လက်နက်ခဲယမ်း

  • Apr- 2026 -
    28 April
    သတင်း

    ရွှေကူတိုက်ပွဲမှာ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ

    ကချင်ပြည်နယ် ရွှေကူမြို့အထွက် လမ်းဆုံနေရာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းတချို့ပါသိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါ တယ်။

    Read More »
  • Feb- 2026 -
    10 February
    သတင်း

    ဖားကန့်မှာ ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ပြီး အရပ်သားထိခိုက်မှုရှိခဲ့

    တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းပို့ဆောင်ပေးတဲ့ထောက်ပို့ယာဉ်တန်းဝင်ရောက်လာတဲ့ လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုတွေရှိခဲ့ပြီး အရပ်သားပြည်သူတစ်ချို့ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ကားမိုင်းလမ်းပိုင်းကနေတက်လာတဲ့ ထောက်ပို့ယာဉ်တွေဟာ ဖားကန့်မြို့အဝင်လုံးခင်းယမ်းချက်စက်ရုံကနေ တစ်ဆင့် ယာဉ်တန်းတစ်ချို့ကို တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ဦးတည်ပြီး တက်လာတာကြောင့် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လုံးခင်းအုပ်စု မှော်ဆီစာမိန်းလမ်းမကြီးမှာ နေ့ခင်း ၁ နာရီလောက် မိုင်းသုံးလုံးကွဲတယ်။ တစ်လုံးကတော့ လုံးခင်းကနေ မှော်ဆီစာအဝင်မှာကွဲတယ်။ အဲ့မှာ ဆိုင်ကယ်နဲ့သွားတဲ့ အမျိုးသမီးနှစ်ဦးထိသွားတယ်။ ဒဏ်ပြင်းထန်တယ်လို့ပြောလို့ရတယ်။ နောက်ထပ် မှော်ဆီစာ Sky Hotel မျက်စောင်းထိုးမှာရှိတဲ့ လမ်းမကြီးပေါ်မှာလည်း အဲ့မှာက နှစ်လုံး ရှေ့ဆင့်နောက်ဆင့်ကွဲသွားတယ်။ အရပ်သားကားတစ်စီးထိသွားတယ်။ ကားထိတဲ့နေရာမှာပဲ ဆိုင်ကယ်တစ်စီးလည်းထိသွားတယ် လူကဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။ ဒီကနေ့ တစ်ရက်ထဲ လုံးခင်းအုပ်စု မှော်ဆီစာကျေးရွာတစ်လျှောက်မှာ မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပထမဖြစ်စဉ်မှာ ဆန်းကြွယ်ကျေးရွာက သားအမိနှစ်ဦးထိခိုက်ခဲ့ရပြီး နောက်ထပ်တစ်ဦးက ဆိုင်ကယ်စီးနင်းတဲ့ ဆိုင်းတောင်ကျေးရွာက အမျိုးသားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ စစ်ယာဉ်တန်းတွေဝင်ရောက်လာချိန် လမ်းကြောင်းတစ်လျှောက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် မိနစ် ၄၀ ခန့်အကြာမှာ စစ်တပ်က လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မရှီကထောင်ရပ်ကွက် အနောက်ဘက်ခြမ်း ထုံးဘို ဆုတောင်းကုန်းဘက်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆက်ပြီးဆိုပါတယ်။ “စစ်တပ်က လေကြောင်းတိုက်ခိုက်သွားပြီးနောက် တိုက်ပွဲပြန်ပြီးပြင်းထန်ပါတယ်။ မနက်ပိုင်းကမဖြစ်ဘူး လေယာဉ်လာပြီးနောက် ပြန်ပြင်းထန်လာတာ။ ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်တဲ့နေရာမှာ ပြန်ပြီးလာပစ်တာ။ အခုချိန်အထိတော့ ပစ်လိုက်နားလိုက်နဲ့ ဖြစ်နေကြတာ”လို့ပြောပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် ဒီကနေ့ အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ နှစ်ပတ်ခန့်ကြာမြင့်လာတဲ့ ဖားကန့်တိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ကြောင်းမထိုးနိုင်ဘဲ လက်နက်ခဲယမ်းတင်တဲ့ စစ်ယာဉ်တန်းတွေ ဝင်ရောက်လာသလို လေကြောင်းအကူနဲ့ တိုက်ပွဲဖော်ဆောင်လျက်ရှိနေပါတယ်။ စစ်တပ်ဘက်က လေကြောင်းအပါ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် မရှီကထောင်ကျေးရွာနဲ့ ထိစပ်တဲ့ ကျေးရွာနေပြည်သူတွေ ရာနဲ့ချီစစ်ဘေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ တိုက်ပွဲဧရိယာနဲ့ ထိစပ်တဲ့ ပြည်သူတစ်ချို့က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကာလာကြာမြင့်လာနိုင်တဲ့အတွက် နမ္မတီး၊ မိုးကောင်း၊ မြစ်ကြီးနားစတဲ့မြို့ပေါ်ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာလည်း မရှီကထောင်စစ်ဘေးရှောင် အိမ်ထောင်စု ၆၀ ခန့်က မြစ်ကြီးနားမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်လာကြတယ်လို့ စစ်ရှောင်ကူညီပေးနေတဲ့ တာဝန်ရှိသူတွေဆီကနေ ဆက်သိရပါတယ်။ ဖားကန့်မှာ စစ်တပ်က ဖော်ဆောင်နေတဲ့ စစ်ရေးဗျူဟာအရ စစ်တပ်က လက်လွတ်ထားရပြီး ဆိုင်းတောင်း၊ ဂွေခါစတဲ့ ဖားကန့်မြို့အတွက် အရေးပါတဲ့ ကျေးရွာနေရာတွေသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဖော်ဆောင်နေတာဖြစ်ပြီး မရှီကထောင်အနောက်ဘက်ခြမ်းရှိ ဆုတောင်ကုန်းနေရာကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ ဇန်နဝါရီလကုန်းပိုင်းကနေ တိုက်ပွဲပြင်းထန်နေတဲ့ဖားကန့်တိုက်ပွဲမှာ နှစ်ဖက်တပ် အပြန်အလှန်လက်နက်ကြီးပစ်ခတ်မှု၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေကြောင့် အရပ်သား၊ ထိခိုက်သေဆုံးသူ စုစုပေါင်း ၂၀ ကျော်ခန့်ရှိလာပြီလို့ ဖားကန့်လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ By –…

