တိုက်ပွဲသတင်း

ဟုမ္မလင်းမှာ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်စခန်း PDF တိုက်ခိုက်သိမ်းပိုက် အင်အား ၄၀ ကျော်လက်နက်ချ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ် နဲ့ ရှမ်းနီိအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်ရဲ့ရှေ့တန်းခံတပ်စခန်းတစ်ခု ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက််ခဲ့ရာ စစ်တပ်ဘက်က အင်အား ၄၀ ကျော်လက်နက်ချအလင်းဝင်လာတယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။

ဒီစခန်းဟာ ၂၀၂၂ ခုနှစ်ကစလို့ ကျွန်းကုန်းကျေးရွာမှာအထိုင်ချထားတဲ့စခန်းဖြစ်ပြီး ဧပြီလ  ရက်နေ့ မနက်  နာရီဝန်းကျင်အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ကာ ရှင်းလင်းရေးဝင်နေပြီဖြစ်တယ်လို့ ဟုမ္မလင်း PDF တာဝန်ခံတစ်ဦးက ခုလိုပြောတယ်။

သိမ်းတာကတော့ဒီကနေ့မနက်  နာရီမှာသိမ်းလိုက်ပြီ မနက်  နာရီကနေစဝင်တာအခုထိတော့ရှင်းလင်းရေးလုပ်နေတုန်းပဲ သူတို့မိုင်းတွေလည်းအများကြီးထောင်ထားတယ်ရှင်းလင်းနေတုန်း လက်နက်ခဲယမ်းတွေလည်းအများကြီးရတယ် အလင်းဝင်ထားတာတွေလည်းရှိတယ်။ အခုလောလောဆယ်အထိကို အလောင် ၇၀ ကျော်ပြီဗျ ကျန်တဲ့ ၇၀ ကျော်က ထွက်ပြေးသွားတယ် အနောက်ဘက်တောလမ်းဘက်ကိုပြေးသွားတယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ကျွန်းကုန်းစခန်းသိမ်းတိုက်ပွဲထဲမှာ စစ်ကောင်စီစစ်သားနဲ့ SNA စစ်သားစုစုပေါင်း ၄၇ ဦးလက်နက်ချအလင်းဝင်ထားပြီး လက်ရှိအချိန်အထိ သေဆုံးရုပ်အလောင်း ၇၀ ကျော်တွေ့ထားပြီလို့လည်းသူကဆက်ပြောပါတယ်။

ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေဟာ ကျွန်းကုန်းကျေးတပ်စခန်းသိမ်းတိုက်ပွဲကို မတ်လ ကုန်ပိုင်းကစပြီး ထိုးစစ်ဆင်ဆင်နွဲလာခဲ့ပေမယ့် တပ်စခန်းတွင်းဘန်ကာတွေအခိုင်အမာတည်ဆောင်ထားသလို မြေအောက်ဥမင်လှိုဏ်ခေါင်းတွေလည်းတူးဖော်ထားတာကြောင့် ၁၀ ရက်ကျော်ကြာတိုက်ခိုက်ပြီးမှသာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲတွင်း စခန်းဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်သားတွေနဲ့ SNA စစ်သားတွေကို လမ်းကြောင်းရှင်းပေးဖို့ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနှစ်စီးနဲ့ မနက် ၁၀ နာရီ ၁၅ မိနစ်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်သွားတယ်လို့ ဟုမ္မလင်း PDF ကနေသိရပါတယ်။

တစ်ချို့ကထွက်ပြေးသွားတဲ့သူတွေရှိတယ် သူတို့က အဲဒါကိုလမ်းရှင်းပေးတဲ့သဘော တံတားဦးကနေတက်လာတဲ့ဂျက်ဖိုက်တာ ၂စီးနဲ့လာပစ်သွားတယ်။ ထိခိုက်မှုတော့မရှိပါဘူးလို့ ဟုမ္မလင်း PDF တာဝန်ခံကဆက်ပြောပါတယ်။

ကျွန်းကုန်းစခန်းသိမ်းတိုက်ပွဲဆင်နွဲနေတဲ့ ၁၀ ရက် ကျော်အတွင်း စစ်ကောင်စီတပ်က မနောသာနဲ့ကျွန်းကုန်းအနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ ကျော်ပြုလုပ်ခဲ့တာကြောင့် အရပ်သားတစ်ဦး PDF တစ်ဦးသေဆုံးခဲ့တဲ့အပြင် နောက်ထပ်အရပ်သား ၄၀ ကျော် ထိခိိုက််ဒဏ်ရာရှိသွားတယ်လို့သိရပါတယ်။

ဟုမ္မလင်းကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ SNA နဲ့စစ်ကောင်စီစစ်သားတွေဟာ ကျွန်းကုန်းကျေးရွာထဲမှာ ၂၀၂၂ ခုနှစ် ဧပြီ လန်းပိုင်းကတည်းက တပ်ထိုင်လာတာဖြစ်ပြီး အင်အား ၂၀၀ ကျော်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။

အလားတူ ကျွန်းကုန်းကျေးရွာနဲ့ရွာချင်းဆက်နေတဲ့ မနောသာကျေးရွာနဲ့ အင်ကြင်းမော်ကျေးရွာထဲက စစ်ကောင်စီနှင့် SNA တပ်တွေပူးပေါင်းတပ်ထိုင်တဲ့ တပ်စခန်း  ကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေဖြစ်တဲ့ အထူးလှုပ်ရှားတပ်ရင်း (၄၊ ) မော်လိုက်ခရိုင် တပ်ရင်း၁၊ ခန္တီးခရိုင် တပ်ရင်း၁၊ ဖောင်းပြင်မြို့နယ် ပကဖ နှင့် ဟုမ္မလင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ကဧပြီလ ၁ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button