ဝိုင်းမော်
-
Jun- 2024 -14 Juneသတင်း
ဝူယန်ပြည်သူ့စစ်တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့
ဝိုင်းမော်မြို့နယ် ဝူယန်ပြည်သူ့စစ်တပ်စခန်းကို ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ ဝူယန်ပြည်သူ့စစ်စခန်းတိုက်ခိုက်ခံရတာကြောင့် ခလရ ၅၈ တပ်ရင်းကို လုံခြုံရေးယူပေးနေတဲ့အဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “တိုက်ပွဲဖြစ်တာက ဝူယန်မှာဟုတ်တယ်။ ဝိုင်းမော် ခလရ…
Read More » -
14 Juneသတင်း
ဝိုင်းမော်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ငှက်ပျောခြံလုပ်သားအပါ အရပ်သား ၃ ယောက်ထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ မနေ့က ဇွန်လ ၁၃ ရက်နေ့တစ်ရက်တည်း လက်နက်ကြီးနှစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ငှက်ပျောခြံလုပ်သားတွေပါအဝင် အရပ်သား ၃ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေ ဆီကသိရပါတယ်။ မနေ့က ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၈နာရီလောက်မှာ လဘန်ရွာ၊ ညပိုင်း ၈ နာရီလောက်မှာ မိုင်းနား ရေကန်ကြီးကျေးရွာတို့မှာကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ပေးရေးမှာပါဝင်ခဲ့သူ အမျိုးသားတစ်ယောက်ကKNG ကိုပြောပါတယ်။ “ညပိုင်း ၈နာရီလောက်မှာတစ်ကြိမ် ၂ ယောက်ဒဏ်ရာရတယ်။ ကျနော်တို့ကူညီတာကအဲ့တစ်ခုရယ် မနေ့က တစ်ရက်တည်း မနက်ပိုင်း ၈ နာရီလောက်မှာလည်းတစ်ကြိမ် တစ်ယောက်ထိတယ်။ ကျနော်တို့ ကူညီခဲ့တာ အဲ့တာပါပဲ” လို့ပြောပါတယ်။ မိုင်းနား ရေကန်ကြီးကျေးရွာက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်စဥ်မှာတော့ မိုင်းနားကျေးရွာ ရေကန်ကြီး ငှက်ပျောခြံလုပ်သားဇနီးမောင်နှံနှစ်ယောက်နဲ့ လဘန်ကျေးရွာလက်နက်ကြီးကျရောက်ပေါက်ကွဲ မှုဖြစ်စဥ်မှာတော့ အသက် ၄၀ နှစ်အရွယ်အမျိုးသမီးတစ်ယောက်တို့ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေမရှိပေမဲ့ နှစ်ဖက်တပ်တွေအကြားစစ်ရေးကတော့တင်းမာနေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေအကြားစစ်ရေးတင်းမာမှုတွေရှိနေပေမဲ့လည်း ဒေသခံ တစ်ချို့ကတော့ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်ဖို့ အကြောင်းအမျိုးမျိုးကြောင့် မတိမ်းရှောင်နိုင်ကြတဲ့ အခြေနေရှိတယ်လို့ ဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။ “အခုကတော့ အခြေနေကစောင့်ကြည့်နေတုန်းပဲ အခုကတကယ်လို့များရွှေ့ပြောင်းရမယ်ဆိုရင် ရှိနေတဲ့ စစ်ဘေးရှောင်တဲတွေကိုပါ အစကပြန်လုပ်ရမလိုဖြစ်တယ်။ ပြီးတော့ ဒီမှာကမပြောင်းကြတာက အဆင် မပြေသူတွေပဲများတယ်။ သူတို့ကိုတင်ပို့သယ်ဖို့ဆိုရင်လည်းအခက်အခဲရှိတယ်။ ပြီးရင်လမ်းအခက်အခဲ ကောပေါ့ “လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပြန်ကြားရေတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီ တပ်ဘက်က အရပ်သားပစ်မှတ်တွေပါမကျန် ရမ်းသမ်းပစ်ခတ်မှုတွေရှိနေတဲ့အတွက် ဝိုင်းမော်ကဒေသခံ တွေအနေနဲ့ ပိုပြီးလုံခြုံတဲ့နေရာတွေပြင်ဆင်ထားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်ထဲ မြစ်ကြီးနားမြို့ဘက်ကလာတဲ့လက်နက်ကြီးတွေ မကြာခဏ ကျရောက်ပေါက်ကွဲ လေ့ရှိပြီး မနေ့ကပစ်ခတ်တဲ့လက်နက်ကြီးတွေကတော့ ဘယ်ကလာပြီး ဘယ်အဖွဲ့ အစည်းတွေကပစ်ခတ်တယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ KNG သတင်းဌာနရဲ့ ပြုစုထားတဲ့စာရင်းတွေအရတော့ ဝိုင်းမော်မြို့နယ်မှာ နှစ်ဖက်တပ်တွေတိုက်ပွဲစဖြစ်တဲ့ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကနေ ဒီနေ့အထိကို ထိခိုက်သေဆုံးတဲ့အရပ်သား ၃၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