    Read More »
  • Oct- 2025 -
    23 October
    သတင်း

    ပူတာအိုမြို့စောင့်တပ်ထဲ စစ်အင်အားနဲ့လက်နက်ခဲယမ်းဖြည့်တင်းနေ

    ကချင်ပြည်နယ် ပူတာအိုမြို့‌စောင့်တပ်မှာ စစ်ကောင်စီတပ်က စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေဖြည့်တင်း‌နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီတိတိမှာ ပူတာအိုမြို့‌၊ လေယာဉ်ကွင်းရပ်ကွက်မှာရှိတဲ့ အများပြည်သူသုံးလေယာဉ်ကွင်းမှာ Y-12 တစ်စီးနဲ့ စစ်အင်အား၊လက်နက်ခဲယမ်းတွေချသွားတယ်လို့…

    Read More »
  • Aug- 2025 -
    11 August
    သတင်း

    ရွှေကူအရှေ့ဘက်ခြမ်း စစ်တပ်က ထိုးစစ်ပြင်နေလို့ စာသင် ကျောင်းတစ်ချို့ပိတ်ထားရ

    ကချင်ပြည််နယ် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က ထိုးဖို့ပြင်နေတဲ့အတွက် စာသင်ကျောင်းတစ်ချို့ ခနပိတ်ထားရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ မြို့တွင်းအထိုင်တပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ စစ်သင်္ဘောကနေ ပို့ဆောင်ထားတဲ့ စစ်သားအင်အားနဲ့လက်နက်ခဲယမ်းတွေဖြည့်တင်ပြီးနောက် စစ်ကောင်စီတပ်ဟာ ရွှေကူအရှေ့ခြမ်းရှိ ကျေးရွာဘက် စစ်ကြောင်းထိုးဖို့ပြင်ဆင်တာ၊ မြို့နဲ့အနီးဝန်းကျင်နေရာတွေမှာ…

