သတ်ဖြတ်မှု

  • Sep- 2024 -
    16 September
    သတင်း

    နမ့်ဖတ်ကာ ကားသမားတစ်ဦး မုံးကိုးမြို့အနီးမှာ လုယက်သတ်ဖြတ် ခံရ

    ရှမ်းမြောက် မုံးကိုးမြို့အနီးမှာ နမ့်ဖတ်ကာဒေသခံ ကားသမားတစ်ဦး ခရီးသည်တွေရဲ့သတ်ဖြတ်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ နမ့်ဖတ်ကာကနေ နမ့်ခမ်းဘက်သွားဖို့ ခရီးသည် ၃ ဦးကိုတင်ပြီး ကားအငှားလိုက်တဲ့ ကားသမားဟာ မုံးကိုးမရောက်ခင်…

    Read More »
  • Aug- 2024 -
    27 August
    သတင်း

    မဂွမ်ရိန်ဒူနော် ကို မဒိမ်းကျင့်သတ်ဖြတ်တဲ့တရားခံ မူလအယူခံခွင့်ထပ် ရက်တိုးပေးတဲ့ပေါ် ကန့်ကွက်ရှုံ့ချ

    မဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်ခဲ့သူ ကျော်သူရကိုအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ (၁) (ဂ) တို့နဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ နေ့ကပဲ ပူတာအိုခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

    Read More »
  • 10 August
    သတင်း

    စစ်အာဏာရှင်ချေမှုန်းရာမှာ မျိုးနွယ်စုကြား သတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ဆောင်ရွက်နေတယ်လို့ KIO ဥက္ကဋ္ဌပြော

    စစ်အာဏာရှင်ကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းရာမှာ မျိုးနွယ်စုကြား အချင်းချင်းသတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ ဆောင်ရွက်နေတယ်လို့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့  KIO ဗဟိုကော်မတီဟာ ပြည်သူလူထုရဲ့ ပညာပေး၊ အကြံပေးချက်တွေကို လက်ခံတန်ဖိုးထားတဲ့အပြင် စစ်အဏာရှင်ကို ချေမှုန်းတိုက်ခိုင်ရာမှာ မိမိလူမျိုးအချင်းချင်း စည်းလုံးမှုကို ပျက်ပြားပြီး သွေးထွက်သံယိုဖြစ်မယ့် တိုက်ပွဲဖော်ဆောင်မှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားတဲ့ နည်းလမ်းဆောင်ရွက်နေတယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့   KIO ဥက္ကဌရဲ့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ “KIO ဗဟိုကော်မတီဟာ ပြည်သူတွေရဲ့ပညာပေး၊အကြံပေးမှုတွေကို ဂရုတစ်စိုက်အလေးနက် လက်ခံတန်ဖိုးထားပြီး မိမိလူမျိုးအချင်းချင်း စည်းလုံးမှုပျက်ပျားစေတဲ့ သွေးထွက်သံယို သတ်ဖြတ်မှုမဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားတဲ့ နည်းလမ်းနဲ့ တော်လှန်ရေးကိုဖော်ဆောင်နေတာဖြစ်တယ်။ဒါကြောင့် စစ်တပ်ရဲ့ဒေါက်တိုင်အဖြစ် ကူညီပေးနေကြတဲ့ ပြည်သူ့စစ်အဖွဲ့ BGF တွေကိုလည်း နီးစပ်ရာဆွေမျိုးအချင်းချင်း သတိပေးစည်းရုံးသိမ်းကြဖို့  ပြည်သူတွေ တာဝန်ယူဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဒီတစ်ကြိမ်တော်လှန်ရေးဟာ ပြည်သူတွေရဲ့ပါဝင်အားဖြည့်မှုကြောင့် အချိန်တိုအတွင်း အောင်မြင်မှုအများအပြားရနေတဲ့အပြင် တော်လှန်ရေးမှာ ပူးပေါင်းတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးညီနောင်တွေကိုလည်း ဂုဏ်ပြုကြောင်းနဲ့ ဆိုထားပါတယ်။ အလားတူ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ စစ်အာဏာရှင်ကို တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး ဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းဖို့ အဓိကဖြစ်ပြီး ဒီချိန်မှာ တိုင်းရင်းသားအချင်းချင်းအကြား နယ်မြေလု၊ နယ်မြေတိုးချဲ့ပြီး မဖြစ်အောင် သတိထားဖို့လိုအပ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့သာ အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းဆောင်ရွက်ရမယ်ဆိုတာကို အားလုံးနားလည်ထားကြဖို့ လိုအပ်တဲ့ကြောင်း မိန့်ခွန်းမှာပါရှိပါတယ်။  “ခုချိန်မှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ စစ်အာဏာရှင်ကို ဝိုင်းဝန်းချေမှုန်းဖို့ အဓိကဖြစ်ပါတယ်။ တိုင်းရင်းသားအချင်းချင်းကြား နယ်မြေလု၊နယ်မြေတိုးချဲ့တဲ့ကိစ္စတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတာကို အားလုံးနားလည်ထားဖို့လိုပါတယ်”လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ပြည်တွင်းစစ်ဟာ မြန်မာအစိုးရ အဆက်ဆက် လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ကို ပေါ်လစီခိုင်ခိုင်မာမာချမှတ်ပြီး နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားသောကြောင့်ဖြစ်တယ်ဆိုတာ ပြည်သူတွေသိရှိနားလည်ကြပြီဖြစ်ပါတယ်။ ဒါကြောင့်  မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာ ပြေလည်မှုရဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် KIO/ KIA အနေနဲ့ ရည်မှန်းပန်တိုင်သို့ ရောက်ရှိအောင် လက်နက်ကိုင် တော်လှန်နေခြင်းဖြစ်ကြောင်း မှန်ကန်တဲ့  နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ပေါ်ပေါက်လာရင် တွေ့ဆုံဆွေးနွေးမယ့် လမ်းကြောင်းနဲ့လည်း ဖော်ဆောင်သွားမယ်လို့  ဒီနေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးက ပြောသွားပါတယ်။ KIO/KIA ဟာ ဆဒုံးမြို့အပါ မြို့ ၉ မြို့အပြင် စစ်တပ်ရဲ့ဗျူဟာမြောက်တပ်စခန်း ကြီးငယ် တစ်ရာကျော် သိမ်းပိုက်ထားပြီး သိမ်းပိုက်ထားတဲ့ နေရာဒေသတွေမှာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ပညာရေး၊အုပ်ချုပ်ရေးယန္တရားစတဲ့လုပ်ငန်းတွေမှာ တတ်သိကျွမ်းကျင်လူငယ်တွေလည်းများစွာလိုအပ်နေပြီး လူငယ်တွေအနေနဲ့ မိမိအသိစိတ်နဲ့လာရောက်ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီနေ့ကျရောက်တဲ့ ကချင်အာဇာနည်နေ့မှာ စစ်ဆင်ရေးကို ဦးဆောင်သူများ၊ရှေ့တန်းစစ်မြေပြင်မှာ ရဲစွမ်းသတ္တိရှိရှိ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်များ၊ တိုက်ပွဲများအတွက် အဖက်ဖက်ကနေ ကူညီထောက်ပံ့နေကြတဲ့ အမှုထမ်းရဲဘော်များနဲ့အတူ ပြည်သူများကိုလည်း ကျေးဇူးတင်ဂုဏ်ပြုကြောင်း၊ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားကြတဲ့ အာဇာနည်များကို ဂုဏ်ပြုကြောင်း အာဇာနည်မိသားစုဝင်အားလုံးကိုလည်း ချစ်ခြင်းမေတ္တနဲ့ကူညီပေး၊တန်ဖိုးထားပေးကြဖို့  ကချင်အာဇာနည်နေ့မှာ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောပါတယ်။ By – CJ