14 Juneသတင်း
ဆနီခူးစစ်တပ်စခန်း ၂ ခုကို KIA က ထပ်မံသိမ်းပိုက်ပြီး တင့်ကားတစ်စီးလည်း တိုက်ခိုက်ဖျက်ဆီးနိုင်တယ်လို့ KIO ပြော
ဝိုင်းမော်မြို့နယ် ချီဖွေသွားလမ်းမပေါ် ရှိ ဆနီးခူကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA တပ်တွေ ဇွန်လ ၁၃ ရက်နေ့မှာ ထပ်မံသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIO ပြောပါတယ်။ KIA တပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ ဆနီခူးရွာက စစ်တပ်စခန်း ၂ ခုဟာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စုပေါင်းပြီးအထိုင်ချထားတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ဆနီခူး စစ်တပ်စခန်း ၂ ခုကို သိမ်းယူတာဖြစ်ပါတယ်။ သိမ်းတာက မနေ့က နေ့လည်ပိုင်းလောက်မှာဖြစ်မယ်ထင်တယ်။ အဲဒီတပ်စခန်းတွေမှာက စစ်တပ်၊ ပြည်သူ့စစ်နဲ့ BGF အကုန်ရှိတဲ့ တပ်စခန်းတွေဖြစ်တယ်”လို့ပြောပါတယ်။ အဲဒီတပ်စခန်း ၂ ခုမှာ စစ်အင်အား ၄၀ လောက်ရှိပြီး မြစ်ကြီးနား – ချီဖွေသွားလမ်းမပေါ်မှာ လုံခြုံရေးအမည်ခံပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်သလို ငွေကြေးတောင်းခံတဲ့ တပ်စခန်းနေရာတွေဖြစ်တယ်လို့ သိရပါတယ်။ ဆနီခူးတပ်စခန်း ၂ ခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး ဇွန်လ ၁၁ ရက်နေ့ ချီဖွေနဲ့ ဆဒုံးသွား လမ်ခွဲမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်ကို သိမ်းပိုက်ထားတဲ့ KIA တပ်တစ်ချို့က ချီဖွေ – ပန်ဝါဘက်ကို ပြန်တက်သွားတဲ့ အချိန်အတွင်းမှာပဲ ဝင်ရောက်သိမ်းပိုက်သွားတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတစ်ယောက်က အခုလိုပြောဆိုလာပါတယ်။ “ပြီးခဲ့ရက်ပိုင်းအတွင်း ချီဖွေနဲ့ ဆဒုံးသွားလမ်းခွဲမှာရှိတဲ့ စုပေါင်းဂိတ်မှာရှိတဲ့ KIA တပ်တစ်ချို့က ချီဖွေ ဘက်ကို စစ်ကြောင်းပြန်တက်လာတယ်လို့ သတင်းကြားတာနဲ့ အစကတော့ တိုက်မလိုလိုနဲ့ KIA တပ်တွေ ဆနီခူးရောက်တာနဲ့ တိုက်ပွဲတောင်မဖြစ်ဘဲ အကုန်တပ်ဆုတ်သွားတယ်တဲ့။ အဲ့ကြောင့် KIA တပ်တွေက အကုန်ရှင်းလင်းလိုက်တယ်လို့ကြားတယ်”လို့ပြောပါတယ်။ အခု KIA ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းယူလိုက်တဲ့ ဆနီခူး စစ်တပ်စခန်း ၂ ခုဟာ ဝိုင်းမော် – ချီဖွေလမ်းအတွက် လုံခြုံရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းနေရာတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မနေ့က ဇွန်လ ၁၃ ရက်နေ့ တစ်ရက်ထဲမှာပဲ ဗန်းမော်ကနေ တိုက်ပွဲနယ်မြေဖြစ်တဲ့ မိုးမောက်နဲ့ မံစီဘက်ကို စစ်တင့်ကား ၃ စီးနဲ့ စစ်ကြောင်းတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်တွေက ကောင့်ဂျာယန်(Kawng Ja Yang) အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ စစ်တင့်ကား ၃ စီးတက်လာတဲ့အထဲကနေ တစ်စီးကို KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “သတင်းပို့လာတာက တင့်ကားတစ်စီးပစ်ခတ်ဖျက်ဆီးပေးလိုက်နိုင်တယ်လို့ သတင်းရတယ်။ ကျနော်တို့ဘက်ကလည်း အတည်ပြုနေဆဲဖြစ်တယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ လုပ်ငန်းဝင်နေတဲ့ သူတွေကတော့ ဖျက်ဆီးပေးလိုက်တာသေချာတယ်လို့ပြောပါတယ်”လို့ပြောပါတယ်။ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကောင့်ဂျာယန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာ ၁ ပတ်ဝန်းကျင်လောက်ကြာမြင့်လာပြီဖြစ်ပြီး မိုးမောက်၊ မံစီဘက်ကို စစ်ကူလာတဲ့စစ်ကြောင်း KIA ရဲ့ တိုက်ခိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက ဇွန်လ ၂၁ ရက်နေ့မှာ ဝိုင်းမော် – ဆဒုံး ၊ ကန်ပိုင်တည်သွား လမ်းတစ်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ တပ်စခန်း ၅ ခုနဲ့ ရှေ့တန်းစခန်းငယ် ၁၀ ခုလောက်ကို သိမ်းပိုက်မှုအပြီးမှာပဲ ချီဖွေသွားလမ်းက ဆနီခူးတပ်စခန်း ၂ ခုကို ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
13 Juneသတင်း
ကန်ပိုင်တည်မှာ ကုန်တင်ကားနဲ့ အိမ်စီးကား ၅၀၀ ဝန်းကျင်သောင်တင်နေ
ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ခရီးသည်ကားနဲ့ ကုန်တင်ကားအစီးရေ ၅၀၀ ဝန်းကျင်လောက်က တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့မှာ သောင်တင်နေတာ ၄ ရက်လောက်ရှိလာပြီလို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက ဝိုင်းမော်ဘက်ခြမ်း ဂေါ်ဆက်ယန် ၁၃ မိုင်စုပေါင်းဂိတ်နေရာနဲ့ ကန်ပိုင်တည်မြို့မရောက်မှီ ၁၀ မိုင်လောက်အကွာရှိတဲ့ ဝေါ့ခရုန်း(Waw Hkyung) စတဲ့နေရာတွေမှာ လုံးခြုံရေးအရသွားလာခွင့်ပိတ်ထားတာကြောင့် ကုန်တင်ကားတွေ သောင်တင်နေတာဖြစ်တယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လမ်းခရီးမှာတိုက်ပွဲတွေဖြစ်နေတော့ လုံခြုံရေးအရ မသွားခိုင်းသေးဘူးလို့ပြောတယ်။ အခုပိတ်ထားတဲ့ နေရာတွေက ၁၃ မိုင်မှာပိတ်ထားတယ်။ ကာတွေ မသွားနိုင်ဘဲ သောင်တင်နေတာ ဒီကနေ့ဆို ၄ ရက်မြောက်ရှိပြီ။ အခုသောင်တင်နေတဲ့ ကားတွေက ကားအစီးရေ ၅၀၀ ဝန်းကျင်လောက်ရှိနိုင်တယ်”လို့ပြောပါတယ်။ လက်ရှိ တိုက်ပွဲကြောင့် ကန်ပိုင်တည်မြို့မှာ သောင်တင်နေတဲ့ ကားအစီးရေ ၅၀၀ ဝန်းကျင်လောက်မှာ ကုန်ပစ္စည်းတင်တဲ့ကား ၃၀၀ ဝန်ကျင်လောက်နဲ့ အိမ်စီးကား ၂၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ အခုလို ကုန်ကားအဝင်မရှိတော့ဘဲ သောင်တင်နေပါက ကုန်စျေးနှုန်းတွေပိုမိုမြင့်တက်လာနိုင်တာတင်မကပဲ ကားသမားတွေလည်း ခက်ခဲလာနိုင်တယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။ “လောလောဆယ် ကားသမားတွေကတော့ ရက်လည်းသိပ်မကြာသေးတော့ ဆက်ပြီးတော့ တောင့်ခံနိုင်အုံးမယ်လို့ထင်တယ်။ ဒါပေမယ့် ဒီထက်ပိုပြီး အချိန်ကြာလာရင်တော့ ခက်ခဲလာမယ်လို့ထင်တယ်။ ပြီးတော့ ကုန်ပစ္စည်းတွေ မဝင်တော့တဲ့အတွက် ပြည်သူတွေက ဒုက္ခတော့ရောက်လာကြလိမ့်မယ်”လို့ပြောပါတယ်။ ကန်ပိုင်တည်မှာ သောင်တင်နေတဲ့ ကုန်ကားတွေကို ဇွန်လ ၁၄ ၊ ၁၅ လောက်မှာ KIA က လမ်းတွေကို ပြန်ဖွင့်ပေးမယ်လို့ သိရပေမယ့် တကယ်ဖွင့်ပေးမှုရှိမရှိက စောင့်ကြည့်ရအုံးမယ်ဖြစ်တယ်လို့ ဆက်ပြောပါတယ်။ ကန်ပိုင်တည်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ဒေသခံပြည်သူတွေကြား ပြောဆိုနေကြတယ်လို့သိရပြီး လက်ရှိမှာ ပြည်သူတွေက ယာယီတိမ်းရှောင်ဖို့ တရုတ်းနယ်စပ်ဘက်ခြမ်း ယာယီတဲတွေထိုးပြီး ပြင်ဆင်နေကြတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ကန်ပိုင်တည်မြို့တွင်းမှာရှိတဲ့ အစိုးရဌာနရုံးတစ်ချို့လည်း ယာယီပိတ်ထားပြီး စာသင်ကျောင်းတွေလည်း ယာယီပိတ်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။ ကန်ပိုင်တည်မြို့နဲ့ အနီးမှာရှိတဲ့ ဆဒုံးမြို့ကို KIA ပူပေါင်းတပ်တွေက ဇွန်လ ၁၁ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်တာကြောင့် KIA ရဲ့ စစ်ဆင်ရေးက ကန်ပိုင်တည်ဘက်ကို ဦးတည်လာပြီး တိုက်ပွဲဖြစ်လာမှာကို ဒေသခံပြည်သူတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