    Read More »
  • Jul- 2025 -
    10 July
    သတင်း

    ဆွမ်ပရာဘွမ်ဘက်ကို စစ်တပ်က စစ်ရေးလှုပ်ရှားမှုစတင်ပြုလုပ်လာ

    ကချင်ပြည်နယ် ပူတာအိုမြို့တွင်း အခြေစိုက် ခ.လ.ရ ၄၆ တပ်ထဲမှာ လက်နက်ခဲယမ်းတွေဖြည့်တင်ပြီးနောက် စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်ဘက်ကိုဦးတည်ပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်လာနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကို လက်နက်၊…

    Read More »
  • Mar- 2024 -
    6 March
    သတင်း

    ကောလင်းမြို့ပေါ်နဲ့ နေရာတချို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကောလင်းခရိုင်တပ်ရင်း ၁ ၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ကောလင်းတပ်ရင်း ၂ အပါအဝင် ကောလင်းမြို့ပေါ်နဲ့အနောက်ဘက်ခြမ်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ်။

    Read More »
  • Feb- 2024 -
    9 February
    သတင်း

    ကောလင်းတိုက်ပွဲမှာ စစ်တပ်ပြန်လည်ဆုတ်ခွာ ကာကွယ်ရေးတပ်ဘက်က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ

    စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မနေ့ကတိုက်ပွဲမှာတော့ ကာကွယ်ရေးတပ်ဘက်ကလက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ Kawlin Info က သတင်းထုတ်ပြန်ထားပါတယ်။

    Read More »
  • Oct- 2023 -
    25 October
    သတင်း

    စစ်တပ်ထံ လက်နက်ပစ္စည်းနဲ့ လေယာဉ်ဆီ ရောင်းချမှုကို ပိတ်ဆို့ပေးဖို့ စင်ကာပူအစိုးရကို တောင်းဆိုတဲ့လှုပ်ရှားမှုမှာ ပါဝင်ရန်တိုက်တွန်း

    စင်္ကာပူအစိုးရက စစ်ကောင်စီကို လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီတွေရရှိဖို့ ပံ့ပိုးကူညီမှုတွေကို ရပ်တန့်ဖို့ မြန်မာ ပြည်သူတစ်ရပ်လုံး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ လက်မှတ်ထိုးပါဝင်ဖို့ အစီစဉ်မှာ ဦးဆောင်သူတွေက တိုက်တွန်း ပြောဆိုပါတယ်။ လက်ရှိမှာ စစ်အုပ်စုက စင်ကာပူနိုင်ငံဘဏ်များကို အသုံးပြုခွင့်ရရှိနေမှုအပြင် စင်ကာပူက…

    Read More »
  • 2 October
    သတင်း

    အရာတော် စစ်ကောင်စီ ကင်းစခန်းတစ်ခုကို BNRA တိုက်ခိုက်

    စစ်ကိုင်းတိုင်း အရာတော်မြို့ စစ်ကောင်စီ ကင်းစခန်းတစ်ခုတိုက်ခိုက်ခံရမှုမှာ စစ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အရာတော်မြို့ ခြေတော်ရာဘုရားနားက ၅၀၀၄ တပ်ရင်း၊ ကင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် BNRA က သတင်းထုတ်ပြန်ထားပါတယ်။ “စစ်ကောင်စီအဖွဲ့ နေ့စဥ် ဆပ်ကြေးကောက်နေတဲ့နေရာကို BNRA ရဲ့ ဝိမောက္ခစစ်ကြောင်းက သွားရောက် ပစ်ခတ်ခဲ့တာပါ။ အူဇီသေနတ်နှစ်လက်၊…

    Read More »
  • Aug- 2023 -
    31 August
    သတင်း

    ရွှေကူ ကျောက်ကြီးတပ်စခန်းက‌နေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာ မှာတပ်စွဲထားတဲ့ ခလရ ၇၇ အထိုင်တပ်စခန်းနဲ့ ရဲစခန်းကို မြို့လှ K- PDF တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်က ၅ ယောက်သေဆုံးပြီး ၆ ‌ယောက် ဒဏ်ရာပြင်းထန်ရရှိတယ်လို့ မြို့လှ K- PDF က…

    Read More »
Back to top button