ဝန်းသို
-
Jan- 2026 -9 Januaryသတင်း
ဝန်းသိုမြို့ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်
စစ်ကိုင်းနဲ့ကချင်အစပ်က ဝန်းသိုမြို့ နမ်းခမ်းကျေးရွာကြီးကို စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၈ ရက်နေ့ မနေ့က ညပိုင်း၈ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်အိမ်မီးလောင်ပျက်ဆီးခဲ့ရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ်းခမ်းကျေးရွာအုပ်စုက အရှေ့စက်ရပ်ကွက်နဲ့ဘူတာစုရပ်ကွက်တွေတစ်ဝှိုက်ကို တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာမရှိဘဲ ရုတ်တရက်ဆိုသလို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “ဂျက်ဖိုက်တာ ၂ စီးနဲ့လာပစ်သွားတာ။ ပထမတစ်စီးနဲ့ ဒုတိယတစ်စီးက ၁၀ မိနစ်လောက်ပဲခြားတာ။ လေကြောင်းတိုက်ခိုက်မှု ကြောင့်တော့ ထိခိုက်ဒဏ်ရာရတာပဲရှိခဲ့တယ်။ လူသေဆုံးမှုကတော့မကြားသေးဘူး”လို့ ဝန်းသိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကထွက်ပေါ်လာတဲ့သတင်းတွေအရ တော်လှန်ရေးအင်အားစုတွေက ဝန်းသိုမြို့ကိုဝင်တိုက်တော့မှာ ဖြစ်တာကြောင့် ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ဒေသခံတွေလည်းဘေးလွှတ်ရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိတော့ စစ်ကော်မရှင်တပ်ဘက်ကသာ ဝန်းသိုမြို့ကနေ ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂၀ ဝန်းကျင်လောက်ကွာဝေးတဲ့ အာမခံ၊ ဩဂ စတဲ့ကျေးရွာတွေတစ်ဝှိုက်စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပြီး ဒီနေ့အထိနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာတော့မရှိ သေးပါဘူး။ အထက်ပါဝန်းသိုမြို့ခံအမျိုးသားက“သူတို့ဘက်ကလေကြောင်းတိုက်ခိုက်တာကတော့ ၉ ရက်နေ့ကိုဒေသခံတွေကိုထွက်ဖို့ကြေညာထားတာကြောင့်မို့ ဗုံးကြဲတာ နေမှာ”လို့သူ့ရဲ့အမြင်ကိုပြောပြပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နမ့်ခမ်းကျေးရွာအုပ်စုဟာ ဝန်းသိုမြို့နယ်ထဲက အကြီးဆုံးစံပြကျေးရွာထဲကတစ်ခုဖြစ်ပြီး လက်ရှိတော့ တော်လှန်ရေးအင်အားစုတွေဘက်က စိုးမိုးထိန်းချုပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ့်ခမ်းကျေးရွာကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ စစ်ကိုင်းငလျင်ကြောင့်အပစ်ရပ်ထားချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပြီး အဲ့ဒီတိုက်ခိုက်မှုမှာ အရပ်သား ၂၀ ကျော် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါသေးတယ်။ ဝန်းသိုမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီး ၆ လအကြာမှာပြန်လည်လက်လွှတ်ခဲ့ရတဲ့ ကောလင်းမြို့နဲ့ ကပ်လျှက်မှာတည်ရှိပြီး ဗန်းမောက်၊အင်းတော်၊ ပင်လည်ဘူးစတဲ့ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားဆဲမြို့တွေနဲ့လည်း နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပါတယ်။ By – အမိုး
Read More » -
7 Januaryသတင်း
ဝန်းသိုနယ်မှာ စစ်တပ်ကစစ်ကြောင်းထိုးနေပေမယ့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေး
စစ်ကိုင်းနဲ့ကချင်အစပ် ဝန်းသိုမြို့နယ်ထဲက ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပေမယ့် နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေ့မရှိသေးဘူးလို့ ဝန်းသိုမြို့က ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ညပိုင်းကစလို့ တော်လှန်ရေးအင်အားစုတွေက ဝန်းသိုမြို့ကိုဝင်တိုက်တော့မှာဖြစ်ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ဒေသခံတွေလည်းဘေးလွှတ်ရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ သတင်းတွေ ထွက်လာခဲ့ပြီးနောက်…