13 Juneသတင်း
ဝိုင်းမော်မြို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ လုံခြုံတဲ့နေရာပြင်ဆင်ထားဖို့လိုတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော
ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာတွေပြင်ဆင်ထားဖို့လိုတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့လောက်ကစပြီး မြစ်ကြီးနားဘက်ကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားတွေနေတဲ့နေရာတွေမှာကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားသေဆုံးမှုမြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ပြီးလုံခြုံတဲ့နေပြင်ဆင်ထားဖို့ လိုတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “အဓိကကတော့ စကစဘက်က ရန်သူရှိမရှိဘာမှနားမလည်ဘူး ပြည်သူလူထုရှိတဲ့ဘက်မှာပဲ ရမ်းပစ်နေတာ အဲ့တာကိုတော့ကျနော်တို့ဂရုစိုက်ဖို့လိုပါတယ်။ တိုက်ပွဲမရှိဘူး KIA တွေမရှိဘူးဆိုပြီးမှ ကိုယ့်ရဲ့ နေရာတွေ ရပ်ကွက်တွေကလုံခြုံတာမဟုတ်ဘူးအဲ့တာကိုကျနော်ပြောလိုပါတယ်။ ဒါ့ကြောင့် လုံခြုံတဲ့နေရာတွေတော့ ပြင်ဆင်ထားဖို့ကတော့ လိုတယ်လို့ပြောလိုပါတယ်။”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေအတွင်း ကျေးရွာရပ်ကွက်တွေမှာရှိတဲ့ ဘာသာရေးအဆောက်အဦးနဲ့စာသင်ကျောင်းတွေမှာ စစ်ရှောင်တွေအနေနဲ့တိမ်းရှောင်နေကြပေမယ့် ဒီနေရာတွေကိုလည်း စစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် လုံခြုံမှုမရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ခတ်ချိုရွာနဲ့ သိမ်ကြီးစုရွာမှာ ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ နှစ်ရက်ဆက်တိုက်အရပ်သားသေဆုံးမှုတွေရှိခဲ့ပြီး လက်နက်ကြီးကျခဲ့တဲ့နေရာတွေနဲ့ ဝိုင်းမော်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်တာမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူကဆက် ပြောပါ တယ်။ “ဝိုင်းမော်မြို့ရဲ့ပတ်ဝန်းကျင်မှာကတော့တိုက်ပွဲတွေကမရှိပါဘူး ဒါပေမဲ့ စကစဘက်ကတော့ သူတို့ လုံခြုံ ရေး မြှင့်ပြီးမှတစ်ခါတစ်ရံ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေတော့ရှိပါတယ်။ နောက်တစ်ခုက သူတို့ မပခ ဘက်က နေ လက်နက်ကြီးနဲ့ပစ်တာတွေရှိတယ်။ ပြီးတော့ဒရုန်းနဲ့လေကြောင်းတွေရောပေါ့။ မြေပြင်တိုက်ပွဲကြီးကြီး ကျယ်ကျယ်ကတော့မရှိပါဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကိုပါသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် ခတ်ချိုရွာက အရပ်သား ၁၀ ဦး၊ ဝိုင်းမော်မြို့ သိမ်ကြီးစုက တစ်ဦး၊ လမြန်ရွာက ဒေသခံတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ တစ်လအတွင်း လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ ၁၂ ဦးနဲ့ ကျည်ထိမှန်သေဆုံးတဲ့အရပ်သား ၂၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲကြောင့်ပဲ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားသောင်းနဲ့ချီ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ထဲက ဘေးလွှတ်ရာနေရာတွေမှာတိမ်းရှောင်နေကြရတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ဝိုင်းမော်မြို့အထိ KIA ပူးပေါင်းတပ်ဘက်က စစ်ရေးခြိမ်းခြောက်လာလို့ စစ်ရေးပြင်ဆင်မှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ By – အမိုး
