သတင်း

ဖားကန့် ကျောက်စိမ်းမော်ထဲ KIO မှ တဖန် အခွန်ကောက်ခံနေ

မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်ကြား ငြိမ်းချမ်းရေး ပျက်ပယ်သွားပြီးနောက် KIO မှ ဖါးကန့် ကျောက်စိမ်းမော်ထဲတွင် အခွန်ကောက်ခံမှု ၁၆ နှစ်ကြာ ရပ်တန့်ထားရာ ဒီဇင်ဘာလလဆန်းမှ ပြန်လည် ကောက်ခံ …

မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်ကြား ငြိမ်းချမ်းရေး ပျက်ပယ်သွားပြီးနောက် KIO မှ ဖါးကန့် ကျောက်စိမ်းမော်ထဲတွင် အခွန်ကောက်ခံမှု ၁၆ နှစ်ကြာ ရပ်တန့်ထားရာ ဒီဇင်ဘာလလဆန်းမှ ပြန်လည် ကောက်ခံနေပြီ ဖြစ်ကြောင်း KIO အရာရှိ တစ်ဦးက ပြောသည်။

KIO ထိန်းချုပ်နယ်မြေများဖြစ်သည့် ဖားကန့်မြို့နယ် ဂင်ဆီ ဆိုင်းရာ (Gin Si Seng Ra) ကျေးရွာစသည့် ကျောက်စိမ်းမော်များနှင့် အခြား စစ်အစိုးရ ထိန်းချုပ်နယ်မြေတစ်ချို့မှာလည်း ကောက်ခံနေပြီဖြစ်ကြောင်း အမည်မဖော်လိုသူ အထက်က KIO အရာရှိမှ ပြောသည်။

ယခုအခွန်ကောက်ခံခြင်းကို ရွှေမော်၊ ကျောက်စိမ်း ကုမ္ပဏီ လုပ်ငန်းတွေအား လုပ်ပိုင်ခွင့်သတ်မှတ်ပေးထား သည့်ပေါ်မူတည်ကာ ကောက်ခံသွားရန်ရှိကြောင်း ကိုလည်း KIO အရာရှိမှ ပြောသည်။

“အခု KIO က တရားဝင် မြို့အဝင်အထွက် သွားလာဖို့ ခက်ခဲလာပြီဆိုတော့ သူတို့လက်အောက်မှာရှိတဲ့ သူတို့မြင်နေရတဲ့ ကုမ္ပဏီတွေကို အခွန်ကောက်ခံလာတာ ဖြစ်တယ််” ဟု ဖားကန့် ဒေသခံတစ်ဦး သုံးသပ် ပြောဆိုသည်။

၁၉၉၄ အရှေ့ပိုင်း၌ KIO သည် ဖားကန့်မြို့နယ် တစ်ခုလုံး၌ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် အခွန် ကောက်ခံခဲ့ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း အခွန်ကောက်ခံမှုကို ရပ်တန့်ခဲ့သည်။ ယခု တဖန် ငြိမ်းချမ်းရေးပျက်ပယ်ပြီးနောက် ပြန်လည် ကောက်ခံဖို့ရန် နိုဝင်ဘာလ ကုန်ပိုင်းတွင် ကုမ္ပဏီကြီးများ အား အခွန်ကောက်ခံ ငွေပေးဆောင်ရန် အကြောင်းကြားစာ ပေးပို့လာခဲ့သည်။

ယခုလို အခွန်ကောက်ခံလာရခြင်းကို KIO အရာရှိတစ်ခုမှ “ငြိမ်းချမ်းရေးယူတဲ့အချိန်တုံးကတော့ ငြိမ်းချမ်းရေးကတိတိုင်း သူတို့ထိန်းချုပ်တဲ့နယ်မြေမှာ အခွန်တွေ မကောက်ဖို့ ပိတ်ပင်ထားတာတွေ အများအပြားရှိတယ်။ ခုတော့ငြိမ်းချမ်းရေးကလည်းမဟုတ်တော့တဲ့အတွက် ကျွန်တော်တို့လုပ်ဆောင်မှုနဲ့ ပါတ်သက်ပြီး ကောက်ရတဲ့အပိုင်းဖြစ်တယ်။” ဟု ပြောသည်။

စစ်အစိုးရမှ KIO အား သောင်းကျန်းသူဟု တရားဝင်ပြောဆိုလိုက်ပြီးနောက် KIO စီးပွားရေးကို ပိတ်ဆို့လိုက်ကာ KIO ဆက်ဆံရေးရုံးတွေကိုလည်း ပိတ်ပင်လိုက်ရသည်။ KIO အား စီးပွားရေး ပိတ်ပင် နေသည့်ကြားမှ အခွန်စကောက်လာသည်မှာ အခွန်မထည့်သူများအတွက် တစ်စုံတစ်ရာ အပြစ်ပေးခံ ရနိုင်သည်ဟု ဒေသခံများ ပြောသည်။

Show More

Related Articles

Back to top button