ဝါရာဇွပ်

  • Aug- 2024 -
    20 August
    သတင်း

    တနိုင်းလီဒိုကားလမ်း အများပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကားတွေ တနိုင်းရောက်ဖို့ ၃ ရက်ခန့် ကြန့်ကြာ 

    ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ  တနိုင်းလီဒိုကားလမ်းမတစ်ကြော ကားလမ်းပိုင်း ၆ နေရာလောက်မှာ လမ်းဆိုးဆိုးရွားရွားပျက်စီးနေတဲ့အတွက်  ကုန်ကားတွေ သွားလာရေးအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား– တနိုင်းလမ်းပိုင်း ဒွမ်ဘန်ကျေးရွာအကျော် မန်ပန်(Manpang) ကျေးရွာကနေ တနိုင်းမြို့အဝင်အထိ လမ်းပျက်စီးနေတာ လရှည်ကြာမြင့်လာတာကြောင့် ကုန်ကားတွေ မြစ်ကြီးနားကနေ တနိုင်းမြို့ထဲကို ရောက်နိုင်ဖို့ အနည်းဆုံး ၃ ရက်လောက်အထိ ခရီးကျန့်ကြာမှုဖြစ်နေတယ်လို့ ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။ “လမ်းပျက်တဲ့နေရာတိုင်းမှာ ကားမဆွဲဘဲနဲ့ ကျော်တက်သွားနိုင်တဲ့ ကားမရှိဘူး။ အကုန်လုံးက တွဲကားတွေနဲ့ ထွန်စက်တွေနဲ့ ဆွဲရတယ်။ နောင်းမီကျေးရွာမှာတောင် အဝင်မှာကော ရွာအထွက်မှာကော ၂ နေရာစီဆွဲရတယ်။ နောင်းမီနဲ့ ဝါရာဇွပ်ကြားမှာလည်း သုံးလေးခေါက်လောက်ဆွဲရတယ် ”လို့မြစ်ကြီးနားကနေ တနိုင်းမြို့ဘက်ကို ပုံမှန်ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။ လက်ရှိ ကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေဟာ လီဒိုကားလမ်းမပေါ်က ကျေးရွာတစ်ကြောလုံးဖြစ်ပြီး မန်ပန်(Manpang) ၊ နောင်းမီ(Nawng Mi) ၊ ဝါရာဇွပ်(Wara Zup) ၊ ရှဒူးဇွပ်(Shaduzup) ၊ နမ်းဖျက်(Namhpyet) ၊ ကောင်ရာ (Kawng Ra)စတဲ့ နေရာတွေမှာ လမ်းပျက်စီးနေတာလို့ပြောပါတယ်။ အဲဒီကျေးရွာတွေထဲက နောင်းမီ၊ ဝါရာဇွပ် ၊ အောင်ရာတွေမှာက အဆိုးဆုံးဖြစ်ပြီးတော့ လမ်းပျက်စီနေတဲ့ နေရာတစ်ခုမှာ ပေ ၅၀၀ လောက်ရှည်လျာပျက်စီးနေပြီး တစ်ချို့နေရာတွေမှာက လူတစ်ရပ်စာလောက်အထိ နွံအိုင်ဖြစ်ကာ လမ်းပိုင်းပျက်စီးနေတယ်လို့ သိရပြီး ပျက်စီနေတဲ့နေရာတိုင်းလိုလို ကုန်ကားတွေဖြတ်ကျော်နိုင်ဖို့ရန်အတွက် တွဲကားနဲ့ ထွန်စက်ကြီးတွေနဲ့ ဆွဲပြီးတော့ တစ်စီးချင်းစီ ဖြည်းဖြည်းချင်းသွားနေရတယ်လို့ ကားသမားဆက်ပြောပြပါတယ်။ “လမ်းပျက်နေတဲ့ နေရာတိုင်းမှာက ဆွဲရတာပဲ။ တစ်ချို့နေရာတွေက ထွက်စက်နဲ့ ဆွဲရသလို တစ်ချို့နေရာမှာက ရှိတဲ့ ကားအကြီးတွေနဲ့ဆွဲရတယ်။ ကားကြီးတွေဆိုရင် ဝင့်ကြိုး ၂ ခု၊ ၃ ခုလောက်ဆက်ပြီးဆွဲယူရတယ်။ လမ်းပျက်တဲ့ နေရာတိုင်းမှာက ကားအစီးရေ ၅၀ နဲ့ ၁၀၀ ကြားမှာကနေ့တိုင်းလိုလိုပိတ်နေတာ”လို့ပြောပါတယ်။ ပိတ်မိနေတဲ့ ကုန်တင်ကားတွေကို ထွန်စက်၊ ကားကြီးတွေနဲ့ ဆွဲထုတ်ရာမှာ ကားကြီး၊ ကားသေးပေါ်မူတည်ပြီး အခကြေးငွေပေးဆောင်ရာမှာ ကားသေးတွေက တစ်စီးမှာ သုံးသောင်းနဲ့ ၅ သောင်းပေးဆောင်ရပြီး ကုန်တင်ကားကြီးတွေက တစ်စီးကို ၃ သိန်းကနေ ၅ သိန်းအထိပေးရတယ်လို့ ကားသမားတွေကပြောပါတယ်။ ဒီနှစ် တနိုင်းသွား လီဒိုလမ်းမပေါ် မှာ လမ်းပိုင်းပျက်စီးနေတဲ့ အခြေအနေဟာ အရင်နှစ်တွေထက်အဆိုးရွားဆုံးဖြစ်ပြီးတော့ လမ်းပိုင်းပျက်စီးနေတဲ့ ကျေးရွာက ဒေသခံပြည်သူတွေလည်း သွားလာရေးအခက်အခဲကြုံတွေ့နေကြတယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ တနိုင်းလီဒိုကားလမ်း အခုလို ဆိုးရွာစွာ ပျက်စီးလာတာဟာ ဆယ်စုနှစ်တစ်ခုအကြာ ယုဇနကုမ္ပဏီအသုံးပြုခဲ့တဲ့ ကားလမ်းပိုင်းကို ပြန်လည်ပြုပြင်ခြင်းမရှိဘဲ မိုးရွာသွန်းမှုကြောင့် ကားလမ်းတွေ ချိုင့်ခွက်တွေ ဖြစ်သွားကာ ကုန်ကားတွေ သွားလာလို့မရဘဲ လမ်းပိုင်းပျက်စီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်းမှာ ယခင်နှစ်တွေလို သဲဖို့ပြုပြင်တာတွေ၊ တာဝန်ရှိတဲ့ အစိုးရတွေ တာဝန်ယူဆောင်ရွက်တာတွေမရှိတာကြောင့် အခုလို လမ်းပိုင်းပျက်စီးနေတာလို့ ဝေဖန်ပြောဆိုနေကြတာလည်းရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း နောင်းမီနဲ့ ဝါရာဇွပ်ကျေးရွာ ၂ ခုကြားမှာ လမ်းပိုင်းပျက်စီးတာတွေကြောင့် ကုန်ကားတွေ တစ်လဝန်းကျင်လောက်အထိ သွားလာလို့မရတဲ့ အခြေအနေမှာ ကြုံတွေ့ခဲ့ရတာလည်းရှိပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Apr- 2023 -
    5 April
    သတင်း

    ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က အရပ်သားများကို ဖမ်ဆီးပြီး ငွေကြေး သိန်းဂဏန်းရရှိနေ

    ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်က စစ်ကောင်စီ လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီး ရိုက်နက်ပြီးတော့ ငွေကြေးနဲ့ ပြန်လည်ရွေးယူခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့ဟာ ရှဒူးဇွပ်၊ ဝါရာဇွပ်၊ အောင်ရာ၊ စံပြ စတဲ့ ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေကို KIA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့် အခုနှစ် မတ်လကုန်ပိုင်းအထိ ဖမ်းဆီခံရတဲ့…

    Read More »
  • Aug- 2022 -
    5 August
    သတင်းဆောင်းပါး

    KIA တပ်စခန်းကို တစ်ကိုယ်တော် သွားရောက်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့

    ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ပြည်သူ့စစ်လို့ခေါ်တဲ့ စစ်ကောင်စီတပ်တွေဖွင့်ထားတဲ့ အဖွဲ့တွေအများကြီး ရှိတဲ့အထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တိုက်ခိုက်လာတဲ့ အဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာပြီ ဖြစ်တယ်။ အဲဒီအဖွဲ့က ဟူးကောင်းဒေသ လီဒိုလမ်းမကြီးအပေါ် ရှဒူးဇွပ်ရွာမှာ လွန်ခဲ့တဲ့ ၂၀၁၆ နှစ်လောက်မှာ…

    Read More »
  • Dec- 2021 -
    9 December
    သတင်း

    ဝါရာဇွပ်ကျေးရွာပိုင် သစ်တောမှ သစ်ထုတ်ယူနေမှုကို အမြန်ရပ်တန့်ရန် ဒေသခံများတောင်းဆို

    ဖားကန့်မြို့နယ် တနိုင်း လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာ နယ်နမိတ်တွင် ဒေသခံပြည်သူများ၏ သဘောတူညီမှုမရရှိဘဲ လူတစ်စုက သစ်စက်ထောင်ပြီး သစ်ထုတ်လုပ်နေကြကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာ ဝါရာဇွပ်ကျေးရွာအနီး ဒေသခံများကိုယ်တိုင်သစ်မခုတ်ရ တားမြစ်ထားသော CF နေရာတွင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)…

    Read More »
  • May- 2020 -
    9 May
    သတင်း

    ဝါရာဇွပ်ဒေသခံများတောင်းဆိုသည့် စားကျက်မြေ မသတ်မှတ်ပေးနိုင်ကြောင်း အစိုးရအကြောင်းပြန်

    ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ် ဝါရာဇွပ်ကျေးရွာဒေသခံများ တောင်းဆိုထားသည့် စားကျက်မြေကို တောင်းဆိုမှုအတိုင်း မသတ်မှတ်ပေးနိုင်ကြောင်း ဒေသခံများကို ကားမိုင်းအုပ်ချုပ်ရေးရုံးမှ မေလ ၇ ရက်နေ့ အကြောင်းပြန်ခဲ့သည်ဟု သိရသည်။ ကျေးရွာဒေသခံများကိုယ်တိုင် ကျေးရွာစားကျက်မြေအဖြစ် မြေဧက ၃၅၅၀ ကို သတ်မှတ်ပြီး…

    Read More »
Back to top button