Read More » -
12 Juneသတင်း
စစ်ရေးတင်းမာနေတဲ့ ဝိုင်းမော်မြို့အခြေံပညာစာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်သူ ပိုလျော့နည်းလာ
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အခြေခံပညာစာသင်ကျောင်းတွေကို ဖွင့်လှစ်ထားပေမယ့် ကျောင်းတက်ရောက်တဲ့သူတဖြည်းဖြည်း လျှော့နည်းသွားတယ်လို့ ဝိုင်းမော်မြို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် ဝိုင်းမော်မြို့ထဲမှာ အခြေံပညာစာသင်ကျောင်းတွေကို မေလ ၂၈ ရက်နေ့ကတည်းကနေ ကျောင်းအပ်လက်ခံပြီး ဇွန်လ ၃ရက်နေ့မှာ ကျောင်းတက်ရောက်နေပြီဖြစ်ပါတယ်။ သို့သော် လတ်တလောမှာ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ရေးအခြေအနေပိုတင်းမာလာနေတဲ့အပြင် ဝိုင်းမော်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ အမှတ် ၁ ရပ်ကွက် သိမ်ကြီးစုရွာနဲ့ မြို့အနိီးမှာရှိတဲ့ ခတ်ချိုကျေးရွာတွေမှာ လက်နက်ကြီးကျပေါက်ကွဲပြီး အရပ်သားထိခိုက်သေဆုံးတာတွေ များလာတကြောင့် ကလေးတွေကို ကျောင်းပို့ဖို့ စိုးရိမ်တယ်လို့ ကျောင်းသားမိဘ တစ်ဦးက ခုလိုပြောပါတယ်။ “ကျောင်းကတော့ဖွင့်နေဆဲ ဒါပေမယ့် တချို့မိဘတွေကတော့ကြောက်လို့ မသွားအပ်ရဲတာမပို့တာဟုတ်တယ်။ သူတို့ဘက်က တရားဝင်ပိတ်တာမျိုးတော့မရှိသေးဘူး တက်တဲ့သူတွေကတော့ တော်တော်လျှော့သွားပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တစ်ဖက်မှာတော့ ဝိုင်းမော်မြို့ ဒေသခံတစ်ချို့ကတော့ ပြီးခဲ့တဲ့ မေလကတည်းကနေ နေရပ်စွန့်ခွာထွက်ပြေးနေကြပြီဖြစ်ပါတယ်။ ခုလို ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက်ကလေးတွေအနေနဲ့လည်း ကျောင်းတက်ဖို့အတွက်ခက်ခဲကြုံတွေ့နေရတယ်လို့. ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “ကလေးတွေ ကျောင်းတက်ဖို့အတွက်ကတော့ ဒီနှစ်ရဲ့အခြေအနေတွေကြောင့် ဘယ်လိုလုပ်ရမယ်ဆိုတာလဲ မသိသေးဘူး အခြေအနေလည်း အရမ်းမကောင်းတော့ ခက်ခဲတဲ့ အရာတွေကတော့ အများကြီးရှိနေတာပေါ့”လို့ ဆိုပါတယ်။ ဝိုင်းမော်မြို့နယ် ဟာ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက် ရက်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၄၀ စု၊ ကျေးရွာ ၁၇၀ စုစုပေါင်း ၂၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၂၀၀၀၀ ကျော်နေထိုင်တဲ့မြို့နယ်ဖြစ်ပါတယ်။ အခြေခံပညာအထက်တန်းကျောင်း (၁၁)ကျောင်း၊ အထက်တန်းကျောင်း (ခွဲ) (၆) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၁၂) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၄) ကျောင်း၊ အခြေခံ ပညာမူလတန်းကျောင်း (၈၁) ကျောင်းနဲ့ မူလတန်းကျောင်း (ခွဲ) (၁၇) ကျောင်းရှိတယ်လို့ မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ By – Hope
Read More » -
11 Juneတိုက်ပွဲ
ဆဒုံးဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုကို KIA က တစ်ရက်တည်းအပြီးသတ်သိမ်းပိုက်