Read More » -
Apr- 2025 -30 Aprilသတင်း
ဝန်းသိုမှာ အမျိုးသမီးနဲ့ကလေးအပါအဝင် ၇ ဦးသတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်မှာ စစ်ကောင်စီတပ်က အမျိုးသမီး ၄ ဦးနဲ့ ကလေး ၂ ဦးအပါအဝင် ၇ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ KNG က စုံစမ်းသိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်း ၄…
Read More » -
9 Aprilသတင်း
ဝန်းသိုမှာ စစ်တပ်ဗုံးကြဲလို့ ကလေးသူငယ်အပါအဝင် အရပ်သားပြည်သူ ၃၀ ဦးခန့်သေဆုံး
စစ်ကိုင်းတိုင် ဝန်းသိုမြို့နယ် နန်းခမ်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် နဲ့ ၇ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်လို့ ကလေးသူငယ်အပါအဝင် ပြည်သူ ၃၀ ခန့်သေဆုံးကြောင်း ကနဦးသတင်းအရ သိရပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ညနေ ၃ နာရီဝန်းကျင်…
Read More » -
Mar- 2024 -26 Marchသတင်း
ကောလင်းနဲ့ဝန်းသိုမှာ တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုရှိနေ
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်နဲ့ဝန်းသိုမြို့နယ်တွေမှာ မတ်လ ၂၁ ရက်နေ့စပြီး စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းခွဲပြီး စစ်ကြောင်းပတ်ထိုးနေသလို ကာကွယ်ရေးတပ်တွေနဲ့လည်းထိတွေ့မှုတွေဖြစ်ပွား တာတွေရှိတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ နှစ်ဖက်ထိတွေတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးခဲ့သလို အရပ်သားတစ်ယောက်လည်းသေဆုံးခဲ့ရတယ်လို့ Kawlin Revolution-KR က…
Read More » -
Feb- 2024 -26 Februaryသတင်း
ပင်လည်ဘူးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာ ၅ ရက်ကြာရှိလာပြီး ကောလင်းမြို့နဲ့ဝန်းသိုဘက်ကနေပါ ပင်လည်ဘူးကို စစ်ကူလာတာမျိုးတွေပါရှိနေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကတည်းက ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က မြို့သိမ်း တိုက်ပွဲအဖြစ် ပင်လည်ဘူးမြို့ကိုတိုက်ခိုက်ခဲ့ရာကနေ ဒီကနေ့အထိတိုက်ပွဲပြင်းထန်နေတာဖြစ် တယ်လို့…
Read More » -
Jan- 2024 -11 Januaryသတင်း
ဝန်းသို ခမရ ၁၂၀ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၃၁ ယောက်သေဆုံး
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် အထိုင်တပ်ဖြစ်တဲ့ ခမရ ၁၂၀ တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား ၃၁ ယောက်သေဆုံးခဲ့ပြီဖြစ်တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ ကောလင်းမြို့နဲ့ ၅…
Read More » -
Dec- 2023 -28 Decemberသတင်း
ကောလင်းမှာ လက်နက်ကြီးပစ်ခတ်ခံရလို့ ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက်သေဆုံး
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက ဝန်းသိုမြို့နယ်က စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ဆီကနေသိရပါတယ်။ စစ်ကောင်စီတပ်ဟာ …
Read More » -
5 Decemberသတင်း
ကောလင််း နဲ့ ဝန်းသိုမှာ ၆ ရက်အတွင်း Non-CDM ဝန်ထမ်း ၁၆၀ နီးပါးအလင်းဝင်လာ
စစ်ကိုင်းတိုင်း ကောလင်းနဲ့ ဝန်းသိုမှာ Non-CDM ဝန်ထမ်းတွေကို အလင်းဝင်ရောက်ဖို့ အမိန့်ထုတ်ပြီးနောက်ပိုင်း ၆ ရက်အတွင်းမှာပဲ အလင်းဝင်ရောက်လာတဲ့ Non-CDM ဝန်ထမ်း ၁၅၈ ယောက်အထိရှိလာပြီလို့ NUG ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ကောလင်းမြို့ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း နိုဝင်ဘာ…
Read More »








