ဟုမ္မလင်း

  • Jul- 2023 -
    24 July
    သတင်းPhoto- ဟုမ္မလင်းမြို့ဆိုင်းဘုတ်

    ဟုမ္မလင်းမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကျေးရွာ ၂ရွာ ထွက်ပြေးတိမ်းရှောင်နေရ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ကျေးရွာ ၂ရွာကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။  ဟုမ္မလင်းမြို့နယ် လွှစင်ကျေးရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်တိုက်ခိုက်ရာက‌နေ နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဟုမ္မလင်းမြို့နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ ”တိုက်ပွဲက မနက်…

    Read More »
  • 19 July
    သတင်းphoto- ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် လူနေအိမ်ရပ်ကွက်ရေဝင်ရောက်နေ(Crd- The Vioce of Shan-ni)

    ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် ဟုမ္မလင်းမြို့ပေါ်ရပ်တစ်ခုနဲ့ကျေးရွာ ၉ ရွာရေနှစ်မြှုပ်နေ

    စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေတက်တာကြောင့် မြို့ပေါ်ရပ်တစ်ခုနှင့်ကျေးရွာ အများစုရေနှစ်မြှုပ်နေတယ်လို့ ဟုမ္မလင်းဒေသခံတွေကနေ သိရပါတယ်။ ဟုမ္မလင်းမြို့ပေါ်နဲ့အနီးဝန်းကျင်ကျေးရွာတစ်ဝိုက်မှာ မိုးရွာသွန်းတာ သုံးရက်လောက်သာရှိသေးပေမယ့် မြစ်ဖျားဘက်မှာ တစ်လနီးပါးကြာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့်  ဇူလိုင် ၁၇ ရက်နေ့ညပိုင်းကစပြီး ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တစ်ခုနဲ့ကျေးရွာ ၉ ရွာထက်မနည်း ရေနှစ်မြှုပ်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ဒီမြို့ပေါ်မှာတော့မိုးရွာတာသုံးရက်လောက်ပဲရှိသေးတယ် မြစ်ဖျားဘက်ဥရုချောင်းတွေဘက် မိုးများလို့မြစ်ရေတက်လာ မြို့ ပေါ်မှာတော့ရေနှစ်တာအရမ်းမဆိုးသေးဘူး ဒါပေမယ့်…

    Read More »
  • 4 July
    လူ့အခွင့်အရေးချိုးဖောက်မှုဟုမ္မလင်းမြို့အဝင်ဆိုင်းဘုတ်

    ဖမ်းဆီးခံသွားရတဲ့ Non-CDM ကျောင်းဆရာနဲ့ဆရာမနှစ်ဦး မိသားစုဝင်တွေနဲ့အဆက်အသွယ်ပြတ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က အမည်မသိလက်နက်ကိုင်အဖွဲ့ဖမ်းဆီးသွားတဲ့  Non-CDM ကျောင်းဆရာတစ်ဦးနဲ့ ဆရာမတစ်ဦးတို့ ပြန်လွတ်လာခြင်းမရှိသေးတဲ့အပြင် မိသားစုဝင်တွေနဲ့လည်းအဆက်အသွယ်ပြတ် နေတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ဖာမူကျေးရွာအုပ်စု တာပန်ကျေးရွာက စစ်ကောင်စီအစိုးရဖွင့်လှစ်ထားတဲ့မူလတန်းကျောင်းမှာ စာသင်ပြပေးနေတဲ့ ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦးတို့ ဇွန်လ ၃၀ ရက်နေ့ ညပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းက ကျောင်းဝင်းထဲမှာရှိတဲ့ ဆရာ၊မတွေရဲ့အဆောင်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးက KNG ကိုအခုလိုပြောပါတယ်။ “ဟုတ်တယ် အဲ့တာ PDF ကဖမ်းတာလား ရှမ်းနီကဖမ်းတာလား…

    Read More »
  • Apr- 2023 -
    18 April
    တိုက်ပွဲSNA

    SNA တပ်စခန်းတစ်ခုကို KIA နှင့် PDF တို့ တိုက်ခိုက်သိမ်းပိုက်ထား

    ကချင် နှင့် စစ်ကိုင်းနယ်စပ် ဟုမ္မလင်းမြို့နယ် မန်ဇိန်းကျေးရွာအနီး နန့်ကသာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့မှ တိုက်ခိုက် သိမ်းပိုက်ထားသည်ဟု သိရသည်။ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ အဖွဲ့ကတိုက်ခိုက်ခဲ့ပြီး လက်ရှိ…

    Read More »
Back to top button