖြတ်သန်းခွင့် ကောက်ခံတဲ့ ဂိတ်နေရာဖြစ်တယ်လို့ ပြောပါတယ်။ လီဆူပြည်သူ့စစ်ဂိတ် နှစ်ခု KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး ငှက်ပျောခြံမှာရှိတဲ့ ပြည်သူတစ်ဦးက “ဟုတ်တယ်တဲ့ ဆိုလာပြားဆိုဒ်လို့လည်းခေါ်တယ်။ အဲ့မှာသွားပစ်တာ လှမ်းပေးကြည့်သလောက် သိမ်းလိုက်တာကသေချာတယ်”လို့ပြောပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဘက်ကနေ ဂိတ်စခန်းနှစ်ခုလက်လွတ်လိုက်ရတဲ့အတွက် ဒီကနေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ပွားချိန်ကတည်းကနေ ၁၁ နာရီဝန်းကျင်အထိ ဝိုင်းမော်မြို့ထဲကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KIA ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာအထက်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာလည်း လမြန်ကျေးရွာအနီးတဝိုက် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းအတွင်းကနေ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ပေးပြီး ပြည်သူ့စစ်အဖွဲ့တွေကို မြေပြင်စစ်ကြောင်းကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Apr- 2024 -
    7 April
    သတင်း

    ဝူယန်ပြည်သူ့စစ်ဂိတ် ပစ်ခံရ၊ ထိခိုက်သေဆုံးသူများနိုင်တယ်လို့ဆို

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာမှာ ဂိတ်ထိုင်ထားတဲ့ပြည်သူ့စစ်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့က ဒီညနေ ၆ နာရီဝန်းကျင်မှာ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီညနေ ၆…

    Read More »
  • Jan- 2024 -
    29 January
    သတင်း

    ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်က ဂိတ်ထိုင်ဖို့ပြင်ဆင်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့အပြင်ဘက် လမ်းဆုံတစ်နေရာမှာ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့က စစ်ဆေးရေးဂိတ်ထိုင်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဂိတ်ထိုင်မယ့်နေရာဟာ ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်ထဲက နောင်မွန်မြို့နယ်နဲ့ မချမ်းဘော့မြို့နယ်တွေဘက်ကိုသွားတဲ့လမ်းဆုံနေရာမှာဖြစ်ပြီး စစ်ဆေးရေးဂိတ်ထိုင်ဖို့အတွက် ဇန်နဝါရီလဆန်းပိုင်းကတည်းကပြင်ဆင်နေတယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တကယ့်လမ်းဆုံနေရာမှာကြီးထိုင်ဖို့လုပ်နေတယ် အခုသူတို့ဂိတ်ထိုင်ဖို့လုပ်နေတဲ့နေရာက နောင်ခိုင်တို့၊ နောင်မွန်တို့မချမ်းဘော့တို့ကိုသွားမယ်ဆိုအဲ့တာကိုဖြတ်ရမှာအဲ့ဒီနေရာမှာထိုင်ဖို့လုပ်နေတာအခု ဂိတ်တဲပေါ့ သတင်းပို့ရန်ဆိုပြီးရှိတယ်လေးဂိတ်တိုင်းမှာအေ အဲ့လိုမျိုးတဲကတော့ပြီးသွားပြီအခုတားတဲ့ဟာလုပ်နေတယ်”လို့ လေယာဥ်ကွငးရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ လက်ရှိဂိတ်ထိုင်ဖို့ပြင်ဆင်နေတဲ့ အဲ့ဒီနေရာဟာ လေယာဥ်ကွင်းရပ်ကွက်နဲ့ ဂျူဗလီရပ်ကွက်ကြားမှာဖြစ်ပြီး ဂိတ်တဲဆောက်တာနဲ့ ဝါးတားဂိတ်လုပ်ဖို့တိုင်စိုက်တာမျိုးတွေပြီးစီးနေပြီလို့သိရပါတယ်။ ဒါ့အပြင် တန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အနေနဲ့ လူနေရပ်ကွက်ကြားမှာ အခုလိုစစ်ဆေးရေးဂိတ်ထိုင်ဖို့ပြင်ဆင်နေတာနဲ့ပတ်သက်ပြီးဒေသခံတွေကြားမှာစိုးရိမ်မှုတွေလည်းမြင့်တက်နေတယ်လို့ လုံးစွတ်ရပ်ကွက်နေအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ဒါကြီးကမဖြစ်သင့်ဘူးလေး မြို့ပြင်ဘက် ဆိုပေမယ့် ဂျူဗလီနဲ့လေယာဥ်ကွင်းရပ်ကွက် ကြားမှာဖြစ်နေတယ် သူတို့ဂိတ်ထိုင်လိုက်ပြီဆိုတာနဲ့ ပြည်သူတွေက အရင်လိုလွတ်လွတ်လပ်လပ်သွားလာလို့ရတော့မှာမဟုတ်ဘူးပြီးတော့ အခုခေတ်အခြေအနေအရ အဲ့ဒီဂိတ်ကိုတစ်ဖွဲ့ဖွဲ့က လက်နက်ကြီးနဲ့ထုတာတို့ဘာတို့ဖြစ်လာရင် လေယာဥ်ကွင်းရပ်ကွက်ထဲတွေမှာ ကျပြီးပြည်သူတွေထိလာနိုင်တယ်”လို့အထက်ပါအမျိုးသားကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရလာမယ့်  ဂိတ်ထိုင်ဖို့ပြင်ဆင်နေတဲ့နေရာဟာ ပူတာအိုမြို့ စစ်တပ်အခြေစိုက်စခန်းအနီးမှာဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာဂိတ်ထိုင်နိုင်အောင် ပြင်ဆင်နေတဲ့အပြင် တစ်ဖက်မှာလည်း ခုလိုဂိတ်ထိုင်လာရင် ပူတာအိုဒေသမှာ ရဝမ်၊ လီဆူလူမျိုးတွေနဲ့အခြားမျိုးနွယ်စုတွေကြားလူမျိုးရေးခွဲခြားမှုတွေဖြစ်လာနိုင်တာကြောင့် ဂိတ်ထိုင်ဖို့ပြင်ဆင်နေတာကို ရပ်နားသင့်တယ်လို့ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2023 -
    24 October
    သတင်း