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ဆဒုံးမြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်ဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုနေရာလောက်ကို တစ်ရက်တည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဝိုင်းမော်နဲ့ ဆဒုံးတစ်ကြော စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီလို့သိရပါတယ်။ ဝိုင်းမော်မြို့နယ်ထဲကနေ ဆဒုံး – ကန်ပိုင်တည်သွားတဲ့ ကားလမ်းမပေါ် တစ်ကြောမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်(ဂေါ်ဆက်ယန်)၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်၊ ဒိန်ဂါစစ်တပ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်းနေရာတွေကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းတပြိုင်နက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဂေါ်ဆက်ယန် ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်နဲ့ လဖိုင်ပြည်သူ့စစ်တပ်စခန်းတွေကို ဒီကနေ့ နေ့လည် ၁၂ နာရီမတိုင်မှီ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဆဒုံးဗျူဟာကုန်းကိုတော့ ညနေပိုင်း ၅ နာရီလောက်မှာ တပ်စခန်းထဲဝင်ရောက်နိုင်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဆဒုံးတပ်စခန်းကို ညနေပိုင်း ၅ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်တာဖြစ်ပြီ။ ဝိုင်းမော်ကနေ ဆဒုံးကားလမ်း တစ်ကြောစစ်တပ်စခန်းတွေမရှိတော့ ကုန်ပြီ။ အခုကျန်နေတာက ကန်ပိုင်တည်မြို့တစ်ခုသာ ကျန်နေပြီဖြစ်တယ်”လို့ပြောပါတယ်။ KIA တပ်တွေ သိမ်းပိုက်လိုက်တဲ့ ဆဒုံးဗျူဟာကုန်းတပ်စခန်းဟာ မြို့ရဲ့ အရှေ့ဘက်ခြမ်းတောင်ကုန်းပေါ်မှာတည်ရှိပြီး ရ ရှေ့တန်းတပ်စခန်းအငယ် ၃ ခုလောက်နဲ့ စစ်အင်အား အခိုင်အမာတပ်ချထားတဲ့ ဗျူဟာကုန်းအကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဆဒုံးဗျူဟာကုန်းအပါ ၁၃ မိုင်စုပေါင်းဂိတ်(ဂေါ်ဆက်ယန်) နဲ့ ဘွမ့်တောင် ပြည်သူ့စစ်တပ်စခန်းတွေဟာ ဝိုင်းမော်ကနေ ဆဒုံး – ကန်ပိုင်တည်သွားတဲ့ကားလမ်းကြောင်းတစ်ကြောမှာရှိတဲ့ တပ်စခန်းတွေဖြစ်တာကြောင့် စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။ အဲဒီတပ်စခန်းတွေအားလုံးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းထိုင်ထားကြတဲ့ တပ်စခန်းတွေဖြစ်သလို ခရီးသွားပြည်သူတွေနဲ့ ကုန်းကားတွေကို ငွေကြေးကောက်ခံတဲ့အပြင် တရုတ်နိုင်ငံသားတွေကိုလည်း တရားမဝင် ပြည်တွင်းထဲ ဝင်ခွင့်ရနေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် အခုသိမ်းပိုက်လိုက်တဲ့ တပ်စခန်းတွေဟာ စစ်ရေးအရ အလွန်အရေးပါတဲ့နေရာတွေဖြစ်ပြီး ပြည်သူလူထုတွေအတွက် သွားရေးလာရေးမှာ အနှောက်အယှက်ပေးတဲ့ နေရာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “အခုသိမ်းလိုက်တဲ့ တပ်စခန်းတွေက အားလုံးအရေးကြီးတဲ့ နေရာတွေပဲဖြစ်တယ်။ ချီဖွေနဲ့ ကန်ပိုင်တည်ဘက်ကို သွားတဲ့ စုပေါင်းဂိတ်ရှိမယ်။ ဘွမ့်တောင်ဆိုတဲ့ စခန်းကလည်း ဒီတိုင်းပါပဲ။ ပြည်သူလူထုတွေ သွားရေးလာရေးမှာ အနှောက်အယှက်ပေးနေတဲ့ စခန်း။ ပြီးရင် တပ်ရင်း(၃) နေရာတွေကို ထိန်းချုပ်ပေးနေတဲ့ တပ်စခန်းတွေလည်းဖြစ်တယ်။ အားလုံးက ဗျူဟာမြောက်တပ်စခန်းတွေပဲ”လို့ပြောပါတယ်။ ဒါ့အပြင် အခု KIA တပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ တပ်စခန်းတွေက တရုတ်နယ်စပ် ဆဒုံး – ကန်ပိုင်တည် နယ်စပ်ကုန်သွယ်ရေးအတွက်လည်း အရေးပါတဲ့ ကားလမ်းကြောင်း တစ်ကြောကို KIA က ထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက KIA ပူးပေါင်းတပ်တွေက