သတင်း

မူဆယ်လမ်း မြန်မာစစ်တပ် ပစ်ခတ်မှုကြောင့် ဆိုင်ကယ်သမား ၂ ဦးသေဆုံး၊ ၂ဦး ထိခိုက်

တိုက်ပွဲ ပြန်လည်ပြင်းထန်လာသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မူဆယ်လမ်းမပေါ် သြဂုတ် (၁၈)ရက်၊ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ဆိုင်ကယ်စီးခရီးသွားများကို မြန်မာစစ်တပ် ပစ်ခတ်မှုကြောင့် ၂ဦးသေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဒေသခံများ ဆိုပါသည်။

နမ်ဖတ်ကာ၊ နမ့်ခိုင်ချောင်းတံတားအနီး အဆိုပါ လူနှစ်ဦးစီနှင့်ဆိုင်ကယ် နှစ်စီးကို မြန်မာစစ်သားများ ရပ်ခိုင်းသော်လည်း မရပ်သောကြောင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း လူမှုရေးကွန်ယက်များတွင် ဖော်ပြပါသည်။

ဟုတ်ကဲ့ ညနေ ၄နာရီလောက်မှာ ဖြစ်ပျက်တာပါ။ ပစ်ခတ်တာကတော့ နမ်ဖတ်ကာ ခလရ (၁၂၃) တပ် ဖြစ်တယ်လို့ ဆိုကြတယ်ဟု ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

အဆိုပါ လေးဦးသည် ကွတ်ခိုင်မှ မူဆယ်ဘက်သို့တက်လာစဉ် တိုက်ပွဲဖြစ်ပွားမည့် အခြေအနေကြောင့် ၎င်းတို့ကို လမ်းမပေါ်ရှိ မြောက်ပိုင်းမဟာမိတ်မှ ကိုးကန့် MNDAA တပ်ဖွဲ့များ ဖြတ်သွားခွင့် မပေးသောကြောင့် ပြန်ခေါက်လာစဉ် အစိုးရစစ်သားများ၏ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သူက ဆိုသည်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး ()ဖွဲ့ ဖြစ်သော ရခိုင် AA၊ ကိုးကန့် နှင့် တအာင်း(ပလောင်) TNLA ပူးပေါင်းတပ်ဖွဲ့မှ သြဂုတ်လ (၁၅)ရက်နေ့ မြေမြို့ (ပြင်ဦးလွင်) တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချို မူးယစ်စစ်ဆေးရေးဂိတ် အပါဝင် ပစ်မှတ် ()ခုကို တချိန်တည်း တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် နှစ်ဖက်တိုက်ပွဲများသည် အထူးသဖြင့် မြန်မာနိုင်ငံ၏အကြီးဆုံး မန္တလေးမူဆယ်  တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နောင်ချို၊ ကျောက်မြဲ၊ လားရှိုး၊ ကွတ်ခိုင် နှင့် နမ်ဖတ်ကာ ဒေသများတွင် ဖြစ်ပွားနေပါသည်။

မြောက်ပိုင်းမဟာမိတ် ()ဖွဲ့မှလည်း အဆိုပါလမ်းကြောင်းကို သြဂုတ်လ (၁၇)ရက်မှစပြီး အောက်တိုဘာလ (၁၅)ရက်ထိ ဆိုင်ကယ်နှင့်ကား သွားလာခြင်း တားမြစ်ထားကြောင်း ဒေသခံများဆိုပါသည်။

Show More

Related Articles

Back to top button