သတင်း

ဟုမ္မလင်းမှာ ပြည်သူ့စစ်မှုထမ်းဖို့ စစ်တပ်က လူဦး‌ရေ စာရင်းစတင်ကောက်ယူ

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က ကျေးရွာ၊ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဖို့ လူဦးရေစာရင်း‌တွေကောက်ယူနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ကြေညာလိုက်တဲ့ စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး ဟုမ္မလင်းမြို့ပေါ်က ရပ်ကွက်တစ်ချို့နဲ့ကျေးရွာတွေမှာ စစ်ကောင်စီစစ်သား၊ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေပူးပေါင်းပြီးတစ်အိမ်တက်တစ်အိမ်ဆင်းပြီး အိမ်ထောင်စုစာရင်းတွေကောက်ခံသွားတယ်လို့ ဟုမ္မလင်းမြို့ နေအမျိုးသမီးတစ်ဦက KNGကိုပြောပါတယ်။

အဲ့ဒီ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြီး နောက် ၁၃ ရက် ၁၄ ရက်ကစပြီးကောက်သွားတာပါ့။ မြို့ပေါ်ရပ်ကွက်အားလုံးတော့မဟုတ်ဘူး တချို့ရပ်ကွက်တွေပဲ ကောက်သွားတယ်။ ဒီအိမ်မှာလူဦးရေ လောလောဆယ်အိမ်မှာဘယ်နှစ်ဦးရှိလဲမေး မြန်းပြီးကောက်သွားတာလို့သူကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ရွာဦး၊ ရွာလယ်၊ ရွာမှီး၊ တောင်ပေါ်၊  နောင်မစစ်၊ ဟုမ္မလင်းစတဲ့ရပ်ကွက်တွေရှိတာဖြစ်ပြီး လက်ရှိ ပြည်သူ့စစ်မှုထမ်းဖို့ စာရင်းကောက်ယူသွားတာက ရွာပြင်ဘက်ကျတဲ့ရပ်ကွက်တွေထဲက ကောက်ယူသွားတာလို့သိရပါတယ်။

ကောက်တာက ရွာဦး၊ ရွာလယ်ပေါ့ မြို့ထဲကျတဲ့ရပ်ကွက်တွေကတော့မကောက်သေးဘူး။ မြို့ပြင်ချောင်ကျတဲ့ ရပ်ကွက်တွေကိုပဲကောက်သွားတယ်လို့ ရွာဦးရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။

ခုလိုပြည်သူ့စစ်မှုထမ်းဖို့နာမည်စာရင်းကောက်ယူရာမှာ ဟုမ္မလင်းမြို့ပြင်ဘက်ကျတဲ့ ရွာမှီး၊ နောင်မစစ်တဲ့ရပ်ကွက်တွေနဲ့ မြို့အနီးက နားနုန်း၊နားသဲ စတဲ့ရွာတွေထဲကနေ ကောက်ယူသွားတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ကရက်နေ့နောက်ပိုင်းကနေတော့ နာမည်စာရင်းကောက်ယူသွားတာတွေရပ်နားထားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပြီး အမျိုသားဖြစ်လျှင် အသက် ၁၈ ကနေ ၃၅နှစ်အထွင်းစစ်မှုထမ်းရန်နှင့် အမျိုးသမီး ဖြစ်လျှင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ပထိစစ်မှုထမ်းဖို့ပါဝင်ပြီးတစ်နှစ်ကိုလူဦးရေ ၅သောင်းနှုန်းခေါ်ယူသွားမယ်လို့သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးနောက်မှာတော့ နေရာအတော်များများမှာ အိမ်ထောင်စုစာရင်းတွေကောက်ယူနေသလို မြိုအကြီးအများအပြားနဲ့ ခရီးသည်ကားတွေပေါ်မှာ အရပ်သားတွေ အမြောက်အများဖမ်းဆီးခံရ နေရတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button