သတင်း

စစ်အာဏာပိုင်များမှ ကုန်တင် ထော်လာဂျီကားများထံ မတရား ငွေကောက်

ကချင်ပြည်နယ် မြစ်ကြီးနား-ဖါးကန့် ကားလမ်းမကြား ကထန်ယန် တံတား ကျိုးနေသဖြင့် ကုန်ပစ္စည်းများ တစ်ဖက် ကမ်းသို့ ပို့ဆောင်ပေးနေသည့် ထော်လာဂျီကားများအား မြန်မာ စစ်အာဏာပိုင်များမှ ဖမ်းဆီး …

ကချင်ပြည်နယ် မြစ်ကြီးနား-ဖါးကန့် ကားလမ်းမကြား ကထန်ယန် တံတား ကျိုးနေသဖြင့် ကုန်ပစ္စည်းများ တစ်ဖက် ကမ်းသို့ ပို့ဆောင်ပေးနေသည့် ထော်လာဂျီကားများအား မြန်မာ စစ်အာဏာပိုင်များမှ ဖမ်းဆီး၍ ယနေ့ ကျပ်ငွေ ၁၃၀၀၀ ကို မတရား ကောက်ခံပြီး ပြန်လွှတ်ပေးကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္ဂလာနေ့ ညနေပိုင်း ၃ နာရီခန့်တွင် ထော်လာဂျီကား အစီး၂၀ကျော်ခန့်အား ကားမိုင်းမြို့နယ် မရက နှင့် မော်တော်ယာဉ်ထိန်းရဲများက ရဲစခန်းကုန်း၌ အကြောင်းပြချက်မရှိ ဖမ်းဆီးထားရာမှ ငွေတောင်းကာ ပြန်လွှတ်ပေးခြင်း ဖြစ်သည်။

ဖါးကန့်သို့ လောင်စာဆီ တင်ပို့နေတဲ့ ကုန်တင်ကားတစ်စီး။ ပုံ-ကချင်သတင်းဌာန

“ကျတော်တို့ကို ဘာမှ မပြောပါဘူး၊ ထော်လာဂျီ သမားတွေအကုန်လုံး ရဲစခန်းကုန်းပေါ်တက်မောင်းဆိုပြီး မောင်းတက်ခိုင်းတယ်၊ အခုဆိုရင် ငွေ ၁၃၀၀၀ ပေးတဲ့ ကားတွေက တရားဝင် မောင်းခွင့်ရပြီ လို့ပြောတယ်” ဟု ထော်လာဂျီမောင်းသူ တစ်ဦးပြောသည်။

တံတားပျက်နေသဖြင့် ကုန်တင်ကားကြီးများ တစ်ဖက်ကမ်းသို့ မောင်း၍ မရသောကြောင့် ဘော်လုံးကွင်း ကြီးထဲ ကုန်တင် ကုန်ချ လုပ်ဆောင်ပြီး ယင်းကွင်းထဲမှာပင် ဂိတ်ကြီးတစ်ဂိတ် ထားရှိသည်။

ဂိတ်မှ တစ်ကြိမ်ကုန်ပို့်ထွက်လျင် ကားတစ်စီးတွင် ကျပ် ၁၀၀၀ ပေးဆောင်ရပြီး ကုန်တင်ကုန်ချ အထမ်း သမားများလည်း ကားတစ်စီး ကုန်ချပေးလျင် ဂိတ်၌ ကျပ် ၁၀၀၀ ဆောင်ရသည်ဟု ထော်လာဂျီမောင်းသူမှ ပြောသည်။

၎င်းမှ ဆက်ပြီး “အထမ်းသမားတွေလည်း ၁၀ဘီးတစ်စီးကို ထော်လာဂျီ သုံးစီးတင်ရတယ်၊ ထော်လာဂျီ တစ်စီးကို ၁၀၀၀ သုံးစီးဆိုတော့ သုံးထောင်ပေးရတယ် ခင်ဗျ၊ မမျှမသတွေလည်း တွေ့နေရတယ်၊ သူတို့နဲ့ ပါသနာကျတဲ့ သူတွေက တစ်နေ့ကို ၅ခေါက်လောက်ရတယ်၊ ခေါက်ရေတွင် ပိုပို ပြီးမှ ရနေတယ်၊” ဟု ပြောသည်။

ကထန်ယန်တံတားသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၃ရက်နေ့မှ ကုန်တင်ကားကြီးဖျက်မောင်းရာ တံတား ကျိုးပျက်သွားသည်။ သက်ဆိုင်ရာ အာဏာပိုင်များမှ ခုထိ တံတား ပြန်လည် ဆောက်လုပ်ခြင်းမရှိသေး ကြောင်း ဒေသခံတစ်ဦးပြောသည်။

ချောင်းကို ဖျက်ပြီးမှ ကျောက်ခင်းပြီး ယာယီလမ်း လုပ်ဆောင်ထားသည်။ ယင်းတံတားမှာ နှစ်နှစ်လျှင် တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် ကားသွားလို့မရသည့် ပြဿနာ ကြံုတွေနေရကြောင်း ဒေသခံမှပင် ဆက်ပြော သည်။

ယခုလို တံတာကျိုးနေသောကြောင့် တစ်ဖက်ကမ်းနှင့် တစ်ဖက်သွားလာဖို့ ခက်ခဲနေသည်။

Show More

Related Articles

Back to top button