ဝိုင်မော်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလထဲမှာတော့ ဝိုင်းမော်မြို့ ဒဘတ်ချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၃ ခုလောက်ကို အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့မှာတော့ ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ ကားလမ်းတစ်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခုလောက်ကို တစ်ရက်ထဲမှာပဲ အပြီးသတ်သိမ်းလိုက်တာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
11 Juneသတင်း
ဝိုင်းမော်မှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးထပ်မံသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အမှတ် ၁ ရပ်ကွက် သိမ်ကြီးစုရွာမှာ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်က လက်နက်ကြီးကျလို့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သိမ်ကြီးစုရွာ လမ်းသွယ် ၁၃ လမ်းမပေါ်ကို…
Read More » -
11 Juneသတင်း
ဝိုင်းမော်မြို့နယ် ခတ်ချို့ရွာလက်နက်ကြီးကျလို့အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုရွာမှာ မနေ့က ညပိုင်း ၈ နာရီလောက်က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရ ပါတယ်။ သေဆုံးခဲ့တဲ့သူဟာ အသက် ၂၆ နှစ်အရွယ် ကိုသားငယ်ဆိုသူဖြစ်ပြီး လက်နက်ကြီးထိမှန်ပြီးနောက် ဝိုင်းမော်ဆေးရုံအရောက်မှာသေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “မနေ့ည ၈ နာရီဝန်းကျင်လောက်ကလက်နက်ကြီးကျတာ လူ၇ယောက်ထိတယ်လို့သိရတယ်။ တစ်ယောက် ကတော့ဆုံးသွားတယ်။ မနေ့ညကချက်ချင်းပဲလေ ဖြစ်တာနဲ့ ၄ ယောက်ကို သုံးဘီးနဲ့ချက်ချင်း ပို့တာ ဒါပေမဲ့ အဲ့ ၄ ယောက်ထဲကတစ်ယောက်ကတော့ ဆေးရုံရောက်တာနဲ့ဆုံးသွားတယ်လို့ပြောတယ်။”လို့ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ ကိုအာကာ ၂၈ နှစ်၊ မနန်းပို ၂၆နှစ်၊ အောင်ကျော်မြင့် ၂၇ နှစ်၊ ဒေါ်ညွန့်ခိုင် ၅၀ နှစ်၊ အားရှမ်းကော ၅၀ နှစ် နဲ့ အမည်မသိတဲ့နောက်ထပ်အရပ်သားတစ်ယောက်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်က ဒဏ်ရာပြင်းထန်လို့ ဝိုင်းမော်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ စစ်ကောင်စီနဲ့ KIA ပူးပေါင်းအဖွဲ့တွေ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပြီး ခတ်ချို၊နောင်စီပေါ စတဲ့ရွာနှစ်ရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တာလို့သိရပါတယ်။ ဒါ့ကြောင့် စစ်တပ်ကမနေ့ကတစ်နေကုန် လက်နက်ကြီးသံတွေကြားနေခဲ့ရတယ်လို့ ဝိုင်းမော်မြို့နယ် ခတ်ချိုရွာက ဒေသခံတစ်ဦးကပြောပါတယ်။ “လက်နက်ကြီးကတော့ မနေ့ကတစ်နေကုန်ပဲဒါပေမဲ့ဆက်တိုက်တော့မဟုတ်ဘူး တစ်ခါတစ်လေခြောက် လှန့်တာ အဲ့ပုံစံနဲ့လည်းဖြစ်နိုင်တယ်။ အသံတွေကတော့ကြားနေရတယ် ဘယ်ကပစ်နေမှန်းတော့မသိဘူး။”လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကတည်းက စပြီး ဝိုင်းမော်မြို့နဲ့အနီးတစ်ဝှိုက်မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို သိမ်းပိုက်ဖို့စစ်ရေးအရှိန်မြင့်ခဲ့ရာ ဝိုင်းမော် မြို့အထွက်မှာရှိတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီလို တပ်စခန်းကြီးကို လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီတပ်ဘက်ကလည်း ဝိုင်းမော်မြို့ကိုလက်မလွှတ်ရရေးအတွက် အင်အားဖြည့်တင်းတာတွေရှိနေသလို ဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မနက်ပိုင်းကဆိုရင်လည်း ဘယ်အဖွဲ့အစည်းကပစ်ခတ်တဲ့လက်နက်ကြီးမှန်းမသိတဲ့ လက်နက်ကြီး ၃ လုံး ခတ်ချိုကျေးရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တစ်လုံးပေါ်ကျရောက်ခဲ့ပြီး ကားတစ်စီး နဲ့ နေအိမ် ခေါင်မိုးပျက်စီးခဲ့တဲ့အပြင် တစ်လအတွင်းမှာ အရပ်သား ထိခိုက်သေဆုံးတာ ၃၀ ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
