စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒုတိယအကြိမ်ပြန်လည်ထိန်းချုပ်နိုင်ပြီလို့သိရပါတယ်။
စစ်ကောင်စီတပ် ၊ SNA တပ်တွေ နဲ့ ပျူစောထီး ပူးပေါင်းတွေပါဝင်တဲ့ အင်အား ၁၀၀ ခန့်က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရွှေပြည်အေးမြို့ထဲက အမှတ် (၁)နဲ့ အမှတ် (၂)ရပ်ကွက်ကို ထိန်းချုပ်လိုက်ပါတယ်။
အဲဒီနောက် ၁၀ ရက်ကျော်အကြာ နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာမှာ ရွှေပြည်အေးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်လိုက်နိုင်ခဲ့တယ်လို့ ဟုမ္မလင်းPDF မှတာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။
“မြို့ကိုတော့ခုထိချိန်ကာကွယ်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။ ဒီဘက်ကပြန်ဆုတ်ပေးခဲ့ရတယ်ဆိုတာလည်း ဗျူဟာဆင်လိုက်တာပါ။ သူတို့ကိုမြို့ထဲပေးဝင်လိုက်တာသူတို့ ပြန်ထိုင်တာနဲ့ဒီဘက်က သူတို့ကိုဝိုင်းပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့တာသူတို့ဘက်ကအတော်လည်းအကျအဆုံးများသွားတယ် အဲ့ကြောင့်တပ်ပြန်ဆုတ်သွားကြတာ”လို့ပြောပါတယ်။
စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ ဟုမ္မလင်းကာကွယ်ရေးတပ်တွေဟာ ရွှေပြည်အေးမြို့အနီးဝန်းကျင်နဲ့ မယ်ဇလီရွာ၊ မြင်သာရွာ အနီးဝန်းကျင်တွေမှာ ဇန်နဝါရီ ၂၅ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများတာကြောင့် ဇန်နဝါရီ ၄ ရက်နေ့ ညပိုင်းကနေတော့ စစ်ကောင်စီပူးပေါင်းတပ်တွေ ဟုမ္မလင်း မြို့ထဲက ပြန်ဆုတ်သွားကြတယ်လို့သိရပါတယ်။
ရွှေပြည်အေးမြို့ကိုကာကွယ်ရေးတပ်တွေ လက်ရှိချိန်ထိထိန်းချုပ်ထားနိုင်ပေမယ့်မြို့ခံတွေကတော့ စစ်ဘေးရှောင်နေရဆဲ ဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။
“ဝင်တာတော့ဘယ်သူမှမဝင်ရဲကြသေးဘူး ဘာလို့လည်းဆိုတော့လေယာဥ်တွေက နှစ်ရက်သုံးရက်ခြားခြားပြီးလာဝဲနေတာလေး ဗုံးကျဲမှာကြောက်တော့မဝင်ရဲကြသေးတာ”လို့ အသက် ၃၆နှစ်အရွယ်ရှိတဲ့အထက်ပါအမျိုးသမီးကပြောပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲမှာတော့ ကာကွယ်ရေးတပ်တွေက လက်ရှိရွှေပြည်အေးမြို့အပါ နောင်ပိုအောင် ကျေးရွာဘက် လွှစင်ကုန်းကျေးရွာတို့ကို သိမ်းပိုက်ထားတာဖြစ်ပါတယ်
ရွှေပြည်အေးမြို့ကို ဟုမ္မလင်းPDF မဟာမိတ်တပ်ပေါင်းစုတွေက၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မနက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်လွတ်ခဲ့ရာကနေ ဒုတိယအကြိမ်ပြန်ထိန်းချုပ်နိုင်တာ လည်းဖြစ်ပါတယ်။
By – Zaw Zaw