    Read More »
  • Feb- 2024 -
    8 February
    သတင်း

    ရေဦးမှာ အရပ်သား ၂ ယောက်ကို စစ်ကောင်စီတပ်က လည်လှီးသတ်ဖြတ်

    စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က ကုက္ကိုစုရွာကို ဖေဖော်ဝါရီလ ၇ ရက်နေ့ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးတော့ အရပ်သား ၂ ယောက်ကို လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခင်ဦးမြို့နယ်အနောက် ဘက်ခြမ်းကနေ ရေဦးနယ်တောင်ဘက်ခြမ်းက…

    Read More »
  • Dec- 2023 -
    25 December
    သတင်း

    အောင်ပုံရွာက ဒေသခံအမျိုးသားတစ်ဦး သတ်ဖြတ်ခံရ 

    စစ်ကိုင်းတိုင်း ကသာမြို့နယ် အောင်ပုံရွာက ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတယ်လို့ ကသာမြို့ခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက်ည ကသာမြို့နယ်ထဲမှာ ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ကျားဘီလူးစစ်ကြောင်းဟာ အောင်ပုံရွာထဲဝင်ရောက်ပြီး ဒေသခံအမျိုးသားတစ်ဦးကို ထောက်ပို့လုပ်သူဟုဆိုကာ နေအိမ်အတွင်း…

    Read More »
  • 21 December
    သတင်း

    ပူတာအိုမှာ သားအဖနှစ်ယောက်စကားများရာက‌နေ နှစ်ဦးလုံး ဓာတ်ဆီလောင်းပြီး မီးလောင်သေဆုံး

