လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဝိုင်းမော်မြို့နယ် ခတ်ချို့ရွာလက်နက်ကြီးကျလို့အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုရွာမှာ မနေ့က ညပိုင်း  နာရီလောက်က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး  ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရ ပါတယ်။

သေဆုံးခဲ့တဲ့သူဟာ အသက် ၂၆ နှစ်အရွယ် ကိုသားငယ်ဆိုသူဖြစ်ပြီး လက်နက်ကြီးထိမှန်ပြီးနောက် ဝိုင်းမော်ဆေးရုံအရောက်မှာသေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

မနေ့ည  နာရီဝန်းကျင်လောက်ကလက်နက်ကြီးကျတာ လူ၇ယောက်ထိတယ်လို့သိရတယ်။ တစ်ယောက် ကတော့ဆုံးသွားတယ်။ မနေ့ညကချက်ချင်းပဲလေ ဖြစ်တာနဲ့  ယောက်ကို သုံးဘီးနဲ့ချက်ချင်း ပို့တာ ဒါပေမဲ့ အဲ့  ယောက်ထဲကတစ်ယောက်ကတော့ ဆေးရုံရောက်တာနဲ့ဆုံးသွားတယ်လို့ပြောတယ်။လို့ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ ကိုအာကာ ၂၈ နှစ်၊ မနန်းပို ၂၆နှစ်၊ အောင်ကျော်မြင့် ၂၇ နှစ်၊ ဒေါ်ညွန့်ခိုင် ၅၀ နှစ်၊ အားရှမ်းကော ၅၀ နှစ် နဲ့ အမည်မသိတဲ့နောက်ထပ်အရပ်သားတစ်ယောက်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး  ယောက်က ဒဏ်ရာပြင်းထန်လို့ ဝိုင်းမော်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်း  နာရီလောက်ကနေ စစ်ကောင်စီနဲ့ KIA ပူးပေါင်းအဖွဲ့တွေ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပြီး ခတ်ချို၊နောင်စီပေါ စတဲ့ရွာနှစ်ရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တာလို့သိရပါတယ်။

ဒါ့ကြောင့် စစ်တပ်ကမနေ့ကတစ်နေကုန် လက်နက်ကြီးသံတွေကြားနေခဲ့ရတယ်လို့ ဝိုင်းမော်မြို့နယ် ခတ်ချိုရွာက ဒေသခံတစ်ဦးကပြောပါတယ်။

လက်နက်ကြီးကတော့ မနေ့ကတစ်နေကုန်ပဲဒါပေမဲ့ဆက်တိုက်တော့မဟုတ်ဘူး တစ်ခါတစ်လေခြောက် လှန့်တာ အဲ့ပုံစံနဲ့လည်းဖြစ်နိုင်တယ်။  အသံတွေကတော့ကြားနေရတယ် ဘယ်ကပစ်နေမှန်းတော့မသိဘူး။လို့ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကတည်းက စပြီး ဝိုင်းမော်မြို့နဲ့အနီးတစ်ဝှိုက်မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို သိမ်းပိုက်ဖို့စစ်ရေးအရှိန်မြင့်ခဲ့ရာ ဝိုင်းမော် မြို့အထွက်မှာရှိတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲ့ဒီလို တပ်စခန်းကြီးကို လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီတပ်ဘက်ကလည်း ဝိုင်းမော်မြို့ကိုလက်မလွှတ်ရရေးအတွက် အင်အားဖြည့်တင်းတာတွေရှိနေသလို ဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ  ရက်နေ့မနက်ပိုင်းကဆိုရင်လည်း ဘယ်အဖွဲ့အစည်းကပစ်ခတ်တဲ့လက်နက်ကြီးမှန်းမသိတဲ့ လက်နက်ကြီး  လုံး ခတ်ချိုကျေးရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တစ်လုံးပေါ်ကျရောက်ခဲ့ပြီး ကားတစ်စီး နဲ့ နေအိမ် ခေါင်မိုးပျက်စီးခဲ့တဲ့အပြင် တစ်လအတွင်းမှာ အရပ်သား ထိခိုက်သေဆုံးတာ ၃၀ ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button