11 Juneသတင်း
စန်းကား အထက်တန်းကျောင်းမှာ စစ်အင်အား ၂၀၀ ခန့် တပ်စွဲထားပြီး ရွာအဝင်အထွက် တင်းကြပ်
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရဲ့ အခြေခံအထက်တန်းကျောင်းမှာ စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်တပ်စွဲနေရာယူထားတဲ့အပြင် ရွာအဝင်အထွက်ကိုလည်း စစ်ဆေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ လကုန်ပိုင်းကနေတပ်စွဲထားတာဖြစ်ပြီး စန်းကားကျေးရွာအုပ်စုရဲ့ ရပ်ကွက် ၁ အဖြစ်သတ်မှတ်ထားတဲ့ အာလူးဘာရီရွာနဲ့ ရပ်ကွက် ၂ အကြား တံတားနားမှာလည်း စစ်ဆေးရေးတင်းကြပ်နေတာဖြစ်တယ်လို့ စန်းကားကျေးရွာဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “ကျောင်းမှာ ၂၀၀ လောက်ရှိတယ် အပြင်တောင်သိပ်မထွက်ကြဘူး လာနေတာက နှစ်ပတ်ဝန်းကျင်လောက်တော့ရှိလာပြီ။ အစကတော့ ရွာသားတွေပြန်လာရင် ကျောင်းဖွင့်မယ်ဆိုပြီးပြောကြတယ် ဒါပေမယ့် ခုက ရွာမှာ အိမ်စောင့်လောက်ဘဲရှိတယ်။အားလုံးလည်းထွက်ပြေးကုန်ပြီဆိုတော့ ကျောင်းကတော့ ဒီနှစ်မဖွင့်လောက်တော့ဘူး” လို့ စန်းကားရွာဒေသခံတစ်ဦးက ပြောပါတယ်။ စန်းကားရပ်ကွက် ၁ နဲ့ ရပ်ကွက် ၂ ဖြစ်တဲ့ အာလူးဘာရီရွာကြားမှာရှိတဲ့ တံတားမှာ အင်အား ၁၀ ဝန်းကျင်နဲ့ နေ့တိုင်းစစ်ဆေးတင်းကြပ်တာတွေလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် စန်းကားရွာရဲ့ အောက်ဘက်မှာရှိတဲ့ ဘန်းဘားရွာမှာတော့ ဇွန်လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ နှစ်ရက်သာ စစ်တပ်နဲ့ KIA,PDF ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အပြင် ဒီကနေ့အထိလည်း နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေအထိနာနေပြီး စစ်ကြောင်းမှူးသေဆုံးသွားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ “ဘန်ဘာဘက်မှာ တိုက်ပွဲဖြစ်တာ ဒီရက်ပိုင်းတွေဖြစ်နေတာ မနေ့ကတော့ဘာသံမှမကြားဘူး။ အဲဘက်ကဖြတ်လာတဲ့သူတွေပြောတာကတော့ လမ်းဘေးမှာ မိုးကာနဲ့အုပ်ထားတဲ့စစ်သားအလောင်းတွေရှိနေတယ်လို့ ပြောကြတယ်”လို့ နောက်ထပ်စန်းကားဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့ ဘန်းဘားရွာဟာ စန်းကားကျေးရွာ ရပ်ကွက် ၇ ကနေသွားရင် နာရီဝက်နီးပါးဆိုင်ကယ်စီးရတဲ့နေရာမှာရှိတာဖြစ်ပြီး ဒေသခံတွေအပါအဝင်၊ ခတ်ချို၊နောင်ဟီးဘက်က ပြည်သူတွေ စိုက်ပျိုးခင်းလာရောက်လုပ်ကိုင်ကြတဲ့ ရွာဖြစ်ပါတယ်။ ဒါပေမယ့် စန်းကားကျေးရွာပြည်သူတွေအပါအဝင် ဘန်ဘား၊တာစန့်၊ခန့်လုံး၊မိုင်းမောအစရှိတဲ့ ရွာကပြည်သူတွေဟာ အိမ်စောင့်အဖြစ်အနည်းအကျဉ်းသာ ကျန်ခဲ့ပြီး ပြီးခဲ့တဲ့ မေလ ကတည်းကနေ နောင်ချိန်း၊မိုင်းနား၊မြစ်ကြီးနား အစရှိတဲ့ကျေးရွာဘက်တွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ စန်းကားရွာဟာ မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ရွာဖြစ်ပြီး ရပ်ကွက်၊ကျေးရွာ ၁၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ ရွာကြီးဖြစ်ပါတယ်။ By – ဇမီ
Read More »