    ကားမိုင်း ပြည်သူ့စစ်ဂိတ် ၂ နေရာမှာ ကားသမားတွေဆီက ခြိမ်းခြောက်ငွေတောင်းခံနေ

    ဖားကန့်သွားလမ်းမပေါ်မှာရှိတဲ့ ကားမိုင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေက ဂိတ်နေရာတွေ ထပ်တိုးချဲ့ထားပြီး ကားသမားတွေကို ခြိမ်းခြောက်ငွေတောင်းခံနေတာကြောင့် ကားသမားများ  သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ကားမိုင်းမြို့ ကောင်ရာရပ်ကွက်မှာရှိတဲ့ စာသင်ကျောင်းအနီး ရွာခန်းမဆောင်နဲ့ ကားမိုင်းမြို့အဝင် အရင်စုပေါင်းဂိတ် စတဲ့ ၂ နေရာမှာ ပြီးခဲ့ ဩဂုတ်လ လောက်ကနေ ဂိတ်စခန်းအသစ်တွေ ထပ်မံတိုးချဲ့ထားပြီး ငွေကြေးကောက်ခံနေတာလို့ ကားသမားတွေကပြောပါတယ်။…

    Read More »
  • 11 October
    သတင်း

    ချီဖွေကားလမ်းပိုင်း ငွေကြေးတောင်းခံတဲ့ စစ်တပ်ဂိတ် ၃၀ လောက်ရှိလာ

    မြစ်ကြီးနား – ချီဖွေ ကားလမ်းမကြီး တစ်လျှောက်ပေါ်မှာ ငွေကြေးကောက်ခံတဲ့ စစ်တပ်ဂိတ်တွေ ၃၀ ဝန်းကျင်လောက်တိုးချဲ့ထားတဲ့အတွက် ကားသမားတွေသွားလာရေးအခက်အခဲဖြစ်နေတဲ့အပြင် ချီဖွေဒေသမှာ ကုန်းစျေးနှုန်း ၂ ဆက်ထက်စျေးနှုန်းမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်အာဏာမသိမ်းခင် ချီဖွေသွားကားလမ်းမကြီးပေါ်မှာ  စစ်ကောင်စီလက်အောက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်တွေမရှိပေမယ့် လက်ရှိမှာ စစ်တပ်အာဏာသိမ်းယူထားတဲ့ ၂…

    Read More »
Back to top button