တိုက်ပွဲသတင်း

အရာတော် စစ်ကောင်စီ ကင်းစခန်းတစ်ခုကို BNRA တိုက်ခိုက်

စစ်ကိုင်းတိုင်း အရာတော်မြို့ စစ်ကောင်စီ ကင်းစခန်းတစ်ခုတိုက်ခိုက်ခံရမှုမှာ စစ်သား  ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အရာတော်မြို့ ခြေတော်ရာဘုရားနားက ၅၀၀၄ တပ်ရင်း၊ ကင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် BNRA က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအဖွဲ့ နေ့စဥ် ဆပ်ကြေးကောက်နေတဲ့နေရာကို BNRA ရဲ့ ဝိမောက္ခစစ်ကြောင်းက သွားရောက် ပစ်ခတ်ခဲ့တာပါ။ အူဇီသေနတ်နှစ်လက်၊ အမ်အေ ၁ တစ်လက် နဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့ပါတယ်။ သူတို့ဘက်က သံချပ်ကားတစ်စီးနဲ့ လိုက်ပစ်ခတ်ခဲ့ပေမဲ့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲ့ဒီတိုက်ခိုက်မှုမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဘက်က ရဲဘော်တစ်ဦး နဖူးရှပ်မှန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ဗမာအမျိုးသားများတော်လှန်ရေးတပ်မတော် BNRA တပ်ဖွဲ့တွေက ဒီပဲယင်းမြို့မရဲစခန်း ကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ ဒီပဲယင်းမြို့နယ် ပျံကျရွာ နဲ့ ဘုရားထွက်ရွာ နားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က Mi 35 အမျိုးအစား ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ကူတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button