သတင်း

ရှမ်းမြောက် စစ်ပြေးဒုက္ခသည်များ အရေးပေါ် အကူညီလိုအပ်

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲ ပြန်လည်ပြင်ထန်းလာသောကြောင့် စစ်ပြေးဒုက္ခသည် သစ် လူဦးရေတိုးလာပြီး အရေးပေါ်အကူများလိုအပ်နေကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများသည် ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများ နှင့် မိမိ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေကြပြီး ၎င်းတို့အတွက် အစားအသောက် နှင့် အသုံးအဆောင် ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း ရှမ်းပြည်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းရေးကော်မတီမှ တာဝန်ရှိသူ Hkawng Dau (ဦးဟောင်းဒေါင်)က ယခုလိုပြောဆိုသည်။

အခုချိန်မှာ အကူအညီတွေက အများကြီးလိုအပ်နေတယ်။ ပြောရမယ်ဆို အဓိကတော့ အစားအသောက်ပေါ့။ နောက်သူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေ လိုအပ်နေတယ်။ ကူညီရေးအဖွဲ့ တွေကလည်း အခုထိသိပ် မတွေ့ရသလောက်ဘဲ။ တစ်ချို့ဆို ဘာအကူအညီ မှမရသေးတာကပိုပြီးများ နေတယ်ဟု သူကဆိုသည်။

ကွတ်ခိုင်မြို့ ဒုက္ခသည်စခန်းများတွင် စစ်ရှောင် လူဦးရေ ဆက်လက်တိုးလာနေဆဲ ဖြစ်သောကြောင့် အစားအသောက်များ နှင့် အခြေခံလူသုံးကုန်ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း သိရပါသည်

သြဂုတ်လ (၁၅)ရက်မှစပြီး ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ လားရှိုး၊ မူဆယ်လမ်းတစ်လျှောက် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် ()ဖွဲ့ကြား တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေသောကြောင့် စစ်ဘေးပြည်သူများ ၇၀၀ ကျော်ခန့်က ကွတ်ခိုင်မြို့သို့ ထွက်ပြေး တိမ်းရှောင် လာကြောင်း ဦး Hkawng Dau ပြောပါသည်။

Show More

Related Articles

Back to top button