တိုက်ပွဲသတင်း

ကောလင်းတိုက်ပွဲမှာ စစ်တပ်ပြန်လည်ဆုတ်ခွာ ကာကွယ်ရေးတပ်ဘက်က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မနေ့ကတိုက်ပွဲမှာတော့ ကာကွယ်ရေးတပ်ဘက်ကလက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ Kawlin Info က သတင်းထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့ မင်းချမ်းကျောင်းရွာနဲ့ တဲကြီးကုန်းရွာတစ်ဝှိုက်မှာ စစ်ကောင်စီတပ်နဲ့ ကောလင်း ခရိုင်တပ်ရင်း  တို့ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကအထိနာခဲ့တယ်လို့လည်း ကောလင်းခရိုင်တပ်ရင်း  က တာဝန်ရှိသူတစ်ယောက်က ဖေ့ဘုတ်စ်စာမျက်နှာက တစ်ဆင့် အသိပေးထားပါတယ်။

စကစနှင့် တပ်ရင်း  နှင့်ပူးပေါင်းအဖွဲ့များ အပြင်းအထန် အထိတွေ့ဖြစ်ရာ စကစများ အထိနာ အကျ အဆုံးများ ပီး ရင်း  မှ ရဲဘော် 4 ဦးဒါဏ်ရာရ မစိုးရိမ်ရပါ သိမ်းဆည်းရမိ ပစ္စည်းလေးတွေကတော့ ဓာတ်ပုံနှင့်တကွ တင်ပြလိုက်ရပါတယ် အမျိုးတို့ကျနော်တို့အစွမ်းကုန် ကြိုးစားနေဆဲပါ တပ်ရင်း  လဲ အစွမ်းကုန်ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မနေ့ကပဲ ကောလင်းမြို့ပေါ် မင်းတဲကြီးရပ်ကွက်အထိဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေကတော့ မြို့ပြင်ကို ပြန်ဆုတ်ခွာသွားခဲ့ရပြီး တိုက်ပွဲတွေကတော့ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

ကောလင်းမြို့ကိုတော့ လက်ရှိအချိန်ထိ ကာကွယ်ရေးတပ်တွေဘက်ကထိန်းချိုပ်ထားနိုင်ဆဲဖြစ်ပြီး ကောလင်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီက မြို့ရဲ့ တောင်နဲ့မြောက်ကို ညှပ်ပိတ်ပြီး မြေပြင်ကနေရော လေကြောင်းကနေပါ တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကောလင်းမြို့တွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေလည်းဖြတ်တောက်ခံထားရသလို တိုက်ပွဲအတွင်းအခြေနေအသေးစိတ်ကိုတော့ အခြေနေမတည်ငြိမ်သေးလို့ ထုတ်ပြန်နိုင်ခြင်းမရှိသေး ဘူးလို့ ကာကွယ်ရေတပ်တွေဘက်ကပြောပါတယ်။

ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ  ရက်နေ့က KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ က သိမ်းပိုက်ကာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ် ရေးယန္တရားစတင်လည်ပတ်နေတဲ့မြို့ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကလည်း သူတို့လက်လွှတ်ခဲ့ရတဲ့ ခရိုင်အဆင့်ရှိကောလင်းမြို့နယ်ကို ပြန်ရဖို့ အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယအပတ်လောက်ကစတင်ပြီး ကောလင်းမြို့အစပ် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်နဲ့ ဝင်းသိုမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို အင်အားဖြည့်တင်းထားခဲ့ တာပါ။

အဲ့ဒီလိုအင်အားဖြည့်တင်းပြီး ဖေဖော်ဝါရီလ  ရက်နေ့ကစ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကောလင်း မြို့ထဲ အင်အားအလုံးအရင်း နဲ့ ထိုးစစ်ဆင်နေရာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေ တာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button