    ကချင်ပြည်နယ် ပူတာအိုမြို့လုံးစွတ်ရပ်ကွက်မှာ သားအဖချင်းစကားများရန်ဖြစ်ရာကနေ ဓာတ်ဆီနဲ့လောင်းမီးရှို့လို့ သားအဖနှစ်ယောက်လုံးသေဆုံးခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ လုံးစွတ်ရပ်ကွက်က သူတို့နေအိမ်မှာပဲ သားအဖနှစ်ယောက် ရန်ဖြစ်စကားများရာမှဖြစ်ပွားခဲ့တာဖြစ်ပြီး အခြေနေအသေးစိတ်ကို လုံးစွတ်ရပ်ကွက်နေ ဒေသခံ တစ်ယောက်က…

    Read More »
  • 18 December
    သတင်း

    ကသာမြို့နယ် ပကဖ အဖွဲ့ရဲ့ သတင်းတာဝန်ခံအပါအဝင် ၃ ယောက်သတ်ဖြတ်ခံရ

    ကချင် စစ်ကိုင်းနယ်စပ်၊ ကသာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  သတင်းတာဝန်ခံတစ်ဦးအပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က ကသာမြို့နဲ့ ၅ မိုင်အကွာလောက်က ပင်းမလွှတ်ကျေးရွာကို စစ်ကောင်စီ တပ်ဘက်က ဝင်ရောက်စီးနင်းတဲ့အချိန် သတ်ဖြတ်ခံခဲ့ရတာလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က…

    Read More »
  • Nov- 2023 -
    3 November
    သတင်း

    သားဖြစ်သူရဲ့ရန်ပွဲကို သွားတားရာကနေ သားအဖ ၂ ဦးဓါးခုတ်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဂျပန်တံတားထိပ်တစ်နေရာမှာ အချင်းများရန်ဖြစ်နေတဲ့သားဖြစ်သူရဲ့ ရန်ပွဲကိုသွားတားရာကနေ သားအဖ ၂ ဦးစလုံး ဓါးခုတ်ခံရတယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ မနေ့ည ၈နာရီခွဲ ဝန်းကျင်လောက်က တပ်ကုန်းရပ်ကွက် ဂျပန်လမ်းထိပ်မှာ လူငယ်တစ်စုနဲ့ရာဒါကောင်ရပ်ကွက်နေ ဦးအေးဆွေရဲ့သား ရန်ဖြစ်နေကြောင်း ကြားရတဲ့အတွက် ဦးအေးဆွေဟာ သားဖြစ်သူနောက်လိုက်သွားရာကနေ သားအဖ ၂ ဦစလုံး ဓားနဲ့အခုတ်ခံလိုက်ရတယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။ “သားအဖနှစ်ယောက်လုံးအခုတ်ခံရတာဟုတ်တယ်။အသတ်အန္တရာယ်စိုးရိမ်ရသလောက်ထိတော့မဟုတ်ပေမယ့် ဒဏ်ရာတော့ပြင်းတယ်”လို့ပြောပါတယ်။ ကျူးလွန်တဲ့သူတွေကထွက်ပြေးသွားတယ်လို့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူကတစ်ဆင့် သိရပါတယ်။ ဓါးခုတ်ခံရတဲ့ သားအဖ ၂ဦးဟာ ရာဒါကောင်ရပ်ကွက်ရပ်ကွက်နေ ဦးအေးဆွေဆိုသူဖြစ်ပြီး ဦးခေါင်း ရင်ဘတ်နဲ့ဘယ်လက်တွေမှာ ဒဏ်ရာရခဲ့တယ်လို့ သိရပေမယ့် သားဖြစ်သူရဲ့အခြေ အနေကိုတော့ဧရာဝတီလူမှုကယ်ဆယ် ရေးအသင်းကခေါ်ဆောင်သွား တဲ့အတွက်ဒဏ်ရာ အသေး စိတ်ကိုတော့ သေချာမသိလိုက်ရဘူးလို့ သူကဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနားမြို့မှာ ခုလိုဉပဒေမဲ့ ခိုးဆိုးလုနိုက်ရန်ဖြစ်တာ တွေပိုမိုများပြားလာပေမယ့် သေချာဖမ်းဆီး အရေးယူ အပြစ်ပေးနိုင်တာတွေလျှော့နည်း လာတယ်လို့လည်း မြစ်ကြီးနားမြို့နေ ပြည်သူတစ်ဦးကသုံးသပ်ပြောဆိုထားပါတယ်။ By –…

    Read More »
  • Oct- 2023 -
    24 October
    သတင်း

    ကောလင်းမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း၂လောင်းတွေ့

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ မနေ့က အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေသိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ အင်အား ၁၀၀ နီးပါးရှိတဲ့စစ်ကြောင်းဖြစ်ပြီး…

    Read More »
  • 23 October
    သတင်း

    မူဆယ်မှာ သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းတွေ့

    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ကျင်စန်းဂျော့ဂိတ်သွားရာလမ်း လမ်းဘေးအမှိုက်ပုံတစ်ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ အဲ့ဒီရုပ်အလောင်း ၃ လောင်းဟာ သားအဖတော်စပ်သူ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့ လက်ဖက်ညွန့်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါ…

    Read More »
Back to top button